ആദ്യത്തെ 200 വരികൾ.
ဒီတောအုပ်နဲ့ ပတ်သတ်ပြီး ဆန်းကြယ်တဲ့ ဒဏ္ဍာရီတွေ ပြောကြတယ်
မေဂ္ဂလိလို့ ခေါ်တဲ့ ကောင်လေးရဲ ဒဏ္ဍာရီလောက် တစ်ခုမှ မထူးဆန်းကြဘူး
မင်းကတော့ ငါမြင်ဘူးသမျှ ၀ံပုလွေထဲမှာ အဆိုးဆုံးပဲ
သစ်ကိုင်းမကျိုးရင် ကျွန်တော်ရောက်ပါတယ်
လေဆန်ကိုဖြတ်တယ် အဖွဲ့ကနေခွဲထွက်တယ်
ဝံပုလွေအုပ်နဲ့ တူတူမပြေးနိုင်ဘူးဆိုရင်
တစ်ရက်ကျရင် မင်းတစ်ယောက်ယောက်ရဲ့ ညစာဖြစ်သွားလိမ့်မယ်
ငါတို့ ဘယ်လိုလုပ်ကြမလဲ
မောဂ္ဂလိကို မိပြန်ပြီ
သူ ကောင်စီထဲ ၀င်ရမှာမဟုတ်ဘူး သွားကြစို့
အမြင့်ပေါ်ရောက်နေလို့ပါ
ဝံပုလွေဆိုတာ သစ်ပင်ပေါ်မှာ မပုန်းဘူး
ကျွန်တော်သူတို့ကို မှီအောင်မလိုက်နိုင်ဘူး ဘက်ဂီရာ
ကျွန်တော်ကြိုးစားခဲ့တယ် သစ်ပင်မှားတက်မိလို့ပါ
အဲ့ဒါ သစ်ပင်ခြောက်ကွ သေနေပြီ
ကျွန်တော်က သစ်ပင်သေမှန်း ဘယ်လိုသိမှာလဲ
နွယ်ပင်ကြီးရှိနေတယ် ဘယ်သစ်ပင်မဆို နွယ်ပင်နဲ့ ပတ်ခံထားရတယ် ဆိုရင်
သေရင်သေ မသေရင် သေဖို့နီးနေပြီ ဒါတွေက ၀ံပုလွေတစ်ကောင် သိသင့်တဲ့အချက်တွေပဲ
ဟုတ်တယ် ဒါပေမယ့် သစ်ကိုင်းသာ မကျိုးရင် ကျွန်တော်ရောက်ပါတယ်
ဝံပုလွေတစ်ကောင် အဖြစ် မင်းက မမွေးခဲ့တာ ငါသိပါတယ်
အနည်းဆုံး ၀ံပုလွေတစ်ကောင်လို ဟန်ဆောင်နေလို့ မရဘူးလား
ငါသူ့ကို စတွေ့တုန်းက
မွေးကင်းစ ကလေးလေးပဲ တောထဲမှာ ပစ်ခံထားရတယ်
သမင်ကိုလိုက်
သူအသက်ရှင်ဖို့ တစ်ယောက် လိုအပ်မယ်ဆိုတာ သိခဲ့တယ်
သူ့ကို စောင့်ရှောက်ပေးနိုင်မဲ့ တစ်ယောက်ပေါ့
ဒါကြောင့် သူ့ကိုဝံပုလွေတွေဆီ အပ်ခဲ့တယ်
အကီလာက ထက်မြက်တဲ့ ၀ံပုလွေခေါင်းဆောင်ပါ သူက မောဂ္ဂလိကို သူတို့နဲ့ နေခွင့်ပေးခဲ့တယ်
ဒီအရွယ်ရောက်တဲ့ အထိပေါ့
ဒါပေမယ့် ပြသာနာက ၀ံပုလွေဆိုတာ အကြီးမြန်ပြီး မောဂ္ဂလိက
ကြီးလာဖို့ အချိန်ကြာတယ်ပဲ ဆိုကြပါဆို့
မောဂ္ဂလိ ငါ့ကိုအပေါ်ကို ခေါ်ပါ
မောဂ္ဂလိကို ပြုစုခဲ့တာ ရာရှာဖြစ်ပါတယ် သူကတော့ မောဂ္ဂလိရဲ့ အမေပေါ့
ကစားရအောင် မီးခိုး ငါမကစားချင်ဘူးကွာ
မင်းက ငါ့အစ်ကိုပဲ ငါနဲ့ကစားရမှာပေါ့
