The first 200 lines.
ဟယ်လို
နံရံအပြင်ဘက်က ကျွန်မ လာခဲ့တာပါ
တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်နေကြတဲ့ နေရာကပေါ့
ရှင်တို့ မြို့တော်ကို စမ်းသပ်ချက်အဖြစ် ဒီဇိုင်းဆွဲခဲ့တယ်
ဆုံးရှုံးသွားတဲ့ လူသားဆန်မှု့ ကို ပြန်ရယူနိုင်ဖို့ တစ်ခုတည်းသော နည်းပဲလို့ ယုံကြည်တယ်
ပြီးတော့ ငြိမ်းချမ်းရေး အတွက် ကျွန်မတို့ အဖွဲ့ တွေ တီထွင်ခဲ့ကြတယ်
ဒါပေမယ့် ကျွန်မတို့  ယုံပါတယ် ရှင်တို့ ထဲကပဲ
ဒီအဖွဲ့ တွေကို လုပ်ဆောင်နိုင်မယ့်သူ ရှိမယ်ဆိုတာ
အဲ့ဒါတွေက ဒိုင်ဗားဂျန့်တွေ ဖြစ်ပါလိမ့်မယ်
သူတို့က ဒီစမ်းသပ်မှုရဲ့အဓိကရည်ရွယ်ချက်ပဲ
သူတို့က လူသားတွေ ရှင်သန်မှုရဲ့အဓိကပဲ
တကယ်လို့ ရှင် ဒါကို အခုကြည့်နေတယ် ဆိုရင်
အနည်းဆုံး ရှင်တို့ထဲက တစ်ယောက်ကတော့ စမ်းသပ်မှု အောင်မြင်တယ် ဆိုတာ သိပါလိမ့်မယ်
ရှင်တို့ရဲ့ကွဲပြားမှုတွေကနေ ပြီးတော့ ကျွန်မတို့စီ လာပူးပေါင်းဖို့ အချိန်ရောက်ပြီ
အဗလင် အမိန့် ဂိတ်က အခုပိတ်သွားပြီ
မင်းဟာ ငါတို့ရဲ့နောက်ဆုံး ဆိုတာကို ယုံကြည့်ဖို့ ငါတို့မင်းကို ခွင့်ပြုထားတယ်
ဒါပေမယ့် မင်းကမဟုတ်ဘူး
လူသားမျိုးနွယ်က မင်းကို မျှော်လင့်ချက်နဲ့ စောင့်နေတယ် တံတိုင်းကြီး အပြင်မှာပေါ့
ငါတို့ ရောက်တော့မယ်
အင်း ငါမင်းအနောက်မှာ
ရှင် အမြင့်ကို ကြောက်လို့လား
မကြောက်ပါဘူး မင်းကို ဘယ်သူပြောလဲ
တစ်ခါတစ်လေ ကျွန်မ တံတိုင်းကြီးကို ကြည့်ရင်
အဲဒီအပြင်မှာ တစ်ခုခုကိုမြင်နေရတယ်လို့ ကျွန်မထင်တယ်
ရှင်ရော ဟင့်အင်း ငါတော့မမြင်ရဘူး
ရှင်ပိုပြီး စူးစိုက်ကြည့်ဖို့ လိုမယ်
ငါလည်း ကြည့်နေတာပဲ မင်း မြင်တာကိုတော့ ငါ မမြင်ဘူး
အဲဒါက ရှင့် မျက်နှာရှေ့မှာ ပေါ်လာတဲ့ အချိန်ကျရင်တော့ ရှင်မြင်လိမ့်မယ်
အဲဒီတော့ ငါတို့ဒါကို တကယ် လုပ်ကြမှာလား
အင်း
ချီကာဂိုက ပြည်သူတွေ
တံတိုင်းကြီး အပြင်မှာ ဘာရှိနေမလဲလို့ မင်းတို့ သိချင်နေကြတာ ငါသိတယ်
