ആദ്യത്തെ 200 വരികൾ.
သေချာဆုံးဖြတ်ချက် မချရသေးခင်
ဒွေးတော် ဒီဝန်ကြီးနေရာကို ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်တယ်
မဟာမန်ဂ
မှန်လှပါ မင်းကြီး
မင်းကြီး အခုလိုချီးမြှောက်တော်မူတာနဲ့တင် ကျေးဇူးကြီးလှပါပြီ မင်းကြီး
ဒါပေမဲ့ ကျွန်တော်မျိုးမ ဝန်ကြီးနေရာကို မဆက်ခံချင်ပါဘူး
ဘဟာဒူခန်ပြောသလို နိုင်ငံရေးရာမှာ
အမျိုးသမီးဝင်စွက်ဖက်တာမျိုးက မဖြစ်သင့်ပါဘူး
မောင်းမဆောင်မှာနေပြီး အရှင့်ကို အလုပ်အကျွေးပြုရတာနဲ့တင် ကျေနပ်လှပါပြီ
ဒီစည်းမျဉ်းကို ငါကိုယ်တော် ချိုးဖောက်မယ်
အဲဒါဆို ပြဿနာမရှိတော့ဘူးပေါ့
ရှိပါတယ် မင်းကြီး
ကျွန်မ ဝန်ကြီးမဖြစ်ချင်ပါဘူး အရှင်မင်းကြီး
ခင်ဗျား မှန်းထားတဲ့လူ ရှိနေလား ဒီနေရာနဲ့ သင့်တော်တဲ့လူ ဘယ်သူဖြစ်မလဲ
ရှမ်ရှုဒင်နာမည်ထွက်လာတာနဲ့..
ကျွန်မ ညီလာခံမှာတစ်ခုလျှောက်တင်မယ်
ကျွန်မ လျှောက်တင်တာနဲ့ ရှင်တို့အားလုံးက ကျွန်မနောက်ကလိုက်ပေးကြ
ဒုက္ခရောက်ပြီ ဘဟာဒူခန်ပဲ
သူက ကျွန်တော်တို့နဲ့မတည့်ဘူး
သိတယ်
အကုန်လုံးက ဘဟာဒူခန်ဘက်မှာပဲ
အီရာခန် ဆူတန်ဟူစိန်ဂျလီ မိုဟာမက်အာမီးဒီဝါနာတို့
အားလုံးက ကျွန်တော်တို့နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းတွေ
ဘဟာဒူ သူတို့ကို သတင်းသွားပေးရင် ဘယ်လိုလုပ်မလဲ
သေချာပေါက် သတင်းသွားပေးမှာပဲ
ဒါပေမဲ့ နိုင်ငံရေးစစ်ပွဲမှာက ရန်သူကို
မိတ်ဆွေဖွဲ့မှဖြစ်မယ်
ဒွေးတော်က ဘာလုပ်ချင်တာလဲ
ညီလာခံမှာ..
ငါတို့ရန်သူတွေတောင် ကြက်သေသေသွားမယ့်အရာမျိုးပေါ့
သူတို့ပြောနေတာကို ဘဟာဒူခန်ကြားပြီးပြီဆိုတာ မဟာမန်ဂ သိနေပါပြီ
ပြောပါ ဒွေးတော် ဒွေးတော် ဘယ်သူ့ကို မှန်းထားလဲ
မဟာမန်ဂ
ဘဟာဒူခန်ပါ
ခါအန်ခါနာမရှိတဲ့နောက် စစ်ပွဲအကြောင်း သိတဲ့သူဆိုလို့
သူပဲရှိပါတယ်
နောက်ပြီး နယ်စပ်ရေးရာနဲ့ပတ်သက်ပြီးလည်း
သေချာနားလည်တတ်ကျွမ်းတယ်
မဟာမန်ဂက ဘယ်သူမှမထင်တာကို လုပ်လိုက်တာပါပဲ
ဘဟာဒူခန်ကို ဘာရမ်ခန်နေရာရအောင် ထောက်ခံပေးလိုက်တာက
သူ့ရန်သူတော်တွေရဲ့ထောက်ခံမှုကို ရရှိလိုက်တာပါပဲ
အသင့်တော်ဆုံးပဲ
ဂုဏ်ပြုပါတယ်
ဘဟာဒူခန်နဲ့သူ့နောက်လိုက်နောက်ပါတွေက
မဟာမန်ဂဩဇာရှိတာကို လက်ခံလိုက်ပါပြီ
ဘဟာဒူခန်ဟာ ဘာမန်ခန်ရဲ့နေရာ ရရှိသွားပါပြီ
ဒါပေမဲ့ ရာထူးပဲဆက်ခံတာပါ
လုပ်ပိုင်ခွင့်ကိုတော့ မဟာမန်ဂချုပ်ကိုင်ထားလိုက်ပါပြီ
မဟာမန်ဂ
နောက်ပြီး မဟာမန်ဂရဲ့သား အာဒမ်ခန်က..
