200 rreshtat e parë.
ပြီးခဲ့သောဇာတ်လမ်းအကျဉ်း..
အိုင်းရစ်ဝက်စ်
- ကိုယ့်ကိုလက်ထပ်မလား - အင်း
ငါက ကိတ်လင်းမဟုတ်တော့ဘူး
- မင်းက ကေလာဖရော့စ်လည်းမဟုတ်ဘူး - မဟုတ်ဘူး
တခြားတစ်ခုပဲ
အဲဒါဘာလဲဆိုတာ ငါ့ဘာသာငါ အဖြေရှာရမယ်
ဆီဆီးလ်ဟော်တင် ကိုယ်မင်းကိုချစ်တယ်
ဒါက ဖောက်ဝင်တာတော့မဟုတ်ဘူး
အရှိန်စွမ်းအားက မမျှတော့ဘူး
ဒါက အရှိန်စွမ်းအားအကျဉ်းထောင်
- အကျဉ်းသားမရှိရင်.. - အဲဒါကလည်း မတည်ငြိမ်တော့ဘူး
ဘယ်လိုရပ်အောင်လုပ်ကြမလဲ
ကျွန်မနာမည်က အိုင်းရစ်ဝက်စ်ပါ
ကျွန်မက ကမ္ဘာ့အမြန်ဆုံးလူသားကို လက်ထပ်ရမှာ
ဒါပေမဲ့ လွန်ခဲ့တဲ့ခြောက်လက သူထွက်သွားခဲ့တယ်
ဘယ်ရီ အချိန်ကျပြီ
ဘယ်ရီ
မတရားဘူး ငါတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ အဆုံးသတ်ရမှာလေ
ငါ အိုင်းရစ်ဝက်စ်တ်အယ်လင်ဖြစ်ဖို့ အဆင်သင့်ဖြစ်နေပြီ
အမြဲတမ်းဖြစ်နေမှာပါ
ဒါပေမဲ့ မင်းဘဝကိုမင်း သေချာဆက်နေရမယ် ဟုတ်ပြီလား
ဆက်ပြီးနေပါ ငါ့အတွက်ပေါ့
မင်းရှေ့ဆက်လျှောက်မယ်လို့ ကတိပေးပါ အိုင်းရစ်
ကတိပေးပါတယ်
သူ့ကို ကျွန်မဘဝကိုဆက်လျှောက်မယ်လို့ ကတိပေးခဲ့တယ်
အဲဒီတော့ လွန်ခဲ့တဲ့ခြောက်လလုံးလည်း အဲဒီလိုပဲနေခဲ့တယ်
မြန်နိုင်သလောက် မြန်မြန်လျှောက်ခဲ့တယ်
သူ့ကိုရှာမတွေ့ဘူး ဆစ်စကို
ငါအားကစား ပိုလုပ်ရတော့မယ်
သူတော်တော်တိုးတက်လာတယ်
အဲဒါဆို ငါတို့လည်းတိုးတက်အောင်လုပ်ကြမယ် သူ့ကိုရှာမတွေ့ဘူး
- အိုင်းရစ်ရေ - ကြားတယ် ကြည့်လိုက်မယ်
ရှာနေတယ်..
- တွေ့ပြီ - အဲဒီတော့..
- ဒပ်ခ် - ဘာလဲ ဘာဘဲမှမတွေ့ပါဘူး
ပိကဘူး
တစ်ခုပဲ သတိပေးလိုက်မယ်
နောက်ဆုတ်နေ
သူက ရှောင်လို့ပြောတာကွ
အေး မင်းတကယ့်ဘဲအကောင်ကိုပြောတယ်လို့ ထင်တာကို မယုံနိုင်ဘူး
သူဘယ်မှာလဲ အိုင်းရစ်
သူကီးစတုန်းတံတားဆီကို ဦးတည်နေတယ်
သူဒီမြို့ထဲကထွက်သွားရင် သူ့ကိုလုံးဝအစပျောက်သွားလိမ့်မယ်
နင်တို့ သူ့ကိုအခုချက်ချင်း တားမှရမယ်
ဒီတစ်ခေါက်တော့ သူ့ကိုဖမ်းမှာပါ
စိတ်နဲ့နေရာရွှေ့နိုင်တဲ့သူတွေကို မုန်းလိုက်တာ
သုံး..
