Four Brothers

Four Brothers

Burmese Altyazısını İndir

Sürüm bilgisi

Four Brothers(Zawgyi)
Şunun yorumuyla a961022

Etiketler

other
Yayınlandı: 2017-08-04
İndirmeler: 53
İşitme Engelliler: No

Burmese altyazı önizlemesi

İlk 200 satır.

အေးပါကွယ် ဒါနယ်ရယ်

ဒါဆို သကြားလုံးက မင်းအိတ်ထဲ ဒီအတိုင်းခုန်ဝင်လာတယ်ပေါ့

အဘွားကတော့ အဲဒီလိုမထင်ဘူး ဆမီယာက အခုရဲကိုခေါ်လိမ့်မယ်

- ဒါပေမဲ့ သား.. - ဆမီယာ ရဲခေါ်လိုက်

- ဟဲလို ရဲစခန်းကပါလား - ရဲမခေါ်ပါနဲ့ အစ်ကိုရာ

ကျွန်တော် ကိုင်ထားလိုက်မယ်

အဲဒါက မင်းအလစ်သုတ်တဲ့အခါ ဖြစ်လာတတ်တဲ့ အကျိုးဆက်တွေပဲ

ဒါပေမဲ့ သကြားလုံးလေးပဲယူတာပါ သားထောင်ထဲ မသွားချင်ဘူး

အေး မင်းအလစ်သုတ်ပြီး တစ်ခါတလေတော့ လွတ်ချင်လွတ်နေမယ်

ဒါပေမဲ့ အနှေးနဲ့အမြန် မင်းအဖမ်းခံရလိမ့်မယ်

မင်း ဘဝကိုဒီလိုလျှောက်ချင်တာလား

- မလျှောက်ချင်ပါဘူး - အဘွားကတော့ မင်းကို

ဒီထက် ပိုတန်ဖိုးရှိတယ်လို့ ယုံတယ်

ဒါပေမဲ့ မင်းအဘွားပြောတာကို ယုံရမယ် ဒါနယ်

- ကျွန်တော် နားလည်ပါတယ် မစ္စအယ်ဗလင် - မင်း အဘွားကို ကလိမ်ကကျစ်လုပ်နေတာလား

- မလုပ်ပါဘူး အဘွား - အေး မင်းမလုပ်ရင် ကောင်းမယ် နားလည်လား

ဟုတ်ကဲ့ပါ အဘွား

ကောင်းပြီး မင်းအခု ဆမီယာကို ပြောလိုက်

ကျွန်တော် နောက်မခိုးတော့ပါဘူး အစ်ကို

ရပါတယ်

ကောင်လေး မင်းကံကောင်းသွားတယ်

အခု မင်း အိမ်ကိုတန်းပြန်သွားလိုက်တော့ ကြားလား

- ဟုတ်ကဲ့ - မင်းဒီလိုအချိန်ကြီးမှာ

ညဘက်အပြင်မထွက်သင့်ဘူး သွားတော့

ကျေးဇူးတင်ပါတယ် မစ္စအယ်ဗလင်

မင်းလုပ်လိုက်တာ အရမ်းကောင်းတာပဲ

အဲဒီကလေးက လိမ္မာပါတယ် သူ့အတွက် အစ်ကိုတစ်ယောက်ပဲ လိုနေတာ

ဒါဆို အခုကျေးဇူးတော်နေ့အတွက် ငှက်လေးတွေကို ကြည့်ရအောင်

ကောင်းတယ် ဖွံ့ဖွံ့ထွားထွားလေးတွေ

အိုဆာမာ အိုဆာမာ အခုချက်ချင်း ငွေရှင်းစက်နောက်ဝင်စမ်း

- မင်း သူပြောတာကြားလား - သွားစမ်း သွား

- ယူသွားပါ ယူသွားပါ - ပါးစပ်ပိတ်ထား ဟေ့ကောင် လုပ်စမ်း

- ကျွန်တော် ဘာပြဿနာမှမဖြစ်ချင်ပါဘူး - ပါးစပ်ပိတ်ထားစမ်း

- အကုန်ယူသွားပါ - ပါးစပ်ပိတ်ထား

- ကျွန်တော် အခုမှ ဒီနိုင်ငံရောက်လာတာပါ - မလှုပ်နဲ့

