ആദ്യത്തെ 200 വരികൾ.
လူသားစား ဧရာမအနာကွန်ဒါမြွေကြီးများ၏ ဒဏ္ဍာရီပုံပြင်များကို
အမေဇုန်မြစ်ဝှမ်းနေ လူရိုင်းမျိုးစုများအကြား ရာစုနှစ်ပေါင်းများစွာ ပြောစမှတ်ပြုခဲ့ကြသည်
လူမျိုးစုအချို့က ဤမြွေကြီးများကို ကိုးကွယ်သည်ဟုပင် ယူဆရသည်
အနာကွန်ဒါများသည် အလွန်ကြီးမားပြီး ကြမ်းတမ်းရိုင်းစိုင်းသည့်အပြင်
အချို့အကောင်များသည် ပေ ၄ဝ အထိ ကြီးထွားနိုင်ကြသည်
သာမန်မြွေများထက် ထူးခြားသည်မှာ ၎င်းတို့က သားကောင်ကို စားရုံမျှနှင့် မကျေနပ်ကြပေ
ပြန်အန်ထုတ်ကာ ထပ်မံသတ်ဖြတ်စားသောက်တတ်ကြသည်
ကယ်ကြပါ ကယ်ပါ
အရီယောဂျန်ဂယ်ဟိုတယ် ဘရာဇီး အမေဇုန်တောနက်တစ်နေရာ
- မစ္စဖလောရက်စ် - ပါမောက္ခကေးလ်
ဝင်ပါဦး ဘယ်တုန်းကရောက်တာလဲ
၂ ရက်လောက်တော့ ရှိပြီ လမ်းညွှန်တွေနဲ့ စကားပြောကြည့်တာ..
ငါတို့ရှာနေတဲ့လူရိုင်းမျိုးစုတွေ ဘယ်မှာရှိလဲသိမလားပေါ့
သိရလား
အင်း ကြည့်ရတာတော့ သက်သေအခိုင်အလုံ ရှိပုံပဲ
ဒီလူမျိုးစုတွေ တကယ်ရှိတယ်
သူတို့ကို လေ့လာဖော်ထုတ်နိုင်မှာပါ
ထောက်ပံ့ကြေးချပေးမယ့်လူတွေကိုတော့ အဲဒီလို ပြောခဲ့တာပဲ
လမ်းညွှန်က လူမျိုးစုတွေ ဒီနားတစ်ဝိုက်မှာ ရှိမယ်လို့ထင်တယ်
ဒီမြစ်လက်တက် ၂ ခုကြားမှာတဲ့ ဒီလူမျိုးစုတွေရဲ့ အမှတ်အသားကို သူတွေ့ထားတယ်
- ဒါဆို ကောင်းတာပေါ့ - ဟုတ်တယ် ငါတို့ရှာတွေ့လောက်တယ်
ရောက်အောင်သာပို့ပေး သေချာရိုက်ပေးမယ်
ငါလိုချင်တာလည်း အဲဒါပဲ ဒါကြောင့် မင်းကိုခေါ်ရိုက်တာလေ
ဝမ်းသာပါတယ် ခေါ်ပေးတာ ကျေးဇူးလည်းတင်ပါတယ်
ငါက အကောင်းဆုံးဒါရိုက်တာကိုမှ လိုချင်တာလေ
ငါတို့ အတွဲညီမှာပါ
ရှင့်ပုံစံက ဖရိုဖရဲနဲ့ပါလား ဘယ်လိုဖြစ်တာလဲ
ပရန်းညားငါး အကိုက်ခံရတာလေ ကံကောင်းလို့ မသေတာ
အစောကြီး နိုးလို့ပါလား
