My Bubble Tea

My Bubble Tea

Burmese வசனம் பதிவிறக்கம்

வெளியீட்டு விவரம்

My Bubble Tea 2020 Complete 720p WEB-DL AAC x264
கருத்துரை வழங்கியவர் somonlian

குறிச்சொற்கள்

Web-DL
web-dl
web
WEB-DL
x264
720p
720
வெளியிடப்பட்ட தேதி: 2020-08-19
பதிவிறக்கங்கள்: 33
காது கேளாதோருக்கானது: No

Burmese வசனங்களின் மாதிரிக்காட்சி

முதல் 200 வரிகள்.

အရမ်းညစ်ပတ်တာပဲ

အပ်ချလောင်း

ဒါ ငါတို့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့လက်ဖက်ရည်ပေါ့

ဒါကို ငါ ပုလဲလက်ဖက်ရည်လို့ ခေါ်တယ်

ပုံစံကလည်း အဆန်းကြီး

အဆန်းကြီးပေမယ့် ကောင်းတယ်ဟဲ့ သိရဲ့လား

ပုလဲကို စားလို့မရဘူးလေ - တကယ့်ပုလဲ မဟုတ်ဘူးလေ

အဲဒါ အမှုန့်တွေဟဲ့ - အဲဒါဆိုဘာလို့ အမှုန့်လို့မခေါ်တာလဲ

ကျောက်သကြားလုံးဆိုတာလည်း ကျောက်တုံးနဲ့ လုပ်ထားတာမှ မဟုတ်တာ

ဒါက နို့လက်ဖက်ရည်ပုံဆန်းကြီးပုံ ပေါက်နေတယ်

တို့ကို သွားနောက်ရအောင် - အေး

တစ်နေ့ကျ ငါ့လက်ဖက်ရည်...

နာမည်ကြီးလာရင် နင်တို့နောင်တရစေရမယ်

ဘာလို့ အမှုန့်လက်ဖက်ရည်လို့ ခေါ်ရမှာလဲ

အဲဒါရဲ့ မှော်အစွမ်းအကြောင်း ဘာလို့ သူတို့ကို မပြောလိုက်တာလဲ

နင့်ကိုယ်နင် ဆရာကြီးလိုလို ဘာလိုလိုနဲ့

ဘာလိုချင်လို့လဲ - မှော်အစွမ်းကို အန်တီ့ဘာသာ...

လျှိုထားရင် ကမ္ဘာကြီး ငြိမ်းချမ်းမှုရမှာ မဟုတ်ဘူး

အန်တီရှဲလ်ရေ ဒုက္ခတော့ရောက်ပြီ

မိုဒမ် ပျောက်သွားလို့ - ဘာရယ်

သမီး သူ့ကို ရှာလို့ မတွေ့ဘူး

ဒီကောင်မလေးတော့ မယုံနိုင်စရာပဲ

သူ ဘယ်မှာလဲ ငါ သိတယ် ဆိုင်ခဏကြည့်ပေးထား ယိုဂတ်

မိုဒမ်

မိုဒမ် ငါ လာပြီလေ

တံခါးဖွင့်ပါဦး မိုဒမ်

တံခါးဖွင့်ပါဦး ငါ လာပြီလေ

ဘုရားရေ လာပါဦး

ဘာဖြစ်တာလဲ သမီး

တစ်ကိုယ်လုံး ရွှဲလို့ပါလား အနိုင်ကျင့်ခံခဲ့ရတာလား

မဟုတ်ဘူး ပိုက်ပေါက်သွားတာ

သြော်

သူ့ပရောဂျက်ကို သမီး မခိုးဘူး

ရေးရဲ့ပရောဂျက်ကို သမီး မခိုးဘူး ဘာလို့ သမီးကို ဘယ်သူကမှ မယုံကြတာလဲ

သမီး မခိုးဘူး

ဒီမှာကြည့် ပရောဂျက်ကို သမီး မခိုးပါဘူး...

အဲဒါကို သမီးလို ဘယ်သူမှ လုပ်နိုင်ခဲ့မှာ မဟုတ်ဘူး

အန်တီ့မှော်အစွမ်းကို သုံးလို့ရမလား

ဘာရယ်

ပုလဲလက်ဖက်ရည်ရဲ့မှော်အစွမ်းက...

ဒီလောကထဲက မကောင်းမှုတွေ...

အဆိုးတွေအားလုံးကို ဖယ်ရှားပစ်လိုက်မှာလေ...

အဲဒါမှ ဘယ်သူမှ သမီးလို မခံစားရတော့မှာ လုပ်ပါ အန်တီရယ်

မိုဒမ်

ငါပြောတာ နားထောင်

မှော်အစွမ်းက...

ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းရှိပေမယ့်...

