ആദ്യത്തെ 200 വരികൾ.
ဒီကစားပွဲကို
မိဖုရားဂျိုဓာနဲ့အတူ ကစားချင်ပါတယ်
ကျုပ်ရဲ့မိဖုရားနှစ်ပါးလုံးက ကစားမယ်ဆိုတော့
ဝမ်းသာမိပါတယ်
ရခေယျသာ ဒီကစားပွဲကိုနိုင်သွားရင်
အရှင့်ဆီက ဘာတောင်းဆိုမလဲမသိဘူး
ပြောပါဦး မိဖုရားဂျိုဓာ
ဒီကစားပွဲကို ကစားချင်ရဲ့လား
ဒါမှမဟုတ် မကစားခင်ကကို အရှုံးပေးလိုက်ချင်လား
ကျွန်မတို့က မယှဉ်ပြိုင်ဘဲနဲ့ အရှုံးကို လက်ခံလေ့မရှိပါဘူး
စစ်ပွဲပဲဖြစ်ဖြစ် စစ်တုရင်ပဲဖြစ်ဖြစ်
ကျွန်မတို့ ရာဇပုတ်မျိုးနွယ်က လက်မလျှော့တတ်ပါဘူး
ဒီကစားပွဲကို ကစားဖို့အသင့်ပါပဲ
မိဖုရားခေါင်ကြီးရခေယျနဲ့ မိဖုရားဂျိုဓာတို့ကြားက
စစ်တုရင်ကစားပွဲ စတင်ပါပြီ
မင်းက ငါ့ထက်ငယ်ရွယ်တယ်
ဒီတော့ ပထမဆုံးအကွက်ကို စရွှေ့ပါ
ကစားပွဲမှာ အသက်အရွယ်တွေ အဆင့်တွေထက်
ကစားကွက်က ပိုအရေးကြီးပါတယ် မိဖုရားခေါင်ကြီးရခေယျ
ကျွန်မကို ပထမဆုံးအကွက် စရွှေ့စေချင်ရင်တော့ စရွှေ့ပါ့မယ်
မင်းရဲ့ရထားရုပ်ကို စားလိုက်ပြီ
မင်းရဲ့ဘုန်းကြီးရုပ်ကို စားလိုက်ပြီ
အမှားကြီးလုပ်မိသွားပြီ မိဖုရားဂျိုဓာ
မင်းရဲ့ဘုရင်ကို လေးဘက်လေးတန်က ဝန်းရံထားလိုက်ပြီ
မင်းရဲ့ဘုရင်က အန္တရာယ်ရှိနေပြီ
ခဏလေး နေပါဦး
ကစားပွဲက မပြီးသေးပါဘူး
ကျွန်မကို အနိုင်ယူချင်စိတ်နဲ့ မိဖုရားကိုယ်တိုင်က ရှုံးနိမ့်သွားတာပါ
ကျွန်မရဲ့ဘုရင်ကို ဝန်းရံချင်လို့ ကျွန်မဘုရင်ပေါ်ပဲ အာရုံစိုက်နေတဲ့အချိန်
မိဖုရားရဲ့ဘုရင်က အားနည်းသွားပါတယ်
အခု ကျွန်မရွှေ့ရမယ့်အလှည့်ပါ
ဘုရင်ကို အနိုင်ယူလိုက်ပါပြီ
ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ်
ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ်
မိဖုရားဂျိုဓာ
မိဖုရား..အမိန့်တော်ကို လက်ခံပါ
ကျွန်မရဲ့ခမည်းတော် မယ်တော်နဲ့ ဘွားတော်တို့ရဲ့ ကောင်းချီးတွေကြောင့်
ဒီကစားပွဲကို နိုင်သွားရတာကိုပဲ ဝမ်းသာလှပါပြီ
ဘာမှမလိုချင်ပါဘူး
အရှင့်ကို ဂုဏ်ပြုတဲ့အနေနဲ့
ဒီကစားပွဲကို ကစားခဲ့တာပါ
