Flightplan

Flightplan

Burmese সাবটাইটেল ডাউনলোড করুন

রিলিজ তথ্য

Flightplan
ভাষ্য লিখেছেন ShantoIbrahim

ট্যাগ

other
প্রকাশিত: 2017-11-14
ডাউনলোড: 47
শ্রবণপ্রতিবন্ধীদের জন্য: No

Burmese সাবটাইটেল প্রিভিউ

প্রথম 200টি লাইন।

ဟန်နီ

ဒေးဗစ် ကျွန်မတို့ အရှေ့မှာခဏထိုင်ရအောင်လား

တစ်မိနစ်လောက်ပဲ

ထိုင်တာပေါ့

ကျုပ်တို့အတတ်နိုင်ဆုံး လုပ်ပြီးပါပြီ

ခင်ဗျား ခင်ပွန်းက ပြုတ်ကျပြီး ဦးခေါင်းဒဏ်ရာနဲ့ ဆုံးတာပါ

မေမေ

ပြော သမီးလေး

သမီးအခန်းက ဘယ်မှာရှိမှာလဲ

မေမေတို့ ခဏတော့ တစ်ခန်းတည်းနေရမယ်ထင်တယ်

သဘောကျလား

မေမေငယ်ငယ်က မေမေ့အခန်းလေးမှာလေ

သမီးလေး ပြန်အိပ်တော့ မနက်ဖြန်ဆို ပင်ပန်းတော့မှာ

ဆင်းနိုင်သေးလား ဂျုးလေး

ရောက်ခါနီးပါပြီ ကရေးရယ် လာခဲ့

မေမေ

သမီးအပြင်မထွက်ချင်ဘူး

- ဘာမှမဖြစ်ဘူး သမီးလေး ကတိပေးတယ် - သမီးကြောက်တယ်

မေမေ ၀ှက်ထားပေးရင်ကော

ဒါဆို အဆင်ပြေလား

မေမေ့ကုတ်အင်္ကျီအောက်က မေမေ့ပခုံးလိုလေ

- တစ်လမ်းလုံးလား - ဟုတ်တယ် တစ်လမ်းလုံး

- ဘယ်လိုမျိုးတွေ စားကြတာလဲ - လေယာဉ်ပေါ်မှာလား

အမေရိကက အဘိုးနဲ့ အဘွားကိုပြောတာ

အကောင်းဆုံးတွေ

- အသားကင်ရှိလား - ဒါပေါ့

ဘာလင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကြိုဆိုပါတယ်

ခရီးဆောင်အိတ်တွေကို ကိုယ်နဲ့မကွာထားပါ

ပိုင်ရှင်မဲ့လို့ယူဆတဲ့အိတ်တွေကို လေဆိပ်ရဲတွေက စုဆောင်းစစ်ဆေးသွားပါမယ်

ပူးပေါင်းမှုအတွက် ကျေးဇူးတင်ပါတယ်

ဂျူလီယာ

ဂျူလီယာ

လူများတဲ့နေရာတွေမှာဆို အနားကမခွာနဲ့လို့

အမေ သမီးကိုပြောတာ ဘယ်နှခါရှိပြီလဲ

- ဘယ်နှခါရှိပြီလဲ - သမီးဗိုက်ဆာလို့ပါ

သမီး အဲဒါအရေးမကြီးဘူး အရေးကြီးတာ သမီးကြောင့် မေမေ..

