Forrest Gump

Forrest Gump

Burmese Altyazısını İndir

Sürüm bilgisi

Forrest Gump 1994 burmese Unicode
Şunun yorumuyla Arrowhead-1_1-
Changed from Zawgyi to Unicode. Fuck MM coup d'etat

Etiketler

other
Yayınlandı: 2023-08-25
İndirmeler: 170
İşitme Engelliler: No

Burmese altyazı önizlemesi

İlk 200 satır.

ဟယ်လို..ကျွန်တော့်နာမည်က ဖော်ရက်စ်ပါ ဖော်ရက်စ်ဂမ့်

ချောကလက် စားပါဦးလား

ကျွန်တော်ကတော့ ချောကလက်ဆိုရင် ဘယ်လောက်ကျွေးကျွေး စားနိုင်တယ်

ကျွန်တော့်မေမေ အမြဲ ပြောတယ်

ဘဝဆိုတာ ချောကလက်တစ်ဘူးနဲ့ တူတယ်တဲ့

ဘာရမလဲဆိုတာ မသိနိုင်လို့တဲ့

အဲဒီဖိနပ်တွေက သက်သောင့်သက်သာ ရှိမှာပဲနော်

ဒီလိုဖိနပ်ကို စီးပြီး တစ်နေကုန် လမ်းလျှောက်လို့ကတော့

ခြေထောက်နာမှာ မဟုတ်ဘူး

ကျွန်တော်လည်း အဲဒီလိုဖိနပ်မျိုး စီးချင်လိုက်တာ

ကျွန်မခြေထောက်လည်းနာပါတယ်

စီးထားတဲ့ ဖိနပ်ကို ကြည့်ရုံနဲ့ လူတစ်ယောက်အကြောင်းကို

ကောင်းကောင်း ခန့်မှန်းနိုင်တယ်လို့ မေမေက အမြဲတမ်းပြောတယ်

အဲဒီလူတွေ ဘယ်တွေ သွားခဲ့လဲ

ဘယ်တွေ ရောက်ခဲ့ကြလဲ ဆိုတာပေါ့

ကျွန်တော် ဖိနပ်တွေ အများကြီး စီးဖူးတယ်

ကျွန်တော် တကယ်သေချာ စဉ်းစားမယ်ဆိုရင်

ကျွန်တော် ပထမဆုံး စီးခဲ့တဲ့ ဖိနပ်တစ်ရံကိုတောင် မှတ်မိသေးတယ်

ဒီဖိနပ်တွေက ကျွန်တော့်ကို နေရာအစုံ ပို့ပေးနိုင်တယ်လို့

အမေက ပြောတယ်

အဲဒါတွေက ကျွန်တော့်ရဲ့မှော်ဖိနပ်တွေလို့ အမေက ပြောခဲ့တယ်

ဟုတ်ပြီ ဖော်ရက်စ် မျက်လုံးဖွင့်လိုက်တော့

လမ်းလျှောက်ကြည့်ပါဦး

ဘယ်လိုနေလဲ

သူ့ခြေထောက်တွေက ကျွန်တော် မြင်ဖူးသမျှထဲမှာတော့

တော်တော်သန်မာပါတယ် မစ္စစ်ဂမ့်ရဲ့

သူ့ကျောရိုးက နိုင်ငံရေးသမားလိုမျိုး ကောက်ကွေးနေလို့သာပေါ့

ဒါပေမဲ့ တည့်မတ်သွားအောင် ဖြောင့်ပေးရမှာပဲ ဟုတ်တယ်မဟုတ်လား ဖော်ရက်စ်

ဖော်ရက်စ်

ပြည်တွင်းစစ်သူရဲကောင်း

ဗိုလ်ချုပ်နေသန်ဘက်ဖို့ဒ်ဖော်ရက်စ်ရဲ့နာမည်ကို အစွဲပြုပြီးတော့ ကျွန်တော် ငယ်ငယ်တုန်းက

အမေက ဒီနာမည်ပေးခဲ့တာ

ကျွန်တော်တို့တွေ အမျိုးတော်ချင် တော်နိုင်တယ်လို့ အမေကတော့ ပြောခဲ့တာပဲ

သူ လုပ်ခဲ့တာက

ကူကလပ်စ် ကလန်လို့ ခေါ်လို့တဲ့ အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့တာပဲ

