প্রথম 200টি লাইন।
ဒီပရိုဂရမ်ကို ဇာတ်ညွှန်းရေးသူရဲ့
ပွဲဦးထွက် ပရိုဂရမ်အနေနဲ့ ဖန်တီးထားတာဖြစ်ပါတယ်
အမ်စီအက်စ်တီနဲ့ ကေအိုစီစီအေမှ စပွန်ဆာပေးထားပါတယ်
ကျွန်မဟာကျွန်မ ဘာလို့သေလို့မရတာလဲ ကျွန်မကို လွှတ်ထားစမ်းပါ
ကျွန်မမှာအသက်ရှင်စရာ အကြောင်းမရှိဘူး
ဒေါက်တာ
- ကျွန်မ မရှင်ချင်ဘူး - ဒီကျောင်းသူက သူ့ဟာသူဖဲကြိုးနဲ့
ဆွဲကြိုးချသေလို့ ဒါပေမဲ့ ကြိုးပြတ်သွားပြီးတော့
ကြမ်းပြင်ပေါ်မှာလဲနေတာကို သူ့အစ်မကတွေ့တာ
အသက်ရှူနှုန်းနဲ့ သွေးခုန်နှုန်း ငြိမ်တယ် ဘယ်ခြေချင်းဝတ်မှာ အရိုးအက်သွားတယ်
တော်ကြပါတော့ ကျွန်မမရှင်ချင်ဘူး
ကြိုးခုန်တဲ့ကြိုးကို ဘာလို့မသုံးလဲ
ဒါဆိုပြတ်သွားမှာမဟုတ်ဘူး သေချာပေါက်သေသွားမှာပဲ
ဓာတ်မှန်အရင်ရိုက်လိုက်ပါ
သူဘာလုပ်နေတာလဲ
မြန်မြန်လုပ်
ကျွန်မတခြားနေရာသွားချင်တယ်
အပိုင်း ၁
မင်းကံကောင်းလို့ မခွဲစိတ်ရတာ
နာတဲ့နေရာရှိလား
နာတယ်
မင်းပဲသေချင်တယ်ဆိုပြီးတော့ နာတယ်ဟုတ်လား
ကျွန်မလည်း တကယ်သေချင်လို့ လုပ်တာမှမဟုတ်တာ
ကျွန်မလွတ်မြောက်ချင်လို့ပါ
သူတို့မရှိတဲ့နေရာဆိုရင် ဘယ်နေရာပဲဖြစ်ဖြစ် ရတယ်လို့တွေးခဲ့တာ
ရောင်တာကျသွားရင် မင်းကျောက်ပတ်တီးစည်းရမယ်
ဒါကြောင့် ဒီနေ့ဒီမှာနေပြီး အိမ်ပြန်လို့ရပြီ
ငါဒါကိုတစ်ယောက်ဆီက ကြားခဲ့တာ
မင်းမှာရန်ဖြစ်လို့ရတဲ့ လူတစ်ယောက် ရှိတာက အမြဲပိုကောင်းတယ်တဲ့
ဘာပဲဖြစ်ဖြစ် ဒါကသေတာထက်ပိုလွယ်တယ်တဲ့
ဘယ်သူပြောခဲ့တာလဲ
ငါသိတဲ့ ထူးဆန်းတဲ့တစ်ယောက်ပေါ့
တံခါးပိတ်ပါပြီ
ကျွန်တော် ထူးဆန်းတဲ့ကောင်မလေးကို ပထမဆုံးတွေ့တာက
ကျွန်တော်အသက် ၁၈ နှစ်တုန်းက
အထက်တန်း ဒုတိယနှစ်မှာပေါ့
တိတ်တိတ်နေကြ
တိတ်တိတ်နေကြ
ဒီနေ့သူငယ်ချင်းအသစ်တစ်ယောက်ရောက်တယ်
