Harry Potter and the Deathly Hallows: Part 2

Harry Potter and the Deathly Hallows: Part 2

Burmese Altyazısını İndir

Sürüm bilgisi

Harry Potter and The Deathly Hollows Part 2 (2011) Myanmar(Zawgyi)
Şunun yorumuyla kikywebsite

Etiketler

other
Yayınlandı: 2019-06-29
İndirmeler: 125
İşitme Engelliler: No

Burmese altyazı önizlemesi

İlk 200 satır.

ဒီနေရာလေးက လှသားပဲ

ငါတို့ အဒေါ်ပိုင်တာလေ

ငါတို့ကလေးတုန်းက ဒီကိုလာနေကျပေါ့

သည်အော်ဒါက အခုဒါကို လျှို့ဝှက်အိမ်အဖြစ်အသုံးပြုထားတယ်

ငါတို့မှာကျန်နေတာ ဒါပဲရှိတယ်လေ

ဒါတွေက မကောင်းဆိုးဝါးကို မောင်းထုတ်နိုင်တယ်လို့ မတ်ဂယ်လ်တွေက ထင်နေကြတယ် အဲဒါမှားတယ်

ငါဂေါ်ဘလင်နဲ့ စကားပြောဖို့လိုနေပြီ

ဘယ်လိုနေသေးလဲ

အသက်ရှင်နေတုန်းပဲ

ခင်ဗျားကတော့ မှတ်မိမယ်မထင်ဘူး

ဂရင်းဂေါ့တ်မှော်ဘဏ်ကိုရောက်တော့ ငါက မင်းရဲ့ဘဏ်သေတ္တာကို ပြခဲ့တာလား

ဂေါ်ဘလင်တွေကြားထဲမှာတောင် မင်းက နာမည်ကြီးပါတယ် ဟယ်ရီပေါ်တာ

မှင်စာကို မင်းမြေမြှုပ်ပစ်ခဲ့တယ်

ဟုတ်တယ်

ပြီးတော့ ငါ့ကိုဒီခေါ်လာတယ်

မင်းက...

