Inkheart

Inkheart

Shkarko Titrat Burmese

Informacioni i lëshimit

Inkheart(Zawgyi)
Një Komentar nga victoryzf

Etiketat

other
Publikuar më: 2017-08-04
Shkarkime: 71
Dëgjim i Dëmtuar: No

Pamje paraprake e titrave në Burmese

200 rreshtat e parë.

ရှေးရှေးတုန်းကတည်းက

ပုံပြောသူတွေဟာ သူတို့ရဲ့စကားလုံးတွေနဲ့ လူတွေကို ဖမ်းစားနိုင်ခဲ့ကြတယ်

သို့ပေမယ့် ဒီထက်ပိုရှားတဲ့ လက်ဆောင်ထူး ရှိပါသေးတယ်

တချို့သူတွေဟာ အသံထွက်ဖတ်ရုံနဲ့

ဇာတ်ကောင်တွေကို စာအုပ်ထဲကနေ

ကျွန်တော်တို့ကမ္ဘာဆီ ခေါ်ဆောင်အသက်သွင်းနိုင်ကြပါတယ်

အိပ်တော့ကွယ် အိပ်တော့ မေမေ့သမီးလေး

- ပုံပြင်ဖတ်ပြလိုက်ရင် အိပ်သွားမယ်ထင်တယ် - သမီးက ငယ်ပါသေးတယ်

ရပါတယ်ကွာ

ကျွန်မကိုဖတ်ပြလေ

ဟိုးရှေးရှေးတုန်းက ကလေးမလေး တစ်ယောက်ရှိတယ်

ဒီကလေးမလေးကို မြင်သူတိုင်းချစ်ကြတယ်

အထူးသဖြင့် ဒီကလေးမလေးလိုချင်တာ ဘာမဆိုပေးမယ့် သူ့ရဲ့အဖွားပေါ့ ...

တစ်ခါတော့အဘွားက သူ့ကို ပိုးဝတ်ရုံအနီလေးတစ်ထည် ပေးတယ်

ကြားလိုက်လား

ဘာကိုလဲ

မသိဘူး ... ဘာမှမဟုတ်လောက်ပါဘူး

အနီရောင်ဝတ်ရုံလေးက သူနဲ့ အရမ်းကိုလိုက်ဖက်လွန်းလို့

ကလေးမလေးက အဲဒီဝတ်ရုံကိုပဲ အမြဲဝတ်ထားတော့သတဲ့

ဒါကြောင့် ကလေးမလေးကို ၀တ်ရုံနီမြင်းစီးရှင်မလေးလို့ ခေါ်ကြသတဲ့

ဒီလို ငွေပါးစပ်ပိုင်ရှင်အများစုဟာ သူတို့ရဲ့ထူးခြားတဲ့စွမ်းအားတွေအကြောင်းကို

လျို့ဝှက်ထားလေ့ရှိကြတယ်

တစ်ချို့ကတော့ ကိုယ့်မှာ ဒီအစွမ်းရှိနေမှန်းတာင် မသိကြပါဘူး

သိတဲ့အချိန်မှာတော့ သိပ်နောက်ကျသွားခဲ့ပြီ

လမ်းရော မှန်ရဲ့လား နောက်တစ်ကွေ့ ဆိုဘယ်ကွေ့ရမယ်လေ

သေချာလား လမ်းလွဲသွားပြီလို့ ဖေဖေ ထင်နေတယ်

မောင်းတဲ့သူက ... ဖေဖေ

လမ်းပြတဲ့သူကဘယ်သူလဲ ... သမီး

- သမီးညွှန်လို့ လမ်းပျောက်ဖူးလို့ လား - မဖြစ်ဖူးပါဘူး

အဲဒါပဲလေ

သမီး ဟိုမှာကြည့်စမ်း နှင်းလူ

ဖေဖေ .. ဟို မှာ ဘယ် ဘယ် ဘယ် ကို ကွေ့ .....

အယ်လ်ပိုင်း ရှေးဟောင်းရှားပါးစာအုပ်ဆိုင်က ဒီလမ်းရဲ့အဆုံးနား ...