ကိုယ့်ဟာကိုယ်မိတ်ဆက်လိုက်
ငါက နောက်ကျောကိုဓားနဲ့ထိုးတတ်တယ် နင်တို့ငါ့ကို ရှောင်သင့်တယ်
ကြောက်စရာကြီး
မင်းတို့အားလုံး နောက်အပတ်မှာ စာမေးပွဲရှိတာ သိတယ်နော်
ကျွန်တော် အစကတည်းက နားလည်ခဲ့တယ်
သူက ပုံမှန်ကောင်မလေး မဟုတ်ဘူးဆိုတာကိုပေါ့
ဒါပေမဲ့ အဲဒီအချိန်ကတော့ ကျွန်တော်လည်း ပုံမှန်ကောင်လေးမဟုတ်ဘူး
အဲဒီအချိန်က ကျွန်တော့်မှာ ကိုယ်ပိုင်စတိုင်ရှိတယ်
ကျောင်းစာကလွဲလို့ ဘာမှစိတ်မဝင်စားခဲ့ဘူးလေ
ဆရာ
စာသင်တာက သက်လုံကောင်းဖို့ လိုတယ်ဆိုတော့
ကျောင်းအားလပ်ချိန်မှာ အရမ်းကို ထိရောက်တဲ့လေ့ကျင့်ခန်းလုပ်ခဲ့တယ်
တချို့က ကျွန်တော့်ကို သူတို့အတွက် ပေါင်မုန့်ဝယ်ပေးတာလို့ အထင်မှားခဲ့တယ်
ဒါပေမဲ့ ဒါကတကယ်ကို အရမ်းထိရောက်တဲ့ လေ့ကျင့်ခန်းလုပ်တာပါ
ဘုန်းကြီးဘော့ဂျောင်းကို လေးစားတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက်
ကျွန်တော်ပိုင်ဆိုင်မှုမရှိတဲ့ဘဝကို နေချင်ခဲ့တယ်
ကျွန်တော့်မှာရှိတာတွေကို ချို့တဲ့တဲ့ သူငယ်ချင်းတွေကို ဝေမျှပေးခဲ့တယ်
ဒါကြောင့် သူတို့ကျွန်တော့်ကို ခြေနဲ့ပြန်နှိပ်ပေးခဲ့ကြတယ်
အဲဒါက ကြွက်သားအတွက် ကောင်းတယ်လေ
အားလုံးပေါက်ကရတွေချည်းပဲ
ငါ..
ထပ်သည်းမခံနိုင်တော့ဘူး
သူတို့က အားနည်းတဲ့သူကို အနိုင်ကျင့်ပြီး အပျော်ရှာနေကြတယ်
ဒါက လူသားမဆန်တဲ့ မသင့်လျော်တဲ့ အီလက်ထရွန်နစ်ခေတ်ရဲ့ အကျိုးဆက်တွေပဲ
ဒီမကောင်းတဲ့လူ့အဖွဲ့အစည်းမှာ ငါထပ်မနေချင်တော့ဘူး
အဲဒီအစား ငါ..
ဖာသာမိုက်ကယ်က ကျွန်တော့်အသုဘကို ကျင်းပပေးပါ
ကျွန်တော့်ရဲ့နောက်ဆုံးချိန်ကို ကျွန်တော် လေးစားတဲ့သူကို အပ်ထားခဲ့ချင်တယ်
ဓမ္မဟောင်းကျမ်းလာ အခန်း ၂၃ အပိုဒ်ခွဲ
၁၀ ပါ ဖန်ဆင်းရှင်က ကျွန်ုပ်ရဲ့လမ်းပြဖြစ်..