အဲဒါ လူတိုင်းအတွက် လုပ်လို့မရဘူး

ယုံကြည်တဲ့သူတွေအတွက်ပဲ လုပ်လို့ရတာ

နင်က အဲဒီ မှော်အစွမ်းလိုပဲ

တစ်ကျောင်းလုံးက နင့်ကို မယုံရင်နေမယ်...

ငါကတော့ နင့်ကို ယုံကြည်တယ်

အိမ်ပြန်ကြရအောင် သမီးရယ်

သမီး စိတ်အားတက်အောင်...

အန်တီ မှော်လက်ဖက်ရည်ပူပူလေး ဖျော်ပေးမယ် သွားရအောင်

အဲဒီအချိန်ကစပြီး လူတွေကို ကျွန်မကြိုက်သလို...

ယုံကြည်စေအောင် တွေးစေအောင် လုပ်နိုင်မယ့်...

မှော်ပညာထက် ပိုအစွမ်းထက်တဲ့ မှော်ပညာကို ကျွန်မ ရှာဖွေလာခဲ့တာပဲ

၁၂ နှစ်ကြာအပြီးမှာတော့ အဲဒါကို တွေ့ပါပြီ

အဲဒါကို လူမှုကွန်ရက်လို့ ခေါ်တယ်

အဲဒီမှာ လူတွေက ပို့စ်တွေတင်ပြီး သူများတွေနဲ့ ရှဲကြတယ်

သူတို့ အထင်ကြီးတဲ့သူတွေနဲ့ တူဖို့ဆို ဘာမဆိုလုပ်ကြမှာပဲ...

တစ်ခါတလေတော့ ကြောင်တောင်တောင် ဖြစ်တာပေါ့

ခေတ်သစ်စုန်းမတွေအတွက် ဝေါဟာရအသစ်တစ်ခုရှိတယ်

သူတို့ကို အင်ဖလူအမ်စာတွေလို့ ခေါ်ကြတယ်

သူတို့ရဲ့ ထူးခြားတဲ့ နေပုံထိုင်ပုံတွေကြောင့်...

လူတိုင်းက သူတို့ပြောသလို လုပ်ဖို့ လိုလားကြတယ်

ကျွန်မကိုယ်ကျွန်မ ထပ်မိတ်ဆက်ပေးပါရစေ

ကျွန်မက...

အား

တောင်းပန်ပါတယ်

ကျွန်မက မိုဒမ်ပါ မှော်လက်ဖက်ရည် မိသားစုက တတိယမျိုးဆက်ပါ

မှော်အမျိုးအစားသစ်တစ်ခုကို ကျွန်မ ရှာတွေ့သွားပြီ...

နောက်ပြီး ကျွန်မမှာ ရည်မှန်းချက်တစ်ခုရှိတယ်

ကျွန်မ ၂၀၂၀ ကာလရဲ့စုန်းမဖြစ်တဲ့ အင်ဖလူအမ်စာ လုပ်တော့မယ်

ကျွန်မကိုယ်တိုင်ဖော်တဲ့ မှော်အစွမ်းနဲ့ ဒီလောကကို ကူညီမယ်

မိုဒမ် ဘာလို့ပြေးတာ ရပ်လိုက်တာလဲ အခု ဒီကိုလာခဲ့

ဒါက အပ်ပါ ကောလိပ်တုန်းက ကျွန်မသူငယ်ချင်းပေါ့

သူ့အင်ဖလူအမ်စာသတ်မှတ်ချက်က တစ်ဆယ်ထဲက ခြောက်မှာရှိတယ်

app သုံးပြီး ငါ့ကိုစပိုင်လုပ်မနေနဲ့

ထုတ်ကုန်ကို ကိုယ်စားပြုဖို့ ဆယ်လီတစ်ယောက် ရှာတွေ့ပြီလား

အဲဒီကိစ္စ ယိုဂတ် လုပ်နေတယ် အဲဒါ ငါ ကျွမ်းတဲ့ဟာ မဟုတ်ဘူးဟ

သူ့ကို လူတိုင်းက ဂေးလို့ ခေါ်ပေမယ့် သူကတော့ အဲဒါကို ငြင်းပါတယ်

သူက သူ့ဘဝတိုးတက်ဖို့ဆို ဘယ်သူနဲ့မဆို ပလူးပလဲလုပ်တယ်လေ

မိုဒမ် ငါတို့ ပြဿနာတက်ပြီ

ငါ ရုံးခန်းမှာ ဒါပေမဲ့ အပ်ကို မတွေ့ဘူး

စိတ်မပူနဲ့ ဝယ်သူတွေကိုပြဖို့...

