Magic Hour : The Series - Second Season

Magic Hour : The Series - Second Season

Скачать Burmese субтитры

Сезон 2

Информация о релизе

Magic Hour Season 2 Episode 04 Myanmar(Zawgyi)
Комментарий от kikywebsite

Теги

other
Опубликовано: 2019-04-15
Загрузки: 5
Для слабослышащих: No

Предпросмотр субтитров (Burmese)

Первые 200 строк.

ဆရာလည်းနားလည်ပါတယ်

သူ့ကိုကျွန်တော် စိတ်မပျက်စေချင်ဘူး

အဲဒါကြောင့် ဆုံးဖြတ်လိုက်တာက..

ဘာကုသမှုမှထပ်ပြီး မခံယူတော့ပါဘူး

ဒီနေ့မှမဟုတ်ဘူး နောက်လည်း အဲဒီလိုပါပဲ

အမေဘယ်လိုခံစားရလဲ သားလည်းသိမှာပါ ရန်ဂါ

အမေအခု ဘယ်လိုဖြစ်နေလဲ သားသိလား

အခုက သားတစ်ယောက်တည်းအတွက် လက်လျှော့လိုက်တာ မဟုတ်ဘူး..

ဘယ်လိုဖြစ်သွားလဲဆိုတော့..

အမေ့ကို ဖြည်းဖြည်းချင်း မျှဉ်းပြီး သတ်နေသလိုပဲ

အမေ့စိတ်တွေ အချိန်ပြည့်

ဘယ်ကိုပဲရောက်နေလဲ သားသိလား

မင်းအပေါ်ပဲ ရောက်နေတာ

ဒေါက်တာဆူယာနဲ့ တွေ့နိုင်ဖို့ အမေ့မှာကြိုးစားလိုက်ရတာ

နောက်တော့မှ မင်းရဲ့ကျန်းမာရေး အခြေအနေကို နားလည်မယ့်

မင်းနေမကောင်းဖြစ်နေတာတွေ အကောင်းဆုံးသိနိုင်မယ့်

ပါမောက္ခတစ်ယောက်နဲ့ ဒေါက်တာဆူယာက မိတ်ဆက်ပေးခဲ့တာ

မင်းပြောတာမှန်တယ်

ဒီမတ်စ်ဖြစ်တဲ့ ရောဂါလိုမျိုး

မင်းကတော့ မဖြစ်လောက်ပါဘူးလို့

ငါ့မှာတော့ မျှော်လင့်လိုက်ရတာ အရူးတစ်ယောက်လိုပဲ

ဒါပေမဲ့ ငါထင်ပါတယ်

ကမ္ဘာပေါ်က ရှိသမျှမိခင်တိုင်းလည်း ငါ့လိုပဲ လုပ်ကြမယ်ဆိုတာသေချာတယ်

သူတို့ကလေး အသက်ရှင်ဖို့အရေးတော့

ရှိသမျှနည်းပေါင်းစုံနဲ့ အစွမ်းကုန် ကြိုးစားကယ်တင်ကြမှာပဲ

အမေခံစားနေရတာ နားလည်ပါတယ်

ဒါပေမဲ့ အမေဒီလိုတွေပြောနေလို့လည်း ဘာမှမပြောင်းလဲတော့ဘူး

ဘာမှမပြောင်းလဲတော့ဘူးဆိုတာ ဘာကိုပြောတာလဲ ရန်ဂါ

အများကြီး ပြောင်းလဲသွားမှာလေ

မင်းနဲ့ ဒီမတ်စ်မတူတာ အဲဒီအချက်ပဲ

ဒီမတ်စ်နဲ့မတူတာ တကယ် အဲဒီတစ်ချက်ပဲရှိတယ်

ပြောတော့ အမေစိတ်ဆင်းရဲမှာ မလိုလားလို့တဲ့

အခုလိုလုပ်တာက စိတ်ဆင်းရဲတာထက် ပိုတယ် ရန်ဂါရဲ့

ငါတော်တော်စိတ်ပျက်မိတယ်

မျှော်လင့်ချက်လည်း မဲ့နေပြီ

အမေလေ..

