The Terminal

The Terminal

Download Burmese Untertitel

Release Info

The Terminal(Zawgyi)
Ein Kommentar von HighCode

Tags

other
Veröffentlicht am: 2017-08-04
Downloads: 74
Hörgeschädigt: No

Burmese Untertitel-Vorschau

Die ersten 200 Zeilen.

ဘေဂျင်းကလာတဲ့လေယာဉ်အမှတ်၉၃၄၅ ဆိုက်ရောက်တော့မှာဖြစ်ပါတယ်

ဧည့်ဝန်ဆောင်ရေးကိုယ်စားလှယ်တွေက ဂိတ်ပေါက် စီ ၄၂ ကို သတင်းပို့ပေးပါ

အမေရိကန်ကိုလာတဲ့ဧည့်သည်အားလုံး ရုံ ၁ ကနေ ၁၅ အထိမှာ စီတန်းပေးပါ

ဆိုက်ရောက်ထွက်ခွာမှတ်တမ်းတွေကို ဖြည့်ထားပေးကြပါရှင်

- ဘာအတွက်လာတာလဲ - ဘာအတွက်လာတာလဲ

စီးပွားရေးကိစ္စလား . . အပျော်လား

ဘာအတွက် လာတာလဲ စီးပွားရေးကိစ္စလား . . အလည်လား

အလည်လာတာပါ . . ဈေးဝယ်ပေါ့

အပျော်လာတာပါ

- အပျော်ပါ - စီးပွားရေးကိစ္စပါ

အမေရိကန်မှာ ဘယ်လောက်ကြာအောင်နေမှာလဲ

အသွားအပြန်လက်မှတ်ပြပေးပါလား

- ဘာအတွက်လာတာလဲ - စီးပွားရေးကိစ္စလား . . အပျော်လား

၁ လပါ

ပျော်ရွှင်ပါစေ . . နောက်တစ်ယောက်

နိုင်ငံကူးလက်မှတ်တွေနဲ့

ဆိုက်ရောက်ထွက်ခွာမှတ်တမ်းတွေ အဆင်သင့်ပြင်ထားကြပါ

- အသင့်ပြင်ထား . . သူရှာနေပြီ - ကြားတယ်

မစ်ကီမော့စ်အင်္ကျီဝတ်ထားတဲ့ ဒီလူတွေကို တွေ့လား

သူတို့တွေက အော်လန်ဒိုကိုသွားမယ့် တရုတ်က ခရီးသွားအဖွဲ့

ကင်မရာကိုလူတိုင်းစေ့ကိုင်ထားပြီး ဒစ်စနေးလန်းကိုသွားနေတဲ့

တရုတ်ခရီးသွားအဖွဲ့ကို မင်းမြင်တာ ဘယ်တုန်းကပါလိမ့်

ဂိတ် ၁၀ နဲ့ ၁၁ကဟာတွေက အချက်အလက်အတုတွေဖြစ်နိုင်တယ်

ဆရာ . . ဆရာ . . နိုင်ငံကူးလက်မှတ်ပေးပါ

ကျေးဇူးပဲ

ကြိုဆိုပါတယ် မစ္စတာနာဗော်စကီ

ဘာလုပ်ဖို့လာတာလဲ

စီးပွားရေးကိစ္စလား . . အပျော်လာတာလား

အကောက်ခွန်စာရွက်တွေကို အဆင်သင့်ပြင်ထားကြပါ

ဆရာ . . ရုံ ၆ မှာ လုံခြုံရေးအရ စစ်ဆေးရမယ့်လူတစ်ယောက်ရှိတယ်

မစ္စတာနာဗော်စကီ . . ကျုပ်နဲ့အတူလိုက်ခဲ့ပါ

မွန်ထရီရယ်ခရီးသည်များ ခရီးဆောင်အိတ်ရွေးရန် အမေရိကန်လူဝင်မှုကြီးကြပ်ရေးဆီကိုသွားကြပါ

ကောင်းပြီ မစ္စတာနာဗော်စကီ . . ဒီမှာခဏလောက်စောင့်နေပေးပါနော်

နောက်တစ်ယောက်

အမေရိကန်ကို ဘာလာလုပ်တာလဲ မစ္စတာနာဗော်စကီ

အ၀ါရောင်တက္ကစီခေါ်ပေးပါ

၁၆၁ လက်ဇင်တန်က

ရာမဒါဟိုတယ်လေးကို ပို့ပေးပါ

ရာမဒါဟိုတယ်မှာတည်းမှာလား

ပြန်မအမ်းနဲ့တော့

နယူးယောက်မှာ အသိရှိလား

အင်း . .