သူ့အမေရဲ့လုပ်ပိုင်ခွင့်ကို အပြည့်အဝ အသုံးချပါတော့တယ်
သူ့လင်သားအီဗရာဟမ် ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားတော့
ဘာနုတစ်ယောက် မျက်ရည်မဆည်နိုင်ခဲ့ပါဘူး
သူ့မောင်ကြီးဂျာလာနဲ့တွေ့ဖို့ အာဂရာကို ရောက်လာပါတယ်
မောင်ကြီး
ကျွန်မ ဘာများကျူးလွန်မိလို့လဲ မောင်ကြီး
ဘာလို့ ကျွန်မမှ ဒီလိုလာဖြစ်ရတာလဲ
သူ့ခန်းဆောင်ထဲ ခေါ်သွားလိုက်ပါ ရခေယျ
ဒီနေ့ကစပြီး ငါ့မေတ္တာရိပ်အောက်မှာ ငါတို့နဲ့အတူ သူနေမယ်
ဘတ်ရှီဘာနုကြုံခဲ့ရတာတွေက
မဖြစ်သင့်ဘူး မယ်တော်
အီဗရာဟမ်ကံကုန်တာ စောလွန်းတယ်
ကျွန်တော့်ညီမတော်က ဘယ်လိုဖြစ်ပြီး တစ်သက်လုံး တစ်ယောက်တည်းနေလို့ရမှာလဲ
ဘတ်ရှီဘာနုကို ငါ့သားအာဒမ်နဲ့ နောက်တစ်ကြိမ် ထိမ်းမြားပေးလိုက်ရရင်
ဘယ်လောက်ကောင်းလိုက်မလဲ
အခုတော့ ငါက ဂျာလာရဲ့အထိန်းတော် ဒါပေမဲ့ ထိမ်းမြားပြီးရင်
ငါက သူ့ဆွေတော်မျိုးတော်ဖြစ်လာမှာ
အဲဒီအခါကျ အမတ်တွေအားလုံး
ငါ့ရှေ့မှာ ဦးညွှတ်ရမှာ
ဂျာလာ အရှင်ခွင့်ပြုမယ်ဆို ကျွန်မ တွေးမိတာတစ်ခုရှိတယ်
အဲဒီအကြောင်း ပြောပြချင်ပါတယ်
ကျွန်တော် ခဏ ခဏပြောပြီးပြီလေ ဒွေးတော်
ပြောဖို့ဆိုဖို့ ကျွန်တော့်ခွင့်ပြုချက် တောင်းခံစရာ မလိုပါဘူးလို့
ပြောပါ
အီဗရာဟမ်ကံကုန်တာ ခြောက်လရှိပြီနော်
ပူဆွေးနေရမယ့်အချိန် ကုန်လွန်သွားခဲ့ပါပြီ
ဘတ်ရှီဘာနုကို ထပ်ပြီး ထိမ်းမြားပေးလိုက်ရင် ဘယ်လိုလဲ
ကျွန်တော် လုံးဝသဘောတူတယ်
သားတော် ဒီကိစ္စကို အမြန်ဆုံး ဆုံးဖြတ်ပေးပါ့မယ်
အခု အာဒမ်သာလက်ခံရင်ရပြီ
ဂျာလာသာ ဘတ်ရှီဘာနုကို အာဒမ်လက်ထပ်ခွင့်တောင်းတာ သဘောတူရင်
မဟာရဲ့အမိန့်ကို မောင်းမဆောင်တစ်ခုလုံးသာမက
တစ်နိုင်ငံလုံးပါ နာခံရတော့မှာ
ခြောက် ခြောက်
ကဲ မောင်ကြီး နယ်ရုပ်တစ်ခု ဆုံးသွားပြန်ပြီ
မောင်ကြီးတော့ ရှုံးတော့မှာပဲ
အိပ်မက်မက်မနေနဲ့ ညီမတော်
