Maelezo ya toleo

What's Wrong with Secretary Kim 2018 Episode 11-16 Myanmar
Maoni na kikywebsite

Lebo

other
Yamechapishwa tarehe: 2019-05-25
Upakuaji: 38
Wenye Ulemavu wa Kusikia: No

Hakikisho la manukuu ya Burmese

Mistari 200 ya kwanza.

ဘယ်လိုဖြစ်ပြီး ဒီကို..

ငါ့မှတ်ဉာဏ်တွေက မှားနေတာတဲ့

မင်းရော အဲဒီလိုပဲထင်လား

အဖြေမပေးနိုင်လောက်အောင်

ခက်ခဲတဲ့မေးခွန်းလား

ကဲ ဒီနေ့ရဲ့မျက်လှည့်ရှိုးကို တောက်ပအောင်လုပ်ပေးမယ့်

အထူးဧည့်သည် မော်ဒယ်ဂင်နာယောင်းနဲ့ မိတ်ဆက်ပေးပါမယ်

အဲဒါ

ငါ့မှတ်ဉာဏ်တွေ

မှားနေတယ်ဆိုတဲ့ အဓိပ္ပာယ်လား

ငါ တစ်ခါတလေ

ဘာမှန်းမသိတဲ့

ငယ်ဘဝအကြောင်း အိပ်မက်တွေမက်တယ်

တကယ်လို့လေ

တကယ်လို့

- အိပ်မက်ထဲမှာ.. - အဖေက ရုံးသွားတယ်လေ

ဘာတွေလျှောက်ပြောနေတာလဲ

ဒေါ်လေးက တစ်မျိုးကြီးပဲ ကိုကို

မဟုတ်ဘူး မီဆို

အဲဒါ ဒေါ်လေးမဟုတ်ဘူး

ပင့်ကူပါ ပင့်ကူအကြီးကြီး

ကိုကို ညီမလေးကြောက်တယ်

မီဆို အဲဒီမှာပဲနေ ဒီဘက်ကိုမလာနဲ့

မဖြစ်ဘူး ကိုကို

မီဆို့ကိုမထားခဲ့ပါနဲ့

အရူးမလေး မလာပါနဲ့ဆို

မှတ်မိသွားပြီ

မီဆို

မီဆို

မီဆို သတိထားပါဦး

ဂင်မီဆို

အတွင်းရေးမှူးဂင် သတိထားလေ

ဂင်မီဆို

ဂင်မီဆို

အပိုင်း ၁၁

အမေ

အမေ

အမေ

အမေ

အမေမဟုတ်ဘူးပဲ

ကလေး..မင်းအမေကို ရှာနေတာလား

အင်း

ဒေါ်လေးက အမေ့ဆီကို လိုက်ပို့ပေးရမလား

တကယ်ပို့ပေးမှာလား

သမီးတို့အမေက ဆေးရုံမှာရှိနေတာ သွားတွေ့လို့ရလား

ရတာပေါ့

ဒေါ်လေးလိုက်ပို့ပေးရင် ရတယ်

သွားကြမယ်

ဒေါ်လေး..ဒီမှာ တစ်ညပဲအိပ်ရင် အမေ့ဆီ တကယ်ခေါ်သွားပေးမှာလား

ဒေါ်လေး..သမီးကိုလည်း ဟိုကိုကို့လိုမျိုး လက်ကောက်လုပ်ပေး

ဆောင်းဟျွန်း

လီဆောင်းဟျွန်း

ဆောင်းယွန်း

ဆောင်းဟျွန်းပါဆိုနေ

ဆောင်းယွန်း..ကိုကိုဆောင်းယွန်း

နင်ငတုံးလား

ငတုံးမဟုတ်ပါဘူး

မီဆိုက ငါးနှစ်ပဲရှိသေးပေမယ့်

အစ်မတွေထက် စာပိုဖတ်နိုင်တယ်

ဒါနဲ့လေ ကိုကို သေတယ်ဆိုတာ ဘာလဲဟင်

အဖေကပြောတယ်

အမေက နေမကောင်းလို့ သေသွားမလားတောင်မသိဘူးတဲ့

အမေသေသွားရင် ဘယ်လိုဖြစ်မှာလဲဟင်

ငါလည်း မသိဘူး

ကိုကိုက ငတုံးလား

ဘာပြောတယ်

အစ်မဖီနမ်ကပြောတယ်

အမေသေသွားရင် အမေနဲ့တွေ့လို့မရတော့တာတဲ့

ကိုကိုက ကိုးနှစ်တောင်ရှိနေပြီကို ဒါတောင်မသိဘူးလား

ငတုံးပဲ

ဘယ်သူ့ကို ငတုံးလို့ပြောနေတာလဲ

သေသွားမှတော့ ဘယ်တွေ့ရတော့မလဲ ငတုံးလေးရဲ့

ဒါဆို မီဆိုလည်း အမေ့ကိုမတွေ့ရတော့ဘူးပေါ့

မဟုတ်ဘူး ခဏလေး..