ပြီးတော့ ရင်ပြင်ရဲ့ညာဘက်ခြမ်းမှာ

တော်တယ်

ဒါနဲ့ ... သမီးတို့သွားသမျှစာအုပ်ဆိုင်တိုင်း ဘာလို့ဆိုင်ဟောင်းတွေ ဖြစ်နေတာလဲ

ဘာဖြစ်လို့ သမီးတို့ ...စာအုပ်သစ်တွေ

ချောကလက်တွေရောင်းတဲ့ဆိုင်တွေ မသွားတာလဲ

ဆိုင်သစ်တွေမှာ ဖေဖေ့လိုစာအုပ်ချုပ်တဲ့သူအတွက် ဘာအကျိုးရှိမှာလဲ

- ဖေဖေချစ်တာက စာအုပ်အဟောင်းတွေ... - သားရေစာအုပ်တွေ ပန်းဖောက်စာမျက်နှာတွေ

ဒါ ဖေဖေ့ အကြိုက်နေရာမျိုးပဲ

- ဖေဖေ ဒီမှာရှာတွေ့မယ်ထင်တယ် - ဘာကိုလဲ သမီး

ဖေဖေ အမြဲတမ်းရှာနေတဲ့စာအုပ်လေ

- ဖေဖေ ဘာကိုမှသီးသီးသန့်သန့်ရှာမနေပါဘူး - သမီး မသိနိုင်ဘူးထင်လို့လား

ဖေဖေ ဘယ်ဆိုင်ဝင်ဝင် စင်အနှံ့ကြည့်ပြီးမှ ဆိုင်ထဲကထွက်တတ်တယ်လေ

- ဟုတ်လို့လား - ပြီးရင်လည်း စိတ်ပျက်တဲ့ပုံစံနဲ့ ထွက်လာတယ်

တစ်ခါတလေဆို မျက်လုံးတွေတောင်နီနေတယ်

စာအုပ်ဟောင်းတွေကဖုန်တွေဝင်လို့ပါ

ဖေဖေ ကြည့် ဒီမှာ ဟာရီယတ် စပိုင်

အထဲဝင်လိုက်ဦးမယ် .... သမီးလိုက်ချင်လား

- လျို့ဝှက်ဥယျာဉ်ရောပဲ - ဒါဆိုလည်း ဒီမှာပဲနေခဲ့

တွေ့ရတာ ၀မ်းသာပါတယ် ကျွန်တော် မိုတီမာ ဖောလ်ချာတ် ပါ

နာမည်ကြီး စာအုပ်ဆရာဝန်ပါလား

အတော်ပဲ ...ခင်ဗျားအချိန်မီရောက်လာတာ

ဒီက သနားစရာစာအုပ်လေးကို ကြည့်ပါဦး

- ကောင်းပြီ - သူ့ကိုကယ်လို့ရမယ်ထင်လား

- ရမယ်ထင်တာပဲ - တော်သေးတာပေါ့

- ဆိုင်မှာ စာအုပ်ကောင်းတွေအများကြီးစုတာပဲ - ဟုတ်တယ်

- အေးအေးဆေးဆေး ကြည့်နိုင်ပါတယ် - ကျေးဇူးပဲ

သိပ်တော်တဲ့ မျက်လုံးလေးလှလှလေး

သူ့ကို အနက်ရောင်အလှလေးလို့ ခေါ်ချင်လား

အို သနားစရာကလေးရယ်

စိတ်ကူးကြည့်စမ်းပါ ဟိုင်ဒီစ် .....