သူတို့အားလုံးက ဝတ်ရုံံတွေနဲ့ အိပ်ရာခင်းလိုဟာတွေ ဝတ်ပြီး

သရဲတွေလိုလို တစ္ဆေတွေလိုလို ပြုမူကြတယ်

မြင်းတွေပေါ်မှာတောင် အိပ်ရာခင်းတွေ တင်ပြီးတော့ စီးကြတယ်

ဒီလိုနဲ့ ဖော်ရက်စ်ဂမ့်ဆိုတဲ့ နာမည် ရလာခဲ့တာပဲ

အမေကပြောတယ် ဖော်ရက်စ်ဆိုတဲ့ နာမည်က

တစ်ခါတလေ ကျွန်တော်တို့အားလုံး ပေါက်တတ်ကရတွေလုပ်တတ်ကြတယ်ဆိုတာကို

ကျွန်တော် အမှတ်ရစေဖို့ပဲတဲ့

ဒီဘက်ကို..ခဏလေး

ရပြီ

ဘာတွေ စိုက်ကြည့်နေတာလဲ

ခြေထောက်သတ္တုထိန်းနဲ့ သွားရတဲ့ ကောင်လေးကို

မမြင်ဖူးကြလို့လား

ဖော်ရက်စ်..သူများတွေက

မင်းထက်တော်တယ်လို့ ပြောရင် ငြိမ်မခံလာနဲ့နော်

ဘုရားသခင်က အားလုံးကို ညီတူမျှတူဖြစ်စေချင်တယ်ဆိုရင်

အမေတို့ခြေထောက်တွေမှာလည်း သတ္တုထိန်းတွေ ပါလာမှာပေါ့

အမေက အကျိုးသင့်အကြောင်းသင့် ရှင်းပြတတ်တော့ ကျွန်တော် ကောင်းကောင်း နားလည်တာပေါ့

ကျွန်တော်တို့က အလာဘားမားပြည်နယ် ဂရင်းဘိုးမြို့နဲ့ မိုင်ဝက်အကွာက

အမှတ် ၁၇ လမ်းမကြီးနဲ့ ၂ ဖာလုံအကွာမှာ နေပါတယ်

အဲဒီနေရာက ဂရင်းဘိုးကောင်တီမှာ ရှိတာလေ

ကျွန်တော်တို့အိမ်လေးဟာ

လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်က သမုဒ္ဒရာကို ဖြတ်ကူးပြီး လာခဲ့ကြတဲ့

