The first 200 lines.
ကျွန်မငယ်ငယ်တုန်းက
တကယ့်ဈေးနှုန်းနဲ့ အမေ့ဈေးနှုန်းဆိုပြီးရှိတယ်
တကယ့်ဈေးနှုန်းနဲ့က သုံးပတ်လောက်ခံတဲ့ တောက်တောက်ပပအရာတွေရတယ်
အမေ့ဈေးနှုန်းနဲ့ကတော့ ဘယ်တော့မှမပျက်စီးမယ့်
ခပ်မှိုင်းမှိုင်းအရာတွေရတယ်
- ၅၀ ရာခိုင်နှုန်းချထားတာသိလား - ဒါပေါ့
ကြည့်လိုက်
ဒါပေမဲ့ ဆိုင်ရဲ့ပြတင်းပေါက်ကနေ ကျော်ကြည့်လိုက်ရင်
တခြားကမ္ဘာတစ်ခုကိုမြင်ရတယ်
ပြည့်စုံကောင်းမွန်တဲ့အရာတွေနဲ့ပြည့်နေတဲ့ အိပ်မက်ဆန်တဲ့ကမ္ဘာပေါ့
အရွယ်ရောက်ပြီးသားမိန်းကလေးတွေ လိုချင်တာရတဲ့ကမ္ဘာတစ်ခုပေါ့
သူတို့တွေကအရမ်းလှကြတယ်
နတ်သမီးတွေတမျှ မင်းသမီးတွေတမျှပဲ
ပိုက်ဆံပေးစရာတောင်မလိုဘူး သူတို့မှာ မှော်ကဒ်ပြားတွေရှိတယ်လေ
ကျွန်မလည်းတစ်ခုလောက်လိုချင်ခဲ့တယ်
နောက်ကျရင် ကျွန်မမှာ
၁၂ ကဒ်လောက်ရမယ်ဆိုတာမသိခဲ့ဘူး
ရေဘက်ခါဘလွန်းဝုဒ် အလုပ်အကိုင် စာနယ်ဇင်းသမား
အပေါ်အင်္ကျီကဗီဇာကဒ်နဲ့ဝယ်တာ ဝတ်စုံက အေမက်စ်ကဒ်နဲ့ဝယ်တာ
ခါးပတ်က မာစတာကဒ်နဲ့
ခေတ်ဟောင်းပုံစံလေ တစ်ရာခိုင်နှုန်းကို ငွေသားပြန်ရသေးတယ်
အိတ်ကဂူချီတံဆိပ်
ပေးရတာနဲ့တန်တယ်လေ
နယူးယောက်ကို ပြောင်းလာတော့ ယောက်ျားတွေနဲ့ဆုံရတာပေါ့
အဲဒါက အတွေးသစ်အမြင်သစ်တွေ ပေးတယ်လေ
ချစ်စရာကောင်းတဲ့သူတစ်ယောက်ရဲ့ အပြုံးလေးကို တွေ့လိုက်ရင်ပဲ
နှလုံးသားကထောပတ်လို အရည်ပျော်ကျသွားတယ်လေ
ဆိုင်တစ်ဆိုင်ကိုမြင်ရင် ကျွန်မအဲဒီလိုဖြစ်သွားတော့တာပါပဲ
ပိုတောင်ပိုသေးတယ်
ရှင့်ကိုယောက်ျားတစ်ယောက်က ဆိုင်တစ်ဆိုင်လို ဘယ်တော့မှချစ်မှာမဟုတ်ဘူး
ကောင်းကောင်းဆက်ဆံမှာလည်းမဟုတ်ဘူး
ယောက်ျားတစ်ယောက်က ရှင်နဲ့မသင့်တော်ရင် ဆွယ်တာတစ်ထည်လဲလိုက်သလို
ခုနှစ်ရက်ရှိတာနဲ့လဲလိုက်လို့ရတာမဟုတ်ဘူး
ဆိုင်တစ်ဆိုင်ရဲ့အနံ့အသက်ကလည်း အမြဲလတ်ဆတ်နေတာပဲ
ရှင့်မှာ လိုအပ်ရဲ့လားဆိုတာတောင်မသိနိုင်တဲ့ ပစ္စည်းတွေအပေါ်
လိုချင်တပ်မက်စိတ်တွေဖြစ်လာအောင် ဆိုင်တစ်ဆိုင်ကနှိုးဆွနိုင်တယ်
အဲဒီတောက်ပြောင်သစ်လွင်နေတဲ့ အိတ်တွေအပေါ် ရှင့်လက်တွေရောက်သွားပြီဆိုတာနဲ့..