အရင်ဆုံး ကစားပါရစေဦး ပြီးမှဆက်ပြောကြမယ်
မနက်ဖြန်ဆို နန်းတွင်းပုရောဟိတ်တွေ ရောက်လာတော့မှာ
တစ်ရက်နှစ်ရက်အတွင်း ဂျိုဓာလက်ထပ်ရတော့မယ်
ပြီးရင် ကျွန်မတို့နဲ့ပတ်သက်ပြီး အမှတ်တရတွေပဲ ကျန်ခဲ့တော့မှာ
ဒါကြောင့် သူ့မောင်ကြီးတွေက အမှတ်တရတွေကျန်အောင် လုပ်ပေးနေတာလေ
သူတို့အလုပ်တွေ ဘေးချထားပြီး
ဂျိုဓာပျော်အောင် လုပ်ပေးနေကြတာ
အချိန်ကုန်မြန်တာကတော့ အကုန်လုံးတူတူပါပဲ
ဒါပေမဲ့ သမီးရှိတဲ့အိမ်တွေက
ပိုပြီးအချိန်ကုန်မြန်သလိုပဲ
ငါတို့ဂျိုဓာ ဘယ်အချိန်က လူကြီးဖြစ်သွားမှန်းတောင် မသိလိုက်ဘူး
နိုင်ပြီ ကျွန်မတို့နိုင်ပြီ
မောင်ကြီး ညစ်တယ်နော်
ကျွန်မပျော်အောင်လို့ တမင်အရှုံးပေးတာ မဟုတ်လား
မင်းပျော်မှာနဲ့ယှဉ်လိုက်ရင် အခုလိုအရှုံးပေးတာက အသေးအမွှားပါ ဂျိုဓာ
ကစားတာပဲဖြစ်ဖြစ် စစ်တိုက်တာပဲဖြစ်ဖြစ်
ကျွန်မက ကျွန်မမောင်ကြီးတွေအားလုံးကို နိုင်စေချင်တာ
ညီမတော်ရဲ့တောင်းဆုတွေက မောင်ကြီးတို့နဲ့အတူ ရှိနေမှတော့
ဘယ်သူက အနိုင်တိုက်ရဲမှာလဲ
မဟာမန်ဂက လူစင်စစ်တွေကို
နယ်ရုပ်တွေနေရာမှာထားပြီး ကစားကွက်ရွှေ့နေတာ
ပထမဆုံး မဂိုအင်ပါယာရဲ့ညီလာခံခန်းမမှာ
အမျိုးသမီးတွေပါ ပြောခွင့်ဆိုခွင့်ရအောင် လုပ်ခဲ့တယ်
မဟာမန်ဂကို ငါ သတိထားမှဖြစ်မယ်
မိဖုရားက စိတ်မပူသင့်တာတွေ ပူနေတာပဲ
အိန္ဒိယတိုင်းပြည်ရဲ့မိဖုရားလေ
ဒါပေမဲ့ မင်းကြီးက သူ့ကို အမေနေရာမှာ ထားထားတာ
အဲဒါမှတ်ထား
ယောက်ျားတိုင်းအတွက် သူ့ဇနီးမယားထက် သူ့မိခင်က ပိုပြီးအရေးပါတယ်
မဟာမန်ဂရဲ့အခြေအနေကို မြင်လာသလို
သူ့လှည့်ကွက်တွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်
မဟာမန်ဂ
ဂါရဝပြုပါတယ် မိဖုရား
ကျွန်မကို ဆင့်ခေါ်တယ်ဆို
လာပါ လာပါ ဖိတ်ခေါ်ထားပါတယ်
ရှင်နဲ့ကျွန်မ စစ်တုရင် မကစားရတာ ကြာပြီနော်
ဟိုတစ်နေ့က ကစားပွဲကလည်း မပြီးသွားဘူး