ငါ တစ်ခု ပြင်ဆင်ထားတယ်

ငထုံ

ငါ ဒီမှာလေ

အို

ဒါက အော်ပါ ဒါပေမဲ့ ကျွန်မတို့က သူ့ကို ငထုံလို့ ခေါ်တယ်

သူက အရမ်းတုံးလို့လေ

အင်ဖလူအမ်စာတစ်ယောက်အနေနဲ့...

ကျန်တာ အကုန် ထားလိုက် အခု ဒီကိုသာ လာခဲ့စမ်းပါ

အေးပါ

အရူးမ နင် ဘယ်မှာလဲ - ညာဘက်ကို ကြည့်

ဘယ်မှာလဲ - နောက်တာ ဘယ်ဘက်ကို ကြည့်

ငါ လှလား

ဒါ ယိုဂတ်ပါ...

မူလတန်းကတည်းက ကျွန်မသူငယ်ချင်းလေ သူကတော့ ရုပ်လှတဲ့တစ်ယောက်ပေါ့

သူက လူမှုကွန်ရက်စွဲနေပြီး အတင်း ပြောတတ်တဲ့ အယူသီးမလေးပေါ့...

ဒါပေမဲ့ ကျွန်မသူငယ်ချင်းထဲမှာ သူ တစ်ယောက်ပဲ မှော်အစွမ်းရှိတာသိတယ်

အင်ဖလူအမ်စာတစ်ယောက်အနေနဲ့ဆို သူက တစ်ဆယ်မှာ လေးရှိတယ်

ဟုတ်တယ် ယိုဂတ်

နင် ဝယ်သူအတွက် ဆယ်လီတစ်ယောက် ရှာတွေ့ခဲ့လား

အသက်အာမခံရောင်းဖို့ အသက်ငယ်တဲ့...

ခပ်မိုက်မိုက်လူတွေ ရှာရတာ ဒီလောက်မလွယ်ဘူးဟ

ငါတော့ တိရစ္ဆာန်တွေပဲစဉ်းစားလို့ရတယ်

နင် တစ်ယောက်မှ မတွေ့သေးဘူးပေါ့

မဖြစ်ဘူး ဒါတော့ ဆိုး... - တော်စမ်းပါ

သနားစရာလေးလုပ်ပြမနေနဲ့

ဆယ်လီက အရေးမကြီးဘူး အရေးကြီးတာက...

ငါတို့ အဲဒီကို အချိန်မီရောက်ဖို့ပဲ

ငါ ဘဲဘိုက် ခေါ်လိုက်မယ်

ဟဲ့

ဘဲဘိုက် ခေါ်နေတာလား

တွေ့လား အဲဒီလူတွေက အရမ်းကြောက်ဖို့ကောင်းတာ

ဘဲဘိုက်က တရားမဝင်ဘူးဆိုတာ သိလား

အင်း...

ကိလင့် သွားရင် ဘယ်လောက်လဲ

ဘတ်သုံးရာ - ဘာရယ်

ဆိုင်ကယ်ဆရာရယ် ဘဲဘိုက်ကဆို ဘတ် ၈၀ ပဲ တောင်းတာပါ

ဘဲဘိုက်က တရားမဝင်ဘူးဆိုတာ သဘောမပေါက်ဘူးလား

ဟမ် - ဟင့်အင်း

ဘဲဘိုက် ခေါ်ထားလား

ဒါ ငါ့နယ်မြေကွ မင်း ဒီမှာ ဘာလုပ်နေတာလဲ

ရော့ကွာ

သူငယ်ချင်း ဆောရီးကွာ

အရမ်းကောင်းတာပဲ

ဘုရားရေ

ဘဲဘိုက် ခေါ်ထားလား

အင်း - သွားမယ်

ဟုတ်သားပဲ သွားရအောင်

ငါ့ကို စောင့်ဦးလေ - နေဦး

ခရီးသည်နှစ်ယောက်စီးခွင့်မရှိဘူး

ငါ အလျင်လိုနေလို့ဟာ

ငါကျတော့ရော

ငါ...

ဘယ်လောက်လဲ သုံးရာလား

ဆိုင်ကယ်ဆရာ ဒီမှာရပ်

ရပ်တော့

ကောင်းပါပြီ - ဘတ် ၈၀ ကျတယ်

ငါ အရင် ဝင်တော့မယ် - ကောင်းပြီဟာ

ပိုတာယူလိုက် ဘာလဲ - နေဦး

ငါ သိသားပဲ - ဘာလဲ

သိပ်ဖြောင့်တဲ့ငါ့ရုပ်ကို နင် မြင်သွားပြီး...

ငါ့ကို ကြွေသွားတာပဲ ဖြစ်မယ်

ဆိုင်ကယ်ခလည်း နင် ပိုပေးသွားတယ်

ငါ နင့်ကို ကြိုက်အောင်လို့လား

နင် လူမှုကွန်ရက်မှာ...

