Minority Report

Minority Report

Download Burmese Subtitle

Release info

Minority Report(Zawgyi)
A Commentary by hipposoft

Tags

other
Published on: 2017-08-04
Downloads: 45
Hearing Impaired: No

Burmese subtitle preview

The first 200 lines.

ငါကမျက်မှန်မပါရင် မမြင်ရဘူးဆိုတာ မင်းသိပါတယ်

ဟောင်းဝက်ဒ် မငိုပါနဲ့

လူသတ်မှု

ပရီခရိုင်းမ် ပြစ်မှုကြိုတင်ခန့်မှန်းရေးဌာန

ဝါရှင်တန်ဒီစီ

- ကံကောင်းပါစေ ဂျွန် - လှုပ်တာပြုတာရှိလား

ရှင့်ကြောင့်မျက်ခုံးလှုပ်တာပဲရှိတယ်

၂၀၅၄ ခုနှစ်

- အိုကေ ဂျက်ဒ် ဘာရလဲ - အနီရောင်ဘောလုံး နှစ်လောင်းပြိုင်လူသတ်မှု

ယောက်ျားတစ်ယောက် မိန်းမတစ်ယောက်

လူသတ်သမားက ယောက်ျား လူဖြူ အသက် ၄၀ ဝန်းကျင်

အက်ဂသာ က မနက် ၈ နာရီ ၄ မိနစ်လို့ ခန့်မှန်းပေးထားတယ်

အမြွှာတွေကတော့ အချိန်ကို ဇဝေဇဝါဖြစ်နေသေးတယ်

ဒါကြောင့် အတည်ပြုဖို့လိုဦးမယ်

နေရာတော့ အတိအကျမသိရသေးဘူး

အဝေးရောက်မျက်မြင်သက်သေတွေကိုတော့ ဆက်သွယ်ထားပြီးပြီ

ဒါ အမှုတွဲနံပါတ် ၁၁၀၈

စုံထောက်တွေအားလုံး မင်္ဂလာနံနက်ခင်းပါ

ပရီကော့များ၏ ကြိုတင်မြင်တွေ့ချက်ကို ပရီခရိုင်းမ် ချပ်ပြားများပေါ်မှာ

မှတ်တမ်းတင်သိမ်းဆည်းထားတဲ့ အမှုတွဲနံပါတ် ၁၁၀၈ ပါ

အမှုတွဲနံပါတ် ၁၁၀၈ ရဲ့ မျက်မြင်သက်သေတွေကတော့

ဒေါက်တာ ကတ်သရင်းဂျိမ်းစ်နဲ့ တရားသူကြီးချုပ် ဖရန့်ခ်ပိုလတ် တို့ပဲဖြစ်ပါတယ်

- မင်္ဂလာနံနက်ခင်းပါ - မင်္ဂလာနံနက်ခင်းပါ

မျက်မြင်သက်သေများအနေနဲ့ အမှုတွဲနံပါတ် ၁၁၀၈ ကို

ကြိုတင်ကြည့်ပြီး အတည်ပြုပေးမှာပါလား

ဟုတ်ပါတယ် အတည်ပြုပေးမှာပါ

စလို့ရပါပြီ

အဆင်သင့်ပြင် လူသတ်မှုဖြစ်ပွားချိန် နံနက် ၈ နာရီ ၄ မိနစ်

အခုကစလို့ ၂၄ မိနစ် နဲ့ ၁၃ စက္ကန့်အကြာမှာဖြစ်မယ်

အနီရောင် ဘောလုံးအဆင့်

ငါကမျက်မှန်မပါရင် မမြင်ရဘူးဆိုတာ မင်းသိပါတယ်

ကောင်းပြီ ဟောင်းဝက်ဒ်မာ့စ် မင်းဘယ်မှာလဲ

ဟောင်းဝက်ဒ် ဟောင်းဝက်ဒ် မနက်စာရပြီ

လေးမှတ်ရပြီ လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်တုန်းက..