- အရမ်းကို စိတ်ပူရတယ် - တောင်းပန်ပါတယ်

ဘယ်လိုမုန့်မျိုးစားချင်တာလဲ

ဒီမုန့်လား

- အရမ်းကြီးတယ် - အကြီးဆုံးပဲလေ

ဘာအမျိုးအစားလဲ မေမေ

အီး ၄၇၄ အသစ်စက်စက်ပဲ

မေမေ လုပ်တာလား

ဟို အင်ဂျင်အကြီးကြီးတွေကို တွေ့လား သူတို့အလုပ်လုပ်အောင် မေမေလုပ်ပေးတာ

သူတို့ ပြုတ်ကျနိုင်တယ်

စိတ်မပူနဲ့ သမီးလေး သူတို့ မပြုတ်ကျဘူး

ဒါပေမဲ့ မသေချာဘူး

အယ်လ်တို လေယာဉ်အမှတ် ၉၅၈၃

ကလေးငယ်များနဲ့ ခရီးသည်များ ကျေးဇူးပြုပြီး ဂိတ်ကိုလာခဲ့ပါ

ဟုတ်ပြီ မေမေတို့ကိုခေါ်ပြီ လာတော့

- သမီးလက်မှတ် သမီးကိုင်ထားလို့ရလား - ရတယ်

လေယာဉ်ပေါ်ရောက်တဲ့အထိကိုင်ထားနော်

ထိုင်ခုံတန်း ၂၆ ညာဘက်ခြမ်းမှာပါ

ဟုတ်ပြီ ဒီမှာပဲ

အယ်လ်တို လေကြောင်းလိုင်းမှ ကြိုဆိုပါတယ်

- တော်တော့ ခဏလေး တော်တော့ မတွန်းနဲ့ - ငါ့ကိုထိတောင်မထိဘူး

တော်ကြတော့

- သကြားလုံးပေးမှာလား - ဒီလေယာဉ်ပေါ်မှာ သကြားလုံးမရဘူး

ကိုယ် ကိုင်ထားပေးမယ်

သွားကြမယ် ဟုတ်ပြီ ငါတို့ထိုင်ခုံတန်းက ၂၅

ကဲ ရှင့်ကလေးတွေဖြစ်ပျက်နေတာ ရှင်မြင်တယ်မလား

ဒါကို ဘယ်လိုရှင်းကြမလဲ ကလေးတွေ တော်တော့

ဖေဖေ သူပဲ ဘာလို့ အမြဲလိုချင်နေရတာလဲ

- သူ့ကို ပိုချစ်တာကို - အေးအေးဆေးဆေးနေတော့ ဟုတ်ပြီလား

ငြိမ်ငြိမ်နေတော့

ပျော်ရွှင်သောခရီးဖြစ်ပါစေ

- မင်္ဂလာပါ ကြိုဆိုပါတယ် ဒီဘက်ပါရှင် - ကျေးဇူးပါ

ကလေးတွေ

တစ်ဆိတ်လောက်ပါ အစ်မ

မေးစရာ ၂ ခုရှိလို့ပါ ဘာရုပ်ရှင်တွေပြလဲ

ပြီးတော့ နားကျပ်အသံ ဘယ်လောက်ထိကျယ်လို့ရလဲ

လုံလောက်တဲ့အထိမဟုတ်ဘူးလား

တစ်ခါတလေ မင်းတို့တွေ အုတ်ခဲတွေနဲ့ ပစ်ကြရင်ကောင်းမယ်လို့ ဆုတောင်းတယ်

ဒါမှ ဇာတ်လမ်းမြန်မြန်ပြတ်မှာ

အနောက်က ခုံအလွတ်တွေက တော်တော်ဆွဲဆောင်မှုရှိတယ်

ဒီတစ်ခု..အဲဒါက..

ကျေးဇူးပဲ ကလေးတွေ တော်လို့ပြောနေတယ်

- စတက်ဖနီ - ဟေး ဘီလ်

ထိုင်ခုံတန်း ၂၅ ကိုတော့ တော်တော်ထိန်းဖို့လိုနေပြီ

ကြားသားပဲ

တခြားလေယာဉ်တွေကတောင် ကြားရနိုင်တယ်

ခရီးသည်တွေကိုရယ်လည်း ရတယ်လို့ အသစ်လေးကိုပြောပါဦး

ကောင်မလေးတွေ မုန်းလည်း ဘာမှမဖြစ်ဘူး

ဖရန့်ဖတ်မှာ ဂိတ်ပိတ်ထားတယ်

အဲဒီကိုမသွားလို့ တော်သေးတယ်

ဘယ်မှမသွားရင် ပိုကောင်းမယ်

ခရီးသည်များရှင့် ဒီညနေ နှောင့်နှေးမှုအတွက်တောင်းပန်ပါတယ်

လေယာဉ် မကြာခင်ထွက်ခွာပါတော့မယ်

ဘော့ဘ် အဲဒါဘာလဲ

မသိဘူး စိတ်ပူစရာတော့မဟုတ်ဘူး

ရေခဲတွေ ခွာချတာ မဟုတ်ရင် တောင်ပံတွေပေါ် လေကောင်းကောင်းမတိုးနိုင်ဘူး

သမီးအိပ်ရမယ် ဟန်နီ

မေမေတို့နိုးရင် တခြားနေရာရောက်နေမှာ

နယူးယောက်မှာပေါ့

ဖေဖေကောလား

ဟုတ်တယ်

ဖေဖေကောပဲ

ဒီအချိန်ကို သိပ်ကြိုက်တာပဲ

အဆင်ပြေလား လေယာဉ်မယ်ခေါ်ပေးရမလား

တစ်တန်းလုံးမှာ တစ်ယောက်တည်းထိုင်ချင်လား

နောက်ဆုံး ၂ တန်း လွတ်တယ်

အဲဒီကိုသွားပြီး ခြေဆန့်လက်ဆန့်ထိုင်မယ်လေ

သမီး ကြိုက်လား

သမီးလေး မေမေအိပ်ပျော်သွားတယ်

ခင်ဗျား ဒီရုပ်ရှင်ကြည့်နေတာလား

မကြည့်ဘူး

သိပ်မရယ်ရပေမယ့်

ပေ ၃၆၀၀၀ အမြင့်ရုပ်ရှင်ရုံကနေ ထထွက်သွားလို့မှမရတာ

- ကလေးမလေးတစ်ယောက်ဖြတ်သွားတာ မြင်မိလား - မမြင်ဘူး တကယ်မမြင်ဘူး

ကျွန်မသမီး..