အမေ့ရဲ့ ဘိုးဘေးဘီဘင်လက်ထက်ကတည်းက နေလာခဲ့တဲ့ ဘိုးဘွားပိုင်အိမ်ပါ

ကျွန်တော်နဲ့ အမေပဲရှိတော့တာဆိုတော့

အခန်းလွတ်တွေချည်းပဲ ဖြစ်နေတာပေါ့

အမေက အဲဒီအခန်းတွေကို ငှားစားဖို့ ဆုံးဖြတ်ခဲ့တယ်

အများအားဖြင့် မိုဘီးလ်တို့ မောင်ဂိုမာရီလိုနေရာမျိုးတွေက

လာခဲ့ကြတဲ့ ခရီးသွားတွေကိုပေါ့

ဒီလိုနည်းနဲ့ အမေနဲ့ ကျွန်တော် ဝင်ငွေရတာပေါ့ဗျာ

အမေက တကယ် ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ဗျ

အမေပြောတာမှတ်ထား ဖော်ရက်စ်

သားက တခြားသူတွေနဲ့ ဘာမှမကွာခြားဘူး

အမေပြောတာ ကြားလားဖော်ရက်စ်

သားက အားလုံးနဲ့ အတူတူပဲ

ဘာမှမကွာခြားဘူး

ခင်ဗျားသားက သူများနဲ့ မတူဘူး မစ္စစ်ဂမ့်

သူ့ဉာဏ်ရည်က ၇၅ ပဲ ရှိတယ်

အင်း အားလုံးကတော့ ဘယ်ထပ်တူညီပါ့မလဲ

မစ္စတာဟန်ကော့

အမေက ကျွန်တော့်ကို ပညာကောင်းကောင်း သင်ယူစေချင်တယ်

အဲဒါကြောင့် ဂရင်းဘိုးကောင်တီဗဟိုကျောင်းကို ခေါ်သွားခဲ့တယ်

ကျောင်းအုပ်ဆရာကြီးနဲ့ကျွန်တော် သွားတွေ့ရတာပေါ့

ခင်ဗျားကို တစ်ခု ပြမယ် မစ္စစ်ဂမ့်

အခု ဒါက သာမန်အဆင့်ပါ

ဖော်ရက်စ်က ဒီမှာ ရောက်နေတာ

အစိုးရကျောင်းတက်ဖို့ ဉာဏ်ရည်က အနည်းဆုံး

၈၀ လိုတယ်

မစ္စစ်ဂမ့်

သူ့ကို သီးသန့်ကျောင်းတစ်ကျောင်းမှာ သွားအပ်မှ ရမယ်

သူ အဆင်ပြေသွားမှာပါ

ဒါနဲ့ သာမန်ဆိုတာ ဘာအဓိပ္ပာယ်လဲရှင့်

သူ မဆိုစလောက်လေး

သင်ယူမှု နှေးတာဖြစ်မှာပါ

ဒါပေမဲ့ ကျွန်မ့သားဖော်ရက်စ်က

တခြားသူတွေလိုပဲ တူညီတဲ့ အခွင့်အရေး ရရမယ်

တာယာပန်းပြန်တင်တာကို သင်ဖို့အတွက်နဲ့တော့

ကျွန်မသားကို သီးသန့်ကျောင်းမထားဘူး

ဉာဏ်ရည် ၅ မှတ်လောက်လေး ကွာတာပဲ

လုပ်လို့ရတာရှိရင် လုပ်ပေးပါ

ကျွန်တော်တို့ကျောင်းက အဆင့်ဆင့် ပညာရေးစနစ်နဲ့ သင်ကြားတာပါ

တစ်ယောက်မှ နောက်မှာ ကျန်ခဲ့တာမျိုး မမြင်ချင်ပါဘူး

မစ္စတာဂမ့် ရှိနေသေးလား မစ္စစ်ဂမ့်

သူ အားလပ်ရက်ခရီးသွားနေပါတယ်

မင်းအမေက မင်းရဲ့ကျောင်းပညာရေးကို တကယ် အလေးအနက်ထားတာပဲ သား

မင်းကတော့ စကားနည်းတယ်မဟုတ်လား

နောက်ဆုံးတော့ သူ ကြိုးစားခဲ့တယ်

လွယ်မယ့်ပုံပေါ်ပေမဲ့

ဘာဖြစ်သွားလဲ အရင်ဆုံး သူတို့တွေ..