- ဘယ်သူလဲ - အင်း

- ဘယ်သူ . . - အင်း

- မဟုတ်ဘူး . . နယူးယောက်မှာအသိရှိလား - အင်း

- ဘယ်သူလဲ - အင်း

၁၆၁ လက်ဇင်တန်

အိုကေ . . မစ္စတာနာဗော်စကီ . . ခင်ဗျားရဲ့အသွားအပြန်လက်မှတ်ပြပါ

မဟုတ်ဘူး . . အသွားအပြန်လက်မှတ်လေ

- ခင်ဗျားရဲ့ . . - ဟုတ်ကဲ့

အခု ဒါကသာမန်လုပ်ထုံးလုပ်နည်းပါ

ခင်ဗျားရဲ့နိုင်ငံကူးလက်မှတ်လည်းလိုတယ်

အိုကေ . .

မဟုတ်ဘူး . . မဟုတ်သေးဘူး မစ္စတာနာဗော်စကီ

အဲဒီဟာ . . နိုင်ငံကူးလက်မှတ်

အဲဒီဟာ . .

မစ္စတာနာဗော်စကီ . . စောင့်ခိုင်းထားရလို့ တောင်းပန်ပါတယ်

နေကောင်းလား

ကျုပ်ကဖရန့်ဒစ်ဇင်ပါ . . ဒီဂျေအက်ဖ်ကေလေဆိပ်ရဲ့ အကောက်ခွန်နဲ့နယ်စပ်ကာကွယ်ရေးဌာနကဒါရိုက်တာပါ

ကျုပ်က လူဝင်မှုကြီးကြပ်ရေးပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ လူတွေကိုကူညီပေးရတာ

အခု ခင်ဗျားအတွက် စကားပြန်တစ်ယောက်ရှာနေတာ

အခြေအနေဘယ်လိုလဲ စကားပြန်ရှာလို့ရပြီလား

အိုကေ . .

ဒါပေမဲ့ ခင်ဗျားကလည်း အင်္ဂလိပ်စကားနည်းနည်းနားလည်ပါတယ်နော်

- ဟုတ်တယ် - နားလည်လား

- ဟုတ်ကဲ့ - အိုကေ

- ဟုတ်ကဲ့ - ကောင်းပြီ

စိတ်မရှိနဲ့နော် . . စကားပြောနေရင်း ကျုပ်အစားစားမယ် . . ခင်ဗျားအတွက်သတင်းဆိုးရှိတယ်

ခင်ဗျားရဲ့အစိုးရကထုတ်ထားပေးတဲ့ နိုင်ငံကူးလက်မှတ်က

ခရီးသွားအခွင့်အရေးတွေအားလုံးကို ယာယီဆိုင်းငံ့ထားတဲ့ပုံပဲ

ပြီးတော့ကျုပ်တို့နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ခင်ဗျားကို အမေရိကန်နိုင်ငံထဲ

ဝင်ခွင့်ပြုတဲ့ဗီဇာကို ပြန်လည်ရုပ်သိမ်းထားတယ်

ဒါက အကျဉ်းချုံးပြောပြတာပါ

ထင်ရတာက ခင်ဗျားလေယာဉ်ပေါ်မှာရှိနေတုန်း

ခင်ဗျားရဲ့တိုင်းပြည်မှာ စစ်တပ်အာဏာသိမ်းမှုတစ်ခုဖြစ်ခဲ့တဲ့ပုံပဲ

သေဆုံးခဲ့တဲ့လူတော်တော်များများက သမ္မတရဲ့အစောင့်အကြပ်တွေပါ

သူတို့တွေက ညသန်းခေါင်အချိန်ကြီးမှာ တိုက်ခိုက်ခံရတာ

တကယ့်ကိုဆိုးရွားတဲ့စစ်ပွဲပဲ

ဂျီအိတ်ခ်ျအင်န် နက်ဝါ့ခ်မှာ အားလုံးပါတယ်ထင်တယ်

ပြည်သူတွေ သေဆုံးတာလည်းရှိတယ်တဲ့ ခင်ဗျားမိသားစု အဆင်ပြေမှာပါ

မစ္စတာနာဗော်စကီ . . ခင်ဗျားတိုင်းပြည်ကို အတွင်းလူတွေကပဲ တိုက်ခိုက်သိမ်းပိုက်လိုက်တာ

