The Untouchables

The Untouchables

Burmese സബ്ടൈറ്റിൽ ഡൗൺലോഡ് ചെയ്യുക

റിലീസ് വിവരങ്ങൾ

The Untouchables(Zawgyi Unicode)
കമന്ററി എഴുതിയത് Cleon

ടാഗുകൾ

other
പ്രസിദ്ധീകരിച്ചത്: 2017-08-05
ഡൗൺലോഡുകൾ: 55
ശ്രവണ വൈകല്യമുള്ളവർക്ക്: No

Burmese സബ്ടൈറ്റിൽ പ്രിവ്യൂ

ആദ്യത്തെ 200 വരികൾ.

၁၉၃ဝခုနှစ် အရက်ချက်လုပ်ရောင်းချမှုကို ပိတ်ပင်ထားခြင်းသည်

ချီကာဂိုမြို့ကို စစ်ဖြစ်နေသောမြို့သဖွယ် ပြောင်းလဲခဲ့သည်

မြို့တော်၏ သန်းပေါင်းများစွာတန်ဖိုးရှိ တရားမဝင် အရက်လုပ်ငန်းအတွက်

အပြိုင်အဆိုင်ဂိုဏ်းများဟာ လက်ပစ်ဗုံးများ စက်သေနတ်များဖြင့်

သူတို့စိတ်ကြိုက် အာဏာတည်စေရန် ယှဉ်ပြိုင်လျက် ရှိကြသည်

အဲဒီအချိန်က ဂိုဏ်းအရှင်သခင်များ ကြီးစိုးချိန်ဖြစ်ပြီး

အယ်ကာပွန်း ကြီးစိုးချိန်လည်း ဖြစ်ပါတယ်

သတင်းစာမှာပါတဲ့ ဆောင်းပါးတစ်ပုဒ်လို့ ထင်တာပဲ ဘာရေးထားလဲဆိုတော့

ခင်ဗျားကို ချီကာဂိုမြို့တော်ဝန်နေရာ ခန့်အပ်ထားတာလည်း မဟုတ်ဘဲ

ခင်ဗျားဟာ အဲဒီနေရာကို အာဏာလွှမ်းမိုးနိုင်တယ်လို့ ဆိုထားတယ်

ကျွန်တော် ပြောပြမယ် အဲဒါ ထိတယ်ဗျ

ဘဝမှာရှိတဲ့ အရာတိုင်းလိုလိုကို ရယ်စရာကောင်းတာဆို ကျွန်တော်တို့ ရယ်ကြတယ်

ပြီးတော့ အမှန်တရားမို့လို့လည်း ကျွန်တော်တို့ ရယ်ကြတယ်

တချို့လူတွေပြောကြသလို ဒီက ပြုပြင်ပြောင်းလဲရေးသမားတွေ ပြောကြသလို

ဒီလူ့ကို ထောင်ထဲထည့်လိုက် သူ့ကိုယ်သူ ဘာလုပ်နေတယ်များထင်နေလဲ

ကျွန်တော် ဘာလုပ်ဖို့စိတ်ကူးထားလဲဆိုတော့ ခင်ဗျားတို့ သတင်းစာတွေမှာ ရေးကြတဲ့အတိုင်း

လူတွေရဲ့သဘောကို လိုက်လျောနေတယ်ပေါ့ဗျာ

လူတိုင်း သောက်တတ်ကြတာပဲလေ ကျွန်တော်တို့ အားလုံးအသိပဲ ကျွန်တော် အဲဒါကိုပဲလုပ်တာပဲ

ပြီးတော့ အားလုံးပြောပြောနေတဲ့ အရက်ပုန်းချက်တယ်ပေါ့ ဘာလဲ အရက်ပုန်းချက်တာ

လှေပေါ်မှာ အရက်ပုန်းချက်တယ်လေ ရေကန်စပ်ကားလမ်းမှာ ဒါ ဧည့်ခံတာပဲလေ

ကျွန်တော်က အရောင်းအဝယ်သမားပါ

ခင်ဗျားဂုဏ်သတင်းက ခင်ဗျားရဲ့စီးပွားရေးကို ကြပ်ကြပ်မတ်မတ် ချုပ်ကိုင်ထားတယ်ဆိုတာပဲ

ခင်ဗျားရဲ့ ထုတ်ကုန်တွေကို မဝယ်တာဆိုရင် ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းတတ်တယ်ဆို