- မလှုပ်နဲ့ - လူကိုချမ်းသာပေးပါ အကုန်ယူသွားပါ

ဒါက အမေရိကားကွ..ဒီနိုင်ငံမှာ လူမည်းတွေက သူတို့ဖြစ်ချင်သလို ဖြစ်လို့မရဘူး

- မင်းကိုဘာလို့သနားရမှာလဲ - မလုပ်ပါနဲ့

သွား သွား သွား သွား

လာ သွားရအောင်

အယ်ဗလင်မာဆာ အား သတိရခြင်းများစွာဖြင့်

အဲဒီမျက်နှာကို ဒီနားမှာ မမြင်ရတာ တော်တော်ကြာပြီပဲ

ကောင်းကောင်းမွန်မွန်နေလို့ လွှတ်ပေးလိုက်တာထင်တယ်

မဖြစ်နိုင်ပါဘူး

အဲဒါက ဘော်ဘီမာဆာ

သူတို့မိသားစုရဲ့ အဖြစ်မရှိတဲ့ အလေးမချန်ပီယံ

အဲဒီဂုဏ်ကိုတော့ သူထိန်းထားနိုင်သားကွ

သူသာ တကယ်ချန်ပီယံရခဲ့ရင် သူ့အဖေတော့ တော်တော်ပျော်မှာ

ငါ သူ့ကိုငယ်ငယ်တုန်းက သိတယ် သူနဲ့ ဟော့ကီဆော့ဖူးတယ်

သူ့ကို ပြိုင်ပွဲ ၆၀ လောက်က ပယ်ချလိုက်ပြီး

အားကစားအဖွဲ့က သူ့ကိုစိတ်ကုန်လာတယ်

သူ့ကို မီချီဂန်မော်လာ လို့ ခေါ်ကြတယ်

- အဲဒီ ကောင်လေးက ဘယ်သူလဲ - အဲဒါက ဂျက် လေ သူကအငယ်ဆုံးပဲ

ပထမတန်းစား အရှုပ်ထုပ် တတိယတန်းစား ရော့ခ်စတား

- သူ့ကြည့်ရတာ ပြဿနာမရှိသလိုပါပဲ - သူလည်း မာဆာ မျိုးရိုးပဲ

သွားပြီး အထင်မသေးနဲ့

မင်း အဆင်ပြေလား

ဟုတ်လို့လား

ငါ မင်းကိုချစ်တာ မင်းသိပါတယ်

လာပါ ဂျယ်ရီ့ကို သွားကြည့်ရအောင်

- အေး နောက်တစ်ယောက်က ဘယ်သူလဲ - နောက်ထပ် စံပြမြို့သား

ကျွန်တော့်အမေက တစ်ချိန်လုံး ခင်ဗျားတို့အကြောင်းတွေ

အလုပ်မှာ ဘယ်လိုဟာသတွေ လုပ်တဲ့အကြောင်းတွေ ပြောတယ်

- မဟုတ်ဘူး ဂျယ်ရမိုက်က အဆင်ပြေပါတယ် - သူ ကျွန်တော့်ကိုအကုန်လုံးပြောပြတယ်

အလုပ်သမားသမဂ္ဂမှာတုန်းက သူ တစ်ခါ နာမည်ကြီးသွားသေးတယ်

ပြဿနာဖြစ်သွားတယ်လေ

- ဘယ်လိုလဲ ဟေ့ကောင် - အဆင်ပြေပါတယ်

အိမ်လေးက ကောင်းသားပဲ မဆိုးပါဘူး

ဘာဖြစ်လို့လဲ ကောင်လေး လာပါ ငါ့ကိုဖက်ပါဦးကွ

တစ်ယောက် ကျန်သေးတယ် မ​င်းပြောတော့ လေးယောက်ဆို

အိန်ဂျယ်လား

သူက ချောတယ်

အရင်က ယောက်ျားပိုင်းလုံး

စစ်သားလည်း ဖြစ်ဖူးတယ်

ကြည့်ရတာ ဒီနေ့ သူမပေါ်လာဘူးထင်တယ်

ငါ သစ်လုံးအိမ်ဆောက်တုန်းက မင်း အဲဒါကို မီးရှို့ပစ်တာ

- မှတ်မိသေးလား - မပြောပါနဲ့

- အဲဒီတုန်းက မင်းကို ငါရိုက်ချင်တာ - မပူပါနဲ့ကွာ အခုမင်းအိမ်က တိုက်အိမ်ဖြစ်သွားပြီ