ခရာကိုဇီယာသမ္မတနိုင်ငံက အခု ခေါင်းဆောင်အသစ်လက်အောက်မှာပါ

ခရာကိုဇီယာ . . ခရာကိုဇီယာ . .

- ခရာကိုဇီယာ . . - ဟုတ်တယ် . . သူနားမလည်ဘူးထင်တယ်

ကျုပ် . . အိုကေ . . ဒီမှာကြည့် . .

ဒီအာလူးကြော်အိတ်ကို ခရေကိုဇီယာလို့ သဘောထားလိုက်

- ခရာကိုဇီယာပါ . . - ခရာကိုဇီယာ . .

- ဟုတ်ပြီ . . အိုကေ - ခရာကိုဇီယာ . . အိုကေ

- ဒီတော့ ဒီအာလူးကြော်ထုပ်က ခရာကိုဇီယာ - အိုကေ

- ပြီးတော့ ဒီပန်းသီးက . . - နယူးယောက်

နယူးယောက် . .

ဒီပန်းသီးကြီးက လွတ်လပ်ရေးအတွက် ကြိုးစားနေတဲ့သူပုန်တွေ . . ဟုတ်ပြီနော်

ခရာကိုဇီယာ မရှိတော့ဘူး ဟုတ်ပြီလား

အစိုးရအသစ် . . တော်လှန်ရေး . . ခင်ဗျားနားလည်လား

ဒါကြောင့် ခင်ဗျားတိုင်းပြည်ကလေယာဉ် အ၀င်အထွက်တွေအားလုံးကို ဆိုင်းငံ့ထားတယ်

ပြီးတော့ အစိုးရအသစ်ကလည်း နယ်စပ်တွေအားလုံးကိုပိတ်ထားတယ်

ဒါကြောင့် ခင်ဗျားရဲ့နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာက တရားမ၀င်တော့ဘူး

အခုလက်ရှိ ခင်ဗျားက ဘယ်နိုင်ငံသားမှမဟုတ်ဘူး

အခုခင်ဗျားအတွက် စာရွက်စာတမ်းအသစ်တွေ ယူလာပေးနိုင်ရင်တောင် အမေရိကန်က

ခင်ဗျားတိုင်းပြည်ရဲ့သံတမန်ရေးရာအမျိုးအစားခွဲခြားမှုတွေကို နားမလည်သေးခင်အထိတော့ ကျုပ်တို့ဘာမှမလုပ်ပေးနိုင်ဘူး

ဟုတ်တယ် . .

ခင်ဗျားက နိုင်ငံရေးခိုလှုံခွင့်တွေ ဒုက္ခသည်ခံယူတာတွေ

ယာယီထိန်းသိမ်းခံမှုတွေ . .လူသားချင်းစာနာမှုတွေ . လူဝင်မှုကြီးကြပ်ရေးကိုဖြတ်စရာမလိုတဲ့

အလုပ်ကိစ္စဖြင့်ခရီးသွားတာတွေ . . သံတမန်ရေးရာဗီဇာတွေနဲ့လည်းဘောင်မ၀င်ဘူး

ခင်ဗျားက အဲဒါတွေထဲက ဘာတစ်ခုနဲ့မှ အခွင့်မရဘူး

အခုအခြေအနေမှာ ခင်ဗျားကို . .

- လက်မခံနိုင်ဘူး - လက်မခံနိုင်ဘူး

- လက်မခံနိုင်ဘူး - လက်မခံနိုင်ဘူး . .

နယူးယောက်မြို့တော်အလည်ခရီးမှာ ဘရွတ်ကလင်တံတား . .