သူ့ကိုတွေ့ဖူးသလိုပဲ

ဘယ်သူလဲ

လမ်းရဲ့ဟိုဘက်ခြမ်းက ပန်းခြံမှာ ရပ်နေတဲ့လူလေ

သူ့ကို အရင်ကတွေ့ဖူးသလိုပဲ

ဘယ်လိုလုပ် ပြောနိုင်တာလဲ

ရှင်က မျက်မှန်မပါရင်မမြင်ရမှန်း ရှင့်ကိုယ်ရှင် သိသားနဲ့

ရှင့်မျက်မှန်ဘယ်မှာလဲ

အပေါ်ထပ်က အိပ်ခန်းထဲမှာ ကျန်ခဲ့တယ်ထင်တယ်

ရှင် နောက်ကျတော့မယ်နော်

ငါကမျက်မှန်မပါရင် မမြင်ရဘူးဆိုတာ မင်းသိပါတယ်

ဒီနယ်ထဲမှာရှိတဲ့ ဟောင်းဝက်ဒ်မာ့စ် ရှစ်ယောက်ကိုပြမယ်

လူမျိုးနဲ့အသက်အလိုက် စီထားတယ်

သူတို့ရဲ့ လိုင်စင်တွေနဲ့ မှတ်ပုံတင်တွေကို ရှာကြည့်လိုက်

အဲဒီမှာ သူတို့ရဲ့လိပ်စာတွေ့မလား တစ်ချက်ကြည့်လိုက်

ငါ ဒီနေ့ အလုပ်ကနေခွင့်ယူပြီး အိမ်မှာနားရင်ကောင်းမလားလို့

ရှင့် အစည်းအဝေးကကော

ငါ အလုပ်ပိနေတာလည်းကြာပြီ

- အဲဒါကို ဆွဲကြည့်လို့ရမလား - ဒါ သိပ်မရှင်းသေးဘူး

လိုင်စင် ခြောက်ခုတွေ့တယ် ဘယ်ကိုပို့လိုက်ရမလဲ

ဒီကိုပေးပါ

ငါကမျက်မှန်မပါရင် မမြင်ရဘူးဆိုတာ မင်းသိပါတယ်

ဖော့စ်ဟောလ်မှာ ရှာတွေ့ပြီ ၄၄၂၁ ဂိန်းစ်ဘရော့လမ်းမှာပဲ

ဒီစီရဲဌာနက အဖွဲ့သားတွေကိုလွှတ်

အဲဒီဝန်းကျင်မှာ အသင့်စောင့်ခိုင်း ငါတို့ ထွက်လာပြီလို့ပြောလိုက်

ငါ ဒီနေ့ အလုပ်ကနေခွင့်ယူပြီး အိမ်မှာနားရင်ကောင်းမလားလို့

- ကျွန်တော်တို့ ဒီအတွက်ရည်ရွယ်ပြီး.. - ဘယ်လိုသဘောရလဲ

- ရှင့်အစည်းအဝေးကကော - ရွှေ့လိုက်မှာပေါ့

ငါ အလုပ်ပိနေတာလည်းကြာပြီ

ဒါပေမဲ့ ပိုကြီးမားတဲ့ အတိုင်းအတာအရဆိုရင်တော့..

- ကောင်းတာပေါ့ - ငါတို့ နေ့လယ်စာအတူတူစားလို့ရတယ်

- ဘယ်လိုသဘောရလဲ - ငါတို့ အထွတ်အမြတ်မထားနိုင်ဘူး..

- ကောင်းတာပေါ့ ကောင်းတာပေါ့ - သေသူဖြစ်စေ ရှင်သူဖြစ်စေ ရဲရင့်သောသူသည်..

ကျွန်မ ရက်စ်လာမှာ အိမ်သွားကြည့်ဖို့ရှိသေးတယ်

ငါတို့ရဲ့နည်းပါးတဲ့ အင်အားစုကို တိုးလာအောင် ဒါမှမဟုတ် လျော့နည်းသွားအောင်..