...အရမ်းထူးခြားတဲ့ မှော်ဆရာပဲ

အဲဒီမှော်ဓားကို ဘယ်လိုရခဲ့တာလဲ

အဲဒါက ရှင်းပြရခက်တယ်

မဒမ်လက်စ်ထရိန့်က အဲဒါကိုသူ့ဘဏ်သေတ္တာထဲမှာ ရှိတယ်လို့ ဘာလို့ထင်နေရတာလဲ

အဲဒါက ရှင်းပြရခက်တယ်

မှော်ဓားက လိုအပ်တဲ့အချိန်မှာ ကျုပ်တို့လက်ထဲ အလိုလိုရောက်လာတာ

ကျုပ်တို့ ခိုးခဲ့တာမဟုတ်ဘူး

မဒမ်လက်စ်ထရိန့်ရဲ့ ဘဏ်သေတ္တာထဲမှာ ဒီမှော်ဓားနဲ့ ချွတ်စွပ်တူတဲ့ဓားရှိတယ်

ဒါပေမဲ့ အဲဒါက အတုကြီးပါ

ဒီနွေတုန်းကမှ အဲဒီကိုရောက်လာတာ

- သူက အတုလို့ သံသယမ၀င်ဘူးလား - အဲဒါက အစစ်လို့ထင်လောက်စရာပဲလေ

ဂေါ်ဘလင်တစ်ယောက်ကသာ အဲဒီဓားကို အစစ်ဟုတ်မဟုတ်ခွဲခြားနိုင်တယ်

အဲဒါကို ဘယ်သူသိလဲ

ဟော့ဂ်ဝတ်စ်ကျောင်းက ပရော်ဖက်ဆာပေါ့ အခုတော့ ကျောင်းအုပ်ဖြစ်နေပြီ

စနိတ်ပ်လား

ဓားအတုကို ဘယ်လာထရစ်ရဲ့ ဘဏ်သေတ္တာထဲမှာ သူထားခဲ့တာလား

ဘာအတွက်လဲ

ဂရင်းဂေါ့စ်က ဘဏ်သေတ္တာတွေထဲမှာ စိတ်ဝင်စားစရာတွေ အများကြီးပဲလေ

မဒမ်လက်စ်ထရိန့်ရဲ့ ဘဏ်သေတ္တာရောပဲလား

ဖြစ်နိုင်ပါတယ်

ဂရင်းဂေါ့စ်မှော်ဘဏ်ထဲဝင်ပြီး ဘဏ်သေတ္တာတစ်လုံးကို ဖွင့်စရာရှိတယ်

အဲဒါက မဖြစ်နိုင်ပါဘူး

တစ်ယောက်တည်းတော့ မဖြစ်နိုင်ဘူးပေါ့ ခင်ဗျားနဲ့ဆိုရင်တော့ ဖြစ်နိုင်ပါတယ်

မင်းကို ဘာလို့ကူညီရမှာလဲ

ကျုပ်မှာ ရွှေတွေအများကြီးရှိတယ်လေ

- ရွှေတွေကို ငါစိတ်မ၀င်စားဘူး - ဒါဆို ဘာလိုချင်လဲ

အဲဒီမှော်ဓားပဲ

အဲဒါငါ့အတွက် အဖိုးအခပေါ့

ဘယ်လာထရစ်ရဲ့ ဘဏ်သေတ္တာထဲမှာ ၀ိညာဉ်ပစ္စည်းတစ်ခု ရှိတယ်ထင်လား

ငါတို့ အဲဒီကိုရောက်ခဲ့တာဖြစ်မယ်လို့ သူတွေးမိတော့ သူလန့်သွားခဲ့တယ်

ငါတို့တခြားဘာတွေ ယူသွားသေးလဲလို့ သူက မင်းကို မေးနေတာမဟုတ်လား

အဲဒီမှာ ၀ိညာဉ်ပစ္စည်းတစ်ခုရှိနေတာ အမှန်ပဲ သူ့ဝိညာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပေါ့

အဲဒါကို တွေ့အောင်ရှာပြီး သုတ်သင်ရမယ် ဒါဆိုသူ့ကိုသတ်ဖို့ ခြေတစ်လှမ်းနီးသွားပြီ

အဲဒါကို ရှာတွေ့ရင် ဘာလုပ်မှာလဲ

အဲဒါကို ဘယ်လိုဖျက်ဆီးမှာလဲ မှော်ဓားကို ဂရစ်ဟွတ်ဆီပေးလိုက်ပြီလေ

အဲဒါကို ငါအကြံထုတ်နေတုန်းပဲ

သူအားနည်းနေတယ်

မစ္စတာအိုလီဗန်ဒါ မေးစရာလေးနည်းနည်းရှိလို့ပါ

မေးပါ မင်းကြိုက်တာမေး

ဒီမှော်တုတ်အကြောင်း ပြောပြနိုင်မလား

သုံးစွဲဖို့ အန္တရာယ်ရှိမရှိသိချင်လို့ပါ

သစ်ကြားသားနဲ့လုပ်ထားတယ်

နဂါးမန္တန်နဲ့ စီရင်ထားတယ်

နှစ်ဆယ့်လေးလက်မရှိတယ်

လုံးဝ...

လုံးဝကွေးညွတ်မှုမရှိဘူး

ဒါက ဘယ်လာထရစ်လက်စ်ထရိန့်ရဲ့ ပစ္စည်းပဲ

ဂရုတစိုက်အသုံးပြုပါ

ဒီဟာကရော...