အေးပါ တိတ်တိတ်လေးနေ

တိတ်တိတ်နေမှပေါ့

မကြာခင် အဖေပြန်လာတော့မယ်လေ

တောင်းပန်ပါတယ် တိတ်တိတ်နေပါ့မယ်

အဖေ

အဖေက အခုဆေးရုံမှာရှိနေတာ

အဖေက ရုံးသွားတယ်လေ

ခဏနေပြန်လာမှာမို့လို့ အမေနဲ့အတူ တိတ်တိတ်လေးစောင့်ရမှာပေါ့

သမီးတို့အမေကလည်း အခု..

- မီဆို..တိတ်တိတ်နေ.. - ဘာတွေလျှောက်ပြောနေတာလဲ

အိပ်ရာကနိုးလာလို့ ဒီလိုဖြစ်နေတာထင်ပါတယ် အမေ

ကျွန်တော် ချော့လိုက်မှာမို့လို့

စိတ်မပူပါနဲ့

တိတ်တိတ်နေပါ့မယ်

ကိုကို

ဒေါ်လေးက တစ်မျိုးကြီးပဲ

ညီမလေး အိမ်ပြန်ချင်တယ်

မီဆို

မငိုပါနဲ့တော့

မငိုဘူးဆို စားကောင်းတာကျွေးမယ်

စားကောင်းတာလား

ရော့ ဒီမှာ သကြားလုံး

စားပြီးရင် မငိုနဲ့တော့

ကတိပေးနော်

ကောင်းလား

ကောင်းကောင်းစား

အဒေါ်..

အမေ

ညီမလေး အိပ်နေတယ်လေ

တိတ်တိတ်နေမှပေါ့

ဟုတ်ကဲ့ အမေ

အဖေပြန်လာတဲ့အချိန်အထိ

တိတ်တိတ်လေးနေပါ့မယ်

မဟုတ်ဘူး

အဖေက လာမှာမဟုတ်ဘူး

ဘာလို့လဲဆိုတော့

ငါက မင်းအမေမဟုတ်လို့ပေါ့

ငါကတော့ သူ့ကို အားလုံးပေးခဲ့ပေမယ့်

သူကတော့ ငါ့လိုမဟုတ်ဘူး

သူ့ကြောင့် ငါ့ဗိုက်ထဲက ကလေးကိုတောင် ဖျက်ချပစ်ခဲ့တာ

အခုလောက်ဆို သူက

မင်းတို့လို သားသမီးတွေနဲ့အတူ စိတ်အေးချမ်းသာ အိပ်နေမှာပေါ့

ဘာလို့ ငါပဲ စိတ်ဆင်းရဲနေရတာလဲ

ငါ့မှာ သူ့ကိုချစ်ခဲ့တဲ့ အပြစ်အပြင်မရှိဘူး

ငါသေသွားရင်

သူ့ဆီမှာ အပြစ်ရှိတဲ့စိတ်မျိုး နည်းနည်းလောက်ဖြစ်လာမလား

အတူသေရအောင်

တစ်ယောက်တည်းမသေချင်ဘူး

မင်းတို့နဲ့ အတူသေမယ်

အဲဒီလိုသတ္တိမရှိတဲ့ မကောင်းတဲ့လူကို မေ့ပစ်ပြီး

အသစ်ပြန်စရင် ရတာပဲလေ

အခုပဲဖြစ်ဖြစ် ရပ်လိုက်ပါတော့

ကျွန်တော်တို့ကို လွှတ်ပေးပါ

ရဲမတိုင်ဘူးလေ နော်

နောက်ကျသွားပြီ

အရမ်းလက်လွန်သွားပြီ

နှစ်သိမ့်ပေးလို့ ကျေးဇူးတင်ပါတယ် ကလေးရယ်

မဖြစ်ဘူး

မဖြစ်ဘူး အဒေါ်ကြီး

မလုပ်ပါနဲ့

ကယ်ကြပါဦး

မင်းအပေါ်မှာ အကြွေးတင်မိသွားပြီ

မဖြစ်ဘူး

တောင်းပန်ပါတယ်

ဒီလိုမလုပ်ပါနဲ့ဗျာ

သူ့ကိုယ်စား

ငါ့ရဲ့နောက်ဆုံးထွက်သက်ကို မင်း ကြည့်ပေးပါ

တစ်ယောက်ယောက်..

