The Flash

The Flash

Burmese Altyazısını İndir

Sezon 3

Sürüm bilgisi

The Flash - Third Season (2016)
Şunun yorumuyla kikywebsite
The. Flash Season 3 Complete

Etiketler

other
Yayınlandı: 2017-11-15
İndirmeler: 49
İşitme Engelliler: No

Burmese altyazı önizlemesi

İlk 200 satır.

ပြီးခဲ့သောဇာတ်လမ်းအကျဉ်း

အမေသေတာကိုလက်ခံနိုင်ရုံပဲရှိသေးတယ်

ရှေ့ဆက်နိုင်ရုံပဲရှိသေးတယ်

အဖေ့ကို ငါ့ဆီကဆွဲထုတ်သွားတယ်

ငါ့အတွက်ငြိမ်းချမ်းမှုရှာဖွေဖို့လိုတယ်

နင်လုပ်စရာရှိတာကိုသာ လုပ်ပါ

ခင်ဗျား သူ့ကိုဘယ်တော့မှထပ်သတ်လို့မရဘူး

- ဘာမှမလုပ်ပါဘူး - မလာနဲ့

အန္တရာယ်ကင်းသွားပါပြီ

ဘ၀နဲ့ပတ်သက်ပြီး သိတာတစ်ခုပဲရှိတယ်

တချို့အရာတွေက မမျှော်လင့်ဘဲဖြစ်လာတယ်

ဒီနေ့က အဲဒီနေ့ပဲ

ဒီနေ့လုပ်ရမယ် သူ့ကိုစကားသွားပြော

သူမရောက်သေးဘူးလား

နောက်ပြီး တချို့အရာတွေကိုတော့ ကျွန်တော်တို့က တမင်လုပ်ယူတာပါ

ဟုတ်ပြီ လုပ်တော့

လုပ်မယ်

သူနဲ့အခုမှစကားပြောဖူးတာမှမဟုတ်ပါဘူး

စကားလုံးရွေးပြော

ချန်နယ် ၅၂ က ကြားဖြတ်သတင်းပါ

စင်ထရယ်စီးတီးက နောက်ဆုံးရသတင်းပါ

ရိုင်ဗယ်လို့လူတွေသိထားတဲ့

ပဟေဠိဆန်ဆန် သန္ဓေပြောင်းလူသားရာဇ၀တ်သားဟာ

သူ့ရဲ့အံ့မခန်းမြန်ဆန်တဲ့အရှိန်နဲ့ လူထုကိုခြိမ်းခြောက်လာပြန်ပါပြီ

အကူအညီလိုလား ဖလက်ရှ်

မလိုဘူး ဒီအရူးကိုရှင်းပြီးရင် သူတော့လိုလိမ့်မယ်

ငါ့မြို့ကို ဘာလို့နှောင့်ယှက်နေတာလဲ

မြို့က ဘာမှမဖြစ်ဘူး

မြို့ထဲကလူတွေကိုတော့ ပညာပေးဖို့လိုတယ်

နောက်ပြီး ငါကပြိုင်ဘက်မရှိဘူး

အထူးသဖြင့် မင်းကပြိုင်ဘက်မဟုတ်ဘူး

- ရရဲ့လား - အင်း ကျေးဇူးပဲ

ဒီကောင့်ကို မျက်စိနောက်လာပြီ

အဲဒီအတွက်မစိုးရိမ်ပါနဲ့

နောက်တစ်ခါဆိုဖမ်းမိပါပြီ ဖလက်ရှ်

တစ်ဆိတ်လောက်

ဟိုင်း တောင်းပန်ပါတယ် ဒါမင်းဟာလား

မင်းကျနေတာထင်လို့ပါ

ဒီနားလေးမှာကျနေတာ ဘယ်လိုဖြစ်လဲတော့မသိဘူး

ကျနေမှန်းတောင် ကျွန်မမသိဘူး

- ကျေးဇူးအများကြီးတင်ပါတယ် - အင်း အင်း ရပါတယ်

ကျွန်မ ရှင့်ကိုတွေ့ဖူးတယ်မဟုတ်လား

ငါတို့မူလတန်းကျောင်းအတူတူတက်ခဲ့တာပါ

မမှတ်မိဘူးလား ပီအက်စ် ၂၃ လေ