- ငါ မီးမရှို့တော့ပါဘူးကွ - အေး အခုတော့ ဟုတ်တာပေါ့

အင်း အင်း ငါ့အိမ်ထဲမှာ ဆေးလိပ်မသောက်ရဘူး

မင်းဆေးလိပ်ကို လွှတ်ပစ်လိုက် စိတ်တော့မကောင်းဘူး

ငါ နားမလည်ဘူး

ဒီမိန်းမကြီးက စိတ်ကောင်းရှိတဲ့ သူတော်စင်ဆိုရင်

ဘယ်လိုဖြစ်ပြီးတော့ ငရှုပ်လေးကောင်ကို မြေတောင်မြှောက် ပေးခဲ့တာလဲ

မစ္စအယ်ဗလင်က ကလေးရာပေါင်းများစွာကို မိဘမဲ့ကလေးစောင့်ရှောက်ရေးဂေဟာကနေ ထုတ်ပြီး

သူတို့ကို မွေးစားမယ့် မိသားစုတွေ ရှာပေးခဲ့တယ်

ပြီးတော့ နှစ် ၃၀ အတွင်းမှာ ကလေး ၄ ယောက်ကိုပဲ မွေးစားမိဘ ရှာမပေးနိုင်ခဲ့တာ

ထိန်းမနိုင်တဲ့ ဆိုးသွမ်းလူငယ်လေးယောက်ပေါ့

သူတို့ကို မွေးစားမယ့်သူ တစ်ယောက်မှ ရှာလို့မတွေ့ခဲ့ဘူး

အဲဒီတော့ သူပဲ မွေးစားခဲ့တယ်

ငါ ပြောတာယုံ..ဖောင်လာ

အဘွားကြီးကြောင့်သာမဟုတ်ရင် သူတို့ဘဝတွေက အခုနဲ့ မိုးနဲ့မြေလိုကွာနေမှာ

- ဟေ့ မင်းက ဒန်နီယဲလာ ထင်တယ် - မင်းတို့တွေ တော်တော်ကြီးလာတာပဲ

မင်းက အမ်မလီယာ ထင်တယ်

ဝတ်စုံလေးလှတယ် အမ်မလီယာ

- သမီးက အမ်မလီယာပါ - ဦးသိပါတယ်

သမီးတို့တွေ ဦးတို့ကို မမှတ်မိဘူးပဲ ဒါပေမဲ့ ဦးက သမီးဦးလေး ဘော်ဘီနဲ့

ဒါက ပေါက်ပေါက်ဆုပ် ဂျက်

ကလေးတွေကို အဲဒါသွားမသင်ပေးနဲ့

- ဦးက သမီးဦးလေးမဟုတ်ပါဘူး..ဦးက လူဖြူပဲ - အဘွားအီဗီ ကလည်း လူဖြူပဲလေ

အင်း ဟုတ်တယ် ဦးတို့ အမျိုးတော်ပုံက မတူဘူးလေ

သမီးတို့အဘွားက ဦးနဲ့ ဦးလေးဂျက်ကို မွေးစားထားတာ

သမီးအဖေလိုပဲပေါ့

ဦးက ရဲကြီးပဲ

ဟုတ်တယ် မင်းတို့အားလုံးကို ဖမ်းထားတယ် အဲဒီတော့ ဘယ်သူမှ မလှုပ်နဲ့

ဟေ့ မင်းတို့ ဘယ်သွားမှာလဲ

ဂရင်း..ငါ့ကိုရော ဘာလုပ်မှာလဲ မင်း ငါ့ကိုလည်းဖမ်းမှာလား

အဲဒါက အခြေအနေအရပဲ ဘော်ဘီ မင်း ဖြောင့်ဖြောင့်မတ်မတ်နေတယ် မဟုတ်လား

ဖြောင့်ဖြောင့်ပါပဲ

- အခြေအနေ ဘယ်လိုလဲ - တွေ့ရတာဝမ်းသာတယ်

- ဂျက် - ဂရင်း

မင်းအမေအတွက် ငါစိတ်မကောင်းပါဘူး အနားလာပါဦးကွ

ဂျယ်ရီ

နင်ပြောတော့ သူမလာဘူးဆို

မပြောပါဘူး သူလာမလား မလာဘူးလား ငါမသိဘူးလို့ ပြောတာပါ

ငါ သူ့ကိုမတွေ့တာ ဘယ်နှနှစ်လောက် ရှိနေပြီလဲ

ဘော်ဘီကို ခြေရာခံဖို့က ခက်တယ်လေ

ငါ့ကို အဲဒီလိုမကြည့်နဲ့ ကမီးလ်

ငါ အဲဒီဘဝကို လုံးဝချန်ထားခဲ့ပြီးပြီ

လာပေးတာ ကျေးဇူးတင်ပါတယ် ဂရင်း မင်းလာတာသိရင် အမေသိပ်ဝမ်းသာမှာပဲ

မဟုတ်တာ..သူ့နာရေးမှာ မင်းပြန်လာလို့ မင်းအမေကပျော်နေမှာ

ငါ နာရေးအတွက်ပြန်လာတာ မဟုတ်ဘူး

ကမ်းလှမ်းတာတော့ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ငါတို့ဘာသာ လုပ်နိုင်ပါတယ်