အင်ပါယာစတိတ်အဆောက်အအုံ ဘရော့ဒ်ဝေးကြောင်ရှိုးပွဲတွေပါတယ်

ခင်ဗျားအတွက်ပိုဆိုးတဲ့သတင်းတွေရှိတယ် မစ္စတာနာဗော်စကီ . . အဲဒီရှိုးပွဲကပိတ်သွားပြီ

အိုကေ . .

အခု ကျုပ် နယူးယောက်မြို့တော်ကိုသွားမယ် ကျေးဇူးတင်ပါတယ်

မရဘူး . . မစ္စတာနာဗော်စကီ . . ခင်ဗျားကို အမေရိကန်နိုင်ငံထဲ ၀င်ခွင့်မပြုနိုင်ဘူး

- ခရာကိုဇီယာ . . - ခင်ဗျားတိုင်းပြည်ကိုလည်းပြန်ခွင့်မပြုဘူး

- ခရာကိုဇီယာ - အခုအခြေအနေက

ခင်ဗျားမှာ တိုင်းပြည်လည်းမရှိဘူး

- ဟုတ်တယ် - ပြန်လို့မရဘူး

စည်းစနစ်အရဆိုရင် မတည်ရှိဘူးပေါ့ဗျာ

တွိုင်းလိုက်ဇုန်ဆိုတဲ့ဇာတ်လမ်းတွဲလိုလေ

- အဲဒီဇာတ်လမ်းတွဲ ခင်ဗျားကြည့်ဖူးလား - ဟုတ်ကဲ့

- ခင်ဗျားတိုင်းပြည်မှာလည်းဝယ်လို့ရတာလား - ရတယ်

စကားပြောနေတဲ့တီနာ . . ခြေလမ်း ၃ သောင်းက အိပ်မက်ဆိုး . . လူ့ခွစာဇန်တီ . .

လူ့ခွစာဇန်တီက အောက်တားလစ်မစ်ဆိုတဲ့ ဇာတ်လမ်းတွဲထဲကဟာပါ ဆရာ

ဟုတ်လား . . အရေးမကြီးပါဘူး

နိုက်ကီဖိနပ်တွေ ဘယ်မှာဝယ်လို့ရလဲ

အိုကေ . . မစ္စတာနာဗော်စကီ . . လာ . . ကျုပ်နဲ့လိုက်ခဲ့ . .

မစ္စတာနာဗော်စကီ ကျုပ်အကျပ်ရိုက်နေတာက ဒီလို

အမေရိကန်နိုင်ငံထဲကိုဝင်ဖို့ ခင်ဗျားမှာတရားဝင်အခွင့်အရေးမရှိဘူး

ပြီးတော့ ခင်ဗျားကိုထိန်းသိမ်းထားဖို့လည်း ကျုပ်မှာတရားဝင်အခွင့်အရေးမရှိဘူး

ခင်ဗျားကြည့်ရတာ စနစ်ထဲကနေ ထွက်ပြေးလာတဲ့ပုံပဲ

- ကျုပ်က အက်ကြောင်းပါ - အင်း . . ဒီအခြေအနေကိုမဖြေရှင်းနိုင်သေးခင်

အပြည်ပြည်ဆိုင်ရာကူးပြောင်းဖြတ်သန်းရေးခန်းထဲ ခင်ဗျားကို ၀င်ခွင့်ပေးထားရမှာပေါ့

ဟုတ်ပြီလား . .

ဒါကြောင့် ခင်ဗျားကလွတ်လပ်တဲ့လူဖြစ်ကြောင်း ထုတ်ပြန်ချက်ပုံစံမှာ လက်မှတ်ထိုးပေးမယ်

- လွတ်လပ်တာလား - လွတ်လပ်တာ

အပြည်ပြည်ဆိုင်ရာ ကူးပြောင်းဖြတ်သန်းရေးခန်းထဲမှာ

ခင်ဗျားကြိုက်တဲနေရာကို လွတ်လွတ်လပ်လပ်သွားလို့ရတယ်

- အိုကေတယ်နော် - အိုကေ

- အိုကေ - အိုကေ . .