ကောင်းပါပြီ အဲဒါကြောင့်မို့လို့လည်း မင်း အရမ်းလှနေတာဖြစ်မယ်

ဌာနမှူး

နေရာနဲ့ပတ်သက်ပြီး ပြဿနာပေါ်လာတယ်

- အဲဒီနေရာမှာ မရှိတော့ဘူး - သေစမ်း

- အချိန်ဘယ်လောက်လိုသေးလဲ - ၁၃ မိနစ်

ဌာနမှူး

ဗဟိုဌာနက ထောက်လှမ်းရေးတစ်ယောက် ရောက်နေတယ်

အခုအချိန်မှာ ဗဟိုဌာနကလူကို ငါ မလိုအပ်ဘူး

ဂျွန်နီ ကျွန်တော် ခင်ဗျားရဲ့ ပြက္ခဒိန်မှာ မှတ်ထားပြီးပြီ

ခင်ဗျားရဲ့အိမ်မှာလည်း စာချန်ခဲ့တယ်

သူတို့အိမ်နီးချင်းတွေကော သူတို့ဘယ်သွားမှန်းသိလား စစ်ကြည့်

- အသိအကျွမ်းမှန်သမျှကိုမေး - သူ့အိမ်နီးချင်းတွေနဲ့ အသိတွေကိုရှာနေပြီ

- ဂျွန် - ဖလက်ခ်ျ

သူ့ကို ကော်ဖီတစ်ခွက်နဲ့သာ ဧည့်ခံထားလိုက်ပါ

သူ့ကို ငါတို့အကြောင်းတွေ ပြောပြထားလိုက်

ကျွန်တော် ကော်ဖီရပါပြီ ကျေးဇူးပဲ

ဒန်နီဝစ်ဒ်ဝါပါ ဗဟိုဌာနကပါ

ပီကေစားဦးမလား

ဆောရီး ဒန်နီ နောက်မှပဲ ကျွန်တော်တို့ဌာနထဲကို လိုက်ပြပေးတော့မယ်

မာ့စ်မိသားစုက လွန်ခဲ့တဲ့နှစ်ပတ်လောက်က အိမ်ပြောင်းသွားပြီ

ဘယ်ကိုပြောင်းသွားလဲ ဘယ်သူမှမသိဘူး မိသားစုတွေနဲ့ အလုပ်ကိုတော့ စုံစမ်းနေတုန်းပဲ

ကျန်ရှိချိန် ၁၂ မိနစ်

သူ အခုဘာလုပ်နေတာလဲဆိုတော့ ပုံတွေကို လက်နဲ့ထောက်ပြီး

လူသတ်မှု ဘယ်မှာဖြစ်မလဲဆိုတာကို သဲလွန်စရှာနေတာပါ

အုတ်ကွက်ဖော်ထားတဲ့ပုံက

ရှေးဂျော်ဂျီယန်အုတ်ကွက်မျိုးပဲ

အုတ်ကွက်ကို နှာကြောင်းပြန်လိုက်ထားတယ်

ဒီနိုင်ငံက ဘုရားသခင်ရဲ့အုပ်စိုးမှုအောက်မှာ ရှိတဲ့အတွက်

လောကမှာ ဘယ်တော့မှ မကျရှုံးရဘူး

အသတ်ခံရသူတွေကို ဒီမှာဖော်ပြပြီး သတ်တဲ့သူကိုတော့ ဒီမှာဖော်ပြတယ်

ဒါတင်မကသေးဘူး

အမှုဖြစ်မယ့်နေ့မှာပဲ

သူတို့ဆီကရတဲ့ ပုံတွေကိုကြည့်ပြီး အမှုကို ခန့်မှန်းဖော်ထုတ်ရတယ်

မြင်းစီးနေတဲ့ ရဲတစ်ယောက်ပုံပဲ

လွှတ်တော်အဆောက်အဦးနားမှာလား

မဟုတ်ဘူး လျှပ်စစ်ရထားလမ်းကြောင်းနား

မောလ်နားမှာလား

ဂျော့ခ်ျတောင်းမှာ