ဟောသွန်း

ယူနီကွန်းမြင်းမွေးရောပဲ

၁၀ လက်မရှိတယ် ပျော့ပျောင်းတယ်

ဒါက ဒရေကိုမယ်လ်ဖွိုင်ရဲ့ မှော်တုတ်ပဲ

အဲဒါ အရင်ကမဟုတ်လား အခုမဟုတ်တော့ပါဘူးနော်

မင်းသူ့ဆီကနေ အနိုင်ရခဲ့တာဆိုရင်တော့ မဟုတ်တော့ပါဘူး

သူသခင်ပြောင်းသွားတာ ငါခံစားလို့ရတယ်

ခင်ဗျားပြောပုံက မှော်တုတ်တွေမှာ ခံစားချက်တွေ...

စိတ်တွေရှိနေတဲ့အတိုင်းပဲ

မှော်တုတ်က သခင်ရွေးတယ် မစ္စတာပေါ်တာ

အဲဒါကို မှော်တုတ်ပညာရပ်လေ့လာဖူးတဲ့ ငါတို့အားလုံးသိကြပါတယ်

စွမ်းအားလွန်မှော်ပစ္စည်းတွေအကြောင်း ဘာသိထားသေးလဲ

အဲဒါက ၃ ခုရှိတယ်လို့ပြောကြတယ်

စွမ်းအားလွန်မှော်တုတ်

ရန်သူတွေကြားမှာ ကိုယ်ဖျောက်နိုင်တဲ့ ကိုယ်ပျောက်ဝတ်ရုံ

ချစ်တဲ့သူတွေကို အသက်ပြန်ရှင်စေနိုင်တဲ့ ပြန်ရှင်မှော်ကျောက်

အားလုံးပေါင်းလိုက်ရင် သေမင်းတို့ရဲ့ ဘုရင်ပေါ့ကွာ

ဒါပေမဲ့ အဲဒါတွေ တကယ်ရှိတယ်လို့ ယုံကြည်သူက အနည်းစုပါ

ခင်ဗျားရောယုံလား

သူတို့တကယ်ရှိတယ်လို့ ခင်ဗျားယုံလား

အဲဒါတွေက ပုံပြင်ဒဏ္ဍာရီတွေပဲဖြစ်မှာပါ

ခင်ဗျားလိမ်နေတာ

အဲဒီထဲက တစ်ခုကတော့ တကယ်ရှိတယ်ဆိုတာ ခင်ဗျားသိတယ်

ခင်ဗျား သူ့ကိုတောင်ပြောခဲ့တယ်လေ

စွမ်းအားလွန်မှော်တုတ်ကို ဘယ်မှာ သွားရှာရမလဲတောင် ပြောခဲ့သေးတယ်

သူက ငါ့ကိုနှိပ်စက်ခဲ့တာပါ

ပြီးတော့

ငါက ကောလာဟလသတင်းတွေကိုပဲ သူ့ကိုပေးလိုက်တာ

အဲဒီတော့...

သူအဲဒါကိုရှာတွေ့မယ်လို့ မပြောနိုင်ပါဘူး

သူရှာတွေ့သွားပြီဗျ

ခင်ဗျားနားလိုက်ပါဦး

သူက မင်းနောက်ကိုလိုက်နေတာ မစ္စတာပေါ်တာ

မင်းပြောသလို စွမ်းအားလွန်မှော်တုတ်ကို သူရသွားပြီဆိုရင်...

ပြောရမှာတော့ စိတ်မကောင်းပါဘူး

မင်းသူ့ကို ဘယ်လိုမှ အနိုင်မရနိုင်ဘူး

အဲဒါဆိုလည်း လက်ဦးမှုယူပြီး သူ့ကိုအရင်သတ်ရမှာပေါ့ဗျာ

ဒါက သူ့ဆံပင်ဆိုတာ သေချာလား

သေချာတယ်

ဟုတ်ပြီ

ငါ့ကိုကြည့်ရတာဘယ်လိုနေလဲ

ရုပ်ဆိုးတယ်

အဲဒီဓားကို ဟာမိုင်အိုနီကိုပေးထားလိုက်ပါ ဂရစ်ဟွတ်

ကျုပ်တို့က ခင်ဗျားကိုအားကိုးနေရတာ

အစောင့်တွေကိုကျော်ဖြတ်ပြီး ဘဏ်သေတ္တာဆီ ကျုပ်တို့ကို ပို့ပေးနိုင်ရင် အဲဒီဓားကိုခင်ဗျားပိုင်ပြီ

