Cars 3

Cars 3

Download Burmese Subtitle

Release info

Cars 3 2017 720p BrRip 2CH x265 HEVC-PSA
A Commentary by ChocoPie
Remake (retype) of hardsub. (Release Type : Transcript which is subscene allowed) Credit to original translator : Wai Yan Maung................ ( don't allow -- hardsub with your movie channel with own logo). We intend to use for soft sub only............

Tags

brrip
720p
720
x265
HEVC
2CH
Published on: 2018-09-07
Downloads: 78
Hearing Impaired: No

Burmese subtitle preview

The first 200 lines.

အိုကေ.. စလိုက်ကြစို့

အာရုံစိုက်ထားမယ်.. အလျင်.. ငါက အလျင်နှုန်း ပဲ

အနိုင်သမား ၁ ယောက် ရှုံးမှာက ၄၂ ယောက်

အရှုံးသမားတွေကို မနက်စာထဲ ထည့်စားပစ်လိုက်မယ်

ကျွန်တော် အဲ့လိုပြောနေကျလား?

- ဒါပေါ့ ဆရာသမားရယ်... ပြောနေကျပေါ့ - ဗုဒ္ဓေါ

သိပ်ဟုတ်တာပေါ့... အဲ့စကားပဲ တစ်ချိန်လုံးပြောနေတာ

မိတ်တာ...! မင်းက ဒီဘာလာလုပ်တာလဲဟ

အော်..ဟော်.. ငါက မင်းကို အထီးကျန်မနေစေချင်လို့ပေါ့ကွ

အော်.. ကျေးဇူးကွာ ဒါပေမယ့် ငါက ပြိုင်ပွဲဝင်ဖို့ ပြင်နေတာလေ

တိတ်တိတ်ဆိတ်ဆိတ် ဖြစ်နေဖို့ လိုတယ်ကွ

အေး..ဟုတ်သား၊ ဖြစ်စေရမယ် သားကြီး

ဟေး..ကိုယ့်လူတို့ နားထောင်ပေးကြမယ်

ကျုပ်ရဲ့ သူငယ်ချင်းကြီး လျှပ်စီး မက်ခ်ကွင်းန်က အေးဆေးလေး ဖြစ်ချင်တယ်တဲ့ လုံးဝတိတ်နေရမှာနော်

အိုကေ.. ငါပြောနေတာ ဘယ်ရောက်သွားပါလိမ့်

ပြိုင်ပွဲ.. အမှန်အကန် ပြိုင်ပွဲ

ဟာ..!! အဲ့တာ ပြိုင်ပွဲမှ မဟုတ်တာကွာ လေညှင်းခံ ကားမောင်းထွက်တာမျိုးတောင် မဟုတ်ပါဘူးကွာ

အဲ့တာကဖြင့် လမ်းကြောင်း တစ်ပတ်ထဲကို ပြိုင်ပွဲဆိုတာ အပတ်ရေ ၅ဝဝ ရှိတာမျိုးကွ

လူတိုင်းက တစ်ပတ်ပြီး တစ်ပတ် မောင်းနိုင်ဖို့အတွက် ရုန်းကန်နေရမယ်

အတွင်းစည်း၊ အပြင်စည်းတွေနဲ့ ၁ လက်မစာလောက်ပဲကွာမယ် ဒါပေမယ့် ဘယ်တော့မှ ပွတ်မဆွဲဘူး

ကဲ အဲ့တာမျိုးကမှ ပြိုင်ပွဲလို့ ခေါ်တယ်ကွ

ဟုတ်ပါပြီ. ဒေါ့ဂ် ဟက်ဒ်ဆန် ကြီးနဲ့တော့ ပြိုင်မငြင်းနိုင်ပါဘူးဗျာ

မှန်ပါ့ဗျား.. မှန်ပါ

- ဟေး လျှပ်စီး.. အသင့်ပဲလား? - ဒါပေါ့ကွာ

လျှပ်စီးကတော့ အဆင်သင့်ပဲ

ဒီဖလားကတော့ ခင်ဗျားအတွက် ယူပေးမယ်ဒေါ့ဂ် ရေ

Cars 3

မောင်းထားဟေ့ စတစ်ကာကောင်လေး

ဝင်မယ်နော် မောင်းထား မက်ခ်ကွင်း

လျှပ်စီး မက်ခ်ကွင်းန် ကွ!!!

ဟျောင် ကယ်လ်.. မင့်အချက်ပြမီး ပွင့်နေတယ်ကွ ဘာရယ်? မပွင့်ပါဘူးကွ ဟေး

မင့်အချက်ပြမီး ပွင့်နေတာကွ

အတော်ကောင်းတဲ့ ပြည်တော်ဝင် ပွဲလေးပွဲကယ်လ်ရေ

တစ်ထောက်နား ဝင်လာတာကတော့ လျှပ်စီး မက်ခ်ကွင်းန် ဘော်ဘီဆွစ်တ် နဲ့ ကယ်လ်ဝဲသစ် တို့ပဲ ဖြစ်ပါတယ်ခင်ဗျ

ဒီ ၃ ယောက်ကို ကြည့်ရတာ ပျော်နေပုံပဲဗျို့ ဟုတ်တယ်မို့လား ဒါရယ်လ်?