ကပ်ပရီကွန်ရဲ့လူတွေက ဒက်စ်ဖင်းဂါးကို နေရာမှားပြီးရှာနေခဲ့ကြတယ်

ရတနာကျွန်းရဲ့အနောက်တောင်အဆုံးမှာ

ရွာကနေ သူမထွက်သွားခဲ့ဘူး

သူ ကြိုးတောင်မကြိုးစားခဲ့ဘူး

ဒက်စ်ဖင်းဂါးက ဘတ်စတာရဲ့အိမ်ထဲမှာရှိခဲ့တာ

ဘာကြီးလဲ ... တောင်ကုန်းပေါ်တက်လာနေတာ သားရဲတိရိစ္ဆာန်တစ်မျိုးပဲလား

ဒက်စ်ဖင်းဂါး

ဒီကောင်က ကလိထိုးတာမကြိုက်ဘူး

သမီး သတိထားသင့်တယ်

ဒီကောင့် နာမည်က ဂွင်

ပုံစံကတော့ ချစ်စရာကောင်းတယ်

ဒါပေမဲ့...စာအုပ်တွေကို အဖုံးကြည့်ပြီး ဆုံးဖြတ်လို့မရသလိုပေါ့

ဟုတ် ... သိတယ်

ပြီးတော့ ... လူစိမ်းတွေအကြောင်းလည်းသိတယ်

ငါက သူစိမ်းမဟုတ်ဘူး မဂ္ဂီ

သမီးမမှတ်မိပေမယ့် သမီးငယ်ငယ်လေးတုန်းက ငါတို့တစ်ကြိမ်ဆုံဖူးတယ်

အဲဒါကြောင့် သူစိမ်းတွေမဟုတ်ဘူး

ဟယ်လို ငွေပါးစပ်

ခင်ဗျားသမီးနဲ့ စကားလေးနည်းနည်းပြောနေတာ

မဂ္ဂီ ... ကားထဲမှာပဲသွားစောင့်နေ

စိတ်မပူပါနဲ့ .... သူကမိတ်ဆွေဟောင်းပါ

- ဖေဖေ - သွားတော့ ချက်ချင်း

လမ်းလျှောက်ရင်း စကားနည်းနည်းလောက်ပြောရအောင်

ကျုပ် ခင်ဗျားကိုရှာနေတာကြာပြီ

ခင်ဗျားနောက် ခြေတစ်လှမ်း နောက်ကျကျနေတာ

ခင်ဗျားရှာနေတာဟာ တွေ့ရအောင် ကျုပ်စောင့်နေတာ

မင်း ဘာလိုချင်လဲသာပြော

လွန်ခဲ့ ၉ နှစ် က ခင်ဗျားလုပ်ခဲ့တဲ့ အမှားကို ပြန်ပြင်ပေးစေချင်တယ်

ပြီးတော့ ... သတိပေးဖို့ လာတာ ကပ်ပရီကွန် ခင်ဗျားနေရာသိသွားပြီ

အခု သူလူတွေ ခင်ဗျားတို့ အိမ်ပြန်အလာကို စောင့်နေကြတယ်

- ခင်ဗျားကို သူကစာဖတ်ပြစေချင်တာ - ဒါဆို သူကံဆိုးတာပဲ

ငါ စာကိုအသံထွက်မဖတ်တော့ဘူး

ခင်ဗျားကို သူရှာတွေ့ ရင် ခင်ဗျားမှာ ရွေးချယ်ခွင့်ရှိမယ်ထင်လား

ခင်ဗျားတို့ ပုန်းနေဖို့  ကျုပ်ကူညီပေးနိုင်တယ် ဒါပေမဲ့...