နင်ဘာလုပ်နေတာလဲ
အော်ဂင်သီချင်းအတွက်တော့ အယ်လ်တန်ဂျွန်က မင်းသမီးဒိုင်ယာနာအတွက်
တီးပေးတဲ့သီချင်းကို တီးပေးစေချင်တယ်
ကျွန်တော့်အသုဘမှာလှူတဲ့ပိုက်ဆံအားလုံးကို အစိုးရမဟုတ်တဲ့အဖွဲ့အစည်းကို လှူပေးပါ
ကျွန်တော် လှူရမယ့်နေရာတချို့ ရွေးထားပြီးပြီ
အယုံကြည်ရဆုံးအဖွဲ့အစည်းကို လှူပေးပါ
ကျွန်တော်သေတာက ကောင်းတာတစ်ခုခုမှာ အကူအညီဖြစ်ပါစေလို့ မျှော်လင့်ပါတယ်
နင်ရူးနေတာပဲ
နင့်မှာ ကြိုးခုန်တဲ့ကြိုးမရှိဘူးလား
အဲဒီကြိုးက မပြတ်ဘူး
အရူးကောင်
နင်ကောင်းတာတစ်ခုခုမှာ ကူညီချင်တယ်ဆိုရင်
သူများလှူတဲ့ပိုက်ဆံကို မသုံးသင့်ဘူး
နင်ရှာထားတဲ့ပိုက်ဆံကို လှူရမှာ
နင်မရှက်ဘူးလား
ဒါနဲ့နင် ညစ်ညမ်းကားတွေ ဖျက်ပြီးပြီလား
နင့်ကွန်ပြူတာဓာတ်ပြားကို ဖျက်ကိုဖျက်ရမှာ
နင်မဖျက်ဘဲ သေမလို့လား
နင့်မဂ္ဂဇင်းတွေရော
မီးရှို့ပြီးပြီလား
တုံးလိုက်တာ
ရက်နည်းနည်းကြာတော့ ကျွန်တော်နောင်တရခဲ့တယ်
ညစ်ညမ်းကားပဲဖြစ်ဖြစ် ကွန်ပြူတာဒေတာကိုဖျက်တာပဲဖြစ်ဖြစ်
ကျွန်တော်အဲဒီနေ့ကသေခဲ့ရမှာ
နင်ညစ်ညမ်းကားဖျက်ပြီးပြီလား
ဘာလို့လဲ နင်သေချင်ပြန်ပြီလား
ကျွန်တော်တို့ထပ်တွေ့ခဲ့တယ်
ခေါင်မိုးဘောင်အပေါ် စင်တီမီတာ ၃၀ လောက်မှာပေါ့
တစ်လှမ်းလှမ်းလိုက်တာနဲ့ ကျသွားနိုင်တယ်
နင်ဘာကိုဖုံးဖို့ကြိုးစားနေတာလဲ မြင်ပြီးပြီပဲကို
နင်ဘာလုပ်တာလဲ အန္တရာယ်များတယ် ငါ့ဆီမလာနဲ့
နင်က ငကြောက်ပဲ
ဒီတစ်ကြိမ်တော့ နင်ကွန်ပြူတာကို ဖျက်ပြီးပြီထင်တယ်
နင်မရှက်ဘူးလား
ငါသာနင်ဆိုရင် သေဖို့ရွေးမှာမဟုတ်ဘူး ငါပြန်ပဲတိုက်မှာ
နင်ဒါကိုသိသင့်တယ်
နင့်မှာရန်ဖြစ်ဖို့တစ်ယောက်ယောက်ရှိတာကို နင်ကျေးဇူးတင်ရမှာ
နင်အဲဒါအတွက် အသက်ရှင်လို့ရတယ်
ဘယ်သူကဒီလိုလုပ်ချင်မှာလဲ
ငါလည်းမသေချင်ဘူး ငါရှင်ချင်တာပေါ့
ငါအသက်ရှင်ချင်တယ် ငါ့မှာလုပ်ချင်တာတွေအများကြီးရှိတယ်
နင်ဘာမှမသိဘဲနဲ့ အားလုံးသိတဲ့ပုံလုပ်မနေနဲ့
အတန်းကနေ ကန်တင်းကို ၃ မိနစ်အတွင်း အသွားအပြန်လုပ်ရတာ
ဘယ်လောက်ခက်လဲ နင်သိလား
ခရင်မ်ပေါင်မုန့်တွေ ဘယ်လောက်မြန်မြန် ရောင်းကုန်လဲ နင်သိလား