အေးလေ ဒီနေ့က ထူးခြားတာကိုး
- ဟုတ်လား - ဟုတ်တာပေါ့
တောင်ကာရိုလိုင်းနားသူ ငါ့သူငယ်ချင်းလေးတောင် ကိုယ်ပိုင်မှတ်တမ်းရုပ်ရှင်ရိုက်တော့မှာလေ
အဆင်သင့်ပဲလား
- ထင်တာပဲ - ဟုတ်ပြီလေ
- ဂုဏ်ယူပါတယ်ဟာ - ကျေးဇူး
မတ်တဲအို
အောင်မယ် နင်က အပျော်ခရီးထွက်လာတာပဲ
နေပါဟာ ငါ့အကြောင်းလည်း သိသားနဲ့
ငါက အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို မရောပါဘူး
ကောင်းပြီလေ ဒီနေရာကဖြတ်ပြီး ဆန်တက်ရင်ကော
ဒီလမ်းကသွားတာ ပိုကောင်းတယ် မဟုတ်ရင်တော့ ကျုပ်တာဝန်မယူနိုင်ဘူး
ရပါတယ် ၅၅ ကီလိုမီတာပဲ ပိုဝေးသွားတာ
ပြဿနာမရှိလောက်ပါဘူး သတိဆိုတာ ပိုတယ်မှမရှိတာ
- မင်္ဂလာနံနက်ခင်းပါ - မင်္ဂလာပါ
- မတ်တဲအို ကျွန်မပြောတာကို နားလည်လား - နားလည်တာပေါ့
ကောင်းပြီ ဟိုနားကရေလက်ကြားကိုဖြတ်ပြီး မျှောမောင်းပေးပါ ရိုက်ကွက်လေးတွေ ယူချင်လို့
ဖြစ်စေရပါမယ် ဆရာမလေး
- သဘောတူကြောင်း လက်မှတ်ထိုးပေးပါ - ကျေးဇူးပါ
ဒါနဲ့ ဝက်စ်ရစ်ဂျ် ဘယ်ရောက်နေလဲ သူရောက်နေပြီမဟုတ်လား
အိပ်ရေးပျက်ခဲ့လို့ အတိုးချအိပ်နေတာနေမှာပေါ့
သေချာသယ်ပါကွ
ဂရုစိုက်သယ်ပါဆို ဘော်ဒိုးဝိုင်ကွ ကွဲတတ်တယ် တန်ဖိုးကြီးဝိုင်ကွ
ဘုရားရေ
- မင်္ဂလာနံနက်ခင်းပါ - မင်္ဂလာပါ လေယာဉ်စီးရတာ အဆင်ပြေလား
တစ်ကယ့်ကို ငရဲပဲ ခုထက်ထိပဲ ဆိုပါတော့
အဝေးရိုက်မှန်ဘီလူး ၁ လက် ပါတယ်
ဟိုတစ်ယောက် ဒါကို ငါ့အခန်းထဲ သွားထားပေးစမ်းပါ
မှားနေပြီနော် ကျွန်မက ဧည့်ကြိုမဟုတ်ဘူး ရိုက်ကွင်းစီစဉ်သူရှင့်
ဒါဆိုလည်း ငါ့ပစ္စည်းတွေကို အခန်းထဲရောက်အောင် စီစဉ်လိုက်လေ
ဘဝင်ရူး ၁ ယောက် ပါတယ်
မဟုတ်ဘူးဟ တချို့ယဉ်ကျေးမှုတွေမှာ လေးစားမှုနဲ့ခင်မင်မှုကို ပြတဲ့အနေနဲ့..