မဒမ်လက်စ်ထရိန့်

မင်္ဂလာနံနက်ခင်းပါရှင်

မင်္ဂလာနံနက်ခင်းပါ ဟုတ်လား မင်္ဂလာနံနက်ခင်းတဲ့လား

နင်က ဘယ်လာထရစ်လက်စ်ထရိန့်အဖြစ် သရုပ်ဆောင်နေတာလေ

စိတ်လျှော့ပါ

သူက ငါတို့ကို သရုပ်မှန်ပေါ်အောင်လုပ်နေတာ ငါတို့ကိုယ့်ကိုယ်ကိုယ် လည်လှီးသလိုဖြစ်နေပြီ

နားလည်လား

သူပြောတာမှန်ပါတယ် ငါမှားတာပါ

အိုကေ

လုပ်လိုက်ကြစို့

ကျွန်မဘဏ်သေတ္တာကို ဖွင့်ချင်ပါတယ်

အထောက်အထားပြပါ

အဲဒါမလိုအပ်ဘူးထင်ပါတယ်

မဒမ်လက်စ်ထရိန့်

ကျွန်မက စောင့်နေရတာ မကြိုက်ဘူးနော်

သူတို့သိတယ်

သူက အယောင်ဆောင်ဆိုတာ သူတို့သိကြတယ်

သူတို့ကို သတိပေးထားတယ်

ဟယ်ရီ

ငါတို့ဘာလုပ်ကြမလဲ ဟယ်ရီ

မဒမ်လက်စ်ထရိန့် ခင်ဗျားရဲ့ မှော်တုတ်တံကို တင်ပြပါ

ဘာလို့ တင်ပြရမှာလဲ

ဒါကဘဏ်ရဲ့မူဝါဒပါ အခုအခြေအနေကို ခင်ဗျားလည်း နားလည်မှာပေါ့

ဟင့်အင်း ကျွန်မ နားမလည်ဘူး

ကျုပ်မဖြစ်မနေ တောင်းဆိုရပါလိမ့်မယ်

နာခံစေ

ကောင်းပါပြီ မဒမ်လက်စ်ထရိန့် ကျုပ်နဲ့ လိုက်ခဲ့ပါ

ဒါဘယ်လိုဖြစ်တာလဲ ဂရစ်ဟွတ်

ဂရစ်ဟွတ်

ရပ်တန့်စေ

တော်တယ် ဟာမိုင်အိုနီ

ခင်ဗျားကတော့ အရင်လိုထပ်လုပ်ပြန်ပြီ

သူခိုးရေတံခွန်က မှော်တွေအားလုံးကို ပျက်ပြယ်စေနိုင်တယ်

သေစေနိုင်တယ်

ခင်ဗျားမို့လို့ပြောတတ်တယ်

ဒီကနေထွက်သွားဖို့ တခြားနည်းလမ်းရှိလား

မရှိဘူး

မင်းတို့တွေ ဒီမှာဘာလုပ်နေတာလဲ

သူခိုးတွေ

- မင်းတို့သော့တွေ ပေးပြီးတာနဲ့... - နာခံစေ

ဒါကတော့ အခြေအနေမကောင်းဘူး

အဲဒါ သံဝမ်းဗိုက်နဂါးပဲ

ရော့

ဒီအသံကိုကြားရင် သူနာကျင်ရတော့မယ် ဆိုတာသိအောင် လေ့ကျင့်ပေးထားတာ

အရမ်းကြမ်းတာပဲ

လင်းစေ

ဟုတ်ပြီ

ဝိညာဉ်ပစ္စည်းထွက်ပေါ်လွင့်မျောစေ

ထပ်ပြီးမလုပ်တော့ပါဘူးနော်

အဲဒီမှော်တွေက ဒီမှာအသက်မ၀င်ဘူး