ဒါပဲ ဒါပဲလေ
မဟုတ်သေးဘူး ငါဒေါ်လာ ၉၀၀ သုံးလိုက်မိပြီ
ခြံတွင်းသုံးကိရိယာဈေးရောင်းပွဲအကြောင်း ရှင်ရေးနေတာမဟုတ်လား
လုပ်နေပါတယ်
ဟုတ်ပြီ လန့်မသွားနဲ့
စိတ်အေးအေးထား စိတ်အေးအေးထား ဘလွန်းမင်းဒေးစ်
အဲဒါဘောင်းဘီတွေနဲ့တူတယ်
ဘောင်းဘီတွေနဲ့လိုက်တဲ့..
- ဖိနပ်တွေ - ကျွန်မ..
ခဏနေဦး..
- ကျွန်မအကြွေးဝယ်ကဒ်အခိုးခံလိုက်ရပြီ - ဘုရားရေ
ကျွန်မအကြွေးဝယ်ကဒ်အခိုးခံလိုက်ရပြီ မရှိတော့ဘူး
ခိုးပြီး နယူးယောက်ကဆိုင်တွေမှာ စိတ်ရှိလက်ရှိသုံးပစ်လိုက်တယ်
- မဟုတ်သေးပါဘူး - အင်း
အောက်ဒေါဝေါလ် ကျွန်မအောက်ဒေါဝေါလ်ကို တစ်ခါမှတောင်မရောက်ဖူးပဲနဲ့
- တော်စမ်းပါ - ရှင်ရောက်ဖူးပါတယ်
- အဲဒီတဲကိုရှင်ဝယ်ခဲ့တာလေ မှတ်မိလား - ဟင့်အင်း မဝယ်ပါဘူး
- ခရစ္စတင်အတွက် နှုတ်ဆက်လက်ဆောင်လေ - မြင်တောင်မမြင်ဖူးဘူး
ကျွန်မပိုက်ဆုံတွေလိုက်ကောက်ပြီး ရှင့်ကိုပေးလိုက်တာလေ
အထူးကျွမ်းကျင်တဲ့အရည်အချင်း ဓားသိုင်းကစားတာ ဖင်လန်စကားကျွမ်းကျင်တယ်
ဘာလဲ ကိုယ်ရေးအကျဉ်းကိုပိုပိုသာသာမရေးတာ ဘယ်သူများရှိလို့လဲ
ဖိနပ်ပေးဦး ကျေးဇူးပဲ
နင့်ရုံးမှာနင် ဘာလို့အဝတ်မလဲရတာလဲ
အလက်တ်မဂ္ဂဇင်းတိုက်မှာ ငါအင်တာဗျူး သွားဖြေဖို့ တိုးတိုးတိတ်တိတ်
စီစဉ်ထားတာကို ဂါးဒန်းနင်းတူဒေးပွဲမှာရှိတဲ့ လူတိုင်းကို ငါကပေးသိရမှာလား
အလက်တ်မဂ္ဂဇင်းတိုက်မှာ ငါအင်တာဗျူးရှိတာ ပြောခဲ့မိလား
ရေတောင်မရေနိုင်တော့ဘူး
- ဟုတ်ပြီ - ခုန်ပျံကျော်လွှားသလိုဖြစ်မနေဘူးလား
ဥယျာဉ်အလှဆင်တာကနေ ဖက်ရှင်အကြောင်းပြောင်းလုပ်တာကလေ
နင်မလုပ်နိုင်လောက်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး
ဆူးဇ်..ငါ ၁၄ နှစ်ကတည်းက အလက်တ်မဂ္ဂဇင်းမှာ အလုပ်လုပ်ချင်ခဲ့တာ
ဒီအလုပ်ကိုသာရရင် ငါအမြဲတမ်းပျော်ရွှင်ရမှာ
ရေဘက်ခါ..နင်အခုတင်ဒေါ်လာ ၉၀၀ အကြွေးတင်ခဲ့တာလေ
ပဝါကိုနင်မလိုပါဘူး
ဒါပေမဲ့လည်း..