ဒီတော့ ပြီးအောင်ကစားရအောင်
အမိန့်တော်အတိုင်းပါ မိဖုရား
မဟာမန်ဂ
တစ်ခုသတိပေးပါရစေ မိဖုရား မိဖုရားကစားရမယ့်အလှည့်ပါ
ငါမှတ်မိပါတယ်
အရင်တစ်ခေါက် ရှင်ရွှေ့တဲ့အကွက်က
ကျွန်မတန်ပြန်တိုက်ခိုက်ဖို့ အချိန်ယူပြီး စဉ်းစားခဲ့ရတယ်
ရှင် ကောင်းကောင်းကစားခဲ့တာပဲ
မှန်လှပါ မိဖုရား ကျွန်မနားမလည်ဘူး
ဘဟာဒူခန် သူက ရှင်နဲ့မတည့်ဘူးလေ မဟုတ်ဘူးလား
အခု သတင်းကြားပါတယ် သူက ရှင့်နယ်ရုပ်ဖြစ်သွားပြီတဲ့
ရှင် အင်အားတော်တော်တောင့်လာတာပဲ
ကျွန်မကို မဂိုအင်ပါယာကိုပဲ အင်အားတောင့်စေချင်တာပါ မိဖုရား
အင်ပါယာရဲ့အင်အားတိုးဖို့ဆို
ကိုယ့်ပြိုင်ဘက်တွေကို အနိုင်တိုက်နိုင်မှ ဖြစ်မယ်လေ
စစ်တုရင်ပဲဖြစ်ဖြစ် တိုင်းရေးပြည်ရေးမှာပဲဖြစ်ဖြစ်
ကိုယ့်နယ်နိမိတ်ကို ထိန်းသိမ်းတာက ပိုကောင်းလိမ့်မယ်
ကျွန်မ ကိုယ့်နယ်နိမိတ်ကိုယ်သိပါတယ် မိဖုရား
ဒါပေမဲ့ ရှင့်သားအတွက် နယ်မြေချဲ့ထွင်နေတယ်လေ
အာဒမ်ခန်က ဂျာလာ့ရဲ့နောင်တော်ပါ
အာဒမ်ခန်သာကျော်ကြားရင်
မင်းကြီးလည်း အလိုလို နာမည်ကြီးလာမှာပါ
မဟာမန်ဂ
ကျွန်မစားတော့မယ်နော် မိဖုရား
ရှင်က စားတာမြန်တယ်နော်
ကစားပွဲပြီးဖို့ အလျင်လိုနေတယ်လို့ ထင်တယ်
ကျွန်မအလျင်မလိုပါဘူး မိဖုရား မိဖုရားသာ အလျင်လိုနေတာပဲ
ရှင် ဒီတိုင်းပြည်ရဲ့မိဖုရားကို အနိုင်တိုက်လိုက်တာပဲ
ဒါ ကစားပွဲတစ်ခုပါ မိဖုရား
ကျွန်မကိုယုံပါ အပြင်မှာသာဆို မိဖုရားကိုဘယ်သူမှ
အနိုင်တိုက်ခွင့်မပြုပါဘူး
ဂျာလာ ကျွန်မကို သူ့မယ်တော်လို့ ခေါ်တယ်လေ
ဂျာလာနဲ့သူ့မိဖုရားအပေါ် ကျွန်မ အသက်ရှင်နေသမျှ
သစ္စာစောင့်သိပါ့မယ်လို့ ကတိပေးပါတယ်
ဒီနေ့မှာ ကျွန်မပြောလိုက်တာနော်
မနက်ဖြန် ကျွန်မသစ္စာရှိကြောင်း သမိုင်းကြောင်းက ပြပါလိမ့်မယ်
သွားခွင့်ပြုတော်မူပါ မိဖုရား
သူ့ရဲ့လှည့်ကွက်တွေနဲ့အတူ မဟာမန်ဂက..