ကြွက်သွားဖမ်းရအောင်
ဘယ်လိုဖြစ်တာလဲ
ကျွန်တော်ကို မိသွားတယ်
အကျိုးရှိလို့ အကြောင်းဖြစ်တာပဲ
ကဲ ဥပဒေကို ဆိုကြရအောင်
ဒါက တောအုပ်ရဲ့ဥပဒေပါ
ကောင်းကင်လိုပဲ သက်တမ်းရင့်ပြီး မှန်ကန်တယ်
လိုက်နာတဲ့ ၀ံပုလွေတွေ အောင်မြင်မယ်
ချိုးဖောက်တဲ့ ၀ံပုလွေတွေသေရမယ်
သစ်ပင်ရဲ့ ပင်စည်ကို ပတ်ထားတဲ့ နွယ်လိုပဲ
ဥပဒေဟာ နေရာတိုင်းသက်ရောက်မှုရှိတယ်
အုပ်စုရဲ့ ခွန်အားက ၀ံပုလွေပဲ
ဝံပုလွေရဲ့ ခွန်အားက အုပ်စုပဲ
မကြာခင်မှာ မိုးမရွာတော့ပဲ နွေရာသီ ရောက်လာပါတော့မယ်
တောအုပ်တစ်ခုလုံး တစ်ဖြည်းဖြည်း ပူလာပါတော့တယ်
အ၀ါရောက် ပြောင်းလာတယ် ပြီးတော့ ညိုလာတယ် နောက်ဆုံး မဲသွားပါတယ်
ဒါပေမယ့် အဲ့ဒီနှစ်ကတော့ အကုန်လုံးမှတ်မိတဲ့ အခြောက်သွေ့ဆုံးနှစ်ပါပဲ
ပန်းတွေ မပွင့်တော့ဘူး
ငါ့ သစ်ရွက်
ဒါ ငါ့ဟာ ငါ့ဟာ ငါ့ဟာ ဒီမှာ ရှိသေးတယ်
ဒါကျောက်တုံး ဒါရွှံ့ ဒါရွှံ့ ဒါကျောက်တုံး
ဒါငါ့ ကျောက်တုံး ငါ့ကျောက်တုံးကို ဘယ်သူမှမထိနဲ့
နောက်ကျောက်တုံး တစ်တုံး နှစ်တုံး သုံးတုံး
ငြိမ်းချမ်းရေး ကျောက်တုံး ငြိမ်းချမ်းရေး ကျောက်တုံး
စစ်ပြေငြိမ်းပြီ ရေကြောင့် စစ်ပြေငြိမ်းပြီ
ရေကြောင့် စစ်ပြေငြိမ်းပြီ
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငြိမ်းချမ်းရေး ကျောက်တုံးပေါ်လာခဲ့တယ်
စစ်ပြေငြိမ်းရေး စတင်ခဲ့တယ်
ကမ်းနားမှာ အမဲလိုက်တာကို ခွင့်အပြုတော့ဘူး
ဘာလို့လဲဆိုတော့ တောရဲ့ ဥပဒေအရ ရေက အစာထက်အရေးကြီးလို့ပဲ
ဒီလိုနေ့မျိုးမှာ ငြိမ်းချမ်းရေး ကျောက်တုံးနားမှာ
တိရစ္ဆာန်အကုန် မြင်တွေ့နိုင်တယ်
မမေ့နဲ့နော် အမဲမလိုက်ရဘူး
ကစားပဲ ကစားကြနော် သိပါပြီ မေမေ
နောက်ပြီး အဲ့ဒီမှာ လူသားကို မတွေ့ဖူးတဲ့သူ အများကြီးပဲ
ဒါကြောင့် အနေအထိုင်ဆင်ခြင်ပါ
အခု သွားလို့ရပြီလား
ကလေးတွေကိုပါ ခေါ်သွားပါ
ငါ့ကို စောင့်ဦး မီးခိုး လာခဲ့
ဒီကောင်ကို ကြည့်ပါဦး
ခွင့်ပြုပါ တောင်းပန်ပါတယ်
ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်တယ် စိုက်မကြည့်နဲ့လေ