သားဆုံးဖြတ်လိုက်တဲ့ အခုဆုံးဖြတ်ချက်ကို အမေအရမ်း နာကျင်ရတယ်

အမေ

နောက်ကျရင် ဘာတွေဖြစ်လာမလဲ အမေကြိုသိလား

ဒီမတ်စ်လို မဖြစ်ပါဘူး

ဒီမတ်စ်က ရောဂါကိုသိလိုက်ရချိန်မှာ အချိန်သိပ်မကျန်တော့ဘူး

သူ့အတွက် တိုက်ပွဲဝင်ဖို့က အချိန်နဲ့အခွင့်အရေး သိပ်မရလိုက်ဘူးလေ

အခုကျတော့

ကျွန်တော်က ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်လိုက်တာ

အဲဒါကြောင့် ဒီမတ်စ်နဲ့တော့ လာမနှိုင်းပါနဲ့

အမေ အံ့ဖွယ်ဖြစ်ရပ်တွေ ဘာတွေကိုကော ယုံနေတုန်းပဲလား

သားက အဲဒီလိုမေးတော့လည်း

ယုံတုန်းပဲ ပြောရမှာပဲ

အမေ့အဖြေက မပြောင်းလဲသေးဘူး

အဲဒီအဖြစ်တွေကို ယုံတယ်

လက်တွေ့မှာလည်း တကယ်ရှိတယ်

မီသာ ပြန်လာပြီလား

ဆရာဝန်နဲ့ တွေ့ပြီးပြီလား ဘာပြောလိုက်လဲ

ပေါက်ကရတွေပဲ ပြောလိုက်တယ်

ဒါနဲ့ ကလေးရဲ့အဖေအရင်းက ဘယ်သူလဲပြောပါဦး

ဘယ်သူပဲဖြစ်ဖြစ်ပါ

ရှင်နဲ့ဘာမှ မဆိုင်ဘူး

သမီးရေ

ဟုတ်ကဲ့ အန်တီ

- ဘာဖြစ်လို့လဲ - သမီး

ဒီမှာသမီးနာမည်နဲ့ ဖိတ်စာရောက်နေတယ်

ဆယ်ရာ့ဆီကတဲ့

ကျေးဇူးပါ အန်တီ

သွားပြီနော် အန်တီ

အင်း..ရိန်နာ

အန်တီလည်း ဘာလုပ်ရမှန်းကို မသိတော့ဘူးကွယ်

သမီးလည်း ရန်ဂါကိုဒီလိုလွယ်လွယ်တော့ လက်မလျှော့စေချင်ဘူး မဟုတ်လား

အန်တီ..

သမီးကို အကူအညီတစ်ခု တောင်းစရာရှိတယ်

သူ့စိတ်ပြောင်းအောင်လို့ သမီးကပဲ ပြောပေးပါကွယ်

ဒီမတ်စ်တုန်းကတော့ အသက်ရှင်ဖို့ အခွင့်အရေးက မရှိခဲ့လို့

အခုက သူ့မှာအသက်ရှင်ဖို့ အကြောင်းပြချက် ရှိနေတယ်လေ

ရန်ဂါမှာ ဒီမတ်စ်ထက်ပိုပြီး အသက်ရှင်လိုစိတ် ရှိမှာပါ

အန်တီသေချာသိတယ်

သမီးကပဲ သူစိတ်ပြောင်းအောင် ပြောပေးနိုင်မှာပါ

သမီးအတွက်က ချစ်ရတဲ့သူကို ဆုံးရှုံးရလို့ ဘယ်လောက်ပဲနာကျင်ရပါစေ

အန်တီက အမေဆိုတော့

သမီးထက် ပိုနာကျင်ခံစားရမှာ သမီးနားလည်ပါတယ်

ပြန်တော့မယ်နော် အန်တီ

အေး ပြောပါဦး

တယ်ဂါ

မင်းနဲ့မီသာရဲ့ မင်္ဂလာပွဲအတွက် ဂုဏ်ယူပါတယ်

ပြင်ဆင်တာတွေ ဘယ်လိုလဲ

ပြီးတော့ တစ်ခုရှိသေးတယ်

အင်း..