အိတ်တွေသယ်ပေးဖို့ တမင်တောင်းဆိုတတ်ကြတယ်
- ဒါကိုပဲလေးစားလိုက်တော့ အသံပညာရှင်ကြီး - ငါလျှောက်ပြောတာမဟုတ်ဘူး
- မစ္စတာဝက်စ်ရစ်ဂျ်ရှင့် တယ်ရီဖလောရက်စ်ပါ - တွေ့ရတာဝမ်းသာပါတယ် တယ်ရီ
ပါမောက္ခကေးလ်က ခင်ဗျားရဲ့ဇာတ်လမ်းတိုတွေ ပေးကြည့်တယ်
အရမ်းကို အလားအလာကောင်းတဲ့ ဇာတ်လမ်းတွေပါ
- ပူလိုက်တာ အီကွေတာပေါ်များ ရောက်နေလား - ကျေးဇူးပါ
လိုက်ပါဖို့ ကြိုဆိုပါတယ်
- သူ နင့်ကို ခင်ပုံရတယ် - နင်လည်း ခံစားမိတယ်လား
ဟေ့ကောင် ကေးလ်ရေ မင်းပုံစံက လူစဉ်မမီ ဘတ်ဂျတ်မရှိတဲ့ ဂျက်ကူစတိုတေလိုပဲ
အေးပါ ဘာပြောမှန်းတော့ မသိပေမဲ့ ဟုတ်ပါပြီ
တွေ့ရတာဝမ်းသာတယ်ကွာ
ဆရာမလေး ရီယိုနီဂရိုးသွားဖို့ အသင့်ဖြစ်ပါပြီ
ဟုတ်ပြီ အားလုံးပဲ ကိုယ့်ပစ္စည်းတွေ ပြန်စစ်ကြပါ အကုန်ပါပြီဆိုတာသေချာအောင်
ခြင်ဆေးဘူးမမေ့ခဲ့ပါစေနဲ့
ကျွန်တော်တို့ရဲ့ခရီးစဉ်ကို အမေဇုန်မြစ်ဝသို့ မိုင်ပေါင်း ၁ဝဝဝ အလို..
တောရဲ့အနက်ရှိုင်းဆုံး တစ်နေရာက စတင်ခဲ့ပါတယ်
ဒီကနေ ဇတ်သင်္ဘောနဲ့ ခရီးဆက်မှာဖြစ်ပါတယ်..
မြစ်လက်တက်ငယ်များနဲ့ လူသူမရောက်သော ချောင်းငယ်များကို ဖြတ်၍..
ပျောက်ဆုံးနေသော ဒဏ္ဍာရီလာ ရှီရီရှားမားမျိုးနွယ်စုကို ရှာဖွေသွားပါမယ်
ဒါဟာ တောကြီးရဲ့ ဖြေရှင်းမရနိုင်သေးတဲ့ ပဟေဠိတွေထဲက တစ်ခုပါပဲ
ငါပဲဖြစ်နေတာလား တောထဲရောက်နေတော့ အရမ်းကို စိတ်ပါနေသလိုပဲ
မဟုတ်ဘူး နင်ဖြစ်နေတာမဟုတ်ဘူး တောထဲရောက်နေလို့ ဟုတ်ပြီလား
အကောင်းပြောနေတာ ငါ့ခေါင်းထဲ အဲဒါတစ်ခုတည်းကိုပဲ တွေးမိနေတယ်
ငါအလုပ်လုပ်ပါရစေဟာ
ကယ်ပါဦး
ကယ်ကြပါ သောင်တင်နေလို့
သင်္ဘောက သစ်ပင်အမြစ်တွေကြားထဲ ညပ်နေလို့
ကယ်ပါ
ကယ်ကြပါ ဒီမှာ
ဟိုမှာကြည့်စမ်း ဟိုနားက သင်္ဘောပေါ်မှာ လူတစ်ယောက်
သူ့သင်္ဘောနားကပ်ပေးလိုက်ဟေ့
ရပ်ဟေ့
ခင်ဗျားကို ခေါ်တင်ပေးမယ်
ရော့
ဘုရားမလို့ ခင်ဗျားတို့နဲ့တွေ့တာပဲ ဘုရားသခင် ကျေးဇူးကြီးပါပေတယ်
