প্রথম 200টি লাইন।
မြန်မာနိုင်ငံ ၁၉၈၈ ခုနှစ် သြဂုတ်လ
ဖြစ်ရပ်မှန်ကို မှီငြမ်းရိုက်ကူးသည်
ဒီခရီးထွက်ဖို့က အန်ဒီ့အကြံပါ
ကျွန်မအစ်မရဲ့စကားဆို ငြင်းမယ့်အစား လက်ခံလိုက်တာက
ပိုစိတ်ချမ်းသာရမှာ
သူက ကူညီဖို့ကြိုးစားတာပါ
ဆန်းပြားတဲ့အရှေ့တိုင်းရဲ့ အငွေ့အသက်အောက်မှာ
ဖြစ်ခဲ့သမျှတွေ မေ့သွားမယ်လို့ ထင်ထားခဲ့တာ
ဒါပေမဲ့ မမေ့နိုင်ခဲ့ဘူး
ဘယ်ကိုပဲကြည့်ကြည့် ကျွန်မဘဝပျက်သုံဉ်းသွားတဲ့အချိန်ကိုပဲ
မြင်ယောင်နေမိတယ်
ဒန်နီ
ဘုရားသခင်
ဒါပေမဲ့ ကျုပ်တို့တွေ လူအဖြစ် ပြန်မွေးဖွားလာဖို့က ခက်ခဲပါတယ်
သတိထားပြီးတက်ကြပါ ချော်ကျမယ်
ဟုတ်ပြီ
ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ တွယ်တာမှုကင်းပြတ်ဖို့အတွက်
ဒုက္ခဝေဒနာကို သည်းခံလာနိုင်တာဟာ မဟာအောင်မြင်ခြင်းပဲ
ဒီမှာကြည့်ကြပါဦး
အံ့သြဖို့ကောင်းတယ် မဟုတ်လား
ကြည့်ပါဦး
လျောင်းတော်မူရုပ်ပွားတော်ဟာ ဗုဒ္ဓပရိနိဗ္ဗာန်မပြုမီ
လောကရဲ့နှောင်ကြိုးအားလုံးကို ဖြတ်တောက်နေပုံကို ထုလုပ်ထားတာ
အဲဒါကြောင့် နှစ်နှစ်ခြိုက်ခြိုက် ပြုံးတော်မူဟန် ထုလုပ်ထားတာ
အရှေ့တိုင်းမှာ ကျွန်မရဲ့သောကတွေအတွက်
အဖြေတစ်ခုခုရမယ်ထင်ထားတာ
ဒီကျောက်သားရုပ်ပွားတော်ရဲ့ မျက်နှာကိုကြည့်တဲ့အခါ
ကျွန်မစိတ်မှာ ဘာမှနိုးကြားမလာဘူး
ကျွန်မကိုယ်တိုင် ကျောက်သားဆိုင်ဖြစ်နေပြီ
ကမ္ဘာမှာနာမည်ကြီးချင်ရင် အကြီးကြီးဖြစ်အောင်လုပ်ရတာ ထုံးစံပဲလေ
ဒီမှာကြည့်ကြပါ
ဗုဒ္ဓဘာသာဝင်တွေက ဝိညာဉ်ဆိုတာကို မယုံကြပေမယ့်
ဗုဒ္ဓရဲ့ခြေဖဝါးတော်ကိုတော့ တစ်မျိုးယူဆကြတယ်
ဒီရုပ်ပုံတွေကို သေသေချာချာကြည့်ပါ အမျိုးသမီးတို့
ဗုဒ္ဓရဲ့ဘဝဖြစ်စဉ်ကို သရုပ်ဖော်ထားရုံမကဘဲ..