အဲဒါဒီမှာရှိလား ဟယ်ရီ

ခံစားလို့ရလား

အဲဒါပဲ ဟိုအပေါ်မှာ

သူတို့က နှစ်ခုပွားမန္တန်သွင်းထားတာ မင်းနဲ့ထိတဲ့အရာမှန်သမျှ နှစ်ခုပွားလိမ့်မယ်

ငါ့ကို မှော်ဓားပေးစမ်း

မလှုပ်ရှားနဲ့တော့

ရပြီ

ကျုပ်တို့ အပေးအယူလုပ်ထားတယ်လေ

ဓားပေးမှ ဒီခွက်ပေးမယ်

မင်းကို အထဲဝင်နည်းပြမယ်လို့ ငါပြောခဲ့တာ ထွက်နည်းပြမယ်လို့ ငါမပြောခဲ့ဘူး

ဂရစ်ဟွတ်

- သူခိုးတွေဗျို့ လုပ်ကြပါဦး - ဂရစ်ဟွတ်

သူခိုးတွေ

ဘိုဂရော့ကို အားကိုးရတော့မှာပဲ

ကံမကောင်းလိုက်တာ

ငါတို့ ဒီအတိုင်းရပ်နေလို့မဖြစ်ဘူးလေ အကြံထုတ်ကြပါဦး

အကြံကောင်းထုတ်နိုင်တာက နင်လေ

နည်းလမ်းတစ်ခုတော့ရှိတယ် ဒါပေမဲ့ ရူးမိုက်ရာကျမယ်

အမှုန့်ဖြစ်သွားစေ

ဟုတ်ပြီ လာကြဟေ့

အနှောင့်အဖွဲ့လွတ်မြောက်စေ

ဆက်သွား

အခုဘာလုပ်ကြမလဲ

အမှုန့်ဖြစ်စေ

ကိုင်ထား

မိုက်တယ် အရမ်းမိုက်တယ်ကွာ

ငါတို့ ဆင်းကြမယ်

- ငါတို့ ခုန်ဆင်းမယ် - ဘယ်တော့လဲ

အခုပေါ့

သူသိတယ် သူဆိုတာ ဘယ်သူလဲ မင်းသိပါတယ်

ငါတို့ ဂရင်းဂေါ့စ်ဘဏ်ကို ဖောက်ထွင်းခဲ့တာ သူသိတယ်

ဝိညာဉ်ပစ္စည်းကို ငါတို့လိုက်ရှာနေမှန်းလည်း သူသိနေတယ်

- အဲဒါကို နင်ကဘယ်လိုသိတာလဲ - ငါသူ့ကို မြင်ခဲ့တယ်

သူ့ကို နင့်စိတ်ထဲပေးဝင်ခဲ့တယ်ပေါ့ အဲဒီလိုမလုပ်ရဘူးလေ ဟယ်ရီ

ဟာမိုင်အိုနီ ငါအမြဲတမ်းတောင့်ခံမထားနိုင်ဘူး

ထားပါတော့ ဘာဖြစ်ခဲ့တာလဲ

သူက ဒေါသထွက်နေတယ်

ကြောက်လည်းကြောက်နေတယ်

ဝိညာဉ်ပစ္စည်းအားလုံးကို ငါတို့ရှာဖွေဖျက်ဆီးနိုင်ရင်

ငါတို့ သူ့ကိုသတ်နိုင်မယ်ဆိုတာလည်း သူသိတယ်

More Burmese subtitles for Harry Potter and the Deathly Hallows: Part 2

Yorumlar

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left