ခိုက်မိသွားသေးလား
ရှင် ရရဲ့လား
သင်္ဘောပန်ကာက သစ်မြစ်တွေကြောင့် ပျက်စီးသွားတယ်
ခင်ဗျားကို မန်းနက်စ်ကိုတော့ ပို့ပေးလို့မရဘူး ကျွန်တော်တို့က မြစ်ဖျားပိုင်းကို သွားမှာ
ရှေ့နားကရွာမှာ အသိတွေရှိတယ် ကျုပ်သင်္ဘောကို သူတို့ ပြင်ပေးလိမ့်မယ်
- ဒုက္ခပေးမိရင် တောင်းပန်ပါတယ် - တောင်းပန်စရာ မလိုပါဘူး
စက်တွေကောင်းကောင်းအလုပ်လုပ်ပါစေပဲ ဆုတောင်းနေရတာကိုး
ခင်ဗျားစက် ပျက်သွားလို့ပဲလေ
မတ်တဲအို
မြစ်ထဲ ငါးဖမ်းနည်းကွ
ဘယ်ဆိုးလို့လဲ
နောက်တစ်ခါကျရင် မှတ်တမ်းတင်ရိုက်ထားရမယ်
- ဆူရှီဆိုင်မှာ အလုပ်လုပ်ဖူးလား မစ္စတာ.. - ဆာရွန်းပါ ပေါလ်ဆာရွန်း
ခင်ဗျားက ဘယ်နိုင်ငံကလဲ မစ္စတာဆာရွန်း
- ပါရာဂွေးလေ - ဟုတ်လား
အစတုန်းကတော့ ဘုန်းကြီးလုပ်ဖို့အတွက် စာသင်ခဲ့သေးတယ်
ဒါပေမဲ့ အပြင်လောကကြီးအကြောင်းကို သိချင်ခဲ့တယ်လေ
ဆိုတော့ တောထဲကို ရောက်လာခဲ့တယ်
ကျုပ်နဲ့ကိုက်သွားတယ် ဆိုပါတော့
ပြောပါဦး ဘုန်းကြီးတောင်ဖြစ်အောင် မလုပ်နိုင်ဘဲ ဒီတောထဲမှာ ခင်ဗျားဘာလုပ်လဲ
မလုပ်နိုင်ဘူး ဟုတ်လား
ဘယ်သူပြောတုန်း
ကျုပ်မလုပ်နိုင်တာ မဟုတ်ဘူး
- မဟုတ်ဘူးလို့ပဲ ထင်တာပါ - အခုရော ခင်ဗျား ဘာနဲ့အသက်မွေးလဲ
- မြွေတွေနဲ့ - မြွေတွေ ဟုတ်လား
မြွေတွေ ဖမ်းတယ်
တိရစ္ဆာန်ရုံတွေနဲ့ စုဆောင်းတဲ့လူတွေအတွက် ဘာကောင်လိုလို ဖမ်းပေးတယ်
ခိုးဖမ်းတာလား
ခိုးဖမ်းတာက တရားမဝင်ဘူး ခင်ဗျားတို့ဘာအမဲလိုက်နေတာလဲ မေးလို့ရမလား
ဘာကောင်ကိုမှ အမဲလည်းမလိုက်သလို ဖမ်းလည်းမဖမ်းဘူး
ရှီရီရှားမားအင်ဒီးယန်းလူမျိုးတွေအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်မလို့လေ
- ဒဏ္ဍာရီလာ မျိုးနွယ်စုတွေလား - ဟုတ်တယ် ခင်ဗျားကြားဖူးတယ်ပေါ့
မြင်လည်းမြင်ဖူးတယ်
တကယ်လား ဘယ်နားမှာတွေ့ခဲ့တာလဲ ပြပေးလို့ရမလား
ကျုပ်အသက်ကို ခင်ဗျားတို့ကယ်ခဲ့တာပဲ ဒီလောက်တော့ လုပ်ပေးနိုင်ပါတယ်