အကုန်ဒီမှာ ရှိတယ်
အဲ့ဒါ ဒေါင်းလား
အိုး တုတ်တစ်ချောင်းပါလား ဒါ ငါ့တုန်ချောင်း
တောင်းပန်ပါတယ် သမင်လုပ်တာ မဟုတ်ပါဘူး
အဲ့ပေါ်မှာ ငါသေးပေါက်လို့ရတယ်
လမ်းကြည့်လျှောက်ပါ
အဲ့ဒါ ဘာကောင်လဲ အဖေ
လူသားလေး ထင်တာပဲ
လူသားက ဒီမှာဘာလုပ်တာလဲ
ငြိမ်းချမ်းရေးကို မမေ့ပါနဲ့ ဥပဒေကို ငါသိတယ် ဘတ်ခ်
အဲ့ဒါ ဘာကြီးလဲ
ထူးဆန်းတယ် ထူးဆန်းတယ်
မောဂ္ဂလိ
မင်း လှည့်ကွက်တွေနဲ့ ပတ်သတ်ပြီး ဘယ်လို စည်းကမ်းထုတ်ထားလဲ
ဒါ ၀ံပုလွေတွေ လုပ်တဲ့အရာ မဟုတ်ဘူး
နောက်ထပ် လှည့်ကွက်တွေ မလုပ်နဲ့ 
ပျော်ပျော်နေပါ မင်းကို ၀ံပုလွေကောင်းဖြစ်အောင် လုပ်ပေးပါမယ်
ကျွန်တော် ၀ံပုလွေကောင်းဖြစ်မလား ကျွန်တော် အူတာကို ကြည့်ပါဦး
တစ်ချို့အုပ်စုတွေမှာ အငယ်ဆုံးကောင်က စားခံရတယ်
မောဂ္ဂလိ ငါ့နောက်မှာနေ
ငါ့နားက မခွာနဲ့
အားလုံး ငြိမ်းချမ်းရေး ကျောက်တုံးကို လာတယ် အနံ့ပေါင်းစုံ ရတယ်
ဒါပေမယ့် ဒီထဲမှာ ထူးထူးခြားခြား အနံရတယ်
အဲ့ဒါဘာနံ့လဲ ငါရနေတာ ဘာနံ့လဲ
ငါထင်တယ် ဒါလူသားတစ်ယောက်ရဲ့ အနံ့ပဲ
မောဂ္ဂလိက ငါ့ရဲ့အုပ်စုထဲက တစ်ယောက်ပဲ ရှီယာခန်
မောဂ္ဂလိ နာမည်တောင် ပေးထားတာပဲ
ဘယ်တုန်းက ငါတို့ လူသားတွေကို တောထဲမှာ မွေးစားခွင့်ပြုလိုက်တာလဲ
သူက ကလေးပဲရှိသေးတယ်
အရွယ်ရောက်တဲ့ လူသားတစ်ယောက် ဘာလုပ်နိုင်လဲ ငါ့မျက်နာကို ကြည့်ရင် မသိဘူးလား
နှစ်အနည်းငယ် တောပြောင်းလိုက်တာနဲ့ အားလုံး ဥပဒေဘယ်လိုဆိုတာ မေ့ကုန်ကြပြီ
ကောင်းပြီ မင်းတို့ကို သတိပေးမယ် လူသားလေးကနေ လူတစ်ယောက်ဖြစ်လာမယ်
လူတွေကို ခွင့်မပြုဘူးကွ
နင်က ဥပဒေအကြောင်းဘာသိလို့လဲ ရရှာ
အပျော်တမ်း အမဲလိုက်တယ် အာဏာအတွက် လူသတ်တယ်
နင်ဘယ်တုန်းကမှ ဥပဒေကို မလိုက်နာဘူး
ဒီအုပ်စုက ငါ့အုပ်စု ဒါကြောင့် နင်လာတဲ့ နေရာကို ပြန်သွားတော့ မီးလောင်ကောင်
ကျားက တောအုပ်ရဲ့ ဒီအပိုင်းကို ဘယ်သူအုပ်ချုပ်လဲဆိုတာကို သိပါတယ်
ဒီကိုလာပြီး ခြိမ်းခြောက်မှာ မဟုတ်ဘူးလို့ ငါထင်တယ်
အထူးသဖြင့် ရေငြိမ်းချမ်းရေးယူထားတဲ့ အချိန်မှာပေါ့