တစ်ခါတလေ ဒုတိယချိန်မပြီးခင် ရောင်းကုန်သွားတယ်
အဲဒီကောင်တွေက ဘာလို့ခရင်မ်ပေါင်မုန့်ပဲ ကြိုက်တာလဲ
သူတို့က ခရင်မ်ပေါင်မုန့်ပဲ ဝယ်ခိုင်းတယ်
ဒါကြောင့် သူဝလာတာ
သူပိုသန်မာလာတာ ဒါကြောင့် ငါ့ကိုရိုက်ရင် အရမ်းနာတယ်
ခရင်မ်ပေါင်မုန့်တွေ ရောင်းကုန်သွားရင်
ငါကျောင်းအပြင်ထွက်ပြီး သွားဝယ်ပေးရတယ်
ဒါဆိုရင် ၃ မိနစ်ထက်ပိုကြာတယ် အဲဒီလိုဖြစ်ရင် သူတို့ငါ့ကို ထပ်ရိုက်တယ်
ငါ့မိဘတွေရှေ့မှာ ဘာမှမဖြစ်သလို ဟန်ဆောင်နေခဲ့တာ
အဲဒီလိုဟန်ဆောင်ရင် ဘယ်လိုခံစားရလဲ နင်သိလား
သူတို့ မသိပါစေနဲ့လို့ မျှော်လင့်ပေမယ့်
တခြားဘက်မှာတော့ ငါတို့ရဲ့ အလိုက်အထိုက်နေတဲ့ဆရာကို မုန်းတယ်
သူဘာမှမလုပ်ပေးဘူး ငါသူ့ဆံပင်အားလုံးကို ဆွဲနှုတ်ပစ်ချင်တယ်
ငါ့မိဘတောင် ငါဘယ်လိုခံစားရလဲ မသိဘူး
နင်ကဘာသိမှာလဲ
ဘာလဲ
ဘာလို့လဲ
ကောင်းပြီလေ
ငါသူတို့ကို နင့်ထက်ပိုအရှက်ရအောင် လုပ်ပေးမယ်
နင်မလိုက်ဘူးလား
နင်အသက်ရှင်နေသေးရင် နင်ပြေးလို့ရတယ်
နင်သေသွားရင် ပြေးလို့တောင် မရတော့ဘူး
ငါ့နောက်လိုက်ခဲ့ အရူးကောင်
ဘာလဲ နင်ငါ့ကို ကြိုက်လို့လား
မျက်လုံးမှိတ်ထား
နမ်းပါ နမ်းပါ
ပြေးတော့
ကျွန်တော် အဲဒီနေ့မှာ နားလည်ခဲ့တယ်
ကျွန်တော့်ရင်ထဲမှာ ဗုံတစ်လုံးရှိတယ်ဆိုတာကိုပေါ့
ကျွန်တော်သူ့ကို မနက်မှာ မြင်ရတိုင်း အချိန်ခဏရပ်ပါစေလို့ ဆုတောင်းခဲ့တယ်
ဟန်နာဘီ
ကျွန်တော့်ရဲ့အသက်သခင်ကျေးဇူးရှင်ကို ကျေးဇူးဆပ်ခဲ့တယ်
အကြမ်းဖက်မှုနဲ့ပေါ့
အပေါ်ကိုကြည့် ဘယ်သူပစ်လိုက်တယ် ထင်လဲ
- ငါမဟုတ်ဘူး - ကြည့်
ထပ်လုပ်လိုက်ဦး
ငတုံးကောင်
အဲဒါဖြစ်ပြီး ၃ ရက်အကြာ တနင်္လာနေ့မနက်မှာ
- အမှန်ပဲ - ဟုတ်တယ် အမှန်ပဲ
ငါပြောသားပဲ
ငါဆရာ့အခန်းကို သန့်ရှင်းရေး လုပ်နေတုန်း သေချာကြားခဲ့တာ
- ဒါကြောင့် ဆရာအားလုံးကို ခေါ်လိုက်တာကိုး - ဟုတ်တယ်
- ဘာလို့လဲ - သူတို့ဘယ်လိုသိတာလဲ
ဟန်နာဘီကထူးဆန်းပေမယ့် သူတကယ် ကိုယ့်ဟာကိုယ် သတ်သေဖို့လိုလို့လား
အဲဒါပြောတာပေါ့
ဟန်နာဘီသေသွားခဲ့တယ်
သူကျွန်တော့်ကို အသက်ရှင်ဖို့ပြောပြီးတော့
သူသေသွားတယ်