သုံး..
သူက ခေါင်းမိုးသုံးခုစီကျော်ပြီး ခုန်နေတာ
ဆစ်စကို သူဘရွန်းမ်တာဝါပေါ်ကို ခုန်လိမ့်မယ်
- သူရောက်ရင် သူ့ကိုတား - ဟုတ်ပြီ
- အဖေ အောက်မှာသမီးကိုလာတွေ့ပါ - ကြားတယ်
- ဝေါ်လီ - ငါဘာလုပ်ရမလဲသိတယ်
လာစမ်း
မိပြီကွ
သေလိုက်တော့ ကိုယ့်လူတွေ
ကြည့်ဦး
သူ့ကိုမိပြီ
ကိုယ့်ကိုယ်ကိုယ် အရမ်းဂုဏ်ယူတာပဲ
ချတာ တော်တော်ကောင်းတယ် ဗိုက်ဘ်အဖွဲ့ရေ
ကလေးဖလက်ရှ်အဖွဲ့ပါ ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူး
ဟုတ်ပြီ နင်တို့အကောင်းဆုံးတော့မဟုတ်ဘူးနော် လူကြီးမင်းတို့
ငါ့ကိုဘာလို့ကြည့်တာလဲ သူ့ကိုဖမ်းလိုက်တာ ငါလေ
ပြီးတော့ ဝေါ်လီနဲ့ငါနဲ့ သူ့ကိုကူတယ်လေ အကောင်းဆုံးတိုက်ကွက်တွေပဲ
အေး တကယ်ကို ငါတို့စီစဉ်ထားတဲ့အတိုင်း အတိအကျဖြစ်သွားတာပဲ
အတိအကျပဲ
နင်ငါတို့ကိုမယုံရင် ဂျိုးကိုမေးကြည့်
ဂျိုး ဒါကျွန်တော်တို့စီစဉ်ထားတဲ့အတိုင်း အတိအကျဖြစ်သွားတယ်ဆိုတာ သူ့ကိုပြောပြလိုက်
- ပိကဘူးက လုံးဝထောင်ချောက်ထဲဝင်သွားတာ - မပြောပါဘူး
ပြီးတော့ ငါတို့လူဆိုးတွေဖမ်းနေတာက အရင်နှုန်းထက်ကျသွားတယ်
လွန်ခဲ့တဲ့ခြောက်လအတွင်း ငါတို့သန္ဓေပြောင်းတွေကိုတိုက်တာ
သုံးယောက်မှာ တစ်ယောက်က လွတ်လွတ်သွားတယ်
ခဏတော့ ဟုတ်ပါတယ်
ဒါပေမဲ့ ကလေးဖလက်ရှ်အဖွဲ့က လှုပ်ရှားနေပြီ
သား မင်းကိုချစ်တော့ချစ်ပါတယ်
ဒါပေမဲ့ အဲဒီကလေးဖလက်ရှ်အဖွဲ့ဆိုတာကို ဘယ်သူမှခံစားမရဘူး
စကားလုံးတွေ အရမ်းများနေသလိုပဲ
ဟုတ်ပြီ နောက်တာတွေ နည်းနည်းလျှော့ပြီး
တကယ့်အရေးကြီးတဲ့ကိစ္စတွေကို သေချာလေးလုပ်ရအောင်
ဒီမြို့ကိုကာကွယ်ဖို့က ငါတို့တာဝန်ပဲ ဟုတ်တယ်မဟုတ်လား
တခြား ဘယ်သူမှမရှိဘူး
ဝေါ်လီ အမြန်နှုန်းဓာတ်ခွဲခန်းထဲသွားပါလား
နင့်အတွက် လေ့ကျင့်ရေးတုံ့ပြန်မှုအသစ်တစ်ခု ပရိုဂရမ်ဆွဲထားတယ်
- လေးနာရီလောက်ပဲကြာမှာ - လေး..ဘာ