ဒါပေမယ့် တခါတလေ တံတိုင်းဆိုတာ ငါတို့ကို ကာကွယ်ဖို့ပဲလေ
မှတ်ထားပါ တည်ထောင်သူတွေက ငါတို့ကို အဖွဲ့တွေအဖြစ် ခွဲခြားပေးလိုက်တဲ့ သူတွေပဲ
အဲဒီတော့ ငါတို့က သူတို့ ရည်ရွယ်ချက်တွေကို မသိမချင်း ဒီတံတိုင်းကြီး ပိတ်ထားရမယ်
ဂျင်းနီက သေသွားပြီ
ဒီနေ့မှာ သူနဲ့ပူးပေါင်းပါဝင်ခဲ့တဲ့ သူတွေကို တရားစီရင်မယ်
သစ္စာဖောက်ကို တရားစီရင်မယ် ဂိတ်ကို ပိတ်ထားမယ်
ဂျင်းနီ မှားခဲ့တဲ့ အမှားတွေကို ထပ်လုပ်မိသလိုမျိုး မဖြစ်ပါစေနဲ့
ငါ သူ့ကို စကားပြောဖို့ လိုတယ်
ငါ သူ့ကို ဖျောင်းဖျနိုင်မယ်လို့ ထင်ပါတယ်
ဒါပေမယ့် အဲဒါက ဘာမှ ပြောင်းလဲမသွားဘူး ဟုတ်တယ်မလား
ဟင့်အင်း
ငါ့ကို တစ်ခုလောက် လုပ်ပေးပါ
ဒါပဲလား
မင်း နေ နဲ့ လကို မလိုချင်ဘူးဆိုတာ သေချာပြီလား
ငါ တောင်းဆိုတာ များတယ်ဆိုတာ သိပါတယ် အဲဒါ မဖြစ်နိုင်ဘူး
အဲဒီတော့ ငါ ဖြစ်အောင်လုပ်ပေးမှာပေါ့
ဟယ်လို ကောင်မလေးတွေ ဘယ်သွားမလိုလဲ ငါရော လာလို့ရမလား
နေစမ်းပါ ပီတာ အိုး အရမ်း ဟော့တာပဲ
ဒီမှာ ဘာအဖွဲ့မှ မရှိဘူးလေ ငါတို့ သူငယ်ချင်းဖြစ်လို့ရတယ် ဟုတ်တယ်မလား
ငါတို့ တူတူသွားလို့ မရဘူး
ထရစ်
မင်း အဲအပေါ်မှာ တခြားမြို့က ခေါင်းဆောင်တွေနဲ့ အတူတူ ရှိနေသင့်တယ်
မဟုတ်ဘူး ကျွန်မက အဲလိုလူ မဟုတ်ဘူး ကျွန်မ စည်းမျဉ်းတွေ မလုပ်ချင်ဘူး
ခေါင်းဆောင်ကောင်းတွေက အာဏာကို မရှာဘူး
သူတို့က လိုအပ်မှ ထွက်လာကြတာ
လူတွေက မင်းကို လိုအပ်နေတယ်
ငါ့ကိုကြည့် ငါ့ကိုကြည့်စမ်း ခွေးကောင်
နောက်ဆုတ်စမ်း
မင်း ဒီနေ့သေဖို့ အသင့်ဖြစ်ပြီလား
ဖယ်
ထိုင်နေ
ငါတို့ မြေအသစ်မှာ အခြေကျနေကြပြီ
ငါ့ဘ၀က အမှန်တရားကိုရှာဖွေဖို့ ငါပေးအပ်ထားပြီးပြီ
ဒါပေမယ့် ဂျင်းနီရဲ့အောက်မှာ အမှန်တရားတွေက ကျော်လွန်သွားကြတယ်
အဲဒီအတွက် ငါ တောင်းပန်ပါတယ်
ဒါပေမယ့် ငါ့ရဲ့ကျဆုံးမှုက
ပြသာနာတွေကို အမှန်အတိုင်း ဖြေရှင်းပေးနိုင်ဖို့ ခွန်အားတွေ ဖြစ်လာခဲ့တယ်
ကန်ဒါရဲ့အဖွဲ့မရှိတော့တဲ့ အချန်မှာ