အမေရိကန်အစိုးရက ဒီကိစ္စကို မနက်ဖြန်မတိုင်မီတော့ ဖြေရှင်းနိုင်မှာပါ

အမေရိကန်နိုင်ငံကကြိုဆိုပါတယ် နိုင်ငံနားကနေနော်

- ကျေးဇူးတင်ပါတယ် - အိုကေ . . ကောင်းပြီ

ကျေးဇူးပဲ . . ဂျတ်ဂ်ျ

မစ္စတာနာဗော်စကီ . .

မစ္စတာနာဗော်စကီ . . မစ္စတာနာဗော်စကီ . .

ဒါက အပြည်ပြည်ဆိုင်ရာ ကူးပြောင်းဖြတ်သန်းရေးခန်းပါ

ခင်ဗျား ဒီမှာလွတ်လွတ်လပ်လပ်စောင့်လို့ရတယ် ဒါက အစားအသောက်ဘောက်ချာတွေ

ဒီဘောက်ချာတွေကို စားသောက်ဆိုင်တန်းမှာသုံးလို့ရတယ်

ခင်ဗျားရဲ့ခရာကိုဇီယာကပိုက်ဆံတွေ ဒီမှာသုံးလို့မရဘူး

ဒါက ငွေကြိုတင်ပေးချေထားတဲ့ ၁၅ မိနစ်စာ ဖုန်းကဒ်ပါ

ခင်ဗျားအိမ်ကို ဖုန်းဆက်ချင်လည်းရတယ်

ဒါကတော့ပေဂျာပါ . . လိုအပ်ရင် ခင်ဗျားကို ကျုပ်တို့ဆက်သွယ်လို့ရအောင်ပေါ့

ဒီဟာကို ခင်ဗျားတစ်ချိန်လုံးဆောင်ထားနော်

ဒါက အကောက်ခွန်နဲ့နယ်စပ်ကာကွယ်ရေးဌာနထဲကို ၀င်ဖို့အိုင်ဒီတံဆိပ်ပါ . . ဒီတံခါးရဲ့ဟိုဘက်မှာက . .

မစ္စတာနာဗော်စကီ

မစ္စတာနာဗော်စကီ . . ကျုပ်ကိုကြည့်စမ်းပါဦး

ဒီတံခါးတွေရဲ့ ဟိုဘက်မှာက အမေရိကန်မြေနော်

အဲဒီတံခါးတွေကိုဖြတ်ပြီး ဟိုဘက်ကို ခင်ဗျားမ၀င်ဖို့

မစ္စတာဒစ်ဇင်က သေချာရှင်းနေအောင်ပြောထားတယ်နော်

ဒီအဆောက်အအုံထဲကနေ ခင်ဗျားထွက်လို့မရဘူး အမေရိကန်ကို ပိတ်ထားတယ်

အမေရိကန်ကို ပိတ်ထားတယ်

ကျုပ်ဘာလုပ်ရမှာလဲ

ဒီမှာ ခင်ဗျားအတွက်လုပ်စရာ တစ်ခုပဲရှိတယ် . . မစ္စတာနာဗော်စကီ

ဈေးဝယ်နေလိုက်

လူကြီးမင်းများခင်ဗျာ . . လေယာဉ် ၈၅၄ က ခရီးသည်တွေ . .

အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းက တည်ငြိမ်တဲ့အခြေအနေဖြစ်အောင်ကြိုးစားနေပါတယ်

အဲဒီအချိန်မှာ ဒုက္ခရောက်နေတဲ့လူထုကြီးက နိုင်ငံရေးတည်ငြိမ်မှုရမလား . . ဒါမှမဟုတ်

သူတို့အိုးအိမ်တွေလုံခြုံစေဖို့အတွက် ခေါင်းဆောင်သစ်ကိုရှာရမလားဆိုတာသိချင်နေပါတယ်

နောက်သတင်းတစ်ပုဒ်ကတော့ ပေ ၉၀ ရှည်တဲ့ ရွက်လှေဝယ်ဖို့ရှာနေတာလား

ဓားစာခံအဖြစ်ခေါ်သွားပါတယ် . .