ဟင့်အင်း ဒီနေ့ည မိသားစုညစာစားမှာကရော
နင်သိလား သွားပဲလေ့ကျင့်လိုက်တော့မယ်
ကောင်းပြီလေ အိမ်မှာတွေ့မယ် ဆရာမ
ဆစ်စကို နင်ဘာတွေတွေးနေလဲပြောချင်လား
ငါတို့လူတစ်ယောက် မလျော့သွားရင် အများကြီးပိုကောင်းမှာလို့ စဉ်းစားနေတာ
နောက်သေတ္တာနှစ်လုံးလောက်ပဲ ယူလာဖို့ ကျန်တော့တာ
ဂိုထောင်ထဲမှာရော မြေအောက်ခန်းထဲမှာရော နေရာလွတ်မရှိတော့ဘူး
ဟုတ်ပါတယ် ဒါပေမဲ့ ရှင့်ပစ္စည်းတွေ နည်းနည်းထပ်ရှင်းလိုက်လို့ရတာပဲ
ဘယ်လိုဟာမျိုးလဲ
ယောက်ျား ရှင်အဲဒီအနံ့ထွက်နေတဲ့ ဓာတ်ပြားဟောင်းတွေအကုန် တကယ်လိုလို့လား
- ဆီဆီးလ်ရယ်.. - ဓာတ်ပြားတွေ ဟုတ်လား
လွန်ခဲ့တဲ့နှစ်သုံးဆယ်လုံးလုံး ကိုယ်အပင်ပန်းခံ ဂရုတစိုက်စုဆောင်းခဲ့ရတဲ့
ကိုယ့်ရှေးဟောင်းဂျက်ဇ်ဂီတတွေကိုပြောတာလား
- တကယ်လား - အဲဒါ ကိုယ့်အသည်းတွေပဲ
ကိုယ်သေရင် ကိုယ်နဲ့အတူ အဲဒါတွေပါအခေါင်းထဲရောက်မှာ
ဟုတ်ပါပြီ သူတို့ကို အခုမြှုပ်ထားပြီး
နောက်မှ ရှင်ဝင်လည်း ရတာပဲ
- ဪ နောက်တယ်ပေါ့ - ဟုတ်တယ်
မင်းကိုသော့ပေးပြီးတာ ကံကောင်းတယ်
မဟုတ်ရင် ဒီအိမ်ကိုပြောင်းလာမယ့်ကိစ္စကို ပြန်စဉ်းစားမိတော့မှာ
- ဟင့်အင်း ရှင်မစဉ်းစားပါဘူး - မစဉ်းစားပါဘူး
ဟင့်အင်း ရှင်မစဉ်းစားပါဘူး
ရှင်ကျွန်မကိုချစ်တာပဲကို
ကော်ဖီသွားဖျော်လိုက်ဦးမယ်
သိသာလိုက်တာ
ဟုတ်ပြီ အဲဒီတော့ ဂျူလီယမ် လန်ဒန်ကိုပြန်ပြောင်းလာကတည်းက
သူတို့ စီစီပီဒီက ရာဇဝတ်မှုဓာတ်ခွဲခန်းမှာ ဝန်ထမ်းတွေကို လျှော့ချခဲ့တယ်
အဖေလည်း ဘယ်ရီခွင့်ယူပြီး ချက်သမ္မတနိုင်ငံရောက်နေကြောင်း
ပြောပြီး ကပ္ပတိန်ဆင်းကိုအချိန်ဆွဲနေတာ..
သူတို့က သူ့ကိုအစားထိုးဖို့ နောက်တစ်ယောက်ကိုခန့်ချင်တယ်
အင်း ခန့်သင့်တယ် သူတို့အကူအညီလိုနေတာပဲ
- ဘယ်ရီကလည်း ပြန်လာမှာမဟုတ်ဘူး အဲဒီတော့.. - အဲဒါတော့ပြောလို့မရပါဘူး
ပြောလို့ရပါတယ်
သမီးလေး..