ကတိကဝတ်တွေ ဆုလာဘ်တွေ အလိုမရှိပါဘူး
ဒီလိုမျိုးသောက်နေမယ်ဆိုရင် လည်ချောင်းကို ဆိုးကျိုးဖြစ်စေလိမ့်မယ်
စစ်တုရင်မှာ ငါရှုံးသွားတယ်
အခုတော့ တမာကူသောက်နည်းပါ ငါ့ကို သင်ပေးတော့မယ်ပေါ့
အဲဒီအဓိပ္ပာယ်မဟုတ်ပါဘူး မိဖုရားခေါင်ကြီး
သူတစ်ကြိမ်လောက် အနိုင်ရသွားတာနဲ့ ဘာဖြစ်သွားမှာမို့လို့လဲ
ပြန်ကောက်လာခဲ့
မိဖုရားရဲ့စိတ်ဒဏ်ရာကို
ထပ်ပြီးဆားမပက်ဖို့အတွက် အဲဒီဒဏ်ရာက သင်ခန်းစာပေးလိုက်တာပဲ
ထွက်သွား
ဒေါသကြီးလွန်းတယ်
လူအားလုံးရဲ့ရှေ့မှာ ကျွန်မကို အနိုင်ယူလိုက်တာ
အဲဒါကလည်း စစ်တုရင်ကစားပွဲမှာ
ငါသာ မင်းလိုတွေးမယ်ဆိုရင်
အခုအချိန် လူဘယ်နှယောက်လောက် သတ်မိပြီးပြီလဲ မသိဘူး
အရှင့်ရဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်လို့ နောင်တရနေတာပါ
ကျွန်မကို လူအားလုံးရှေ့မှာ အရှက်ခွဲတာကို အရှင်မြင်ချင်ပါသလား
ကျွန်မကိုယ်ကျွန်မ အရှက်ခွဲမိတယ်
ဟိန္ဒူမိဖုရားကို အလွယ်တကူအနိုင်ယူလိုက်ရင် ပျော်ဖို့ကောင်းမှာပဲလို့ တွေးခဲ့တာ
ရန်သူကို အားနည်းတယ်လို့ယူဆတာက ပထမဆုံးအမှားတစ်ခုပဲ
နောက်ဆုံးအမှားပါလို့လည်း အကြိမ်ကြိမ် သက်သေပြခဲ့တာပေါ့
ဒီရှုံးနိမ့်မှုအတွက် အရှင် နောင်တမရဘူးလား
ရတာပေါ့ နောင်တတွေ အများကြီးရတယ်
ဒါပေမဲ့ ပြသမှာမဟုတ်ဘူး
နောင်တကြောင့် မပူပန်ရဘူးလို့
ဦးရီးတော်ခန်က သင်ပေးထားတယ်
ရန်သူ့ဆီမှာ ရှုံးနိမ့်မှုကို ဘယ်သူမှမသိစေဘဲ
အောင်မြင်မှုကို ဂုဏ်ယူစွာ အောင်ပွဲခံလိုက်ပါ
ဒါကို တိုင်းရေးပြည်ရေးလို့ခေါ်တယ်
မင်းရဲ့ရှုံးနိမ့်မှုကို ရေးကြီးခွင်ကျယ်လုပ်နေရင်
ပြည်သူတွေက ပိုပြီးရေးကြီးခွင်ကျယ်လုပ်ကြလိမ့်မယ်
တစ်ကြိမ်ပြုတ်ကျဖူးတဲ့ မြင်းကိုစီးရတာ ပျော်ဖို့ကောင်းပါတယ် ရခေယျ
ဒေါသစိတ်တွေကို ဖြေပြီး တမာကူ သောက်ခွင့်ပေးပါဦး
အံ့ဩစရာကောင်းတာက အရှင့်ရဲ့တော်ဝင်တံဆိပ်နဲ့ အမိန့်တော်ကို
ငြင်းဆန်လိုက်တာပဲ
အဲဒါကိုရော နောင်တမရဘူးလား