ပရီကော့တွေက လူသတ်မှုမတိုင်ခင် ၄ ရက်ကို ကြည့်လို့ရတယ်လေ

နောက်ကျမှ ဘာလို့ထုတ်ပြလဲ

အဲဒါကို အနီရောင်ဘောလုံးလို့ခေါ်တယ်

ရာဇဝတ်မှုကျူးလွန်ချင်စိတ်ဆိုတာ ကြိုတင်ပေါ်တဲ့အရာမဟုတ်ဘူး

အဲဒါကြောင့် နောက်ကျမှသိရတာ

ကျွန်တော်တို့ရတဲ့ အပိုင်းအစလေးတွေက ဒီလိုမျိုး လျင်မြန်တဲ့အဖြစ်အပျက်လေးတွေပဲ

ကြိုတင်ကြံစည်မှုပါတဲ့အမှုမျိုး ခုနောက်ပိုင်း သိပ်မတွေ့ရတော့ဘူး

လူတွေက အကြောင်းသိနေပြီပေါ့

ဒီတစ်ခုက တော်တော်ကောင်းတယ်

၁၈ ရာစုနှစ် ဗိသုကာပညာရှင် ဒဝိုက်ကင်းစ်လေနဲ့ ထပ်တူကျတယ်

- ဒီစီမှာ အိမ်နှစ်ဒါဇင်လောက်ဆောက်ခဲ့ဖူးတယ် - ကျန်ရှိချိန် ၁၀ မိနစ်

၁၀ မိနစ်

ဒီကလေးကိုကြည့်စမ်း

သူက ဒီလူရဲ့ဘယ်ဘက်မှာ ရှိတယ်နော်

ဟုတ်တယ်လေ

အဲဒီတော့

ဒီပုံမှာတော့ ညာဘက်မှာ

ချားရဟတ်ပဲ

ပန်းခြံမှာပဲ

ဒီမြို့မှာ ဒါမျိုးချားရဟတ်အဟောင်း ၁၆ ခုပဲရှိတော့တယ်မဟုတ်လား

ဂျော့ခ်ျတောင်းမှာ နှစ်ခု ဘာနဘီဝုဒ်မှာ တစ်ခု ကျန်တာတွေက ဝုဒ်လေမှာ

ဝုဒ်လေဘက်မှာက ၀ိတိုရိယခေတ်ပုံတွေချည်းပဲ

ဒါဆိုရင် ဘာနဘီဝုဒ်ပဲဖြစ်မယ် အန်ဗာနာ ပျံသန်းချိန်ဘယ်လောက်ကြာမလဲ

ကျွန်မမောင်းရင်တော့ စထွက်ပြီး သုံးမိနစ်ဆိုရောက်မယ်

- အားလုံးရှင်းတယ် - အားလုံးရှင်းတယ်

ကျန်ရှိချိန် ၆ မိနစ်

အိပ်ရာထဲသွားရအောင်

ဒီမှာပဲနေမယ်

- အိပ်ရာက နူးညံ့တယ် - ကျွန်မက ပိုနူးညံ့တယ်

သေစမ်း

ဘယ်တစ်ခုပါလိမ့်

- အိပ်ရာပေါ်မသွားဘူး - လုပ်ပါ

- နိုရာ လုပ်စမ်းပါ - မသွားချင်ဘူးဆို

ကျန်ရှိချိန် ၁ မိနစ်

- ဌာနမှူး ကျွန်မတို့ အနာဂတ်နဲ့နီးနေပြီ - တိတ်စမ်း အန်ဗာနာ

ဂျက်ဒ် ဂျက်ဒ်

ပြောပါ

- သူ အိမ်ရှေ့တံခါးကိုပိတ်သွားလား - ဘာ

မာ့စ် အိမ်ရှေ့တံခါးကို ပိတ်သွားလားလို့

အိမ်ရှေ့တံခါး..

ဒီမှာမဖြစ်ပါဘူးဆိုမှ

မပိတ်သွားဘူး

အိမ်ရှေ့တံခါးက ပွင့်နေတယ်

ကျန်ရှိချိန် ၃၀ စက္ကန့်

ငါ့မျက်မှန်ကျန်ခဲ့လို့..