ကျုပ်ကိုအိမ်ပြန်ပို့ပေးမယ်လို့ ကတိပေးမှ... ကျုပ် ဒီရောက်တာသိပ်ကြာနေပြီ

ကျုပ်ကိုအိမ်ပြန်ပို့ပေးပါ ငွေပါးစပ်

- ကျုပ်ကို ပုံပြင်ဖတ်ပြပါ - ဆောရီးပဲ ကူညီလို့ မရဘူး

ဒါ အန္တရာယ်ရှိတယ် .... ထိန်းချုပ်ဖို့ မလွယ်ဘူး

ခင်ဗျားမကူညီရင် ကူညီနိုင်တဲ့သူကို ကျုပ်ရှာမယ်

အဲဒီတော့ စာအုပ်သာပေး

ဘာစာအုပ်လဲ ငါ့မှာဘာမှမရှိဘူး

- မရှိဘူးပေါ့ - ဟုတ်တယ် မရှိဘူး

ငါ နေရာတိုင်းရှာပြီးသွားပြီ မတွေ့ ဘူး

အိတ်ထဲကဟာက ဘာလဲ

နောက်ဆုံးတော့ တွေ့ ပြီမဟုတ်လား

ရယ်စရာပဲကွာ .... ကျုပ် အချိန်ကိုက်ရောက်လာတာပဲ

ဘ၀ဆိုတာ တစ်ခါတလေတော့ ကံကောင်းတဲ့အချိန်လေးတွေရှိတတ်တယ်

အေး .... အခုတော့ မဟုတ်သေးဘူး

ဖေဖေ

- မဂ္ဂီ - ဘာတွေဖြစ်နေကြတာလဲ

သမီးကိုကားထဲနေဖို့ ပြောထားတယ်လေ ပြေးတော့

မြန်မြန်တက်... မြန်မြန်တက်

ထွက်တော့

ရပ် ... ကျုပ်ခင်ဗျားတို့ ကိုကူညီနေတာ

- ဒါ ဘာလုပ်တာလဲသမီး ... ပြန်ထားလိုက်စမ်း - သမီး စာအုပ်ကိုကြည့်ချင်တယ်

သမီး ဒီစာအုပ်ကိုမထိရဘူး နားလည်လား

နားမလည်ဘူး ဖေဖေ လုံးဝကို နားမလည်နိုင်တော့ဘူး

အဲဒါ ဘာစာအုပ်မို့ လို့ လဲ ဟိုလူကြီးကဘာလို့ လိုချင်နေရတာလဲ

- ဖေဖေ့ကို ဘာလို့ ငွေပါးစပ်လို့ ခေါ်တာလဲ - ပြောပြလို့မရဘူး

- ဖေဖေ ပြောပြမှဖြစ်မယ် - မပြောနိုင်ဘူး သမီးကိုဖေဖေကာကွယ်ရမယ်

သမီးမေမေအတွက်ရောပဲ

မေမေဟုတ်လား ဒါက မေမေနဲ့ ဘာဆိုင်လို့ လဲ

မဂ္ဂီ ... သမီး မမေးနဲ့ တော့ကွာ

သမီး ကြောက်နေတယ် ဖေဖေ

မဂ္ဂီ ..... သမီးကို ဖေဖေစောင့်ရှောက်မှာပါ

သမီးအနားမှာ ဖေဖေအမြဲရှိတယ် .... ရှိဦးမှာပဲ

အခုဘယ်သွားနေတာလဲ

အီတလီကို သွားကြမယ်

အဲဒီမှာ သမီးအဘွားလေးရှိတယ် အဲဒီကိုရောက်ဖို့ သိပ်အရေးကြီးတယ်

မဂ္ဂီ တဆိတ်ဘာမှမမေးပါနဲ့တော့

အဘွားလေးက တကယ်ပဲသဘောကောင်းရဲ့လား

သမီး ချစ်သွားမှာပါ

တော်ပါတော့ ထပ်မတီးပါနဲ့ တော့ ဒီခေါင်းလောင်းကို ...

နောက်တော့  သမီး သူ့ ကိုသဘောကျသွားမှာပါ

ဟုတ်ကဲ့

ဘာလဲ

အယ်လီနော်

သောမတ်စ်ဟာဒီကျေးဇူးတော်ပဲ

နောက်ဆုံးတော့ မင်းဒီကိုပြန်ရောက်လာတာ .... အဒေါ်သိပ်ဝမ်းသာတယ် မိုတီမာ

မင်းသိတဲ့အတိုင်း ငါ့စာအုပ်တွေတော့ တော်တော့်ကို အခြေအနေဆိုးနေပြီ

မပူပါနဲ့ အဒေါ် ... ကျွန်တော်ကြည့်ပေးပါ့မယ်

အစားအသောက်နဲ့ မဆော့ရဘူး သမီး ကလေးလည်းမဟုတ်တော့ဘူး

သူ့ကို ကြည့်စမ်း ... ၀ါးခြမ်းပြားလေးအတိုင်းပဲ

သူ့ အမေနဲ့ သိပ်တူတာပဲ

နှုတ်ခမ်းလှုပ်တာကအစ ဘာပဲလုပ်လုပ်ကိုတူနေတာပဲ .... ပြောရရင်

ကျွန်တော်တို့  သူ့ အမေဆီက ဘာသတင်းမှမကြားမိသေးပါဘူး

ရပါတယ် ကိစ္စမရှိပါဘူး

အဘွားလည်း အမေမရှိဘဲကြီးပြင်းလာတာ ဘာမှလည်းမထိခိုက်သွားခဲ့ပါဘူး

ငါ့အမေလည်း ဆာဖရီခရီးသွားတုန်း ပျောက်သွားလိုက်တာ ပြန်ပေါ်မလာတော့ဘူး

ငါတို့ မိသားစုထဲက အမျိုးသမီးတွေ အဲဒီလိုပဲ စွန့်စားခန်းထွက်သွားတတ်ကြတယ်

ငါကတော့ အိမ်မှာနေရတာပဲကြိုက်တယ်

သမီးအမေကတော့ ...