အမိန့်တော်ကို လက်ခံအောင်လုပ်မှာပါ
အဲဒီအမိန့်တော်ကို
သူ ဘယ်လိုအသုံးချမလဲဆိုတာ ကြည့်ချင်လို့
အားလုံးနားထောင်ကြပါ
မဂိုလူမျိုးတို့ရဲ့ရေမြေ့သခင် အိန္ဒိယနိုင်ငံရဲ့ ရှင်ဘုရင်
အရှင် ဂျာလာလူဒင်မိုဟာမက် ကြွချီလာပါပြီ
အရှင် ဂျာလာလူဒင်မိုဟာမက်
ဘုန်းကြီးပါစေ
အရှင် ဂျာလာလူဒင်မိုဟာမက်
ဘုန်းကြီးပါစေ
အရှင် ဂျာလာလူဒင်မိုဟာမက်
ဘုန်းကြီးပါစေ
အရှင် ဂျာလာလူဒင်မိုဟာမက်
ဘုန်းကြီးပါစေ
လျှောက်တင်မယ့်သူကို ခေါ်လာခဲ့
လျှောက်တင်ပါ
အလိုရှိတာ ဘာလဲ
တရားမျှတမှု အလိုရှိပါတယ်
ဒီတိုင်းပြည်မှာ ရှင်ဘုရင်တစ်ပါး အလံတစ်လက်သာ ရှိပါလျက်
စည်းမျဉ်းဥပဒေသတွေက ဘာလို့မတူညီရတာပါလဲ
ကျွန်တော်မျိုးတို့ သက်ဝင်ယုံကြည်တဲ့ ဘာသာတရားကို ဘာလို့ပြောင်းခိုင်းတာပါလဲ
ဒီတိုင်းပြည်မှာနေပြီး အခွန်တော်ပေးတယ် ဘာပြစ်မှုမှလည်း မကျူးလွန်ခဲ့ဘူး
ရိုင်းစိုင်းလိုက်တာ
အရှင့်ရှေ့မှာ လျှောက်တင်တာ ယဉ်ကျေးမှုလုံးဝမရှိဘူး
ရဲမက်တို့
ဒီလူကို ဖမ်းခေါ်သွားပြီး အကျဉ်းချထားလိုက်
ဒီလိုလုပ်လို့မဖြစ်ပါဘူး
အရှင်က ဘယ်လိုရှင်ဘုရင်မျိုးပါလဲ
သူလျှောက်တင်တာ မှားလို့ပါလား
ရှင်ဘုရင်နဲ့ တိုင်းသူပြည်သားတွေအတွက် စည်းမျဉ်းဥပဒေသက တစ်ခုတည်းပါပဲ
အရှင်က ဟိန္ဒူမိဖုရားနဲ့ လက်ဆက်ထားတာ
မိဖုရားရဲ့ဘာသာတရားကိုတော့ မပြောင်းလဲခိုင်းဘဲ
ကျွန်တော်မျိုးမတို့ကို ဘာလို့ပြောင်းခိုင်းတာပါလဲ
ညီလာခံမှာ လျှောက်တင်ဖို့အတွက် အခွင့်ပေးခဲ့တာ
ရိုင်းစိုင်းဖို့မဟုတ်ဘူး
ရှင်ဘုရင်ရဲ့အဆုံးအဖြတ်ကို မေးခွန်းထုတ်တဲ့အတွက်
ပြစ်မှုကျူးလွန်လိုက်တာပဲ
အတော်ပဲပေါ့
အရှင်ဂျာလာက အာခံတဲ့ဟိန္ဒူလူမျိုးတွေဆို
ဘယ်လိုဆက်ဆံလဲ မိဖုရားဂျိုဓာ သိသွားတာပေါ့
အပြုအမူရိုင်းစိုင်းတဲ့အပြင်
ရှင်ဘုရင်ရဲ့အဆုံးအဖြတ်ကို မေးခွန်းထုတ်တဲ့ အပြစ်ပါရှိသေးတယ်
အပြစ်ဒဏ်အနေနဲ့
သူ့ကို ချက်ချင်း အကျဉ်းချလိုက်ပါ
သူတို့ရဲ့အော်ဟစ်သံတွေကို တိုင်းသူပြည်သားတွေ ကြားစေချင်တယ်