ပဝါဘယ်သူလိုလို့လဲ
ဂျင်းဘောင်းဘီအဟောင်းတွေ လည်ပင်း ပတ်ထားလိုက်ပေါ့ နွေးနေလိမ့်မယ်
မင်းအမေဆိုအဲဒီလိုလုပ်မှာပဲ
ဟုတ်တယ် သူဆိုအဲဒီလိုလုပ်မှာ
ဒီပဝါရဲ့အဓိကအချက်က
မင်းရဲ့စိတ်နေသဘောထားကို
ဖော်ဆောင်ပေးနိုင်မယ့်အရာလေးပဲ
ငါပြောတာ မင်းသဘောပေါက်လား
မဟုတ်ပါဘူး နားလည်ပါတယ် ဆက်ပြောပါဦး
မင်းမျက်လုံးလေးတွေကို ပိုဝိုင်းစက်လာသလို ထင်ရအောင်လုပ်ပေးလိမ့်မယ်
ကျွန်မဆံပင်ပုံစံကိုလည်း ဈေးကြီးကြီးပေးရတယ် ထင်အောင်လုပ်ပေးလိမ့်မယ်
ဘာနဲ့ပဲ တွဲဝတ်တွဲဝတ်လိုက်တယ်
ရင်းနှီးမြုပ်နှံမှုတစ်ခုပဲ
အင်တာဗျူးလုပ်တဲ့အခန်းထဲကို ယုံကြည်မှုအပြည့်နဲ့ မင်းဝင်သွားနိုင်တယ်
- ယုံကြည်မှုအပြည့်နဲ့ - ကြော့ကြော့မော့မော့လေး
- ကြော့ကြော့မော့မော့လေး - ပဝါစိမ်းနဲ့ မိန်းကလေးပေါ့
အစိမ်းရောင်ပဝါလေးယူမယ်
ရွေးတာတော်တယ် ဒါကနောက်ဆုံးတစ်ခုပဲ
ဒေါ်လာ ၁၂၀ ပါ ရှင်ဘယ်လိုပေးချင်ပါသလဲ
ဒါကငွေသား ဒေါ်လာ ၅၀ ဒေါ်လာ ၃၀ ကို ဒီကဒ်ထဲက ယူပါ
၁၀ ဒေါ်လာကိုအဲဒီထဲကယူပါ
ဒေါ်လာ ၂၀ ကိုဒီထဲက
- အရမ်းချစ်ဖို့ကောင်းတာပဲ - မရဘူး
တကယ်လား ထပ်လုပ်ကြည့်ပါဦးလား
တကယ်မရတာပါ
- ရှင်ဖယ်ပေးထားနိုင်မလား.. - ဈေးချထားတဲ့ပစ္စည်းတွေဖယ်ထားပေးလို့မရဘူး
- တစ်ဆိတ်လောက်ပါ အရေးပေါ်မို့လို့ပါ - တန်းစီလေ
တစ်ဆိတ်လောက် အရေးကြီးနေလို့ပါ တစ်ဆိတ်လောက်ပါရှင်
- ရှင်ငွေသားပြန်လဲပေးလား - ဘာ
ကျွန်မရှင့်ကို ၂၃ ဒေါ်လာတန် ချက်လက်မှတ်ပေးလိုက်ရင်
ရှင်ကျွန်မကို ဟော့ဒေါ့တစ်ခုနဲ့ ငွေသားဒေါ်လာ ၂၀ပြန်ပေးပါလား
- ကျုပ်ကဘဏ်နဲ့တူနေလို့လား - ကျွန်မမှာလေးမိနစ်နေရင် အင်တာဗျူးရှိတယ်
ဈေးချထားတဲ့ ပစ္စည်းတွေကို ဖယ်ပေးမထားဘူးတဲ့ ဒါကသေမလောက်အရေးကြီးတဲ့ပဝါဖြစ်နေလို့ပါ
တကယ်အရေးကြီးတဲ့ပဝါမို့လို့ပါတဲ့
ကျွန်မအဒေါ်အတွက်လေ သူကဆေးရုံတက်နေရတယ်
မရရအောင်အတင်းပြောကြည့်လို့မရဘူးလား
မုန်ညင်းနှစ်ထည့်မလား
လုပ်ပါ ဟော့ဒေါ့တွေအကုန် ကျွန်မဝယ်မယ်လေ
- ဟော့ဒေါ့ ၉၇ ခုယူမှာလား - ယူမယ်
ကျွန်မဘယ်လို..