ရှီရီရှားမားတွေကို တွေ့ခဲ့တဲ့ နေရာအတိအကျ ပြပေးမယ်
မနက်စ်က ဘားတိုင်းမှာ ဝီစကီ ၅ ခွက်လောက် ဝင်တာနဲ့ အဲဒီလိုပြောတဲ့ကောင်တွေ ရှိတယ်
အယုံမလွယ်စမ်းပါနဲ့ကွာ
ဝီစကီ ၅ ခွက်လား
မြစ်ထဲနေတဲ့လူတွေအတွက်တော့ မနက်စာသာသာပဲရှိတယ်
အရွက်သုပ်နဲ့ မြစ်ငါး လိုက်လား မစ္စတာဆာရွန်း
သိပ်လိုက်တာပေါ့ ငှက်ကလေးရယ်
ဟုတ်ပြီ
ဟိုမှာကြည့်စမ်း
ဘာတွေလဲ ပိုးစုန်းကြူးတွေလား
လှတယ်မဟုတ်လား
မျိုးစုနာမည်က လမ်ပီရစ်ဒေးလေ
တချို့ညတွေဆို သူတို့တွေအကုန် သစ်ပင်တစ်ပင်တည်းမှာ စုပြီးတော့..
မိတ်လိုက်ဖို့ အဆင်သင့်ဖြစ်ပြီဆိုတာကို မီးလေးတွေနဲ့ အချက်ပြကြတယ်
ဒါဆို ဘယ်သူက အချက်ပြတာလဲ အထီးတွေလား အမတွေလား
အမှန်တော့ အကုန်လုံးပဲ
အမတွေက မိန်းကလေးဆန်ဆန် ခပ်တိုတို ခပ်သွက်သွက် အချက်ပြတယ်
တစ်စက္ကန့်ကို ၈ ကြိမ်လောက်ပေါ့
အထီးတွေက ယောက်ျားပီပီသသ အကြာကြီးလင်းပြပြီး တုံ့ပြန်ကြတယ်
အဲဒီလိုမျိုး သဘောကျတယ်
နောက်ပိုးစကားတွေ မလိုဘူး အထင်လွဲတာတွေ မရှိဘူး
ဆန္ဒနဲ့ သဘာဝအလျောက်ပဲ
ငါနင့်ကို လွမ်းနေတာ
ဟာကွာ
အသုံးမကျတဲ့ ဂေါက်တံ
ကျုပ်ရေဒီယိုကို မထိနဲ့
မင်းသိလား မင်းကိုငါ ပျော်ပျော်ကြီး လူငှားသတ်ခိုင်းလိုက်လို့ရတယ်
ဒေသခံလူရိုင်းတစ်ယောက်ဖြစ်ဖြစ် ၁၅ ဒေါ်လာလောက် ပေးလိုက်ရင်ရပြီ
ပိုက်ဆံမကုန်ဘဲ ခုချက်ချင်း ခင်ဗျားကို သတ်လို့ရတယ်
ဟုတ်လား
- ဘယ်သူ့အားကိုးနဲ့လဲ - ခင်ဗျားအမေလေ
ဒါနဲ့ ရောက်တော့မှာလား
ရှေ့ကကွေ့နားလေးမှာပဲ
အဆင်ပြေတာပေါ့
မြွေတိုင်ပဲ
ဒီတိုင်က ရှီရီရှားမားလူမျိုးတွေရဲ့တိုင်ပဲ
ရှီရီရှားမားတွေက အနာကွန်ဒါမြွေကြီးတွေကို အစောင့်အရှောက်တော်နတ်ဘုရားအဖြစ် ကိုးကွယ်တယ်
သူတို့လက်ဆင့်ကမ်းပြောတဲ့ ဒဏ္ဍာရီတစ်ခုရှိတယ် နတ်ရေကန်သွားတဲ့ လမ်းခရီးအကြောင်းပေါ့
ပထမဆုံးအနေနဲ့ မြွေစစ်သည်တော်တွေ စောင့်ကြပ်တဲ့ ရေတံခွန်ကို ဖြတ်ရမယ်
တံခါးမှူးတွေကို ကျော်ပြီးရင်..