ငါတို့  စောင့်ရှောက်ထားတဲ့ ဥပဒေကို ငါကလေးစားတယ်
ငါ ငါ့ကတိပဲ ဘယ်အရာကမှ အကြာမခံဘူး
မိုးရွာပြီ မြစ်ရေတက်လာရင် ဒီကျောက်တုံး ပျောက်သွားတဲ့အခါ
စစ်ပြေငြိမ်းသာ ရပ်သွားမယ်
မင်းသူ့ကို စောင့်ရှောက်ချင်လား ရတယ် ဒါပေမယ့် ကိုယ့်ကိုကိုယ်မေးကြည့်
လူသားတစ်ယောက် အသက်က မင်းတို့  အသက်နဲ့  ဘယ်လောက်တန်သလဲ
ဘယ်နှသက်လဲ
ဘယ်သူက ဒါကိုဖြေနိုင်မှာလဲ
မိုးရွာပြီ မိုးရွာပြီ
ခြောက်အောင်ထား ခြောက်အောင်ထား သစ်ရွက်တွေက တစ်ချိန်လုံး ငြိနေတာပဲ
မိုးပြန်ရွာလာတဲ့အခါ
ကောင်စီမှာ ရင်ဆိုင်စရာ မေးခွန်းတစ်ခုရှိလာတယ်
ရက်ပေါင်းများစွာ ကြာတဲ့အထိ
ငြင်းခုံဆွေးနွေးကြတယ်
သူတို့ဘာအကြောင်းပြောနေကြတယ်လို့ မင်းထင်လဲ
ဘယ်သူမှ အုပ်စုထဲကို အရင်က ရောက်မလာဘူး
ဒါပေမယ့် ရှီယာခန်ရဲ့ ခြိမ်းခြောက်မှုကို ပစ်ထားလို့ မရဘူး
မောဂ္ဂလိ မင်းအပေါ်ကို သွားခွင့်အရှိဘူး
ကျေးဇူးပြုပြီး
ကျွန်တော်ထွက်သွာတော့မယ်
ကျွန်တော့် အတွက်နဲ့  ဘယ်သူမှ ထိခိုက်တာ မမြင်ချင်ဘူး
မော်ဂ္ဂလိ ဂူထဲကိုပြန်သွားစမ်း
လူသားလေဟာ သူသားတွေနဲ့ပဲ သက်ဆိုက်တယ်
ငါတို့က သူ့ကို ၀ံပုလွေ တစ်ကောင်လို ပြုစုခဲ့တာပဲ
ဘယ်လိုပဲဖြစ်ဖြစ် ရှီယာခန်က နောက်ဆုံးရမှာပဲ
အကီလာ
ငါ ကူညီနိုင်တယ်
ကောင်လေးပြောတာ မှန်တယ် သူတစ်ခြား သူတွေကို ရှာဖို့ အချိန်တန်ပြီထင်တယ်
မဟုတ်ဘူး ငါက သူ့ကို မင်းတို့ဆီခေါ်ခဲ့တဲ့သူပဲ
အခု သူနဲ့သက်ဆိုင်တဲ့ နေရာကိုပြန်ပို့တော့မယ်
ငါ ခွင့်မပြုဘူး သူက ငါ့သားပဲ
ဒီနေ့ရောက်လာမယ်ဆိုတာ ငါတို့သိပြီးသားပဲ
သူသိတဲ့သူ့ရဲ့မိသားစုက ငါတို့ပဲရှိတာ
ရှရှာ သူလုံခြုံမယ့်နေရာ အဲ့ဒီတစ်နေရာပဲရှိတယ်
ရပါတယ် မေမေ ကျွန်တော်ဝေးဝေးမသွားပါဘူး
အလည်ပြန်လာပါ့မယ်
ဘယ်တော့မှ မမေ့ပါနဲ့
မင်းက ငါ့သားပါပဲ
မင်းဘယ်မှာ နေနေ ဘယ်လို ခေါ်ခေါ်
မင်းက မမြဲတမ်း ငါ့သားပါပဲ
ဝံပုလွေတွေက ရှီယာခန်ကို တိုက်ခိုက်နိုင်တယ်လို့ ပြောချင်ပေမယ့်
ဒါက ပုံပြင်တစ်ပုဒ် မဟုတ်ဘူး
လိပ်တွေက ကျွန်တော်ကို ခင်ကြတယ်