ဟော့ဒေါ့တစ်ခုအတွက် ရှင် ၂၃ ဒေါ်လာပေးတယ်ပေါ့
မင်းကပဝါလိုချင်တယ် ငါကဟော့ဒေါ့လိုချင်တယ်
ပေးရတဲ့တန်ဖိုးနဲ့ပေးရတာတန်တယ်ဆိုတာက အရမ်းကွဲပြားတယ်
ကျေးဇူးပဲ ကျွန်မအဒေါ်ကျေးဇူးတင်နေမှာပါ
အလက်တ်မဂ္ဂဇင်းမှာအင်တာဗျူးဖြေဖို့ပါ
အလက်တ်..မနေ့ကပဲခန့်လိုက်ပြီ
သူတို့ဝက်ဘ်ဆိုဒ်မှာ တင်ထားတယ်လေ ဘယ်သူအလုပ်ရသွားပါလိမ့်
ပြောရင်းဆိုရင်းနဲ့ပဲ
အလီရှာဘေလင်တန်
ရှည်လိုက်တဲ့ ခြေတံတွေ
မတူသလိုမတန်သလိုလုပ်သွားတာ
ကောင်းရော ပျက်နေပြီ
- လှလိုက်တဲ့ပဝါလေး - ကျေးဇူးပဲ အင်တာဗျူးအတွက်ဝယ်လာတာလေ
တစ်ဆိတ်လောက် လာဦး
အောင်မြင်စွာငွေစုရေးမဂ္ဂဇင်းမှာ
အခု အင်တာဗျူးလုပ်နေတယ်
- ဘဏ္ဍာရေးမဂ္ဂဇင်းလား - နှာခေါင်းမရှုံ့နဲ့ဦးလေ
အလက်တ်က မင်းရဲ့အိပ်မက်မြနန်းမြို့တော်ကြီး ဖြစ်ရင်ဖြစ်လိမ့်မယ်
အောင်မြင်စွာစုဆောင်းရေး မဂ္ဂဇင်းကမင်းရဲ့ အဝါရောင်အုတ်ခင်းလမ်းလေးဖြစ်နိုင်ပါတယ်
ဒန်းတေးဝက်စ်က မိသားစုတွေလိုနေကြတဲ့ မဂ္ဂဇင်းမိသားစုပဲလေ
အချင်းချင်းပဲမြှောက်စားနေကြတာလေ
ဒီတော့ငါမင်းကိုအကြံပေးရမယ်ဆိုရင်တော့ ဒေါ်ရသီရေ..
မင်းအလုပ်ဝင်မယ်ဆိုရင်တော့..
နောက်ပြန်မဆုတ်တမ်းနော်
ကျွန်မလုပ်မယ်
အောင်မြင်စွာစုဆောင်းရေးမဂ္ဂဇင်းကပါ
မစ္စဘလွန်းဝုဒ်
ဒီအင်တာဗျူးကဘယ်လိုပုံစံမျိုးလဲ
ဝါသနာတွေဘာတွေအကြောင်း ပုံမှန်စကားစမြည်ပြောတာပဲလား..
ဟင့်အင်း မဟုတ်ဘူး ဘဏ္ဍာရေးနဲ့ဆိုင်တာအဓိကပဲ
ဘတ်တာဖလိုင်းရင်းနှီးမြုပ်နှံမှုတွေ အနာဂတ်အစီအမံတွေ အဲဒီလိုဟာမျိုးတွေပေါ့
- ဒါပေမဲ့သူက ၁ဒဿမ၂ ဘီလီယံတောင်.. - ကံကောင်းပါစေ
- ကျေးဇူးပဲ - စကားတွေပြောကြပေမယ့် ရေရေရာရာလည်းမရှိဘူး
အင်း ဒါပေါ့ စည်းမျဉ်းစည်းကမ်းတွေကို သူနားလည်ပါတယ်
ဒါကအမြဲတမ်း..ကျွန်တော်တို့ငွေစာရင်း ရပြီးပြီ
ဖုန်းချလိုက်တော့မယ် အင်တာဗျူးလုပ်နေတယ်
အင်း မဟုတ်ပါဘူး ဘိုင့်
တောင်းပန်ပါတယ် ဟုတ်ပြီ ရေဘက်ခါ..
- ငါတို့ဆုံဖူးတာပဲ - ကျွန်မတို့ဆုံဖူးတာပဲ ကျေးဇူးပဲ
နေမကောင်းဖြစ်နေတဲ့အဒေါ်နဲ့ ပဝါလေ မင်းသူ့ကိုပေးလိုက်ပြီလား
ပေးခဲ့ပြီ သူစိမ်းတစ်ယောက်ကအဲဒီလို ကြင်နာတတ်တော့..