ရှီရီရှားမားတွေရဲ့ နယ်မြေကိုဖြတ်ပြီး ခရီးဆက်ရမယ်
ကြီးလွန်းလို့ နေကိုတောင်ကွယ်ထားတဲ့ တံတိုင်းကြီးဆီ မရောက်မချင်းသွားပြီး..
၅ ရက်လုံးလုံး တံတိုင်းကြီးအတိုင်း လျှောက်သွားရင် နောက်ဆုံးမှာ
ဧရာမအနာကွန်ဒါမြွေကြီးရဲ့ခေါင်းကို တွေ့ရလိမ့်မယ်
- မင်းလည်း ဒဏ္ဍာရီကို သိတယ်ပေါ့ - သိတာပေါ့
သိပ်ကိုလှပတဲ့ ဒဏ္ဍာရီပဲလေ
ဒါပေမဲ့ အဲဒါက မာကူလူမျိုးတွေရဲ့ ဒဏ္ဍာရီပါ
ရှီရီရှားမားတွေရောပဲလေ
ကျွန်တော်သိသလောက်တော့ မဟုတ်ဘူး
အခုက ရေတက်နေပြီ ဒါပေမဲ့ ရွာကိုတော့ ဒီနားမှာပဲ တွေ့ခဲ့တာ
ဒီမြစ်ခွဲအတိုင်းသွားရင် တွေ့လိမ့်မယ် ကျုပ်ကမြွေဖမ်းပြီးလုပ်စားတာ ကျုပ်သိတာပေါ့
ဟုတ်ပါပြီ ခင်ဗျား မြွေဖမ်းအရမ်းတော်တာ ယုံပါတယ်
ကျွန်တော့်အလုပ်က လူရိုင်းတွေ လိုက်ရှာတာပါ ဒါမျိုးကို ကျွန်တော်သိပ်ကျွမ်းပါတယ်
မြစ်ရေတက်နေတယ်ဆိုတော့ ကျွန်တော့်ခန့်မှန်းချက်အရဆိုရင်..
ဒီဘက်က ကုန်းမြေတွေ ရေမြုပ်သွားလိမ့်မယ်
အစားအစာရှာဖို့အတွက် ဒီလူမျိုးစုတွေ သွားရမှာက
ကုန်းမြင့်နေရာတွေပဲ ဆိုတော့ ဟိုနားလောက်ဖြစ်မယ်
ဘယ်ဘက်သွားမှာလဲ
ဒီဘက်သွားမယ်
ဝက်စ်ရေ့ဂျ် လာပါဦးရှင့် ရှင့်ကို မြွေတိုင်နဲ့အတူ ရိုက်မလို့
ဂယ်ရီ နင်က အသံဖမ်းမယ်နော်
- ကင်မရာရိုက်မယ် - စပြီ
ပထမဆုံးအနေနဲ့ တွေ့ရတာကတော့ ရှီရီရှားမားတို့ရဲ့ရုပ်တုတိုင်ပဲဖြစ်ပါတယ်
ဒါနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှု အနည်းငယ်တော့ ရှိပါတယ်
ကျုပ်သိတာက သိတာပဲ လက်ခံချင်ခံ မခံချင်နေ
- ရှေ့နားကရွာမှာ ကျုပ်ကိုချပေးခဲ့ - ရပ်မယ်
လုပ်ပေးရမှာပေါ့
အဲဒါက ဘာဖြစ်သွားတာတုန်း
ငါတို့ကုန်းပေါ်တက်ပြီး အကောင်ဗလောင်အသံတွေ ဖမ်းလိုက်ဦးမယ်
No comments yet. Be the first to leave one.