ဒါမှမဟုတ် မိချောင်းတွေ
ကြံ့တွေကောဘယ်လိုလဲ သူတို့ အမြဲတမ်း ကျွန်တော်နဲ့လျှောက်လည်ကြတယ်
ဟုတ်သားပဲ ကြံ့တွေက မတ်တပ် အိပ်တာ
ကျွန်တော် ဒါမျိုးလုပ်နိုင်မယ်မထင်ဘူး
လိပ်ဖြစ်ဖြစ် မိချောင်းဖြစ်ဖြစ်
ဘယ်ကောင်က ပိုကောင်းမယ်ထင်လဲ
တစ်ခုမှမကောင်းဘူး
ဘာကို ဆိုလိုတာလဲ
ငါမင်းကို လူသားရွာကို ခေါ်သွားမလို့
ဘာ
ဘက်ဂီရာ ကျွန်တော်လူတွေကို မသိဘူး
မင်း သိလာလိမ့်မယ်
ကျွန်တော်ကို့ လူသားရွာနား မသွားနဲ့လို့ အမြဲမှာထားပြီးတော့
အဲ့တုန်းက အခြေအနေနဲ့ မတူတော့ဘူး
ဘာမတူတာလဲ လူသားရွာနဲ့ အမြဲတမ်းဝေးဝေးမှာ နေခိုင်းပြီးတော့
ဘာလို့လဲဆိုတော့ မင်းထောင်ချောက်ထဲကျရင် ဒါမှမဟုတ်
အစားခံရတာ ဒါမှမဟုတ် ကျောက်တုံးပျံတွေနဲ့ ထိမှာစိုးလို့ 
ငါပြောခဲ့တာ ငါသိပါတယ်
ဆင်တွေ
ဦးညွှတ် ဘာလို့လဲ
သူတို့ကို လေးစားကြောင်းပြသတာပဲ
ဆင်တွေဟာ ဒီတောကို ဖန်တီးခဲ့တယ်
သူတို့ အစွယ်တွေနဲ့ လမ်းဖေါက်တယ် မြစ်ရေတွေစီးတယ်
သူတို့နှာမောင်းနဲ့ သစ်ရွက်တွေ ကြွေအောင်မှုတ်တယ်
တောတွေ သစ်ပင်တွေ ငှက်တွေကို ဖန်တီးတယ်
ဒါပေမယ့် သူတို့က မင်းကိုဖန်တီးခဲ့တာ မဟုတ်ဘူး ဒါကြောင့် မင်းသွားရမယ်
ကျွန်တော် တောင်ဆိတ်တွေနဲ့နေရင်ကော မရဘူး
ဒါမှမဟုတ် မြွေပါတွေနဲ့ကော
ဒါ ဆွေးနွေးတာ မဟုတ်ဘူး
ဒီတောက ကျွန်တော့်ရဲ့အိမ်ပဲ လူတွေ ဘယ်လိုနေလဲ ဆိုတာ ကျွန်တော်မသိဘူး
မင်းသိလာလိမ့်မယ်
တောထဲမှာပဲနေချင်တာ ဘာလို့သွားရမှာလဲ
တောက မင်းအတွက် မလုံခြုံဘူး မင်းကို ကျားတစ်ကောင် အမဲလိုက်နေတယ်
လူတွေပဲမင်းကို ကာကွယ်ပေးနိုင်မယ်
ဒါ မမျှတဘူး ကျွန်တော်ကို ရွေးချယ်ခွင့်အပေးဘူး
ကျွန်တော့်ကို မပြောပဲ ထိန်ချန်တာတွေ ရှိတယ် ကျွန်တော် မသိဘူး မထင်နဲ့
ကျွန်တော် လာခဲ့တဲ့ နေရာကိုပြန်ပို့ မယ်ပြောတယ်
ဒါပေမယ့် ကျွန်တော့်ကို ခင်ဗျားတွေ့ခဲ့တာ တောထဲမှာလေ
တောထဲပြန်ခေါ်မှာလား မခေါ်ဘူး
ကျွန်တော်ကို တောထဲမှာတွေ့တာ ဘာလို့ လူသားရွာကို ခေါ်သွားတာလဲ
No comments yet. Be the first to leave one.