အဆင်ပြေတယ်

ကျွန်တော်က ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့တာ

ကျွန်တော်တို့ ပြောလေ့ရှိတာကတော့ ပုံမှန် စကားပြောနေတာထက်

သေနတ်တစ်လက်နဲ့ စကားပြောတာက ပိုပြီး အကျိုးရှိတယ်

အဲဒီလို ဝန်းကျင်ဒေသမှာတော့ အဲဒါက အမှန်ပဲလေ

ပြီးတော့ တစ်ခါတလေမှာ ခင်ဗျားရဲ့ဂုဏ်သတင်းက ခင်ဗျားနောက်လိုက်လာတာ

ချီကာဂိုမှာ အကြမ်းဖက်မှုတွေ ဖြစ်နေတယ် ဒါပေမဲ့ ကျွန်တော်လုပ်တာ မဟုတ်ဘူး

ကျွန်တော့်ဝန်ထမ်းတွေကြောင့်လည်း မဟုတ်ဘူး ဒါက ကောင်းတဲ့လုပ်ငန်းလည်း မဟုတ်ဘူးလေ

ငါတို့ကို ဒီအတိုင်းထားစမ်းပါကွာ ငါတို့လိုတာတွေအကုန် ရနေပါပြီ

မင်းတို့ လျှောက်ဖြန့်နေတဲ့ အစိမ်းရောင်ဘီယာက နည်းနည်းမှ သောက်လို့မကောင်းဘူး

အဲဒါ ကောင်းဖို့မဟုတ်ဘူး ဝယ်ဖို့ အတွက်ပဲ

ငါ ဘာမှ ဝယ်မှာမဟုတ်ဘူး

စိတ်ပူမနေပါနဲ့ ဦးလေးရာ ကျွန်တော်တို့ ပြန်မလာတော့ပါဘူး

-ဒီနေ့ကော မင်းအိမ်ကလူတွေ နေကောင်းကြရဲ့လား -ကောင်းပါတယ်

-မင်းအမေကော အခြေအနေကောင်းလာပြီလား -သူကတော့ နည်းနည်းဖျားနေသေးတယ်

သူဖျားနေသေးတယ်ပေါ့

- ငါကြားရတာ စိတ်မကောင်းပါဘူး -ဒါပေမဲ့ သူ ပြန်ကောင်းလာမှာပါ

-ရော့ မင်းဟာရပြီ -ကျေးဇူးတင်ပါတယ်

ရပါတယ် ကလေးရာ လမ်းသေချာကူးနော်

-ဦးလေး ဦးလေး -မင်းအမေကိုလည်း ပြောလိုက်ဦး...

ဦးလေး ခဏနေပါဦး

ဦးလေး ခဏနေပါဦး လက်ဆွဲအိတ် မေ့ကျန်ခဲ့...

အင်း ကျွန်မလည်း အဲဒီသတင်းကို ရေဒီယိုမှာ ကြားလိုက်တယ်

ကျွန်မ သိပါတယ်

အခု အလုပ်သွားချိန် ရောက်ပြီလေ

ရှင့်အပေါ် ပထမဆုံးအမြင်ကို ကောင်းအောင် လုပ်ရမယ်

ကျွန်မ ရှင့်ကိုချစ်တယ် အီလီယက်

အခု သွားတော့

အီလီယက်နက်စ် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အထူးအေးဂျင့်ပဲ

-မစ္စတာနက်စ် -ကျေးဇူးပါ ရဲမှူးချုပ်

ချီကာဂိုမြို့တော်ရဲ့ တောင်းဆိုမှုအရ

ဘဏ္ဍာရေးဝန်ကြီးဌာနက တရားမဝင် အရက်များ ထုတ်လုပ်ရောင်းချနေမှုနှင့်

အကြမ်းဖက်မှုများ ဖန်တီးနေမှုအတွက် အစီအစဉ်တစ်ခုကို ချမှတ်လိုက်ပါတယ်

မစ္စတာနက်စ် ဒီအစီအစဉ်မှာ ဘာတွေများ ပါဝင်ပါသလဲ

ကျွန်တော်နဲ့ ဒီကအေးဂျင့်အချို့ဟာ ချီကာဂိုရဲတွေနဲ့

ပူးပေါင်းလုပ်ဆောင်ကြမှာ ဖြစ်ပါတယ်...