မင်းတို့ကို ဂုဏ်ပြုစကားပြောဖို့ထက် မင်းကိုငါပေးခဲ့တဲ့

စာလေ..အဲဒါလေးငါအခု ပြန်လိုချင်လို့ပါ

ဘယ်အချိန် ဘယ်နေရာမှာတွေ့ပြီး လာယူလို့ရမလဲပဲ ပြောပြ

ကျေးဇူးပါ

ဒါပဲနော်

မနက်ဖြန် ငါ့ကိုထပ်ပြောပြဦးနော်

- ဂွင်နီ - ဗျာ

သွားပြီနော်

- ဂွင်နီရေ မေမေဒီမှာ - မေမေ

မင်္ဂလာပါ အန်တီ အန်တီလည်း ဒီမှာကျောင်းလာတက်တာလား

ကျောင်းလာတက်တာ ဟုတ်လား

မင်းကသိပ်ရယ်ရတာပဲ

အန်တီ့ပုံစံက အရမ်းနုပျိုနေလို့ဖြစ်မယ်

အဲဒါကြောင့် ဒီမှာကျောင်းလာတက်တာလို့ ထင်နေတာပေါ့ ဟုတ်လား

- အန်တီက အရမ်းရယ်ရတာပဲ - မင်းအမေကို ဒီမှာကျောင်းတက်ခိုင်း

- တော်တော်ပျော်ရမှာ - တော်စမ်းပါကွယ်..

ငါ့အမေကိုများ စသလိုလို နောက်သလိုလိုနဲ့ မင်းကများ

ထားလိုက်ပါ သားရယ်

ယောက်ျားလေးတွေရဲ့ သဘာဝပဲလေ

- အမေ - ငါလည်းကျောင်းတက်လိုက်ရင် ကောင်းမလား

ဒီကကျောင်းသားတွေက ငါ့ကို အရမ်းကြည့်ကြတယ်ဟဲ့

- အမေကလည်း.. - အေးပါ

လာ စင်ဒီ့ဆီကိုသွားကြရအောင် ဟုတ်ပြီနော်

သမီးပဲမောင်းတော့ ကားတွေကျပ်နေတယ်

- သူ့ဆီက ဘာမှမသိရသေးဘဲနဲ့ - ဘာမှမဖြစ်ဘူး

ငါဖုန်းဆက်ကြည့်တာ သူမကိုင်တာလေ

လာပါ ကားပဲမောင်းပေးစမ်းပါ ကားတွေကျပ်နေပြီ

မင်္ဂလာနေ့လည်ခင်းပါ အလှပဂေးလေး

- ဟုတ်ပါတယ် - ရှင်

- ဘာကူညီပေးရမလဲ မသိဘူး - အင်း ဟုတ်သားပဲ

ပန်းစည်းပို့ပေးချင်တာလေး ရှိလို့ပါ

ဒီမှာလိပ်စာပါ

ဒီလိပ်စာကို ကျွန်မသိတယ်

ကျွန်မပို့ပေးမယ်နော် ဒီနားနဲ့ သိပ်မဝေးဘူး

ဒါဆိုမနက်ဖြန် မနက်အရောက် ပို့ပေးပါနော်

- ဟုတ်ပြီနော် - ဟုတ်ပါပြီ မပူနဲ့

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်

ဒါနဲ့ မိန်းကလေးနာမည်က ဘယ်လိုခေါ်လဲ

ကျွန်မနာမည်က ရိန်နာပါ

ရိန်နာ ဟုတ်လား နာမည်လေးက လှလိုက်တာအရမ်းပဲ

နင်လည်း မိခင်ပဲမဟုတ်လား ဖလော်ရာရယ်

ငါခံစားနေရတာတွေ နင်လည်းနားလည်မှာပါ

ဂွင်နီနဲ့ ရိန်နာတစ်ယောက်ယောက်သာ ဒီလိုဖြစ်ရင်

နင်လည်း စိတ်ထိခိုက်မှာပဲ မဟုတ်လား

ဟုတ်ပါတယ် ငါသိပါတယ်

အားလုံးအတူတူ ဆုတောင်းကြတာပေါ့

ရန်ဂါ့စိတ်ကို ဘုရားသခင်ပဲ ပြောင်းလဲပေးအောင် မျှော်မှန်းကြတာပေါ့

အဲဒီတော့မှ သူ့စိတ်ပြောင်းသွားမှာလေ

နော်

အမေပြောတာ ဟုတ်ပါတယ် အန်တီ

အစ်ကိုရန်ဂါ ခွဲစိတ်မှုဆက်ခံယူအောင်လို့ ရိန်နာကျိန်းသေပေါက် ပြောပေးနိုင်မှာပါ

ယုံကြည်စိတ်တော့ ပျောက်လို့ မဖြစ်ဘူးနော် အန်တီ

ငါအရမ်းကြောက်တာပဲ ဖလော်ရာ

- အင်းပါ.. - ဒီမတ်စ်ကို ဆုံးရှုံးလိုက်တုန်းကလို

ကြောက်စိတ်တွေ ပြန်ဝင်လာတယ်

အခုအဲဒီလိုတွေ ပြန်ဖြစ်နေပြီ

မဟုတ်ဘူး မဟုတ်ပါဘူး

ငါ့သားလေး ဒီမတ်စ်ကိုလည်း ဆုံးရှုံးခဲ့ရပြီးသွားပြီ

အခုရန်ဂါကိုပါ ဘယ်လိုလုပ် ဆုံးရှုံးခံနိုင်တော့မှာလဲ

အဲဒီလိုတွေ မပြောပါနဲ့

အဲဒီလိုလည်း..မဟုတ်..