အေး..ငါ ကားနဲ့ဝင်လာကတည်းက အခြေအနေတွေကို မှန်းကြည့်လို့ရပါတယ်ကွာ

ဒီနေရာက လုံးဝပြောင်းလဲသွားပြီ

ဒတ်ထရွိုက်မြို့ရဲ့ အကောင်းဆုံးရဲတွေ ရှင်းထားတာပေါ့လေ

စိတ်အေးအေးထားပါ အဲဒီ လမ်းသရဲတွေကို ငါတို့နိုင်ပါတယ်

ဂိုဏ်းစတားနှစ်ယောက် အထဲကိုပြေးဝင်သွားပြီး သေနတ်တွေနဲ့ ပစ်တာကို

လမ်း ဟိုဘက်အခြမ်းမှာ ဘက်စကတ်ဘောဆော့နေတဲ့ ကလေးတွေ တွေ့လိုက်..

ပြောပြန်ပြီ မင်းတို့လို ရဲတွေက လွယ်တဲ့အမှုတောင် မလိုက်နိုင်လို့

ငါတောင် ဒီမှာ အရင်က ကောင်းကောင်းကြီး ကြီးပွားခဲ့သေးတာပဲ

မင်း အထဲဝင်

ကော်ဖီနဲ့ ဒိုးနတ်လေးစားပြီး

မင်းကောင်လေးကို ခေါ်ပြီး ဒီကနေ ထွက်သွားလိုက် ဟုတ်ပြီလား

သိပ်သဘောကောင်းတာပဲ

အိမ်ပြန်လာရတာ ကောင်းလိုက်တာ

အဲဒီတော့ ဘော်ဘီ မင်း ဘာတွေလုပ်နေလဲ

ငါက ကောလိပ်က ပါမောက္ခလေ ဂျက် ရာ အဲဒီတော့ ငါဘာလုပ်နေတယ်လို့ မင်းထင်လဲ

- ဟုတ်ပါ့မလားကွ - မပြောင်းလဲတဲ့ ဘော်ဘီ

မင်းရော ဘယ်လိုလဲ မဟုတ်တဲ့အလုပ်တွေ လုပ်နေတုန်းပဲလား

အရူးကောင်

မင်းတို့တွေ ငါ့ကိုဒီလိုအေးနေတဲ့နေရာမှာ ချန်ထားခဲ့တာတော့ ဆိုးတယ်ကွာ

- ဟေ့ကောင် ညီလေး အရူးကောင် - မင်း ရှက်သင့်တယ် ဟေ့ကောင်

- ငါ လေယာဉ်လွတ်သွားလို့ပါ - ဒီကို လာခဲ့စမ်း

အေး မင်း ငါတို့အမေရဲ့နာရေးကို မမီလိုက်ဘူး စစ်သားကြီးရဲ့

- ဘယ်လိုလဲ - မင်းရော ဘယ်လိုလဲ

- ဘယ်လိုလဲ ကောင်လေး - အကုန်အဆင်ပြေတယ် ဟေ့ကောင်

- မင်းဆံပင်ပွပွကြီးကို ရိတ်လိုက်တာလား - ဂျက်

- မင်းကို မတွေ့ရတာအတော်ကြာပြီ - အင်း ဟုတ်တယ်

- မင်း သွားတွေကို ဖြူအောင်လုပ်ထားတာလား - တော်စမ်း ဂျက်ကီစုတ်

စားဖို့ တစ်ခုခုသွားရှာလိုက်ဦးမယ်

- မင်းတို့ ဗိုက်ဆာနေပြီလား - မဆာဘူး ငါအိပ်တော့မယ်

ဂျက်..မင်းရဲ့အရင်အခန်းမှာအိပ် အိန်ဂျယ် မင်းလည်းအတူတူပဲ

ငါကတော့ အမေ့အခန်းထဲသွားအိပ်မယ်

ဒီထဲမှာ ငိုနေတာလား နတ်သားလေး

ထားလိုက်ပါတော့ကွာ

မင်း အဲဒီဂစ်တာကြီး တဒေါင်ဒေါင်တီးတုန်းလား

အေး တဒေါင်ဒေါင်တီးတုန်းပဲပေါ့ကွာ

- အမေ့အခန်းထဲရောက်နေတာ တစ်မျိုးကြီးဖြစ်နေလား - အေးကွာ

တကယ် တစ်မျိုးကြီးပဲ

ထူးဆန်းလိုက်တာကွာ

အကုန်လုံး အရင်အတိုင်း တစ်ထေရာတည်းပဲ