သမီး စတားဓာတ်ခွဲခန်းမှာ ဝေါ်လီနဲ့ဆစ်စကိုနဲ့ကို ဦးဆောင်နေတာကို
အဖေအရမ်းဂုဏ်ယူတယ်
သမီးလည်း ဖြစ်ခဲ့တာတွေကို လက်ခံဖို့ အချိန်ရှိအောင်
သမီးကိုလည်း ဒီတိုင်းလွှတ်ထားပေးခဲ့တယ်
အဖေ သမီးအဆင်ပြေပါတယ် ဟုတ်ပြီလား
အဖေမပြေဘူး အဖေတို့ သူ့ကိုဆုံးရှုံးသွားတာ အိုင်းရစ်
အဖေ့သားရော သမီးရဲ့အရာအားလုံးရော
အဖေ သမီးကိုဘာလုပ်စေချင်တာလဲ
အိပ်ရာထဲမှာပဲ ခွေနေပြီး တစ်နေကုန်ငိုနေရမှာလား
အဲဒီလို မလုပ်နိုင်ဘူး
ဘယ်ရီက သမီးကိုအားတင်းထားဖို့ပြောသွားတယ် သမီး အားတင်းပြီးနေနေတာ
ဟယ်ရစ်ဆင်သေသွားတုန်းက အဖေတို့ အသုဘလုပ်ပေးခဲ့တယ်
သူ့ဘဝအကြောင်းတွေ ပြောကြတယ်
ဘယ်ရီ့အတွက်လည်း အဲဒီလိုပဲလုပ်ပေးသင့်တယ်လို့ထင်တယ်
အဖေတို့အားလုံးကို ဝမ်းနည်းခွင့်ပေးဖို့ပေါ့
ပြီးတော့ ဘာကိုမြှုပ်မှာလဲ အဖေ
ဓာတ်ခွဲခန်းထဲက ဝတ်စုံဗလာကိုလား
ဆီဆီးလ်ကို ညစာအတွက် ကျေးဇူးတင်ပါတယ်လို့ပြောပေးပါ
သမီးသွားတော့မယ် ဟုတ်ပြီလား
ဝေါ်လီ.. ဆစ်စကို..
ငါတို့တာဝန်ကျပြီ
ဟေ့ကောင်လေးတွေ ဘာဖြစ်တာလဲပြော
အောင်မယ်လေး
ဆာမူရိုင်းပဲ
ဂျပန်စကား ဘယ်သူပြောတတ်လဲ
မင်းဘာလိုချင်လို့လဲ
သူဂျပန်စကားပြောလိုက်တာလား
ငါလုပ်နိုင်တာတွေလည်း ရှိပါတယ်
မင်းလိုချင်တာပြော ငါတို့မင်းကို မတိုက်ချင်ဘူး
ဖလက်ရှ်
ဟုတ်တယ် ငါပဲလေ
မင်းကဖလက်ရှ်မဟုတ်ဘူး မင်းက အတော်ဆုံးမဟုတ်ဘူး
ငါ့ဆီ ဖလက်ရှ်ကိုခေါ်လာခဲ့
မဟုတ်ရင်ဆိုပြီး သူပြောတော့မယ်လို့ထင်တယ်
မဟုတ်ရင် မင်းတို့မြို့ကြီးကို ပြာချပစ်မယ်
ဖလက်ရှ်က လာမှာမဟုတ်ဘူး
ပြီးတော့ မီဖူနေး အဲဒီဓားကို ဘယ်သူမှမထိခိုက်ခင်
ဓားအိမ်ထဲပြန်ထည့်ထားရင်ကောင်းမယ်
မင်းမထိခိုက်ခင်ပေါ့
ဘာလို့လဲဆိုတော့ မင်းဆန့်ကျင်နေတဲ့ ငါတို့က နည်းနည်းတော့ဆိုးတယ်
မင်းက အဲဒီဓားတစ်ချောင်းနဲ့..