ပြော
ကျွန်တော်မလာဘူးလို့ပြောသားပဲ
ငါကနင်မလုပ်ရဲလောက်ဘူးထင်လို့ပေါ့ သူကအရူးလင်းရဲ့ တူမလို့ပြောခဲ့တယ်လေ
နင်ငါ့ကို နေရခက်အောင် မလုပ်ချင်ရင်
နင်သူ့ဆီမသွားဘဲ နေမှာမဟုတ်ဘူးလို့ ထင်ခဲ့တာ
ကျွန်တော်အစ်မကို အိမ်ထောင်ဖက်တွေ့ဖို့ မစီစဉ်ခိုင်းခဲ့ဘူးလေ
အစ်မက ကျွန်တော်တို့ ၂ ယောက်လုံးကို နေရခက်အောင်လုပ်နေတာ
ကျွန်တော်ကောင်မလေး မလိုဘူးလို့ ပြောခဲ့တယ်လေ
ဒါဆို နင်ကောင်လေးလိုချင်တာလား
ချစ်ဖို့ကောင်းတဲ့ဂျူနီယာတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်လေ
နင်ကောင်လေးလည်း မလိုချင်ဘူးလား ဟန်နာဘီကြောင့်လား
အစ်မဘာပြောနေတာလဲ
ဒီကိစ္စမှာ ဘာလို့သူ့နာမည်ပါလာတာလဲ သူက အစ်မနဲ့ဘာဆိုင်လို့လဲ
ငါဘယ်လိုသိမှာလဲ နင်ပဲသိမှာကို
နင်မူးလာရင် အမြဲသူ့ကို မေးတယ်လို့ ငါကြားတယ် မဟုတ်ဘူးလား
မဟုတ်ဘူး
မဟုတ်တာမပြောနဲ့ ကျွန်တော် ခွဲစိတ်ခန်းဝင်ရတော့မယ်
အမှန်ပဲလေ
မင်း မူးတိုင်း ဟန်နာဘီကို မေးတာပဲလေ
မင်းဘာပြောနေတာလဲ ငါသူ့အကြောင်းမတွေးဘူး
ငါသူ့ကို သနားတာပဲ ရှိတာ
တစ်ခါတလေ အချိန်ကျလာရင်
ငါသူ့ကို အရင်ကသိခဲ့ဖူးတဲ့ လူတစ်ယောက်လို မှတ်မိတာလောက်ပဲ
အေးပါ ငါသိပြီ
ဒါပေမဲ့ ဟန်နာဘီက မင်းအတွက် သူရဲကောင်းဖြစ်နိုင်တယ်
ခဏလေးပေမယ့် ခိုင်မာတဲ့ မှတ်ဉာဏ်က စွဲနေတတ်တယ်လေ
အဲဒါနဲ့ပတ်သက်ရင် မင်းမှာလည်း တာဝန်နည်းနည်းရှိတယ်ဆိုတာ သိမှာပေါ့
မင်းအဲဒါကို မေ့လိုက်လို့မရဘူးလား
- ငါဘယ်လိုမေ့မှာလဲ - အေးပါ
အထက်တန်းမှာ ကျွန်တော့်ကို ဒုက္ခရောက်အောင် လုပ်ခဲ့တာ သူပဲလေ
မင်း သမိုင်းအိမ်စာပြီးသွားပြီလား
- ငါကြည့်လို့ရမလား လုပ်ပါ - မင်းဟာမင်းလုပ်ပါလား
မင်းကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်ဖြေနေရဦးမယ်
ငါသိပြီ မင်းစာအုပ်ကို နည်းနည်းလောက် ပြလို့မရဘူးလား
- မင်းမှာစာအုပ်တောင်မရှိဘူးလား - မရှိဘူး
အဲဒီအချိန်က ကျွန်တော်တွေးမိတယ်
စာအုပ် ၁၂ အုပ်ထဲမှာ ဘာလို့ အထူဆုံးနဲ့ အလေးဆုံးစာအုပ်ကို
ထောင့်နဲ့ကွက်တိကျပြီး
No comments yet. Be the first to leave one.