ဟုတ်တာပေါ့ ဟုတ်တယ် မှတ်မိပြီ

- ဂယ်ရီမဟုတ်လား - ဘယ်ရီပါ

- ဘယ်ရီ ဟုတ်သားပဲ - ဘယ်ရီအယ်လင်ပါ ရပါတယ်

- တောင်းပန်ပါတယ် - ရပါတယ်

အင်း ကျွန်မတို့ဆရာက

- မစ္စတာဟင်ကလီလေ သင်္ချာသင်တာ - ဟုတ်တယ်

အမြဲတမ်းကျောက်သင်ပုန်းကို

- လက်သီးနဲ့ထိုးတယ် - လက်သီးနဲ့ထိုးတယ်လေ

အဲဒီအခါကျရင် မြေဖြူမှုန့်တွေလွင့်လာရော

သူ့ပုံစံက

ပီးနတ်စ်ဇာတ်ကားထဲက ပစ်ပန်လိုပဲ

ဟုတ်တယ်

ဒါနဲ့ ရှင်အဆင်ပြေရဲ့လား

သိပ်ပြေတာပေါ့

မှုခင်းဆေးသိပ္ပံပညာရှင်လေ

စင်ထရယ်စီးတီးရဲတပ်ဖွဲ့မှာအလုပ်လုပ်တာ

ကျွန်မအဖေလည်း အဲဒီမှာလုပ်တာပဲ

- သူက စုံထောက်လေ - အင်း သူ့ကိုတစ်ခါတလေတွေ့ပါတယ်

သူ့ကိုတော့မသိပါဘူး ဒါပေမဲ့

- သွားရင်းလာရင်းတွေ့နေတာ - အင်း ဟုတ်တာပေါ့

ထပ်ပြီးကျေးဇူးတင်ပါတယ်

ဒီနေ့ ရှင်ကကျွန်မရဲ့လူစွမ်းကောင်းပဲ

မင်းကိုကူညီပေးနိုင်တာဝမ်းသာပါတယ်

ဒါနဲ့ ကော်ဖီမသောက်ချင်ဘူးလား

မင်းအခုကော်ဖီသောက်နေမှန်းသိပါတယ်

ငါပြောတာက နောက်တစ်ခါကျရင်ပေါ့

ငါနဲ့သောက်ဖို့ပါ ကော်ဖီမဟုတ်လည်းရပါတယ်

ဘာပဲသောက်သောက်ရပါတယ်

ဝိုင်တို့ ဘီယာတို့ပေါ့

မင်းကိုမူးစေချင်လို့မဟုတ်ဘူးနော်

လက်ဖက်ရည်အေးသောက်လို့ရတာပဲ လက်ဖက်ရည်အေးကြိုက်လား

ငါနဲ့လက်ဖက်ရည်အေးသောက်ချင်လား

- အင်း အင်းပါ - တကယ်လား

ရှင်နဲ့လက်ဖက်ရည်အေးသောက်ချင်ပါတယ်

- အင်းပါ - ဘယ်ရီအယ်လင်

ရှင်အရမ်းချစ်ဖို့ကောင်းတယ် သိလား

- အင်း - အင်း ဒါပေမဲ့

စကားကိုနည်းနည်းအရှိန်လျှော့ပြောပါလား

အရှိန်က

ငါ့အတွက် အမြဲပြဿနာပဲ

နောက်မှတွေ့မယ်

- ဘယ်လိုလဲ ဘယ်ရီ - ဟေး

ဒီနေ့ခင်းတော့ တက်ကြွနေပါလား

ရဲအုပ်ကြီးမန်းဒက်ဇ်

ကျွန်တော် ကောင်မလေးကို အပြင်ထွက်ဖို့ခေါ်တာ သူလက်ခံလိုက်တယ်

ဒီထက်ပျော်စရာကောင်းတာ ဘယ်ရှိမှာလဲ

ပျော်ဖို့အကောင်းဆုံးပဲ

အဲဒါလက်မထပ်ခင်အထိပါပဲကွာ

ကျွန်တော်တို့က အဲဒီအဆင့်ရောက်ဖို့ အများကြီးလိုပါသေးတယ်

ကောင်းတယ် ဒါဆိုရိုင်ဗယ်နဲ့ ပတ်သက်ပြီးတင်ပြဖို့

မင်းမှာအချိန်ရသေးတာပေါ့

ဘာမှထူးခြားတာမရှိသေးပါဘူး

သူ့ရဲ့တိုက်ခိုက်မှုတွေမှာ ဆံပင်နဲ့အသားစနမူနာတွေမကျန်ခဲ့ဘူး

ဒီလူဘယ်သူဆိုတာသိရဖို့ မဖြစ်နိုင်ဘူးပေါ့