အန်ဒီ
အိတ်ခဏယူထား
အန်ဒီ
သူ့ကိုမရွှေ့နဲ့
- သူ့နာမည်ဘယ်သူလဲ - ဂေး
ပြင်သစ်လိုပြောတတ်လား
- ဂေးလား - ဂေး
ကျွန်မက ဆရာဝန်ပါ စိတ်မပူပါနဲ့
ဘယ်နားထိသွားလဲ ဘယ်နားနာလဲပြောပါ
- ဒီနားလား - တော်သေးတာပေါ့
ဟုတ်ပြီ သူ့ကိုထူပေးထား ၂ နာရီလောက်စောင့်ကြည့်ပေးပါ
သူအန်တယ် ခေါင်းမူးတယ်ဆိုရင် ဆေးရုံကိုပို့ပေးပါ
မမေ့နဲ့နော် ၈ နာရီ မန္တလေးခန်းမကိုလာခဲ့ကြ
ထိုင်းနိုင်ငံရဲ့ ဗိသုကာလက်ရာတွေကို
ပုံတွေနဲ့တကွကြိုပြီး မိတ်ဆက်ပေးမယ်
ဓာတ်ပုံတွေအများကြီးပြမယ်
ကျွန်မတို့အခန်းသော့ပေးပါ
အဲဒီဖုန်းနံပါတ်ကို ထပ်ဆက်ပေးပါလား
ဒီတိုင်းပြည်ကို ငါတို့အုပ်ချုပ်တုန်းက ဒီလိုမဖြစ်ဘူး
- ကျွန်မအခန်းသော့ပေးပါ - ဒီမှာရှင့်
- ၇ ရက်ပဲနေရတာ အကြာကြီးလို့ထင်ရတယ် - ဒီမှာရှင့်
- ကျွန်မသော့ - ဒီမှာ
တစ်ဆိတ်လောက်ရှင်
ဒီနေ့ ဘုရားရုပ်ထုပေါ်က ဟိုကလေးပြုတ်ကျတာ အံ့ပါရဲ့
သူ့အမေက ဘယ်သွားနေလို့လဲ
ဒီခရီးထွက်လာခဲ့ကြတာ မှားတယ်ထင်တယ်
ဟုတ်တယ် မှားတယ်
နင်စိတ်အပြောင်းအလဲ မဖြစ်ဘူးမဟုတ်လား
ဖြစ်ပါတယ်
တကယ် စိတ်အပြောင်းအလဲဖြစ်တယ်
နင်တကယ်မဖြစ်ပါဘူး
ငါ့အသားရေတွေ ခြောက်ကပ်ကုန်ပြီ
နင်ဒီစကားမျိုးမကြားချင်မှန်း သိပေမယ့်
အလုပ်ပြန်လုပ်တာ နင့်အတွက် အကောင်းဆုံးလို့ထင်တယ်
ငါအရင်ကတည်းက အလုပ်မလုပ်ခဲ့သင့်ပါဘူး
ဘာကြောင့်လဲ
အဲဒီအချိန်မှာ ငါ နစ်နဲ့ရှိနေခဲ့ရမှာ
ငါ့သားလေးနဲ့ရောပေါ့
ဒါပေမဲ့ နင့်အတွက် ငါတို့သိပ်ဂုဏ်ယူပါတယ်
အထူးသဖြင့် နစ်ပေါ့
သူက နင့်ကိုဆရာဝန်ဖြစ်စေချင်တာ
အခုကော သူဘာဖြစ်စေချင်မယ်ထင်လဲ
ငါသိပါတယ်
ငါစိတ်မကောင်းပါဘူး
ဒီအကြောင်းတွေ ဒီခရီးမှာ မပြောပါဘူးလို့ ငါကတိပေးခဲ့မိတာ
အခုတော့ ပြောမိပြီ
အဲဒီတော့..
ဒန်နီ
ဒန်နီ
ရပ်ပါတော့ ကြောက်ပါပြီ
ရပ်လိုက်မှာကြောက်တယ်လို့ ပြောတာလား
ဘုရားရေ ဘာဖြစ်တာလဲ
ဘာမှမဖြစ်ပါဘူး ပြန်အိပ်ပါ
ဒီမှာဘာလာလုပ်နေတာလဲ မင်းက အမေရိကန်လား
မင်းကအမေရိကန်လား
ဟုတ်တယ်
အောင်ဆန်းစုကြည် အောင်ဆန်းစုကြည်
အမေရိကန်လား ရှင်က အမေရိကန်လား
ဟုတ်ပါတယ်
အမေရိကန်ဆိုတော့ အောင်ဆန်းစုကြည်ကိုသိလား
ကျွန်မ မသိပါဘူး
သူက သိပ်ကျော်ကြားတယ်
- သူက သိပ်လှတယ်နော် - သူက ဒီမိုကရေစီရအောင်ယူပေးမှာ
လာပါ ဒီပေါ်ကိုလာ ဒီပေါ်မှာကောင်းကောင်းမြင်ရတယ် လာ
သူဘယ်မှာလဲ
ဟိုမှာကြည့် သူလာနေပြီ