ရိုးသားမှုကို ရှာဖွေပြီးမြို့တော်ကို ပြန်လည် တည်ဆောက်နေတာကို ရပ်တန့်လိုက်မှာ မဟုတ်ဘူး
ငါ လူတိုင်းကို သိစေချင်တယ်
တရား စီရင်မှုကို စလိုက်ရအောင် အမှန်တရား ဆိုတာ ပြီးသွားမှာပါ
အမှန်တရားက မင်းကို လွတ်မြောက်ခွင့် ပေးနိုင်ပါစေ
ချီကာဂိုကို သိမ်းပိုက်ပြီး ပြည်သူတွေကို အကြမ်းဖက် ထိန်းချုပ်ခဲ့တဲ့
ဂျင်းနီကို မင်း ကူညီခဲ့တယ် ဆိုတာကို သံသယ မရှိပါဘူးနော် မက်စ်
အဲဒီတော့ ငါ့ရဲ့တစ်ခုတည်းသော မေးခွန်းက မင်းအတွက်
သူ့ရဲ့အုပ်ချုပ်မှုကို ထောင်ပံ့ပေးဖို့ လူတွေကို သတ်ဖြတ်ရတာကို မျှတတယ်လို့ မင်း ခံစားရလား
သေချာတာပေါ့
လူဆိုတာ သိုးတွေလိုပဲ
သူတို့ကို လမ်းညွှန်ပေးဖို့ သိုးထိန်း ဆိုတာကို လိုအပ်တယ်
ပြီးတော့ သူ ခုခံတဲ့ အချိန်မှာ
သူတို့ အသတ်ခံကြရတယ်
ငါတို့လဲ မင်းကို သတ်ဖြတ်သင့်တယ်
သူ့ကို သတ်
ဟုတ်တယ် သူ့ကိုသတ်
သူ့ကိုသတ် သူ့ကို အခုသတ်
သူ့ကို မသတ်နဲ့
သူ့ကို အသက်ရှင်ခွင့် ပေးလိုက်ပါ သူ့ကိုသတ်
သူ့ကို အသက်ရှင်ခွင့် ပေးလိုက်ပါ သူ့ကို ခုသတ်
ငါတို့က ဒါထက် ကောင်းမွန်ပါတယ်
ဂျင်းနီ ဂျင်းနီက သေပြီ
သူ့ရဲ့ဝိဥာဉ်ကို ဆက်အသက်ရှင်ခွင့် မပေးပဲ နေရအောင်
သူ့ကိုသတ်
ခင်ဗျား ဘာလုပ်မှာလဲ
သူတို့ အဖြေတစ်ခု လိုအပ်တယ်
ဒါက သတ်ဖြတ်မှုပဲ
မဟုတ်ဘူး ဒါက တရားစီရင်မှု
ငါ ပြည်သူတွေရဲ့ဆန္ဒနဲ့ဆုံးဖြတ်မယ်
ငါတို့ အတိတ်ကို ထားခဲ့ရမယ့် အချိန်ရောက်ပြီ
သူ့ကိုသတ်
သူ သေမှရမယ်
သူက လူသတ်သမား သူ သေသင့်တယ်
ငါ မသေချင်သေးဘူး
မင်းရဲ့သိုးတွေလဲ သေချင်ခဲ့မှာ မဟုတ်ဘူး
ငါ မင်းကို အချစ်တွေနဲ့ ချန်ထားခဲ့တာ ရန်ငြိုးနဲ့မဟုတ်ဘူးလို့ ငါ ပြောခဲ့သင့်တဲ့ အချိန် ရှိတယ်
အဲဒီအချိန်က အတိတ်ပဲ
သစ္စာဖောက်
ထွက်သွား ထွက်သွား
သစ္စာဖောက်
အခု ထွက်သွား
ဘီထရေ့
ငါ တောင်းပန်ပါတယ်
မင်း လူထုကို လှုံ့ဆော်မိလိုက်ပြီ သူတို့ကို ထိန်းချုပ်နိုင်ပါစေ