အမေ အားလပ်ရက်ခရီးဆိုတာ ဘာအဓိပ္ပာယ်လဲဟင်

အားလပ်ရက်ခရီးလား

အဖေ ဘယ်သွားတာလဲ

အားလပ်ရက်ခရီးဆိုတာ တစ်နေရာရာ သွားပြီး

ဘယ်တော့မှ ပြန်မလာတာကို ပြောတာ

ဒီတော့ ကျွန်တော်တို့မှာ ပြေးကြည့်မှ

သားအမိ နှစ်ယောက်တည်းရှိတယ်ဆိုတဲ့ သဘောပေါ့ဗျာ

ဒါပေမဲ့ ကျွန်တော်တို့မမှုပါဘူး

ကျွန်တော်တို့အိမ်က လူလွတ်သွားတယ်လို့ မရှိဘူး

ဧည့်သည်က မမြဲတမ်း မပြတ်ခဲ့ဘူးလေ

ညစာစားကြမယ်

အားလုံးပဲ ညစာစားကြမယ်

အထူးဟင်းလျာနဲ့ တူတယ်

တစ်ခါတလေ ကျွန်တော်တို့နဲ့ အတူနေတဲ့သူတွေ များလွန်းလို့

အခန်းတိုင်း ခရီးသွားတွေနဲ့ အပြည့်ပဲပေါ့

ခရီးဆောင်အိတ်တွေ ဦးထုပ်အိတ်တွေ

နမူနာပစ္စည်းထည့်တဲ့ အိတ်တွေနဲ့ သွားလာနေကြတဲ့ လူတွေပေါ့

ဖော်ရက်စ်ဂမ့် ညစာစားချိန်ရောက်ပြီ ဖော်ရက်စ်ရေ

တစ်ခါက ကျွန်တော်တို့အိမ်မှာ လာတည်းတဲ့ ခပ်ငယ်ငယ်အစ်ကိုတစ်ယောက် ရှိတယ်

သူနဲ့အတူ ဂီတာအိတ်ကြီး ပါလာတယ်

ဖော်ရက်စ်

သဘောကောင်းတဲ့ အစ်ကိုကြီးကို သွားမနှောင့်ယှက်နဲ့လို့ ပြောထားတယ်လေ

ရပါတယ် ဘာမှ မဖြစ်ပါဘူး အန်တီ

သူ့ကို ဂီတာလေး တစ်ကွက် နှစ်ကွက်တီးပြနေတာ

ဟုတ်ပြီလေ ညစာအဆင်သင့်ပဲ စားချင်ရင် စားလို့ ရပြီနော်

ဟုတ်ကဲ့ပါ..ကောင်းပါပြီဗျာ ကျေးဇူးတင်ပါတယ် အန်တီ

ကဲ ကောင်လေး..ငါ့ကို မင်းခုနကလုပ်သလို ထပ် က ပြပါဦး

နည်းနည်းဖြည်းဖြည်းလုပ်နော်

ကျွန်တော် အဲဒီဂီတာကို သဘောကျတယ်ဗျ

အသံလည်း သာတယ်

သီချင်းသံအတိုင်း ကျွန်တော့်တင်ပါးလေးကို

လှုပ်ပြီးတော့ ကတယ်

တစ်ညကျတော့

ကျွန်တော်နဲ့ မေမေ ဈေးဝယ်ထွက်ရင်း

ဗင်ဆီပရိဘောဂနဲ့ အသုံးအဆောင်ဆိုင်ကို ဖြတ်အသွားမှာ

ဘာတွေ့တယ် ထင်လဲ

ဒါ ကလေးတွေ ကြည့်ဖို့ မဟုတ်ဘူး

နှစ်တွေကြာလာတဲ့အခါ

အဲဒီရုပ်ဖြောင့်ဖြောင့် လူငယ်လေးကို ကင်းလို့ ခေါ်ခဲ့ကြတယ်

သူသီချင်းတွေ အများကြီး ဆိုခဲ့တယ်

နှလုံးရောဂါလားဘာလားမသိဘူး ဖြစ်သွားတယ်ဆိုပဲ

ဘုရင်တစ်ယောက်လုပ်ဖို့ မလွယ်ဘူးနော်

တချို့ကိစ္စတွေကို မှတ်မိပြီး တချို့ကိစ္စတွေကို မမှတ်မိတာ

ရယ်စရာတော့ အကောင်းသား

အကောင်းဆုံး ကြိုးစားနော် ဖော်ရက်စ်

ကြိုးစားမှာပါ မေမေ

ကျောင်းစတက်မယ့်နေ့ ဘတ်စ်ကားစီးတာကို

ကောင်းကောင်း မှတ်မိနေသေးတယ်

လိုက်မှာလား

အမေက သူစိမ်းတွေနဲ့ ကားလိုက်မစီးရဘူးလို့ ပြောထားတယ်

ဒါက ကျောင်းကားလေ

ကျွန်တော် ဖော်ရက်စ်ပါ ဖော်ရက်စ်ဂမ့်ပါ

ငါက ဒေါ်ရသီဟဲရစ်