အစိုးရအဖွဲ့ဝင် ၄ ယောက်နဲ့အတူ ဒုတိယသမ္မတအသတ်ခံထားရပြီးတော့

စစ်သား ၁၃ ယောက်နဲ့ ပြည်သူအယောက် ၂၀ ဒဏ်ရာရထားပါတယ်

အရုဏ်မတက်ခင် သောင်းကျန်းသူခေါင်းဆောင်တွေက ဥပဒေပြုလွှတ်တော်အဖွဲ့ရုံးကိုဝိုင်းရံခဲ့ပါတယ်

ခရာကိုဇီယာရဲ့အထိမ်းအမှတ်ဖြစ်တဲ့ နိုင်ငံတော်အလံဟာ သမ္မတနန်းတော်နဲ့

ပါလီမန်အဆောက်အဦးတွေပေါ်ကနေ ဖြုတ်ချခံခဲ့ရပါတယ်

တောင်းပန်ပါတယ် . . တောင်းပန်ပါတယ်

တီဗီ . .

ကျွန်မတို့ရဲ့ပြည်ပအစိုးရဌာနက အခုလေးတင် ပို့လာတဲ့သတင်းပါ

မနေ့ညက စစ်တပ်အာဏာသိမ်းမှုကြောင့် ခရာကိုဇီယာရဲ့အစိုးရ ဖြုတ်ချခံခဲ့ရပါတယ်

တစ်ညလုံး ဗုံးကြဲသံတွေ သေနတ်သံတွေနဲ့ ဆူညံနေခဲ့ပါတယ်

အသေးစိတ်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့်

သမ္မတဗာဂိုဘာဂင်နဲ့ သူ့ရဲ့ထိပ်တန်းအရာရှိတွေကို ဓားစာခံအဖြစ်ခေါ်ဆောင်ထားတယ်လို့ သိရပါတယ်

မင်္ဂလာပါ ဆရာ . . ခင်ဗျားက အရေးကြီးပုဂ္ဂိုလ်လား

လေယာဉ်ပေါ်တက်ခွင့်လက်မှတ်နဲ့ အဖွဲ့ဝင်ကတ်ပြားပြပါ

စိတ်မကောင်းပါဘူး ဆရာ ဒါက သီးသန့်အခန်းပါဗျာ

အများသုံးအခန်းက အောက်ထပ်မှာပါ

နယ်မြေအရ အသေးဆုံးနိုင်ငံဟာ နောက်ထပ်ပုန်ကန်မှုတွေကြောင့်တုန်လှုပ်ခဲ့ရပါတယ်

ခရာကိုဇီယာဟာ ကွန်မြူနစ်စနစ်ကနေ အသွင်ပြောင်းဖို့အတွက် ကြိုးစားနေတုန်း

၁၉၈၀ ပြည့်နှစ်နဲ့ ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းတွေမှာ ပြည်တွင်းစစ်တွေမှာပါဝင်ခဲ့ပါတယ်

- ဘေးဘီကြည့်လေ - ကူညီပေးပါ

ကူညီပေးပါ . . တယ်လီဖုန်း . . တယ်လီဖုန်း . .

ကူညီပေးပါ . . တောင်းဆိုပါတယ်

လုံခြုံရေးအရ လူကြီးမင်းတို့ရဲ့အိတ်တွေကို ကိုယ်နဲ့မခွာဘဲ သိမ်းထားကြပါခင်ဗျာ

ပိုင်ရှင်မဲ့အိတ်တွေကို စစ်ဆေးဖို့အတွက် သိမ်းဆည်းသွားမှာပါ . .

ဘုရားရေ . . ဘုရားရေ . . ရှင် ကျွန်မအိတ်ကိုဖျက်လိုက်တာပဲ

ဒီအိတ်ကို ကျွန်မ ပဲရစ်မှာဝယ်ထားတာ ဒါက ကျွန်မအကြိုက်ဆုံးအိတ်

ကျွန်မ ယုံတောင်မယုံနိုင်ဘူး အမေ . . အဖေ . . သူ သမီးအိတ်ကိုဖျက်ပစ်တယ်

- အစားအသောက်စာရွက် . . - ဒီမှာ . . ရပ်ပါဦး

မင်း ချိန်းထားတာလား

More Burmese subtitles for The Terminal

Kommentare

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left