ဒီဟာက နောက်ထပ် ကြည့်ကောင်းအောင်လုပ်ပြတဲ့ အစီအစဉ်များလား ခင်ဗျာ

-အရက်ရောင်းချမှုပိတ်ပင်တာကို ဘယ်လိုထင်လဲ -ခင်ဗျားသောက်တတ်လား မစ္စတာနက်စ်

-လုပ်ပါဗျာ မေးခွန်းကို ဖြေပါ -ဒါက ကြည့်ကောင်းရုံလုပ်တဲ့အစီအစဉ် မဟုတ်ဘူး

ပြီးတော့ ကျွန်တော် အရက်ချက်လုပ်ရောင်းချမှု ပိတ်ထားတာကို ဘယ်လိုခံစားရလဲ ပြောပြမယ်

ဒါက ဥပဒေနယ်မြေပါ

ခင်ဗျားကိုယ် ခင်ဗျား ခရူးဆိတ်တိုက်ပွဲ ဝင်နေတယ်များ မှတ်နေလား

ခင်ဗျားမှာ ဒီအလုပ်အတွက် ဘာအရည်အချင်းတွေများရှိလဲ

ခင်ဗျား နိုင်ငံရေးလောကထဲဝင်ဖို့ ရည်မှန်းချက်များ ရှိလား

ရပြီ ကောင်လေးတွေ ငါ့အထင် ဒါ တော်လောက်ပြီ

ခင်ဗျားရဲ့ တကယ့်အစီအစဉ်တွေက ဘာလဲ ခင်ဗျား နောက်ထပ် ဘာတွေများလုပ်ဖို့ရှိလဲ

ခင်ဗျား အဲဒီအကြောင်းတွေ သတင်းစာမှာဖတ်ရမှာပါ

-ကျွန်တော် ခင်ဗျားကားနဲ့ လိုက်ခဲ့လို့ရမလား -မရဘူး အဲဒါတော့ မကူညီနိုင်ဘူး

မစ္စတာနက်စ် ဗိုလ်ကြီးအယ်ဒါဆန်ပါ နယ်လှည့်ရဲတပ်ဖွဲ့ကပါ

ခင်ဗျားတွေ့ဖို့ အဆင်သင့်ပဲလား

အင်း အဆင်သင့်ပါပဲ

ကျွန်တော့်မှာ ပြောစရာတစ်ခုရှိတယ်

ခင်ဗျားတို့ထဲက တော်တော်များများက သောက်တတ်တယ်ဆိုတာ သိပါတယ်

ဒီနေ့မတိုင်ခင် ခင်ဗျားတို့ဘာလုပ်ခဲ့တယ်ဆိုတာ ကျွန်တော့်အလုပ် မဟုတ်ဘူး

ဒါပေမဲ့ အခုကစပြီး အပြစ်ကင်းရမယ် ကျွန်တော် အားလုံးကို မသောက်စေချင်တော့ဘူး

ဒါလေးသောက်တာ ဘာမှမဖြစ်ပါဘူးလို့ မေးစရာ မလိုဘူး သောက်တယ်ဆိုရုံနဲ့တင် လွန်နေပြီ

ဒါပေမဲ့ အဲဒါက ဥပဒေနဲ့ ဆန့်ကျင်နေတယ်

ပြီးတော့ ကျွန်တော်တို့ဟာ ဥပဒေကို ပြဌာန်းမှာ ဖြစ်လို့ စံနမူနာဖြစ်ရပါမယ်

မေးစရာရှိသေးလား

ကောင်းပြီ

တစ်နေရာရာမှာ ဘဏ္ဍာရေးဌာနရဲ့ သူလျှိုတစ်ယောက်ရှိနေတယ်

အဲဒီ သတင်းပေးဆီကနေ ရထားတာရှိတယ်

ကနေဒီယန်ဝီစကီ အမြောက်အမြား ချီကာဂိုကိုရောက်နေပြီတဲ့