ဘီထရေ့ ကျေးဇူးပြုပြီး သူတို့ ငါ့ကို မသတ်ခိုင်းပါစေနဲ့
ဘီထရေ့
ဘီထရေ့
မင်း ဘာလုပ်တာလဲ
ငါတို့တွေ စည်းလုံးတယ် ဆိုတာကို ပြဖို့လိုအပ်တယ်လေ
အထူးသဖြင့် ထရေ့က ငါတို့နဲ့ လာရပ်နေဖို့ ပြင်းဆန်ခဲ့တဲ့အချိန်မှာ
ထရစ်ကို ဘာလုပ်ရမယ်လို့ ကျွန်တော်ပြောမှာ မဟုတ်ဘူး မင်း ပြောကြည့်သင့်တယ်လေ
လူတွေ ဒီမြို့ထဲကနေ ထွက်သွားတာကို တားဆီးနိုင်မယ်လို့ တကယ် ထင်နေတာလား
တံတိုင်းက လုံးဝပိတ်လိုက်ပြီ
ငါ့စစ်သားတွေကိုလဲ အမိန့်ပေးလိုက်ပြီ ဘယ်သူမှ ထွက်လို့ မရဘူး
ခင်ဗျား ဘာလို့ဂျင်းနီနဲ့ တိုက်ခိုက်ခဲ့သေးလဲ
တကယ်လို့ ခင်ဗျား သူ့လိုပဲ ဖြစ်လာမယ် ဆိုရင်
ခေါင်းဆောင်တွေ ဆိုတာ လူတွေကို ကယ်နိုင်ဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရတယ်
မင်း ငါ့ နေရာကို ယူတဲ့အခါကျရင် သဘောပေါက်ပါလိမ့်မယ် ငါဒါကို မင်းအတွက် လုပ်တာပါ
မင်းသိလား ဒါထွက်သွားဖို့ ကောင်းတဲ့ အချိန်တော့ မဟုတ်ဘူး
ငါသိတယ် ဒါပေမယ့် ကျွန်မတို့ဒီမှာ မမြဲရှိနေလို့မရဘူး
ပြီးတော့ အပြင်ကို ထွက်ပြီး ကမ္ဘာကြီးကို ကြည့်ဖို့စာထဲမှာ ပြောထားတယ်
ဒါပေမယ့် အဲဒါကိုပို့တဲ့ သူကို ငါ လုံးဝ မသိဘူးလေ
ဒါပေမယ့် ရှင် မသိချင်ဘူးလား
ငါတို့ အိမ်ကိုရော
ကျွန်မတို့ အိမ်ဆိုတာ မရှိတော့ဘူးလို့ ကျွန်မထင်တယ်
ချီကာဂိုကို ကူညီဖို့နည်းလမ်းက တံတိုင်းတွေရဲ့ အပြင်ဘက်ကို သွားဖို့လည်း ဖြစ်နိုင်တယ်
တကယ်လို့ အဲမှာ ဘာမှမရှိရင်ရော
ရှင် ကျွန်မနဲ့ အတူရှိနေရင် ကျွန်မ အသက်ရှင်နိုင်တယ်
ဒါပေမယ့် မကြိုးစားကြည့်ပဲနဲ့ ကျွန်မ အသက် မရှင်နိုင်ဘူး
မင်းသိလား မနက်ဖြန် ကေလက်ရဲ့တရားစီရင်မှုနေ့ဆိုတာ
အင်း ကျွန်မသိတယ်
ကျွန်မသူ့ကို ဘာမှအကြွေး တင်မနေပါဘူး
အင်း ဟုတ်တယ်
ငါ ဒီတစ်ယောက်ကို တာဝန်ယူလိုက်မယ်
ငါ မင်း ခွင့်ပြုချက်တောင်းနေတယ်လို့ ထင်လား
မလုပ်ပါနဲ့ ဖိုး
ဖိုး ဖိုး ငါ့ကို မသတ်ပါနဲ့ ငါ တောင်းပန်ပါတယ်
ဖိုး ငါတောင်းပန်ပါတယ်