တစ်ယောက်ယောက် ကယ်ကြပါဦး

ကယ်ကြပါဦး

မလုပ်နဲ့

ကိုကို

အဲဒီမှာ ဘာလုပ်နေတာလဲ

မီဆို အဲဒီမှာပဲနေ ဒီဘက်ကိုမလာနဲ့

ဟိုဟာ ဘာလဲ

ဒေါ်လေး

ဒေါ်လေးက တစ်မျိုးကြီးပဲ ကိုကို

ညီမလေးကြောက်တယ်

အမေဆုံးမလားတောင်မသိတဲ့ မီဆို့ကို

သေတယ်ဆိုတာ ဒါပါလို့ ပြောလိုက်လို့မဖြစ်ဘူး

မဟုတ်ဘူး မီဆို

အဲဒါ ဒေါ်လေးမဟုတ်ဘူး

အဲဒါ

ပင့်ကူပါ ပင့်ကူအကြီးကြီး

ပင့်ကူကြောက်တယ်

ဘာမှမဖြစ်တော့ဘူး မီဆို

ပင့်ကူမလာတော့ဘူး မငိုနဲ့တော့

ကိုကို..မီဆို့ခြေထောက် အရမ်းနာတယ်

ကိုကို အပြင်ကနေ ကတ်ကြေးယူလာပြီး ကြိုးဖြတ်ပေးမယ်နော်

ဒီမှာရှိနေတယ် သေသွားတဲ့အမျိုးသမီးက..

ဒီမှာရှိနေတယ်

မီဆိုရေ

မီဆိုရေ..အဲဒီမှာရှိတယ်မဟုတ်လား

ကိုကို..ကိုကို ဘာလို့ငိုတာလဲ

ပင့်ကူ အကိုက်ခံရတာလား

ဘယ်လိုလုပ်မလဲ

ကိုကို ဘာမှမဖြစ်ဘူး

မီဆိုလည်း ဒီမှာရှိနေတယ် တစ်ယောက်တည်း မဟုတ်ဘူး

အထဲမှာ မီဆိုလည်း အတူရှိနေတယ်

မီဆို..နားထောင်နော်

အင်း

အာဖရိကမှာ လူကြီးအရပ်လောက်ရှိတဲ့ ပင့်ကူကြီးတစ်ကောင်နေတယ်တဲ့

အရမ်းကြမ်းတမ်းလို့ လူနဲ့မျက်လုံးချင်းဆုံတာနဲ့ ကိုက်တာတဲ့

- တကယ်လား - အင်း

အပြင်မှာ အဲဒီပင့်ကူရှိနေတဲ့ပုံပဲ

မျက်လုံးကိုမှိတ်ထားပြီး လုံး၀ကြည့်လို့မဖြစ်ဘူး

- ဟုတ်ပြီလား - အင်း

အိမ်ပြန်ရအောင်

ကိုကို့လက်ကို သေချာဆွဲပြီး နောက်ကလိုက်ခဲ့

အင်း ကိုကို

ညီမလေးတို့အိမ်က ဒီမှာ

တကယ်ကို နီးနီးလေးပဲ

နောက်ဆို အိပ်ရာကနိုးလာလည်း တစ်ယောက်တည်း အပြင်မထွက်ရဘူးနော်

- သိပြီလား - အင်း

ဟိုလေ ကိုကို.. မီဆို ကိုကိုနဲ့လက်ထပ်မယ်

လက်ထပ်မယ် ဟုတ်လား

ကိုကိုက မင်းသားလေးအတိုင်းပဲ

ကိုကိုက ပိုက်ဆံရှိလား

- ပိုက်ဆံ - အင်း

အဖေက သူဌေးသားနဲ့ပဲ လက်ထပ်ရမယ်လို့ မီဆို့ကိုပြောတယ်

ငါတို့အဖေက ပိုက်ဆံတွေ အများကြီးရှိတော့

ငါ့မှာလည်းရှိတာပဲပေါ့

ဘယ်လောက် အများကြီးရှိလဲ

နာနာရဲ့အိမ်ကလေး ဝယ်ပေးနိုင်လား

နာနာအရုပ်လား

ယူမျောင်းစက်ရုံက ထုတ်တဲ့အရုပ်ပဲ

More Burmese subtitles for What's Wrong with Secretary Kim

Maoni

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left