ဖလက်ရှ်က သူ့ကိုဖမ်းပြီးတာနဲ့ သူဘယ်သူဆိုတာသိရမှာပါ

ဖလက်ရှ် မြန်မြန်လှုပ်ရှားမှဖြစ်မယ်

သေချာတာမဟုတ်ဘူး

ရပြီ

ဟုတ်ပါပြီ

စုံထောက်ဝက်စ်ကိုတွေ့မိကြလား

သက်သေ၀င်ယူနေတယ်ထင်တယ်

ဘယ်ရောက်နေမှန်းတော့မသိဘူး

တောင်းပန်ပါတယ်

ရဲအုပ်ကြီး ကျွန်တော်ဒီနေ့ စောပြန်လို့ရမလား

ကောင်မလေးနဲ့တွေ့ဖို့လား

သူငယ်ချင်းတစ်ယောက်နဲ့ ညစာစားဖို့ပါ

ဘယ်ရီ

ဒီတစ်ခေါက်တော့ သူ့ကိုသတ်လို့မရဘူး

ခင်ဗျား သူ့ကိုဘယ်တော့မှသတ်လို့မရဘူး

ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး

ခင်ဗျားကိုဘာမှမလုပ်ပါဘူး

အခုအန္တရာယ်ကင်းသွားပါပြီ

ညစာလာပြီ

အာလူးကွင်းကြော်ပါရင်ကောင်းမယ်

လူသားတွေက သုံးပတ်လောက် အစားမစားဘဲအသက်ရှင်နိုင်တယ်

ကျွန်တော်သာ ခင်ဗျားနေရာမှာဆိုရင် နည်းနည်းပိုပြီးဝမ်းသာမိမှာ

မင်းငါ့ကိုအဲဒီလိုလုပ်မှာ မဟုတ်ပါဘူး ဘယ်ရီ

မင်းက လူစွမ်းကောင်းပဲဟာ

ဒါမှမဟုတ် မေ့နေတာလား

ပြီးပြည့်စုံတဲ့ပြောင်းပြန်ကမ္ဘာမှာ ပျော်မွေ့ရင်းအလုပ်များနေတာလား

ပြောင်းပြန်လေ

မင်းအတွက်ဆန့်ကျင်ဘက်ပေါ့

ဒါကိုဘယ်လိုခေါ်ရင်ကောင်းမလဲ

ငါတို့အတွက် မင်းဖန်တီးပေးလိုက်တဲ့ ရဲရင့်တဲ့ကမ္ဘာသစ်လား

ငါကတော့

ဖလက်ရှ်ပွိုင့်လို့သတ်မှတ်တယ်

ခင်ဗျားမစားချင်ဘူးလား

မင်းဒီဖန်လှောင်အိမ်နဲ့ ငါ့အရှိန်ကို

လျော့အောင်လုပ်ထားနိုင်ပေမယ့် ငါဒီကထွက်ပြီး

မင်းဘ၀ကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ဖျက်ဆီးပြမယ် ဖလက်ရှ်

ဟင့်အင်း ခင်ဗျားလုပ်နိုင်မှာမဟုတ်ဘူး

ခင်ဗျားဒီကနေ ဘယ်တော့မှ ထွက်ရမှာမဟုတ်ဘူး

နောက်ပြီး ဘယ်သူ့ကိုမှလည်း ထိခိုက်အောင်မလုပ်နိုင်တော့ဘူး

ခင်ဗျား ကျွန်တော့်ဆီကယူသွားတာတွေ အားလုံးကိုပြန်ရလိုက်ပြီ

ဇွန်းမ်ယူသွားတာအားလုံး ပြန်ရလိုက်ပြီ

ကျွန်တော်လွတ်လပ်သွားပြီ

ကျွန်တော်အိမ်ပြန်ရောက်ပြီ

ဒါမင်းအိမ်မဟုတ်ဘူး ဘယ်ရီ

ဒါတံလျှပ်တစ်ခုပါ

ငါ့ကိုဒီထဲကထွက်ခွင့်မပေးရင်

နှစ်ယောက်လုံးကိုအဆုံးသတ်သွားစေမယ့် စိတ်ကူးယဉ်မှုတစ်ခုပဲ

ခင်ဗျားနားမလည်သေးဘူး ဒွန်

ကျွန်တော်က ဘာလို့ဒီကထွက်သွားချင်မှာလဲ

ကျွန်တော်က ဒီမှာပြီးပြည့်စုံတယ်