အောင်ဆန်းစုကြည် အောင်ဆန်းစုကြည်
သမီးလေး
အောင်ဆန်းစုကြည် အောင်ဆန်းစုကြည်
ဘာလဲ ဘာတွေဖြစ်နေတာလဲ
နင်ဘယ်ကိုသွားနေတာလဲ
ခင်ဗျားအန္တရာယ်တောထဲ ဝင်သွားတယ်လို့
ဒီလူတွေက ပြောနေကြတယ်
ညဘက်ဆို လူဆိုးသူခိုးတွေပေါတယ်
- နင်ရဲခေါ်လိုက်တယ်ပေါ့လေ - ဒါရယ်စရာမဟုတ်ဘူး
ဗိုလ်မှူးကပြောတယ် ဒီနိုင်ငံရဲ့ဥပဒေက အမေရိကန်တွေပေါ် မသက်ရောက်ဘူးလို့ထင်နေကြတယ်
ဒါပေမဲ့ သက်ရောက်တယ်တဲ့
ရှင် ညမထွက်ရအမိန့်ကို ချိုးဖောက်ခဲ့တာ
ရှင်ထောင်ကျသွားနိုင်တယ်
ဟုတ်လား သူ့ကိုပြောစမ်းပါ ရှင်တို့နိုင်ငံမှာ ယောက်ျားတွေက
မိန်းမတွေကို သေနတ်နဲ့ချိန်တာကလည်း ပစ်မှုမမြောက်ဘူးလား
ပြောလေ
ကျွန်မညီမအတွက် တောင်းပန်ပါတယ် သူကရိုင်းပျချင်လို့ မဟုတ်ပါဘူး
စိတ်မပူပါနဲ့ မနက် ၈ နာရီဆို ကျုပ်တို့ဘန်ကောက်ကိုသွားမှာပါ
ကျုပ်တို့ပြဿနာထပ်ရှာချင်ရင်တောင် မရှာနိုင်ပါဘူး
- ရှင်သွားလို့ရပြီ - သွားလေ သွား
အခုလိုဂရုစိုက်ပေးတာ ကျေးဇူးပါ ကျုပ်တို့အဆင်ပြေသွားပါပြီ
ညသန်းခေါင်ကြီး လာပေးကြရတာ ခွင့်လွှတ်ပါ
ခင်ဗျားညီမက ဘာဖြစ်နေတာလဲ
သူ့ယောက်ျားနဲ့သား အသတ်ခံရတာ သေနတ်နဲ့ပစ်ခံရတာ
၂ ယောက်လုံးသေပြီ
ဘုရားရေ ကျုပ်မသိခဲ့ဘူး
သူ့မှာအိမ်ထောင်မရှိဘူးလို့ပဲ ကျုပ်ကိုပြောတာ
တကယ်လည်း အိမ်ထောင် မရှိတော့ဘူးလေ
ဒီထဲမှာပဲရှိမှာပါ
မရှိပါဘူး
နင်မနေ့ညက အပြင်ထွက်တုန်းက နိုင်ငံကူးလက်မှတ်ပါသွားတယ် မဟုတ်လား
ပိုက်ဆံအိတ်ထဲ ထည့်ခဲ့တာ သေချာပါတယ်
ဟိုစစ်သားတွေရဲ့စကားက အားလုံးအမှားချည်းပဲဟုတ်ပုံမရဘူး
ကျွန်မပက်စ်ပို့စ်ကို ခိုးသွားတာမယုံနိုင်ဘူး
ငါ နင့်ကိုဘယ်လိုလုပ်ပေးရမလဲ
လာပါ အဝတ်လဲ ငါတို့နောက်ကျလိမ့်မယ်
လေဆိပ်ကိုပိတ်ထားလိုက်ပါပြီ
- ဘာဖြစ်တာလဲ - လက်မှတ်မပါလို့ သူ့ကိုသွားခွင့်မပြုဘူး
တကယ်လား
သူ့နိုင်ငံကူးလက်မှတ်ကို ရောင်းပစ်ခဲ့တယ်တောင်ထင်နေကြတာ
- မဖြစ်နိုင်တာ - လာဘ်ထိုးလို့လည်းမရဘူး
ကျွန်မတို့ဘာလုပ်ကြမလဲ
ခင်ဗျားသံရုံးကိုသွားပြီ အသစ်လုပ်ရလိမ့်မယ်
သောကြာနေ့လောက် လေယာဉ်စီးခွင့်ရမှာပါ
ကျုပ်တို့ကတော့ အခုပဲ သွားကြတာကောင်းမယ်
- ကျွန်မ သူနဲ့နေခဲ့မယ် - နေခဲ့လို့မဖြစ်ဘူး
ခင်ဗျားအဖမ်းခံရလိမ့်မယ် ထောင်ကျရင် ၂ ယောက်လုံးဒုက္ခဖြစ်မှာ
ကျွန်မကို ဘာမှုနဲ့ဖမ်းမှာလဲ
ဒီနိုင်ငံမှာ ၇ ရက်ထက် ပိုနေလို့မရဘူးလေ