တစ်ယောက်ပြီးတစ်ယောက်ကို အနိုင်ယူနေပါတော့တယ်
သူ့သားအရင်း အာဒမ်ခန်ကလည်း ဘာရမ်ခန်ထွက်သွားပြီးနောက်
သူ့အချိန်တွေကို ပျော်လိုက်ပါးလိုက်နဲ့ ကုန်ဆုံးနေပါတော့တယ်
အရှင်
အရှင် သတင်းထူးရှိလို့ပါ
ဘာရမ်ခန်အကြောင်းပါ အရှင်
ပြော
ဘာရမ်ခန် ဂူဂျာရတ်ကိုရောက်သွားပြီလို့ သတင်းရပါတယ်
အခု ပူတန်ကို ဆက်ထွက်သွားပါပြီတဲ့
ငါ ဘာရမ်ခန်ကိုမယုံဘူး သူ အချိန်မရွေး မက္ကာကနေပြန်လာနိုင်တယ်
ပြန်သာရောက်လာရင်
ငါ့ရည်မှန်းချက်တွေ အောင်မြင်မှာမဟုတ်တော့ဘူး
တစ်ခုလုပ်ပေး
ပူသန်မူဘာရတ်လိုဟာနီကို အမှာစကားပါးပေးပါ
ရာဂျာပတ်ဒဟန်နဲ့ ရူဒရာဟန် ကြွရောက်လာပါပြီ
ပုရောဟိတ်ကြီးတွေကို အမယ်ရ်တိုင်းပြည်မှ ကြိုဆိုပါတယ်
ဘန်ပူရ်ရဲ့ကိုယ်စား ဒီလက်ဆောင်ပဏ္ဏာတွေကို မင်းသမီးဂျိုဓာအတွက် ဆက်သပါတယ်
မင်္ဂလာချိန်ရွေးဖို့အတွက် ရောက်ရှိလို့လာတာပါ မင်းကြီး
မင်းသမီးဂျိုဓာနဲ့ မင်းသားသူရိယဘန်တို့ မင်္ဂလာပွဲအတွက်
မင်္ဂလာနေ့ရက်ကတော့..
ဒီလရဲ့လပြည့်နေ့ နေဝင်ဆည်းဆာချိန်ခါမှာပဲဖြစ်ပါတယ်
တစ်ခုလျှောက်တင်ချင်ပါတယ် မင်းကြီး
ပြောလေ မေနဝတီ ပြောပါ
ဂျိုဓာ့မင်္ဂလာရက်သတ်မှတ်ပြီးတာနဲ့ ကာလီဝတ်ပြုကျောင်းတော်မှာ
လာလှူဒါန်းပါ့မယ်လို့ အဓိဌာန်ပြုထားပါတယ် မင်းကြီး
နောက်ပြီး ကျွန်မတို့တစ်မိသားစုလုံးလည်း လာရောက်ပူဇော်ပါ့မယ်လို့လေ
ဂျိုဓာ့ဘဝသစ်မှာ အရှင့်ဆီကမေတ္တာရတာထက်
ဘယ်အရာကများ ပိုကောင်းဦးမှာလဲ
ငါတို့ မနှောင့်နှေးသင့်ဘူး
ဒီနေ့ညနေခင်းပဲ သွားကြမယ်
ဒါက အာဂျမာ ဒါက မယ်ဝါး သူတို့နှစ်ခုကြားက အမယ်ရ်ပဲ
အာဂျမာနဲ့မယ်ဝါးဆီက
တပ်စုတစ်စုစီပဲလာလိမ့်မယ်
အမယ်ရ်က သူတို့နှစ်ခုကြားမှာ ပိတ်မိသွားတော့မှာ
ရှရိဖူဒင် စိတ်မရှိပါနဲ့ အမယ်ရ်ကိုနိုင်ဖို့ဆိုတာ မလွယ်ဘူး
အမယ်ရ်ခံတပ်က အရမ်းတောင့်တယ်
နောက်တစ်ခုက အမယ်ရ်ပြည်မှာ လျှို့ဝှက်လိုဏ်ခေါင်းတွေ အများကြီးရှိတယ်
ဒီမှာ ဒီနေရာနဲ့ ဒီမှာပဲ
No comments yet. Be the first to leave one.