ဒါကြောင့် ခင်ဗျားတို့တွေ အစိုးရဆီက လျော်ကြေးလျှောက်ထားပြီးပြီ ထင်ပါတယ်

မှတ်ထားနော် အရက်သေတ္တာတွေကို အနီရောင် မေပယ်ရွက်နဲ့ အမှတ်အသားလုပ်ထားတယ်

ဟုတ်ကဲ့ ကျွန်တော်မှတ်ထားပါတယ်

ဘဏ္ဍာရေးကအေးဂျင့်က မီးခိုးရောင်ဝတ်စုံနဲ့ အဖြူရောင်လည်စည်း ပတ်ထားတယ်

-သူ့ကို မဖမ်းရဘူးနော် -မီးခိုးရောင်ဝတ်စုံရယ် အဖြူရောင်လည်စည်းရယ်

-ဒါပဲ မင်းလူတွေ အဆင်သင့်ဖြစ်ပြီလား -ဟုတ် ဆရာ သူတို့ အဆင်သင့်ပါပဲ

ကောင်းတယ်

-သက်သာ -မင်းတို့ ဒီကောင်တွေကိုမိတာနဲ့ ပြာချလိုက်

-ငါတို့ အခြေအနေကော ဘယ်လိုလဲ -အဆင်ပြေပါတယ် ဆရာ

-အသားညှပ်ပေါင်မုန့် တစ်ပိုင်းလောက် စားမလား -မစားတော့ပါဘူး ဆရာ ကျေးဇူးပါပဲ

-မင်း ကြောက်နေတာလား -မကြောက်ပါဘူး ဆရာ

-ဌာနမှာ လုပ်တာ ကြာပလား -သိပ်မကြာသေးပါဘူး

-ငါတို့အားလုံး ကောင်းကောင်းလုပ်နိုင်မှာပါ -ဟုတ်ကဲ့ ဆရာ

ရှင့်အတွက် ဂုဏ်ယူပါတယ်

ငါ့မိန်းမဆီက အမှာစကားလေ

-မင်း အိမ်ထောင်ရှိလား -ဟုတ်ကဲ့ဆရာ ရှိပါတယ်

အိမ်ထောင်ပြုရတာ ကောင်းတယ်မဟုတ်လား

ငါ့နောက်ကသာ လိုက်ခဲ့

-ဘုရားရေ -စုံစမ်းရေးအရာရှိ လက်တွေမြှောက်ထား

အဲဒါကိုပြစမ်း လွှတ်ချလိုက်

လုံးဝပဲ ကျွန်တော်ချလို့မရဘူး ချရင် ကွဲသွားမှာပေါ့

မစ္စတာနက်စ် ဒီမှာ ကျွန်တော်က...

ကျွန်တော် တောင်းပန်ပါတယ်

ဒီမှာ ကျွန်တော် ခင်ဗျားတို့ကြိုးစားနေတာကို အများကြီးဖော်ပြပေးနိုင်ပါတယ်

ခင်ဗျား ကြီးကြီးမားမား လုပ်ပြရင် ကျွန်တော် သတင်းကြီးရမှာလေ

အထောက်အပံ့ရတာပေါ့ဗျာ ခင်ဗျားဘယ်လိုထင်လဲဟင် တကယ်ဆို ကျွန်တော် ခင်ဗျားကိုကူပါရစေ

အေးပါ ပါးစပ်ပိတ်ထား

ဟုတ်ပြီ အခု ကောင်းတာလေးတွေ လုပ်ကြတာပေါ့

အဲဒီမှာ ရပ်နေစမ်း

စုံစမ်းရေးအရာရှိပါ မင်းတို့တွေကို ယမကာ ထုတ်လုပ်မှု ဥပဒေချိုးဖောက်မှုနဲ့ ဖမ်းဆီးတယ်