ဟောင်းဝက်ဒ်

မဟုတ်ဘူး ဟောင်းဝက်ဒ်

ငါကမျက်မှန်မပါရင် မမြင်ရဘူးဆိုတာ မင်းသိပါတယ်

ဟောင်းဝက်ဒ် မငိုပါနဲ့

မာ့စ်

ကျုပ်ကိုကြည့် ကျုပ်ကိုကြည့်

ဟောင်းဝက်ဒ်မာ့စ် ဆိုတာသေချာတယ်

မစ္စတာမာ့စ်

ကိုလံဘီယာ ပရီခရိုင်းမ်ဌာနရဲ့ ပြဋ္ဌာန်းချက်အရ

ဒီနေ့ ဧပြီလ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၄ မိနစ်မှာ

ဆာရာမာ့စ်နှင့် ဒေါ်နယ်ဒူဘင်ကို သတ်မယ့်အမှုနဲ့

ခင်ဗျားကို ဖမ်းဆီးလိုက်ပါပြီ

မဟုတ်ဘူး

ကျွန်တော် ဘာမှမလုပ်ပါဘူး

- ဆာရာ - သူ့ခေါင်းဆောင်းပေးလိုက်

အို ဘုရားသခင်

ကျွန်တော့်ကို အဲဒါကြီး မဆောင်းပေးပါနဲ့

ဆာရာ

လက်ကို ခေါင်းပေါ်တင်ထားပါ

ကယ်ပါဦး ငါဘာမှလုပ်ဖို့ မရည်ရွယ်ပါဘူး

ကျွန်မက ပရီခရိုင်းမ်ဌာနရဲ့ ရဲအရာရှိစကော့တ်ပါ

ဒီမှာထိုင်ပြီးတော့ ကျွန်မပြောတာကို နားထောင်ပါလား

ရှင့်ရဲ့ ယောက်ျားကိုဖမ်းသွားတာ ပရီခရိုင်းမ်ဌာနက အရာရှိတွေပါ

ဘုရားသခင် ဟောင်းဝက်ဒ် မဖြစ်ဘူး

ဟောင်းဝက်ဒ် မငိုပါနဲ့

မငိုပါနဲ့

ဘုရားရေ

လူသတ်မှုကို သူတို့တားလိုက်နိုင်တယ်လို့ ထင်နေတာ

အဲဒါက ပဲ့တင်အာရုံသက်သက်ပါ

ပရီကော့ရဲ့အာရုံယောင်လို့လည်း ပြောလို့ရတယ်

ပရီကော့တွေ ခဏခဏမြင်တတ်တဲ့ အာရုံဆိုးတွေပေါ့ဗျာ

ဝေါလ်လီ အသစ်ပေါ်လာတာတွေကို ဖျက်ပစ်လိုက်

လူသတ်မှုဆိုတာမရှိတဲ့ လောကကြီးကို မြင်ယောင်ကြည့်ပါ

ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးလိုက်ရတယ်

- ကျွန်မအဒေါ်ကို ဆုံးရှုံးလိုက်ရတယ် - ကျွန်တော့်အဖေကို ဆုံးရှုံးလိုက်ရတယ်

- ကျွန်မအဖေကို ဆုံးရှုံးလိုက်ရတယ် - ကျွန်တော့်ဇနီးကို ဆုံးရှုံးလိုက်ရတယ်

လွန်ခဲ့တဲ့ ၆ နှစ်လောက်တုန်းက ဒီနိုင်ငံရဲ့ လူသတ်မှုနှုန်းဟာ အထွတ်အထိပ်ကိုရောက်ရှိခဲ့တယ်

ဒီလို သတ်ဖြတ်နေကြတာကို

အံ့ဖွယ်အရာ တစ်ခုခုကပဲ တားဆီးနိုင်မယ့်အခြေအနေ ဖြစ်ခဲ့တယ်

ဒါပေမဲ့ အံ့သြဖွယ်ဆိုတဲ့အရာကို တစ်ခုမက ကျွန်တော်တို့ရရှိခဲ့တယ်

အဲဒါကတော့ ပရီကော့သုံးယောက်ပါ

ပရီခရိုင်းမ်ပရိုဂရမ် လုပ်ဆောင်ပြီး တစ်လအတွင်းမှာပဲ

ကိုလံဘီယာဒေသရဲ့ လူသတ်မှုနှုန်းက ၉၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့တယ်

- ကားထဲမှာ ကျွန်မကိုစောင့်နေတော့မလို့ - သူ ကျွန်မကို အနိုင်ကျင့်တော့မလို့

- ဓားနဲ့ အထိုးခံရတော့မလို့လေ - ဒီနေရာမှာပေါ့

တစ်နှစ်အတွင်းမှာပဲ ပရီခရိုင်းမ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ မြို့တော်က

လူသတ်မှုတော်တော်များများကို တားဆီးပေးနိုင်ခဲ့ပါတယ်

ကျွန်တော်တို့ရဲ့စမ်းသပ်မှုကိုစတင်ခဲ့ပြီး ခြောက်နှစ်အတွင်းမှာ

လူသတ်မှု တစ်ခုတလေတောင်မှ မဖြစ်ပွားခဲ့ပါဘူး

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left