သူလည်း တစ်ခုခုလိုချင်မှာပေါ့

မေမေက သမီးကိုလိုချင်တာပါ

ပြီးတော့ ဘာမှမပြောဘဲထွက်သွားတယ်

- အဲဒါကို စွန့်စားခန်းလို့ခေါ်လား - မဟုတ်ဘူး စွန့်ပစ်တယ်လို့ခေါ်တယ်

ကောင်းရော .... အယ်လီနော်

ဒါ အမှန်ဆိုတာ .... မင်းသိတာပဲ

မေမေက သမီးတို့ ကိုမစွန့်ပစ်ပါဘူး

ဟင့်အင်း မပစ်ပါဘူး

အဲဒါဆို ... မေမေဘာဖြစ်သွားတာလဲ

ဖေဖေ ... သမီး ကလေးမဟုတ်တော့ဘူး အရွယ်ရောက်နေပြီ

ရောက်ခါနီးပါ

သမီးဘ၀ရဲ့ အရေးကြီးဆုံးကိစ္စတွေကို သိရမယ့်ချိန်ရောက်နေပြီ

သမီးက စာသင်တော့လည်း ပုံမှန်ကျောင်းတက် မသင်ရဘူး

ပြီးတော့လည်း တစ်နေရာပြီးတစ်နေရာ ပြောင်းနေရတယ်

ဒီနှစ်တွေမှာလည်း ဖေဖေ မေမေကို တစ်ချိန်လုံးရှာနေတာပဲ

နောက်ပြီး အဲဒီစာအုပ်... အဲဒီနှစ်ခု တစ်ခုခုပတ်သက်ရမယ်

မဂ္ဂီ

ဖေဖေသမီးကိုတစ်ခုခုတော့ပြောပြရမယ်

- တစ်ခါတလေ မေမေအကြောင်းကိုရေးတယ် - သမီးရေးတယ်

အင်း မေမေ အကြောင်းတွေပုံပြင်ဖွဲ့ ရေးတယ်

ပုံပြင်တွေရေးတယ်ဟုတ်လား .. မဂ္ဂီ ဒါတွေလုပ်တာ ဖေဖေမကြိုက်ဘူးလေ

ဒါပေမဲ့ သမီးလုပ်မှဖြစ်မယ်

ဒီစကားလုံးတွေက မေမေကို ပြန်ခေါ်လာနိုင်တယ်လို့ ခံစားရတယ်

အင်းလေ

စာရေးစာလုံးတွေ

အစွမ်းထက်လွန်းတဲ့ အရာတွေ

သမီး ဒါတွေသတိထားဖို့လိုတယ်

သမီးတို့ ... မေမေနဲ့ ပြန်ဆုံမယ်ထင်လား

ဖေဖေ ယုံတယ် .. မဂ္ဂီ

ဖေဖေတို့ ပြန်ဆုံမှာပါ

အဲ့ မှန်ပုံးနားက ဝေးဝေးနေ နောက် ၃ လှမ်းထပ်ဆုတ် .....

ဘာလုပ်နေတာလဲ ဒီနေရာ ကလေးတွေအတွက်မဟုတ်ဘူး

ရှင်းအောင်ပြောထားသားပဲ လာ ထွက်ခဲ့

တောင်းပန်ပါတယ် .... ဖတ်ဖို့ စာအုပ်တစ်အုပ်လောက်ရှာနေရုံပါ

ဒါ နှာခေါင်းရာလား

ဒီလက်ရေးမူက ဘယ်လောက်တန်ဖိုးရှိလဲသမီးသိရဲ့လား

ဟုတ် သိပါတယ်

သမီး သိတယ် ဟုတ်လား

ဒါ ပါရှန်လူမျိုးတွေရဲ့လက်ရာမဟုတ်လား

သမီး ကြည့်ပြီးပြောနိုင်တာက

ပန်းရောင်တွေ အပြာရောင်တွေ ရွှေရောင်ပုံစံနောက်ခံတွေက

၁၂ ရာစုလောက်က လက်ရာလို့ထင်ရတယ်

အံသြစရာ.... တော်တော်သိတဲ့ကလေးမပဲ

လှတယ်နော်

ဟုတ်တယ် ဒါပေမဲ့ငါက ပါရှန်းဆို ဘာဖြစ်ဖြစ်မြတ်နိုးတယ်

More Burmese subtitles for Inkheart

Komentet

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left