ငါတို့ကို ဘယ်လိုတိုက်နိုင်မယ်ထင်လို့လဲ
မင်းတို့အဆင်ပြေရဲ့လား
ဘယ်လိုဓားကြီးလဲကွာ
မင်းတို့မှာ အချိန်တစ်ရက်ရှိတယ်
ဖလက်ရှ် ငါနဲ့ထွက်မရင်ဆိုင်ရင်..
စင်ထရယ်မြို့တော်ကြီး သေစေရမယ်
ဖလက်ရှ်ဟာ ခြောက်လနီးပါးလောက် လုံးဝပျောက်နေတဲ့အတွက်
ဒီခြိမ်းခြောက်မှုကြီးလက်က ကျွန်တော်တို့ကို ဘာကကယ်နိုင်မလဲဆိုတာကတော့ စဉ်းစားစရာပါပဲ
ဒီမြို့မှာ တခြားစူပါဟီးရိုးတွေလည်းရှိတာပဲ
အေး အဲဒီကမင်းလူ ကူရိုဆာဝါက ငါတို့ကို သူ့ဓားကြီးနဲ့
အဝတ်ရုပ်တွေလိုလွင့်သွားအောင် လုပ်လိုက်တယ်လေ
ဒီလိုမျိုး တစ်ခါမှမကြုံဖူးဘူး
သူဘာလို့ ဖလက်ရှ်ကိုပဲ လိုချင်တယ်လို့ထင်လဲ
သူက အတော်ဆုံးနဲ့ပဲ တိုက်ချင်တယ်လို့ပြောတယ်
သူက ဒီမြို့ကိုဖျက်ဆီးပစ်ဖို့ ခြိမ်းခြောက်နေတာ
- သူလုပ်နိုင်မယ်လို့ထင်လား - ငါတော့ထင်တယ်
အဲဒါဆို သူဖလက်ရှ်နဲ့တိုက်မှဖြစ်မယ်
သူက ဒီမှာမရှိဘူးလေ
သူရှိရင်ရော
အိုင်းရစ် နင်ပဲပြောတာလေ
ငါတို့ ဒီမြို့ကို လုံခြုံအောင်ကြိုးစားနေတာ
အရာကသိပ်တောင်မထင်ဘူး
ဒီကောင်ကြီးက သူကတကယ်လုပ်မှာ
တကယ်လို့ ဖလက်ရှ်ကိုမပေးရင် အကြီးအကျယ်ပျက်စီးမှာ
လူတွေလည်းသေမယ် အဲဒါတွေက ငါတို့ခေါင်းပေါ်ရောက်မှာ
ငါတို့ ဘယ်ရီ့ကိုပြန်ခေါ်ဖို့လိုတယ်
ဆစ်စကို ငါတို့ပြန်မခေါ်နိုင်ဘူးလေ
ဘယ်ရီပြန်ထွက်လာရင် အရှိန်စွမ်းအားအကျဉ်းထောင်က..
မတည်ငြိမ်တော့ဘူး
မြို့လည်းပျက်သွားနိုင်တယ် ကမ္ဘာတစ်ခုလုံးရောပဲ
အဲဒါမဖြစ်အောင်ပဲ ငါတို့ကာကွယ်ဖို့ကြိုးစားနေတာလေ
အဲဒါကို ငါဖြေရှင်းနိုင်ရင်ရော
- နောက်နှစ်ဆယ့်လေးနာရီအတွင်းလား - အေး
ငါလုပ်နေတာကြာပြီ
ဘယ်လောက်ကြာပြီလဲ
သူထွက်သွားတဲ့ညကတည်းက
- ဆစ်စကို - ငါ့ကိုကူတဲ့သူတွေလည်းရှိတယ်
ငါ ဟယ်ရီနဲ့ရော တီနာနဲ့ရော ထရေစီနဲ့ရော ဖလစ်စတီနဲ့ရော ကာတစ်နဲ့ရော ဆွေးနွေးပြီးပြီ
အရှိန်စွမ်းအားအကျဉ်းထောင်ကို တည်ငြိမ်အောင်လုပ်ပြီး
မြို့ထဲမှာ တခြားမိုးကြိုးမုန်တိုင်း မဖြစ်စေဘဲနဲ့
No comments yet. Be the first to leave one.