ဟက်ရှ်တဂ် ဘဲဘိုက်ရုပ်ဖြောင့် ဆိုင်ကယ်သမားဆိုပြီးတင်ဖို့...

ငါ့ကို ဗွီဒီယိုတောင် ရိုက်ရင် ရိုက်ထားပြီးလောက်ပြီ

အဲဒီဗွီဒီယိုကို ဖျက်ပစ်

ဖျက်ပစ် - ဘာဗွီဒီယိုမှ မရှိဘူး

ကျွန်မ အလျင်လိုနေတယ်

ဟဲ့ ဖျက်ပစ်လို့ နင့်ကို ပြောနေတယ်လေ ဖျက်ပေး

ဗွီဒီယိုကို ဖျက်ပစ် - ဘာလဲ

ဖျက်ပစ် - ဘာဗွီဒီယိုမှ မရှိဘူး

ငါ မြင်လိုက်တယ် ဖျက်ပစ် - ရှင် ရူးနေလား

ဖျက်ပစ် - ဘာဗွီဒီယိုမှ မရှိဘူး

ဖျက်ပစ် - ရှင် ရူးနေလား

ဘုရားရေ

နှာဘူး

ကြည့်ဦး ဦးထုပ်က အသုံးကျသားပဲ

သူ့ဘောတွေကွဲသွားပေမယ့် သူ့ခေါင်းကတော့ အိုကေတယ်

မိုက်တယ်နော်

တစ်ဆိတ်လောက်ရှင် အစည်းအဝေးခန်း ဘယ်နားမှာလဲ မသိဘူး

ကျွန်မ အလျင်လိုနေလို့ပါ အစည်းအဝေးခန်း ဘယ်နားမှာလဲ

ဒီဘက်လား - ချိန်းထားတာရှိလား

ဟုတ်ကဲ့ ရှိပါတယ်

ကျွန်မက အလွတ်တန်း ဖန်တီးမှုဒါရိုက်တာပါ

ဘယ်မှာပါလိမ့် ကျွန်မ...

ကျွန်မ နောက်ကျနေပြီ ရှင့်မှာ ပရင်တာရှိလား

အိုယ ရှင် သူ့ကို...

သူ့ကို ခေါ်သွားပေးလို့ရမလား - ရှင့်မှာ ပရင်တာရှိလား

သန့်ရှင်းရေးသမားလား လာခဲ့လေ

ဘာလဲ - အစည်းအဝေးအတွက် ကော်ဖီသွားပို့မယ်

အစည်းအဝေး ဟုတ်လား - မြန်မြန်လာ

သွားရအောင် အစည်းအဝေးခန်း ဘယ်မှာလဲ

ကျွန်မတို့အဖွဲ့ခေါင်းဆောင် လာနေပါပြီ

သူ လှေကားကနေ တက်လာပြီး တံခါးဆီ လာနေပြီဖြစ်မယ်

သူ ကြာမှာလား - မကြာပါဘူး

သူ ရောက်ဖို့က...

ငါး လေး သုံး နှစ်...

တစ် ရောက်ပါပြီ

ကျွန်မရေတာ မြန်သွားတယ်

ပြန်ရေလိုက်မယ် သုံး... - ရပ်လိုက်ရအောင်

ငါ့အချိန်ကိုဖြုန်းတဲ့အတွက် ကျေးဇူးပဲ

ပီယာနိုရယ် ခဏလောက် ထပ်စောင့်လို့ မရဘူးလား

မရဘူး အချိန်ကုန်တယ်

နောက်ထပ်အဖွဲ့ငါးဖွဲ့တောင် သူတို့ စိတ်ကူးတွေ အဆိုပြုဖို့ စောင့်နေတာလေ

ဒါပေမဲ့ ခင်ဗျား နည်းနည်း ထပ်စောင့်လိုက်ရင်...

သူဌေးအသစ်ဆီ တင်ပြဖို့ ရွေးစရာတွေ ပိုရမှာပေါ့ဗျ

သူဌေးအသစ် ဟုတ်လား

နိုင်ငံခြားရုံးခွဲကဆိုတဲ့တစ်ယောက်လား

ဟုတ်တယ် အဲဒီတစ်ယောက်လေ

မိုဒမ် နင်ဘယ်မှာလဲ အခုချက်ချင်း ဒီကိုလာခဲ့

ငါ ဘယ်ရောက်နေလဲ ငါ မသိဘူး

အန်တီ ကျွန်မ ဒီရောက်နေလို့ မရဘူး ကျွန်မ အစည်းအဝေးခန်းကို သွားရမယ်

My Bubble Tea subtitles in other languages

கருத்துகள்

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left