သူတို့က သာဓကတစ်ခုဖြစ်စေရမယ်
ဒါမှ ရှင်ဘုရင်ကို မစော်ကားရဲကြမှာ
မတရားမှုတွေ ဖြစ်ပျက်နေတာပဲ
အကူအညီတောင်းခံဖို့ လာတဲ့သူကို အကျဉ်းချပစ်လိုက်တယ်
အဲဒါကလည်း သူ့အမှားတစ်ခုမှမပါဘူး
အရှင်က ကလေးငယ်အတွက်တောင် မသက်ညှာပေးဘူး
မိဖုရားဂျိုဓာ
ဒေါသဖြစ်စရာမလိုပါဘူး
သူတို့က ငါတို့ရဲ့မျိုးနွယ်မဟုတ်ဘူး သူစိမ်းတွေ
သူစိမ်းတွေကို သူစိမ်းလိုပဲဆက်ဆံရမှာပေါ့
ကျွန်တော်မျိုးအတွက် အမိန့်ကကော
ပြစ်ဒဏ်ချတယ်ဆိုတာ အပြစ်ရှိတဲ့သူတွေအတွက်ပဲ
အိမ်ပြန်လို့ရပြီ
ဘယ်အိမ်ကိုပြောတာပါလဲ အရှင်
အိမ်ကို ရဲမက်တွေက သိမ်းယူသွားပါပြီ
ကျွန်တော်မျိုး သောက်နေကျ နို့ထွက်တဲ့နွားမကြီးကိုလည်း
သိမ်းယူသွားပါပြီ
ဒါကြောင့် ကျွန်တော်မျိုးတို့ ဒီကိုလာခဲ့ရတာပါ
ရှင်ဘုရင်ဆိုတာက ကမ္ဘာမြေကြီးရဲ့ အရှင်သခင်ပဲလေ
အရှင်က ကျွန်တော်မျိုးရဲ့မိခင်နဲ့ ဖခင်ကို အကျဉ်းချလိုက်ပြီ
ကျွန်တော်မျိုး ဘယ်ကိုသွားပြီး ဘယ်သူနဲ့နေရမှာပါလဲ
မင်းရဲ့ခမည်းတော် ဟုမယံက ငါ့ရဲ့နောင်တော်ပဲ
ဒါပေမဲ့ ထီးနန်းအတွက်နဲ့ ငါ့ကိုသတ်ချင်နေတယ်
သူ ကမ်ရန့်ကိုမသတ်ခင် ငါ ဦးအောင်သတ်ပစ်ရမယ်
သတ်မယ် ဂျာလာ..
ဘယ်လိုလုပ်လိုက်တာလဲ
ဘေးဖယ်ပါ မိဖုရား ဒါက တိုင်းရေးပြည်ရေးကိစ္စပါ
တိုင်းရေးပြည်ရေးက ကလေးတွေနဲ့မဆိုင်ဘူး
ညီနောင်နှစ်ယောက်ကြားက ပဋိပက္ခမှာ
ဂျာလာရဲ့အမှား ဘာရှိလို့လဲ
သူ့ဖခင်ဆီကနေ လုယူလာပြီးတော့
အခုတော့ အသတ်ပါနုတ်ယူချင်နေပြီပေါ့
မရဘူး..အပြစ်မရှိတဲ့ ဒီကလေးကို အန္တရာယ်ပြုခွင့်မပေးနိုင်ဘူး
မိဖုရား
ဒဏ်ရာအသေးလေးပါ ဂျာလာ
ဒဏ်ရာအသေးလေးရတာကို ဒီလောက်ငိုကြွေးနေရင်
ရှင်ဘုရင် ဘယ်လိုလုပ်မှာလဲ
နာလို့ ငိုတာမဟုတ်ပါဘူး ခမည်းတော်နဲ့မယ်တော့်ကို သတိရလို့ပါ
ရန်သူတွေကို ကြောက်ရွံ့နေရတာနဲ့
မင်းရဲ့ခမည်းတော် အရှင်ဟုမယံနဲ့
မယ်တော်ဟာမိဒါဘာနုတို့ ဘယ်ရောက်နေမှန်းတောင် မသိတော့ဘူး
မင်းကို ငါစောင့်ရှောက်မှာပါ
ငါက မင်းရဲ့ခမည်းတော်လိုပဲပေါ့