တံခါးပေါက်တွေကို ကာထား ဘယ်သူမှမလွတ်စေနဲ့

ပရီဆာစကီး

-ငါ ဒီကို ခွင့်ပြုချက်နဲ့ လာတာကွ -မင်းကို ဘယ်သူ ခွင့်ပြုလို့လဲ

-မစ္စတာနက်စ် -တောင်းပန်ပါတယ် သူ့ကို ဒီလာခိုင်းလိုက်ပါ

သူ့ ဒီလာခိုင်းလိုက်ဟေ့

မင်း ဓာတ်ပုံရိုက်ချင်တယ်ဆို အခု ရိုက်တော့

-မင်း အဆင်သင့်ပဲလား -အဆင်သင့်ပဲ

အရက် ဟုတ်လား

သူ့ကိုဆွဲထုတ်လိုက်တော့

-ဒီနေရာကို ဖြိုချလိုက်တော့ -ငါပြောတာ အခု သူ့ကိုခေါ်သွားစမ်း

ဟုတ်ကဲ့ ဆရာ

ဟုတ်ပြီ သွားကြစို့ သတင်းဆိုးပဲ

အဲဒါက ခင်ဗျားအတွက်လည်း တူတူပါပဲ

ဘုရားရေ

မင်း ဘာလုပ်လိုက်တာလဲ

မင်း အမှိုက်ပစ်ချင်တာလား အမှိုက်ပုံးထဲ ပစ်ထည့်လေကွာ

ခင်ဗျားမှာ ဒီထက်ပိုအရေးကြီး လုပ်စရာ မရှိဘူးလားဗျာ

ရှိတာပေါ့ကွ

ဒါပေမဲ့ ငါအခု အဲဒါတွေကို မလုပ်ရဘူးလေ

ငါတို့ အချင်းချင်း ဒီလောက်ဆို သဘောပေါက်ပြီ မဟုတ်လား

ဟုတ်ပြီ မိတ်ဆွေ ဘာလို့ ခြောက်လုံးပြူးအိတ်လဲကွ

-မင်း ဘာလို့ သေနတ်သယ်လာတာလဲ -ကျွန်တော်က ဘဏ္ဍာရေးကအရာရှိပါ

ကောင်းပြီလေ

ငါတို့ အခုပြောခဲ့တာတွေကို မှတ်သာထားလိုက်ပါ

ခဏလောက် နေစမ်းပါဦး

ဒီလိုမြို့မျိုးမှာ ခင်ဗျားက ဘယ်လို ရဲမျိုးလဲ

ခင်ဗျားကို ဘယ်လိုသင်ထားလဲ

ခင်ဗျား လက်နက်ပါလာတဲ့ လူတစ်ယောက်ကို ဒီလိုပဲ ကျောခိုင်းထွက်ခဲ့တယ်ပေါ့လေ

-မင်းက ဘဏ္ဍာရေးက အရာရှိတစ်ယောက်လေ -ဟုတ်ပါတယ်လို့ ငါပြောခဲ့တာပဲ ရှိတာလေ

မဟုတ်ပဲနဲ့ကော ဘယ်သူက အဲဒီလို အခိုင်အမာပြောမှာလဲ

ခင်ဗျားရဲ့နာမည်နဲ့ ဌာနက ဘာလဲ

အဲဒါ ဒီမှာရေးထားတယ်

မင်းမှာ ခွန်အားဗလရှိတာပဲ အဲဒါ ဘာလဲ

ကျွန်တော့်မှာ သေနတ်ရှိတာ ခင်ဗျား ဘယ်လိုသိလဲ

မင်း ဘာလိုချင်တာလဲ ရဲတစ်ယောက်ဆီက အခမဲ့သင်ခန်းစာလိုချင်တာလား

မဟုတ်ပါဘူး

မင်း အဆင်ပြေရဲ့လား မိတ်ဆွေ

ကျွန်တော် အလုပ်မှာ အဆင်မပြေတဲ့နေ့မို့လို့ပါ

-မင်း အခု အိမ်ပြန်နေတာလား -ပြန်တော့မလို့ပါပဲ

ကောင်းပြီ ဒါဆို မင်း ပြဌာန်းထားတဲ့ ဥပဒေရဲ့ အရေးကြီးဆုံးကို ကျေပွန်အောင်ဆောင်ရွက်တာပဲလေ

အလုပ်ချိန်ပြီးတဲ့အခါ မင်းအိမ်ကို အသက်ရှင်လျက် ပြန်သွားနိုင်အောင်ကြိုးစားပါ

သင်ခန်းစာ ဒီမှာပဲ ပြီးဆုံးပါတယ်

စည်ပိုင်း ၄၀ အတွက် ဒေါ်လာ ၁ သိန်း အလွတ်တွေမပါအောင် သေချာလုပ်နော်

ငါ မင်းကို စာရင်းစာအုပ်ပေးလိုက်မယ် အားလုံး ဒီစာအုပ်ထဲမှာ ရှိတယ်နော်

တစ်စည်မှာ ၅၅ ဂါလံနော်

-အယ်ဒီပါ -ဝင်ခဲ့ အယ်ဒီ

ဒါနဲ့ပဲ သူ ဆီးနှင်းရှင်းယာဉ်ပေါ်တက်ပြီးတော့ ကောင်းတာလေးတွေ လုပ်ကြတာပေါ့တဲ့

ပြီးတာနဲ့ ကျွန်တော်တို့ တောက်လျှောက် ဝင်ရှာတာပေါ့...