- ဘယ်လောက်ကြာကြာပျံဦးမလဲ - ၃ နာရီ..နည်းနည်းကျော်ကျော်ပေါ့

- ကူညီပေးရမလားရှင် - ကျွန်မသမီးကိုရှာနေတာ

- ဧည့်ခန်းထဲမှာ တစ်ယောက်ရှိတယ် - ကျေးဇူးပါ

မဟုတ်ဘူး ကျွန်မသမီးက ၆ နှစ်သမီး

ရှင် မြင်မိမှာပါ အတူတူတက်လာကြတာလေ

ဟုတ်မှာပါ အင်း..

သူ ဒီအထပ်မှာတော့မရှိဘူး စိတ်မကောင်းပါဘူး

- တစ်ဆိတ်လောက်ပါ - စိတ်မရှိပါနဲ့

ဆံပင်က ၀ါညိုလေးကို စုချည်ထားတယ်

လက်တစ်ဖက်တည်းနဲ့ ရှီနေးဝက်ဝံရုပ်ကို ချီထားလိမ့်မယ်

ကြည့်ရတာ သူ ကစားဖော် တွေ့သွားတယ်ထင်တယ်

- ဒီမှာပါ အစ်မ - တစ်ဆိတ်လောက်ပါ

ခွင့်ပြုပါ

စိတ်မကောင်းပါဘူး တခြားလျှောက်လမ်းကနေ သွားပေးပါလား

- ကျွန်မသမီးကို ရှာနေတာ - အဝေးကြီးတော့ မသွားနိုင်လောက်ပါဘူး

ရှာကြည့်ဦးမယ်

- ဖျော်ရည်ပါခင်ဗျာ - ကျေးဇူးပါ

တစ်ဆိတ်လောက်ပါ

ဒုက္ခပဲ

- တစ်ခုခုဖြစ်နေလို့လား - ကျွန်မသမီးကို ရှာနေတာပါ

သူ ဖြတ်သွားတာများ မြင်မိသေးလား ဒါမှမဟုတ်..