ဖလက်ရှ်တစ်ယောက်လည်းရှိတော့ ကျွန်တော်လုပ်စရာမလိုဘူး

အဲဒီလျင်မြန်လူသားက ဘယ်သူမှန်းသိလား

မင်းသိလား ဂရုကောစိုက်လို့လား

မင်းက အချိန်ဖြုန်းရင်း

လမ်းပျောက်နေတဲ့အထီးကျန်ကောင်လေးလို ပုန်းရှောင်နေပြီး

တခြားလူတွေက မြို့ကို

အသက်နဲ့ရင်းကာကွယ်နေရချိန်မှာ

ငါတို့ဘုံရန်သူက ငါတို့ဆီလာနေပြီ

အဲဒီဘုံရန်သူက ဘာလဲ

အချိန်

မင်းကိုရော မင်းချစ်တဲ့သူတွေကိုပါ

ဒုက္ခပေးနေပြီ

သိပ်မကြာခင်မှာ မင်းနဲ့အတူ ငါ့ကိုပါခေါ်သွားတော့မှာ

ခင်ဗျားသိလား

ခင်ဗျားက မျက်နှာပြောင်သားပဲ

ဒါတော့ လေးစားတယ်

သူများတွေရဲ့ဘ၀ကို မဖျက်ဆီးဖို့ ကျွန်တော့်ကိုသတိပေးတယ်ပေါ့

ကျွန်တော် ဒါကိုလုပ်ခဲ့တဲ့အကြောင်းရင်းက

ခင်ဗျား ကျွန်တော့်ဘ၀ကို ဖျက်ဆီးခဲ့လို့လေ

ကျွန်တော့်မိသားစုကို

ကျွန်တော့်အမေကို

ဟုတ်ပါပြီ တစ်နေ့နေ့ သိပ်မကြာခင်ပေါ့ ဘယ်ရီ

သူ့ကိုထပ်သတ်ပေးဖို့ မင်းငါ့ကိုတောင်းပန်လာလိမ့်မယ်

- ဒါလေးကိုင်ထားပေးပါလား - ရတာပေါ့

ကားက အသံတွေမြည်နေလို့ ရှင့်ကိုပြောချင်နေတာ

တချွင်ချွင်နဲ့ဆူညံနေတာပဲ

- ရှင်မောင်းမလား - မင်းသဘောပဲ

- ဟေး လူကြမ်းလေး - ငါ့သားလေးလာပြီ

အားလုံးအဆင်ပြေရဲ့လား

ပြေပါတယ်

အားလုံးအဆင်ပြေတယ်

- မင်္ဂလာနံနက်ခင်းပါ - မင်္ဂလာနံနက်ခင်းပါ ဘယ်ရီ

မင်္ဂလာနံနက်ခင်းပါ

စားကောင်းမယ့်ပုံပဲ

ဟေး

- ဘယ်လိုဖြစ်တာလဲ - ဘာဖြစ်လို့လဲ

အခုတလော အကြာကြီးနေပြီးမှ ပြန်တွေ့ရသလိုပဲ

အမေ့ကိုမနက်တိုင်းဖက်နေပါလား

အမေမလုပ်စေချင်ရင် မလုပ်တော့ပါဘူး

မဟုတ်ပါဘူး အမေသဘောကျတယ်

ဘယ်ရီ အမေပြောစရာရှိတယ်

အရင်အပတ်တွေတုန်းက သက်ကြီးရွယ်အို လင်မယားကို အိမ်တစ်လုံးရောင်းလိုက်တယ်

မြေအောက်ထပ်အခန်းပါ

ဒီမနက်အီးမေးလ်ပို့တယ်

အဲဒီအခန်းကိုငှားချင်တယ်တဲ့

- ကောင်းတာပေါ့ - ဈေးသက်သာတယ်

သားကိုအိမ်ခွဲနေခိုင်းတာလား

မဟုတ်ပါဘူး သားရယ်

သားမှာ ရည်စားထားဖို့ စဉ်းစားထားတာမရှိဘူးလားလို့ပါ

အမေတို့ကိုပြောဖို့မေ့နေတာ

ဂျစ်တာကော်ဖီဆိုင်မှာ သားတွေ့ခဲ့တဲ့ကောင်မလေးလေ

ပြီးခဲ့တဲ့သုံးလလုံး နောက်ယောင်ခံလိုက်နေတဲ့ကောင်မလေးလား

Yorumlar

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left