-မစ္စတာနက်စ် -ဟုတ်ကဲ့

ကျွန်မ ရှင့်ကို ကျေးဇူးတင်ချင်လို့ ဒီကို လာခဲ့တာပါ

အဲဒီ ဗုံးပေါက်တုန်းက သေသွားတာ ကျွန်မရဲ့သမီးလေးပါ

ကျွန်တော် ဝမ်းနည်းပါတယ် ဝင်ခဲ့ပါဗျာ

ကျွန်တော် ကျွန်တော် တကယ် ဝမ်းနည်းပါတယ်

ရှင်နားလည်နိုင်မယ်ဆိုတာ ကျွန်မသိပါတယ် ရှင့်မှာလည်း ကလေးရှိတာပဲလေ

ပြီးတော့ ဒါက အမှန်ပါပဲ ဒီလူတွေက ကျွန်မတို့ကို ကံဆိုးစေတာ

ပြီးတော့ ကျွန်မသိတာက ရှင် ဒီလူတွေကို တားဆီးနိုင်မယ် ဆိုတာပါပဲ

ရှင် အခု အဲဒီလိုလုပ်နေပြီလေ

-မင်း ဘာလိုချင်လို့လဲ -ကျွန်တော် ခင်ဗျားနဲ့ စကားပြောချင်လို့ပါ

ဝင်ခဲ့

ကျွန်တော် သေသေချာချာရွေးထားတဲ့ လူတစ်စုလောက် လိုတယ် ခင်ဗျားကစပြီးပေါ့

နက်စ် ငါက သနားစရာ ကင်းလှည့်ရဲတစ်ယောက်ပါကွာ

-အခု ငါ မင်းကို ဘယ်လိုလုပ် ကူညီနိုင်မလဲ -ကျွန်တော်နဲ့သာ တွဲလုပ်စမ်းပါ

-ဒါပေမဲ့ ဘာလို့ ငါနဲ့မှလဲ -ဘာလို့လဲဆိုတော့ ခင်ဗျားက ရဲဝန်ထမ်းကောင်းလေ

-မင်း ဘယ်လိုလုပ်သိလဲ -ခင်ဗျားပြောပြတာလေ

ငါသာ ရဲဝန်ထမ်းကောင်းဆိုရင်...

ဘယ်လိုလုပ် ဒီအသက်အရွယ်ထိ ကင်းလှည့်နေရမှာလဲကွာ

ခင်ဗျား ကျွန်တော့်ကို ပြောပြချင်လား

ကောင်းပြီလေ ဒါဆို ငါက ရွှေရောင် နှလုံးသားနဲ့ မိန်းမပျက်လား ဒါမှမဟုတ်

မကောင်းတဲ့မြို့က ကောင်းတဲ့ရဲဝန်ထမ်းလား ဒါမျိုးကို မင်းကြားချင်တာလား

ကျွန်တော် ခင်ဗျားကို မမေးတော့ဘူး ပြီးတော့ အဲဒါတွေ ဂရုမစိုက်ပါဘူး

ခင်ဗျား ကင်းပဲဆက်လှည့်နေချင်လား ဆက်လုပ်လေ

ခင်ဗျားသာ ကျွန်တော်နဲ့ လိုက်ခဲ့မယ်ဆို ကျွန်တော် ခင်ဗျားရဲ့အကူအညီ လိုတယ်

ခင်ဗျားကူညီပေးဖို့ တောင်းဆိုနေတာပါ

ကောင်းပြီလေ မင်းစိုးရိမ်တာ ဒါပဲမဟုတ်လား

မစ္စတာနက်စ် ငါ မင်းကို လွန်ခဲ့တဲ့ ၁၀ နှစ် ပေါင်၂၀ မတက်ခင်လောက်က တွေ့ရင်ကောင်းမှာပဲကွာ

ဒါပေမဲ့ ငါ့အထင် ငါ့အတွက် ပိုအရေးကြီးတာက

အသက်ရှင် နေနိုင်ဖို့ပဲလေ

ဒါကြောင့်မို့လည်း ငါ ကင်းပဲလှည့်နေတာပေါ့ကွာ ကျေးဇူးတော့တင်ပါတယ် မကူညီနိုင်ဘူး

ဒါကောင်းတယ် အန်ဒီရေ ဒီဟာကို စပြီး နည်းနည်းလောက် စီးကြည့်ရအောင်

ကောင်လေးရေ ငါ ဒီစတက်ဇ် ဝက်ဝံကြောင်တံဆိပ် အင်ဂျင်သံကို ကြားချင်လှပြီကွာ

-အေး ငါ ဒီကတံခါးကို ဖွင့်လိုက်မယ်နော် -အေး ဖွင့်လိုက်လေ

တံခါးကို ပြန်ကောက်လိုက်ပြီနော် အန်ဒီ

နောက်ခုံမှာ ဝင်ထိုင်နေ အခု ငါ စက်နှိုးတော့မယ်

အေး စနှိုးတော့ အန်ဒီ

അഭിപ്രായങ്ങൾ

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left