ဒီမှာ စစ်အာဏာရှင်က အုပ်ချုပ်နေတာ သတိရဦး
ကျုပ်တို့အားလုံး ထောင်ချမခံရမီ သူ့ကိုသွားနှုတ်ဆက်ပြီး
လေယာဉ်ပေါ်တက်ပါတော့
သူ့ကိုနှုတ်ဆက်ဖို့တောင် ခေါ်လို့မရဘူးလား
အန်ဒီ
သူဘယ်ကိုမှမသွားပါဘူး
ငါ့ပိုက်ဆံတွေယူထား
အိုရီယန်တယ်ဟိုတယ်ရဲ့ ဖုန်းနံပါတ်ရှိတယ် မဟုတ်လား
နင့်သတင်းကို မကြားရမချင်း ငါအဲဒီမှာနေမယ်
အန်ဒီ ငါ့ကိုစိတ်မပူပါနဲ့ ၂ ရက်လောက်ပဲ စောင့်ရမှာပါ
ငါအဆင်ပြေမှာပါ
လော်ရာ စိတ်ထင်ရာဘာမှမလုပ်နဲ့နော်
လော်ရာ နိုင်ငံကူးလက်မှတ် အသစ်ရတဲ့အထိ သံရုံးမှာပဲနေပြီး
ပထမဆုံးရတဲ့လေယာဉ်နဲ့ ဘန်ကောက်ကိုလိုက်ခဲ့နော်
ဘိုင့်
ကတိပေးနော်
ဒီနိုင်ငံမှာ အမေရိကန်နိုင်ငံကူးလက်မှတ်က သိပ်တန်ဖိုးရှိတယ်
ဒါကြောင့် အမေရိကန်တချို့က ဒီမှာရောင်းစားကြတယ်လေ
အဲဒါကြောင့် သူတို့က မင်းကိုခပ်မာမာဆက်ဆံတာ
ဒီလက်မှတ်နဲ့ဆို ဒီနိုင်ငံက မင်းထွက်လို့ရမှာပါ
ကျေးဇူးအများကြီးတင်ပါတယ်
ဒီမှာ ကတ်ကိုထည့်ဖို့ ပလတ်စတစ်
ဟုတ်ကဲ့
ကျွန်မ ကျေးလက်ဘက်ကို နည်းနည်းသွားကြည့်ချင်လို့
ဘယ်ဘက်ကိုသွားတာကောင်းမလဲ
ဒီအချိန်မှာ ဘယ်ကိုမှသွားဖို့မလွယ်ဘူး
သူတို့က ကမ္ဘာ့လှည့်ခရီးသည်တွေ လာခွင့်ခဏပိတ်ထားတယ်
ဒါပေမဲ့ ထွက်သွားခွင့်တော့ ပေးနေသေးတာပဲ
ဒီနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်ဆိုလို့ မင်းပဲကျန်တော့တာ ဖြစ်နိုင်တယ်
အေးချမ်းနေချိန်မှာတောင် တရားဝင် ခရီးသည်မှ ရန်ကုန်ပြင်ပသွားခွင့်ပြုတာ
မင်း ဒီညရန်ကုန်မှာရှိဦးမယ်ဆိုရင် မြန်မာစားသောက်ဆိုင်ကို လိုက်ပို့မယ်လေ
ဘာလုပ်ဖို့လဲ
မင်းဘယ်မှာ..
ဒီကိုလာပါဦး
ငှက်လွှတ်ပါလား ကုသိုလ်ရတယ်လေ
၁၀ ကျပ် ၁၀ ကျပ်ပဲပေးပါ
သွားတော့
ခင်ဗျားငှက်က ဒီကိုပြန်လာပြီ
သူတို့ကလှောင်အိမ်ထဲမှာပဲ နေတတ်တာ
အနှောင့်အယှက်ပြုမိရင် ခွင့်လွှတ်ပါ ကျုပ်က ဧည့်လမ်းညွှန်ပါ
သံရုံးထဲကထွက်လာမယ့် ခရီးသည်တွေကို စောင့်နေတာ
ခင်ဗျားလိုလူဆိုပါတော့
ဒီစာအုပ်ထဲမှာ ထောက်ခံစာတွေ ရှုခင်းလှလှပုံတွေပါပါတယ်
ဒီအချိန်မှာ ဘယ်ကိုမှ ခရီးသွားလို့မရတော့ဘူးထင်တယ်
တရားဝင်သွားခွင့်တော့ မရှိဘူးပေါ့
ရှင်ကတရားမဝင် ဧည့်လမ်းညွှန်ပေါ့
အဲဒီလိုခေါ်လို့ရပါတယ်
အဲဒါတရားမဝင်ဘူးမဟုတ်လား
မြန်မာပြည်မှာ တရားမဝင်တာတွေချည်းပါပဲ
ကောင်းပါပြီ
No comments yet. Be the first to leave one.