ကောင်းတာပေါ့
- ကိုယ်ရေးအကျဉ်းပါလား - ဟုတ်ကဲ့ ပါပါတယ်
ရှင့်ကိုကျွန်မပြောပဲပြောပြလိုက်ပါ့မယ်
ကျွန်မနာမည်က ရေဘက်ခါဘလွန်းဝုဒ် ပါ
စာနယ်ဇင်းသမားလုပ်နေတာငါးနှစ်ရှိပြီ
ကိစ္စတော်တော်များများကို တစ်ချိန်တည်း လုပ်နိုင်တယ်
ဖင်လန်စကား ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တယ်
- ဖင်လန်စကား - ဟုတ်တယ် ဖင်လန်စကား
- ကျွန်မက.. - စိတ်ဝင်စားစရာပဲ ဘာလို့ဖင်လန်စကားလဲ
ရှင့်နောက်မှာဘာကြီးလဲ
ဘုရားရေ
ကိုယ်လုံးတီးလူပုံပဲ တောင်းပန်ပါတယ်
လန့်သွားတာပဲ
ဘာပုံမှန်းမသိလိုက်ဘူး ခေါင်းပြတ်နေတာကိုး
သူ့ကိုဘယ်သူများအဲဒီလိုလုပ်သွားတာပါလိမ့်
မေးခွန်းနည်းနည်းမေးမယ်
ဒါပေမဲ့ ကြည့်ပါဦး ငါးလွှာမှာသူတို့
ဘာများ ကြည့်နေကြတာလဲ သိချင်လာရော
ရှင့်စားပွဲကိုတစ်ဖက်လှည့်ပြီးတစ်နေ့လုံး ကြည့်နေလို့ရတယ်
ကျွန်မဆိုကြည့်မှာ
- မကြည့်ပါဘူး - မစ္စဘလွန်းဝုဒ်
ကျွန်မကနှာဘူးမဟုတ်ပါဘူး
ထိုင်ပါ
တောင်းပန်ပါတယ် အင်တာဗျူးဖြေတဲ့နေရာမှာ ကျွန်မအရမ်းညံ့တယ်
မကြာသေးခင်က မင်းဂရုပြုမိတဲ့ ဘဏ္ဍာရေးဇာတ်လမ်းများရှိလား
ရှိတာပေါ့ ရှင်အဲဒီကိစ္စမေးလို့ ဝမ်းသာပါတယ်
ဘာလို့လဲဆို ကျွန်မဒေါသထွက်နေတယ် တကယ်ပါ
ဒီငါးအကြပ်အတည်းက ဘယ်လိုဖြစ်တာလဲ
ငါးအကြပ်အတည်းလား
- ဘဏ္ဍာရေးအကြပ်အတည်းလေ - ဘဏ္ဍာရေးအကြပ်အတည်း
- တုန်လှုပ်စရာပဲ ဘဏ္ဍာရေးအရပြောပါတယ် - ဘယ်လိုမျိုးလဲ
- ဘဏ္ဍာရေးမိသားစုအတွက်လေ - တောင်းပန်ပါတယ်
- နောက်ကျလွန်းနေပြီ - မစ္စဘလွန်းဝုဒ်..ရှင့်ပဝါပြုတ်ကျခဲ့လို့
သူသေသွားပြီလေ
မစ္စဘလွန်းဝုဒ်..မင်းအတွက်ဒီ ၂၅ မိနစ်က အလွန့်အလွန်ခက်ခဲခဲ့မှာပဲ
ရှင်နားလည်ပေးလို့ဝမ်းသာပါတယ် လူတွေက..ဟုတ်ပါပြီ
ဟုတ်ပြီလေ ဒါဆိုလည်းကျွန်မ..
ကျွန်မနာမည်ကိုဖျက်လိုက်တာလား
- မဟုတ်ပါဘူး လုပ်နေကျဖြစ်နေလို့ပါ - ဒါလူကြီးမဆန်တာပဲ
ဒီအင်တာဗျူးကို ကျွန်မတို့ ရပ်လိုက်ကြတာပေါ့နော်
ဒီတော့ ရှင်စာရင်းတွက်စရာရှိရင် ဆက်တွက်နေနှင့်ပါ
ဒါပေမဲ့ကျွန်မကိုလက်ခံတွေ့ပေးလို့ ကျေးဇူးတင်ပါတယ်
ပြီးတော့ကျွန်မ..
အားလုံးအတွက်ကျေးဇူးတင်ပါတယ် ကောင်းသောနေ့ဖြစ်ပါစေ
ကောင်းသောနေ့ဖြစ်ပါစေ
လာပါ ဒေါ်အပြင်ကြိုက်သူကြီးကို သူ့တဲသွားပေးရအောင်
သူကပင်စင်ယူတာမဟုတ်ဘူး
No comments yet. Be the first to leave one.