ဒါဆို ကျွန်တော်တို့ သူစိမ်းတွေ မဟုတ်တော့ဘူးပေါ့နော်

လူရှိတယ်

လူရှိတယ်

ဒီမှာ ထိုင်လို့ မရဘူး

ကလေးတစ်ယောက် ပြန်သတိရနေတဲ့ ကိစ္စတွေက ရယ်ရတယ်နော်

ကျွန်တော် ဘယ်လိုမွေးလာသလဲ မမှတ်မိဘူး

ကျွန်တော်ရဲ့ ပထမဆုံး ခရစ္စမတ်နေ့မှာ ဘာရခဲ့လဲ မမှတ်မိဘူး

ပထမဆုံးအကြိမ် ဘယ်တုန်းက ပျော်ပွဲစားထွက်တာလဲ မသိတော့ဘူး

ဒါပေမဲ့ ကျယ်ပြောတဲ့ လောကကြီးထဲမှာ ပထမဆုံးအကြိမ်

အချိုသာဆုံး အသံ ကြားခဲ့ရတာကိုတော့

လုံးဝ မှတ်မိနေတယ်

နင် ထိုင်ချင်ရင် ဒီမှာ ထိုင်လို့ ရတယ်

ကျွန်တော့်ဘဝမှာ ဒီလောက်လှတဲ့အရာကို တစ်ခါမှ မမြင်ဖူးဘူး

သူက နတ်သမီးလေးနဲ့ တူတယ်

ထိုင်မှာလား မထိုင်ဘူးလား

နင့်ခြေထောက်တွေက ဘာဖြစ်တာလဲ

ဘာမှမဖြစ်ဘူး ကျေးဇူးတင်ပါတယ်

ငါ့ခြေထောက်တွေက အကောင်းပါ တကယ် အကောင်းကြီး

ဘတ်စ်ကားပေါ်မှာ ကျွန်တော် သူ့ဘေးနားမှာ ထိုင်ပြီးတော့

ကျောင်းသွားတဲ့တောက်လျှောက် စကားတွေ ပြောဖြစ်ခဲ့ကြတယ်

ငါ့ကျောရိုးက မေးခွန်းသင်္ကေတလို ကောက်နေတာ

အမေပြီးရင် ကျွန်တော့်ကို စကားပြောတဲ့သူ တစ်ယောက်မှ မရှိသလို

မေးမြန်းတဲ့သူလည်း မရှိဘူး

နင်က ငတုံးလား

မေမေကပြောတယ် ငတုံးအလုပ်လုပ်တဲ့လူကမှ ငတုံးတဲ့

ငါ့နာမည် ဂျင်နီ

ငါက ဖော်ရက်စ်..ဖော်ရက်စ်ဂမ့်

အဲဒီနေ့ကစပြီး ကျွန်တော်တို့ အမြဲ တပူးတွဲတွဲ ရှိခဲ့ကြတယ်

ဂျင်နီနဲ့ ကျွန်တော်က ပဲစေ့နဲ့ မုန်လာဥလိုပဲ

သူက ကျွန်တော့်ကို သစ်ပင်တက်နည်း သင်ပေးတယ်

တက်လေ ဖော်ရက်စ် နင် တက်နိုင်ပါတယ်

အပင်ပေါ်မှာ ဘယ်လို တွဲလဲခိုရလဲဆိုတာ သူ့ကို ကျွန်တော်သင်ပေးခဲ့တယ်

စိတ်ကောင်းရှိတဲ့မျောက်ကလေးဟာ..

သူကျွန်တော့်ကို စာဖတ်တတ်အောင် သင်ပေးခဲ့တယ်

ကျွန်တော်ကလည်း သူ့ကို ဇောက်ထိုးလွှဲနည်းသင်ပေးတယ်

တစ်ခါတလေ ကျွန်တော်တို့ ထိုင်ပဲ ထိုင်ပြီးတော့

ကြယ်တွေ ထွက်လာမယ့်အချိန်ကို စောင့်ခဲ့တယ်

မေမေ ငါ့ကို စိတ်ပူနေတော့မှာပဲ

ခဏ နေပါဦးလားဟာ

ဂျင်နီကတော့ ဘာကြောင့်ရယ်မသိဘူး အိမ်ကို လုံးဝမပြန်ချင်ခဲ့ဘူး

ဟုတ်ပြီလေ ဂျင်နီ ငါ နေပေးပါ့မယ်

သူက ကျွန်တော့်အတွက် အရေးပါဆုံး သူငယ်ချင်းပဲ

ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းပေါ့

မယုံနိုင်စရာတွေဟာ နေ့တိုင်းဖြစ်တတ်တယ်လို့

More Burmese subtitles for Forrest Gump

Yorumlar

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left