တခြားကုသနည်း တစ်ခုခုရှိသေးလားလို့ ဒေါက်တာဆူယာကို မေးကြည့်သေးလား

ဓာတ်ကင်ကုသနည်းထက် တခြားဟာတစ်ခုခု မရှိတော့ဘူးလား

တခြားကုသနည်းတစ်ခုခုလေ

အမေ

အခန်းကို ဘယ်သူရှင်းထားတာလဲ

ကျွန်တော့်အခန်းလေ

လက်ဆွဲအိတ်ထဲကဟာကို မေးနေတာလား

ဟုတ်တယ်

ငါရှင်းထားတာ ဘာလို့လဲ

အထဲမှာ စာတစ်စောင်တွေ့လား

စာ ဟုတ်လား

ဘာစာမှမတွေ့ပါဘူး

ဘာစာမို့လို့လဲ

ဘာမှမဟုတ်ပါဘူး

အင်း ပြောပါ

မစ်..ငါ..

နင့်အိမ်မှာ ငါ့ပစ္စည်းတစ်ခုခုများ ကျန်ခဲ့သေးလားလို့ သိချင်လို့ပါ

ဘယ်လိုဟာမျိုး ကျန်ခဲ့လို့လဲ

စာတစ်စောင်ပါ

ဘာစာမျိုးလဲ

ဟယ်လို

- တယ်ဂါ - ထားလိုက်ပါတော့ ကိစ္စမရှိဘူး

ဘာမှမဟုတ်ဘူး ထားလိုက်တော့နော်

အခုငါ့ကိုတောင် လိမ်ညာပြီး ပြောတတ်နေပြီပဲ တယ်ဂါ

အခုထိအဲဒီစာအကြောင်း ငါ့ကိုပြောပြဖို့ သတ္တိမရှိသေးဘူးပဲ

ဟယ်လို

ဂျာကာတာရောက်ပြီ

ကြိုဆိုပါတယ်ကွယ်

တွေ့ကြရအောင်လေ

အင်း..ညစာဆိုရင်ကော ဘယ်လိုလဲ

တွေ့နေကျနေရာမှာပဲလေ

ကောင်းပါပြီ ဒါဆို ခဏနေရင်တွေ့မယ်နော်

ဘိုင်

- ဆရာ ဆီနာယန်ကိုချပေးပါ - ဟုတ်ကဲ့ပါ

လှလိုက်တာကွာ

ငါအရွေးမမှားခဲ့ဘူးပဲ နော်

မင်းက အတော်ဆုံးပဲ

တကယ်ပြောတာ

မင်းသိလား

ငါအဲဒီမှာနေတဲ့ နေ့တိုင်း

အဲဒီအချိန်လေးပဲ ပြန်စဉ်းစားမိနေတာ

ငါအရမ်းလွမ်းတာပဲ

မကြာခင် ငါတို့နှစ်ယောက် အတူတူနေရတော့မယ်နော်

ငါ့အဖေက အကုန်လုံးတောင် ပြင်ဆင်ပြီးသွားပြီ

သူ့ကုမ္ပဏီမှာပါ

နေရာကောင်းတစ်ခု အသင့်ဖယ်ထားပြီးပြီတဲ့

မင်းလိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးမယ့် ခင်ပွန်းကောင်းတစ်ယောက် ဖြစ်ပါ့မယ်

ချစ်တယ်

ကျွန်မလည်း ချစ်ပါတယ်

- ချီးယားစ် - ချီးယားစ်

ဟုတ်သားပဲ

နယူးယောက်က ရှင့်သူငယ်ချင်းကော ဘယ်လိုနေလဲ

ရန်ဂါဆိုလား ဟုတ်တယ်မဟုတ်လား

ကျွန်မတို့စေ့စပ်မှာ သူကောသိလား

Комментарии

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left