အမေ ဒီအိမ်ကို ဘာမှ မပြောင်းလဲထားဘူး

- မင်းတို့မလည်း ကြည့်ပါဦး - ဘာလဲ

ဘာမှ မဟုတ်ပါဘူး မင်းတို့ကိုတွေ့ရတာ ငါဝမ်းသာလို့ပါ

ငါ့ညီအစ်ကိုတွေကို တွေ့ရတာ ဝမ်းသာတယ် ဒါပါပဲ

ငါလည်း မင်းကိုတွေ့ရတာဝမ်းသာတယ် ဂျယ်ရီ

ငါ ဈေးဆိုင်သွားပြီး ကြက်ဆင်သားဖြစ်ဖြစ် တစ်ခုခုသွားဝယ်လိုက်ဦးမယ်

ကျေးဇူးတော်နေ့ညစာ စားကြတာပေါ့

အနည်းဆုံးတော့ တကယ့်မိသားစုလို နေကြည့်ကြတာပေါ့

အမေလည်း သဘောကျမှာပါ

မင်း ဘယ်သွားမလို့လဲ

ဒီထဲမှာ နည်းနည်းမွန်းကျပ်လာလို့ အပြင်ခဏထွက်ပြီး လေညင်းခံလိုက်ဦးမယ်

မင်းက အလကားကောင်ပဲ မင်းအသုံးမကျတာ တော်တော်သိသာတယ်

မင်း ဘာတွေပြောနေတာလဲ

ဘာ မသိချင်ယောင်ဆောင်နေတာလဲ

မင်းရဲ့ ဟိုရူးကြောင်ကြောင်အချစ်ဇာတ်လမ်းကို ပြောနေမှန်း သိသားနဲ့

အဲဒီကောင်မလေးဆီ သွားမလို့မဟုတ်ပါဘူး

- သူ ရည်းစားရသွားပြီ - သူ ရည်းစားရသွားပြီ

အခုအချိန်ဆို သူ့ရည်းစားနဲ့ အတူနေနေပြီ

တခြားလူတစ်ယောက်ရဲ့နာမည်ကိုတောင် ပါးစပ်က တမ်းတနေလောက်ပြီ

မင်းကိုတော့ စဉ်းတောင်စဉ်းစားမိမှာမဟုတ်ဘူး ထားလိုက်ပါတော့ကွာ

မင်းတို့အားလုံး ငါ့ကိုဒီအဓိပ္ပါယ်မရှိတာကို ပြောလိမ့်မယ်လို့ မထင်ထားဘူး

- အဲဒီမိန်းမက ပြဿနာမ - ငါအခု ဒီမှာရပ်နေပြီးတော့

မင်းတို့အားလုံးကို ပြောနေတယ်

ငါ အဲဒီကောင်မလေးကို သွားတွေ့မှာမဟုတ်ဘူး မသွားဘူးကွ

- နင် အဲဒီကောင်နဲ့ အတည်တွဲတာလား - ငါတို့က အတည်တွဲနေတာ

သေစမ်း

လာခဲ့ ဒီထဲကို

မင်းကောင်မလေး ဒီမှာမနေရဘူး

- အရေးမပါတာ ဘော်ဘီ - ငါ ဂရုမစိုက်ဘူး

အဲဒီကောင်မလေး ဒီအိမ်မှာ နောက်တစ်ည ထပ်မနေရဘူး

- အဲဒီတော့ သူ့ပစ္စည်းတွေ သိမ်းပြီး.. - ဒါကမင်းအိမ်လား

- ဒါက အိမ်ခြေယာမဲ့လက်ခံတဲ့ နေရာမဟုတ်ဘူး - မင်း မဟုတ်တာလာမလုပ်နဲ့ ဘော်ဘီ

- မင်း မလုပ်နဲ့ - ဟေ့ ဘော်ဘီ

ချစ် မင်းအပေါ်ပြန်တက်နေလိုက် ကိုယ်ရှင်းပေးမယ်

- နင် ဘာတွေဖြစ်နေတာလဲ - အပေါ်ပြန်တက်

သူငါ့ကိုအဲဒီလိုပြောတာ နင်ဘာလို့ ငြိမ်ခံနေလဲ

- အပေါ်တက် - ငါ စပိန်လိုပြောနေလို့လား

- ငါ စပိန်လိုပြောနေလို့လား - နင် ဘာဖြစ်ချင်တာလဲ

Yorumlar

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left