မင်းရဲ့အစ်မကို မင်းသတ်ဖို့ ကြိုးစားခဲ့တယ်လေ ကေလတ်
ဒီလိုဖြစ်အောင် မင်းကိုယ်တိုင် လုပ်ခဲ့တာပဲ
အရာတိုင်း အတွက် ငါ တောင်းပန်ပါတယ်
လာ ငါတို့ အပေါ်တတ်မယ်
လာ လာ
ဘီထရေ့ဖြေးဖြေးလျှောက်
ဟေး
အဲရူဒိုက် အကျဉ်းသား အကုန်လုံး ဂူထဲမှာပဲ ရှိနေသင့်တယ်
ရပ်
ငါ ဒီတစ်ယောက်ကို ငါ့ဘာသာ ရှင်းပစ်နိုင်တယ်
ကျေးဇူးတင်ပါတယ် ဖိုး ကျေးဇူးပဲ
ငါ့ကို ကျေးဇူး မတင်နဲ့ အဲဒါ မင်းအစ်မ အကြံ
နင်ငါ့ကို ကယ်ခဲ့တာလား
မိသားစုအတွက် လုပ်တာပါ
ကားထဲဝင်
ငါ သိနေတယ်
ဟေး ပါတနာ မင်း ဘာလုပ်တာလဲ ပီတာ
သွားစမ်း
ဟုတ်တယ် ငါလည်း ဒီကသွားမလို့
နားထောင် မင်းရဲ့အမေက ဂျင်းနီနဲ့ အလုပ် အတူတူလုပ်ခဲ့သမျှတွေကို
ထိုင်သတ်နေတဲ့ အချိန်မှာ ငါ ဒီမှာ မနေချင်ဘူး ဟုတ်ပြီလား
နားထောင် ငါ မင်းတို့နဲ့ လိုက်လို့ရတယ်
ဒါမှမဟုတ် ငါဒီလို ကယ်ကြပါ ကယ်ကြပါဦး သူတို့ ထွက်ပြေး နေကြပြီ အော်ရမလား
ပီတာ ကားထဲကိုဝင် ငါ ပြောတာ အဲဒါ
ကားထဲဝင် ကျေးဇူးပဲ
ဘာလဲ ကေလက်
အမှန်တရားကို လိုချင်လား
သူ သေရမယ်
အားလုံးအတွက် မျှတမှု
မင်းမှာ အစီစဉ်ရှိတယ်မလား
ထောင်သားရွှေ့မယ်ဆိုတဲ့ အကြောင်း ငါ တစ်ခါမှ မကြားဖူးပါလား
ကောင်းပြီ မင်းအခုငါ့ဆီကကြားပြီလေ
အဲဒါဆို အမိန့်စာကြည့်ပါရစေ
ငါ့ ဆီမှာ
ဒီမှာ
ဒီမှာ အကုန်လုံးပဲ ဂိတ်ဖွင့်ပေးလိုက်
နောက်တစ်ယောက်
အက်ဂါ တိုဘိုင်းယက်အက်တမ် ကေလက်ကို ဂူထဲက ထုတ်သွားပြီ
လာ သွားမယ် အခု
ရှင်က ရုပ်ထုလား
ဂိတ်ကို ဖွင့်
သူတို့ ဒီဘက်က ဖြတ်သွားတာလား
ဒီကနေသွားကြရအောင်
သူတို့ သွားပြီ
တိုဘိုင်းယက်အိတန်က ကေလက်ကိုခေါ်ပြီး ထွက်ပြေးသွားပြီ
အဲဒါ သစ္စာဖောက်ဖြစ်သွားပြီ တွေ့တာနဲ့ပစ်သတ်
အသင့်ပဲလား အင်း
စာအုပ်ထဲက အတိုင်းတော့ မဟုတ်ဘူးမလား ဟမ်
ကောင်းပြီ ဒီဘက်တော့ရှင်းတယ်
အပြင်မှာ ဘာတွေရှိလဲ ဆိုတာ ကြည်ဖို့ အချိန်ရောက်ပြိ
ကောင်းပြီ ငါ့နောက်လိုက်ခဲ့
အခု ပစ်လိုက်တော့
No comments yet. Be the first to leave one.