ဂျာလာက ကျွန်မရဲ့တာဝန်ဝတ္တရားဆိုတာထက် သားတစ်ယောက်လိုပါပဲ
သူ့ခမည်းတော်နဲ့မယ်တော် မရှိတော့ရော ဘာဖြစ်သေးလဲ
ကျွန်မရှိတာပဲ ကျွန်မက သူ့ရဲ့မယ်တော်ပဲ
ကလေးရဲ့မိဘတွေကို လွှတ်ပေးလိုက်
သူ့ရဲ့အိမ် သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို ပြန်ပေးလိုက်ပါ
ဘယ်လိုပြောလိုက်တာပါလဲ ရှင်ဘုရင်ဆိုတာ စကားတစ်ခွန်းတည်ရပါတယ်
အာဒမ်
ကလေးတစ်ယောက်ရဲ့ဘဝမှာ မိဘက ဘယ်လောက်အရေးပါလဲ
ကျုပ်လောက် ဘယ်သူမှသိမှာမဟုတ်ဘူး
မိဘမရှိဘဲ လောကကြီးကိုအုပ်စိုးနိုင်ဦးတော့
စိတ်ထဲမှာ အထီးကျန်နေမှာပဲ
ကျုပ်လိုမျိုး ဦးရီးတော်နဲ့ဒွေးတော်ကို တွေ့ရလောက်အောင် ဘယ်သူမှကံမကောင်းဘူး
ဘယ်ကလေးကိုမှ
မိဘမရှိဘဲ မကြီးပြင်းစေချင်ဘူး
ရှင်ဘုရင်တစ်ယောက် ဆုံးဖြတ်ချက်ကို ပြင်တာက မှားယွင်းတဲ့ကိစ္စပါ
ကျုပ်က တရားနည်းလမ်းကျပြီး ဘာသာတရားကိုင်းရှိုင်းတဲ့သူမို့လို့
ဒီကလေးရဲ့မိဘတွေကို ပြန်လွှတ်ပေးမယ်
ဒီကိစ္စက မှားယွင်းတယ်လို့ ကျုပ်တော့မယူဆဘူး
အိမ်ပြန်တော့ ကလေး
ရှင်ဘုရင်က အပြစ်ပေးပေမယ့် အရှင့်ရဲ့သားတော်က ခွင့်လွှတ်တယ်လို့
မင်းမိဘတွေကို ပြောလိုက်ပါ
အခြေအနေနဲ့အချိန်အခါ ပြောင်းလဲသွားပြီလို့ထင်တယ် နာဇီမာ
ပထမ..စစ်တုရင်ကစားပွဲ ပြောင်းလဲသွားပြီး
အခုတော့ အရှင့်ရဲ့ဆုံးဖြတ်ချက်ပါ ပြောင်းလဲသွားပြီ
ဘာကိုပြောချင်တာလဲ ရူဆာ
ကျွန်မလည်း စစ်တုရင်ကစားမလားလို့ပါ
ဒီတစ်ကြိမ်ဆို ကျွန်မလည်း ရှင့်ကို အနိုင်ရနိုင်တယ်လေ
ဂုဏ်သတင်းကျော်ကြားမှုမရှိဘဲ ယှဉ်ပြိုင်ဖို့ မစဉ်းစားပါနဲ့
မလိုအပ်ဘဲ ဘာလို့ဒေါသဖြစ်နေတာလဲ
ကျွန်မက အရှင့်ရဲ့ဆုံးဖြတ်ချက်ကို ပြောတာပါ
အဲဒီကလေးက ဟိန္ဒူမို့လို့
မိဖုရားဂျိုဓာက ဟိန္ဒူမို့လို့
အရှင်က ဆုံးဖြတ်ချက်ကိုပြောင်းလိုက်တာ မဟုတ်ပါဘူး
အဲဒီကလေးကြောင့် သူ့ရဲ့အတိတ်ကို ပြန်မြင်ယောင်မိလို့
ဆုံးဖြတ်ချက်ကို ပြောင်းလိုက်တာ
No comments yet. Be the first to leave one.