မမြင်ဘူးထင်တယ် အသက်ဘယ်လောက်လဲ

- ၆ နှစ်ပါ - ဟင့်အင်း လုံးဝမတွေ့မိလိုက်ဘူး

ကူညီပေးရမလားရှင့်

ခရီးသည်များရှင့် နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်

ပထမဆုံး အကြောင်းကြားချက်ရှိလာလို့ပါ

လေယာဉ်က ကလေးတစ်ယောက် လမ်းပျောက်ရလောက်အောင် ကြီးတဲ့ပုံပဲ

နာမည်က ဂျူလီယာပရတ်ပါ

၆ နှစ်အရွယ်ကလေးမလေး ရေတပ်ပြာရောင် ကြိုးသိုင်ဝတ်စုံဝတ်ထားတယ်

အနီးအနားမှာရှိနေရင်ဖြစ်ဖြစ် လူကြီးမင်းတို့ကလေးတွေနဲ့ ကစားနေရင်ဖြစ်ဖြစ်

ခေါ်တဲ့ခလုတ်ကို နှိပ်ပေးပါရှင်

သူ့မိခင်က အရမ်းကိုစိတ်ပူနေပါတယ် ကျေးဇူးတင်ပါတယ်

ကလေးအကုန်လုံးကို ခေါင်းလောင်းဆွဲပေးထားရမယ်

တစ်ယောက်ယောက်တော့ တွေ့မှာပါ

လာယူပေးကြပါလား

လေယာဉ်တစ်ခုလုံးရှာရမယ် အဲဒါ ဘယ်လိုလုပ်ရမလဲမသိဘူး

မစ္စပရတ်..ရှင့်သမီး အဆင်ပြေမှာသေချာပါတယ်

မပြေဘူး

သူ အဆင်မပြေဘူး

သူ တစ်ခုခုကြုံနေတယ် သူ အခု လုံးဝအဆင်မပြေဘူး

- ခါးပတ်အချက်ပြမီး ဖွင့်ပေးပါလား - အဲဒါက ကျွန်မတို့လုပ်ရမယ့်ကိစ္စပါ

ဒီလေယာဉ်ပေါ်မှာ စတိုခန်း ၉ ခန်းပါတယ် အပေါ်မှာ ၄ ခန်း အောက်မှာ ၅ ခန်း

အဲဒါတွေ ဘယ်သူမှ မစစ်သေးဘူး

မီးဖိုခန်းတွေ ၀န်ထမ်းနားနေခန်းတွေ

ကုန်လှောင်ခန်းတွေ အဲဒီနေရာတွေ ကလေးတွေ သွားတတ်တယ်

လျှောက်လမ်းတွေ ရှင်းပေးဖို့ပဲလိုတယ် ကျွန်မ ကိုယ့်ဘာသာကိုယ်ရှာမယ်

ကောင်းပြီ

ရှင့်ထိုင်ခုံမှာ ပြန်ထိုင်နေပေးဖို့ တောင်းဆိုပါတယ်

ကျွန်မပြောမယ် လေယာဉ်မှူးဆီသွားပြီး ပြောကြည့်ပေးမယ်

သူ ထွက်လာ မလာစောင့်ကြည့်တာပေါ့

ဟုတ်ပြီလား

လေကြောင်းလိုင်းလုပ်ငန်းမှာ လုပ်တာလား

လေယာဉ်ဒီဇိုင်းအကြောင်း သိတဲ့ပုံပဲ

အင်း လေယာဉ်ဆောက်လုပ်ရေးအင်ဂျင်နီယာ အယ်လ်ဂျင်းလေကြောင်းမှာ လုပ်ခဲ့တာ

အခုတော့ ထွက်လိုက်ပြီ

ဘာလင်အခြေစိုက်လား

ငါစိတ်ငြိမ်အောင် ကြိုးစားနေတာသိတယ်

ပြဿနာက ငါ့စိတ်မဟုတ်ဘူး

ပြဿနာက ငါ့သမီးပျောက်နေပြီး သူ ဘယ်ရောက်နေလဲ ဘယ်သူမှမပြောနိုင်တာ

စိတ်မကောင်းပါဘူး

မင်းမှာ ကလေးရှိလား

- တူမတွေရောပါလား - အင်း ပါတာပေါ့

ကျွန်မနဲ့ဆို သူတို့ တူတူပုန်းတမ်းမဆော့ချင်ဘူး ကျွန်မက တွေ့အောင်ရှာနိုင်လို့

ဒါကြောင့် မစိုးရိမ်ပါနဲ့

ကလေးတို့ကော အန်တီသမီးကိုတွေ့မိလား

- ကလေးပျောက် ကြေညာခိုင်းတဲ့သူလား - ဟုတ်တယ်

ကလေးပါလာမှန်းတောင် မသိဘူး မင်းကော

စိတ်မကောင်းပါဘူး ကျွန်မရောပဲ

ကလေးတို့ ကူရှာပေးကြရင်ကော

- မိုက်တယ် - အတော်ပဲ သမီးလည်းပျင်းနေတာ

မရဘူး လုံးဝပဲ

- ဘာလို့လဲ - ဖေဖေ သူ လမ်းပျောက်နေတာလေ

ဘယ်လိုလုပ် လမ်းပျောက်မှာလဲ နေရာကျဉ်းကျဉ်းလေးကို

အရှေ့လှည့်

လေယာဉ်မှူး ဒီကို ရောက်လာတော့မှာပါ

ခွင့်ပြုပါဦး ပြန်လာခဲ့မယ်

အင်ဂျင်နီယာလား

အင်း

၅ ခုံတန်းထိုင်ခုံတွေက ခင်ဗျားစိတ်ကူးလား

- မစ္စပရတ် - ဘာဖြစ်လို့လဲ ဘာဖြစ်နေတာလဲ

- ဘယ်သူနဲ့ပြောနေတာလဲ - ကျွန်မတို့ အဖြစ်မှန်ကိုစုံစမ်းနေတာပါ

သမီးလေး အဆင်ပြေလား တစ်ခုခုဖြစ်နေတာလား ထိခိုက်သွားလား

ငါ့သမီးဘယ်မှာလည်း သိလား ဘာလို့မပြောတာလဲ

ဘာလို့မပြောသေးလဲ ပြောပါ

မစ္စပရတ် စိတ်မကောင်းပေမယ့် သူ ဒီမှာရှိတယ်လို့မထင်ဘူး

- ဘာ - ကျွန်မတို့မှာရှိတဲ့..

လေယာဉ်ပေါ်တက်တဲ့ခရီးသည်စာရင်းမှာ အစ်မသမီးနာမည် လုံးဝမပါဘူး

ဘာတွေပြောနေတာလဲ

အထွက်ဂိတ်ကပြောတာ လေယာဉ်ပေါ်တက်ဖို့ လူစစ်တုန်းက ဂျူလီယာပရတ်ဆိုတဲ့သူ မပါခဲ့ဘူးတဲ့

ဘာလို့ မပါရမှာလဲ

মন্তব্যসমূহ

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left