မင်းသိလား ဘော့ဘ် သူတို့တွေ ပြိုင်ပွဲနဲ့ အပြင် ဘယ်မှာပိုပျော်လဲဆိုတာ ငါ မပြောတတ်ဘူးကွ

- ရေပါဆေးနေတာလား ကယ်လ် ရ!!! - မဟုတ်တာ.. မင်းကမှ ရေဆေးတာကွ မက်ခ်ကွင်းန်

အဲ့ကောင်တွေကို မီအောင် ပြန်လိုက်တော့

လျှပ်စီး ရှင့် ဘော်ဘီ နဲ့ ကယ်လ် ကို ယှဉ်မောင်းရတဲ့ပွဲမှာ ဘယ်လိုအာရုံစိုက်ပြီး ပြိုင်ပါသလဲ

အဓိကသော့ချက်ကတော့ ကျွန်တော်တို့တွေ အချင်းချင်း လေးစားမှုရှိကြတာကြောင့်လို့ ပြောချင်တယ်

အဲ့ကောင်တွေက တစ်ကယ့်နန်းဆန်တဲ့ကောင်တွေဗျ

ဂုဏ်ယူပါတယ် Cupcake

ဒီကောင်တွေတော့ နာတော့မယ်

မောင်းထား မောင်းထား ဒိုင်နိုကို ကွ!!!

ဒီနေ့ပွဲကတော့ တစ်ကယ်လန်းတဲ့ အနိုင်ပွဲပါပဲ ကယ်လ်

ကျေးဇူးပါ ရှန်နွန်၊ ဒီပွဲက ကျွန်တော်တို့အတွက် တစ်ကယ်ကောင်းတဲ့ ပွဲလေးပါ..ဟေး ဟေး!!

ဗွီဒို !! တစ်ထောက်နားလေကွာ..င်င်

ဟ ဟား.. ထားလိုက်ပါတော့ကွာ ဟာသပဲ...

အမြန်နှုန်း 196 m/h

မောင်းထားဟေ့ ငါ့ကောင်ကြီး

ဒီနေ့တော့ ကျုပ်ရဲ့ စပွန်ဆာကြီးတွေ ပျော်ပြီပေါ့ ဟုတ်လား

အနိုင်ပွဲတွေ မဆက်ပါစေနဲ့လား မက်ခ်ကွင်းန် ရယ်.. ဘမ်ပါ ခရင်မ်တွေတောင် ရောင်းရလွန်းလို့ ပစ္စည်းပြတ်နေပြီဟ

လျှပ်စီး မက်ခ်ကွင်းန်!!

ဟေး တက်စ်ကြီး.. ကျုပ် အချစ်တော် ပြိုင်ဖက်ကြီးကော အဆင်ပြေရဲ့လား?

အဲ့ကောင်ကို ဒိုင်နိုကို အဖွဲ့ ကနေထုတ်ပြီး မင်းနဲ့ အစားထိုးမလို့ဆိုတာ ပြောမလို့ကွ

ကျုပ် ကြားနေရတယ်ဆိုတာ ခင်ဗျား သိပါတယ်နော် ကျုပ် ရှိနေတုန်းပဲနော

ဘိုင့် ကယ်လ် နောက်အပတ်ကျမှ ဆုံကြတာပေါ့

ဆုံမှာမဟုတ်ဘူးကွ

ဟာ.. လုပ်စမ်းပါကွာ.. ငါက နောက်နေတာပါဟ

ပတ်ပြေးထား ကောင်ပေါက်လေး

ဟိုအကောင်ကြီးလည်း ပတ်ပြေးထားဟေ့

ကွင်းပတ် ၈ဝ ရဲ့ နောက်ထပ်လှလှပပ ပန်းဝင်ခြင်း တစ်ခုပါပဲခင်ဗျား မက်ခ်ကွင်းန်နဲ့ ဆွစ် တို့ ဘောနက်ချင်း ယှဉ်နေကြပါတယ်၊

အဲ့အနောက်က မြင်ကွင်းလေး လှတယ်လား ဘော်ဘီ

အေးပါ.. မင်း အချက်ပြမီး မဖွင့်ရင် ကောင်းမယ်နော

မဟုတ်လို့ကတော့ ငါက ကျော်တက်ပစ်မှာ

အလံကတော့ တစ်ဖျတ်ဖျတ်ပြနေပါပြီခင်ဗျား နောက်ဆုံးကွင်းပတ်ဖြစ်ပြီးတော့ မက်ခ်ကွင်းန် ဦးဆောင်နေပါတယ်

အိုကေ.. မင်းတို့ ဘာတွေရထားလဲ ကြည့်ကြတာပေါ့

ဝိုး အနိုင်ရရှိသွားသူကတော့ မုန်တိုင်း ဂျက်ဆင် ဖြစ်ပါတယ် ခင်ဗျား

တစ်ကယ့်ကို စိတ်ပျက်စရာကြီးပါခင်ဗျ လျှပ်စီး နဲ့ ဘော်ဘီတောင် သူ ကပ်ပါလာတာကို မမြင်လိုက်ပါဘူး

မြန်မြန် တာထွက်ဖို့က အဓိကအချက်တစ်ခုပါ

ဒါပေမယ့် ဒီလိုအမြန်နှုန်း၊ မောင်းအားနဲ့ ပန်းဝင်ဖူးသူကို တစ်ခေါက်မှ မမြင်ဖူးသေးပါဘူးခင်ဗျ

လျှပ်စီး မက်ခ်ကွင်းန် ငယ်ငယ်က ပန်းဝင်ခဲ့တဲ့ အချိန်ကတည်းက ဆိုပါတော့ဗျာ

- ဟျောင့် ဘော်ဘီ.. အဲ့ကောင်က ဘယ်သူလဲကွ - အဲ့တာ..

- မုန်တိုင်း ဂျက်ဆင် တဲ့ ၊ - အေးကွ..တက်သစ်စထဲက တစ်ယောက်ဆိုပါတော့

ကျေးဇူးပဲ ငါ့ကောင်တွေ၊ ကျေးဇူး၊ တကယ်သဘောကျပါတယ် ကျေးဇူးကမ္ဘာပါ၊ ကျေးဇူ

ဟေး.. မုန်တိုင်း ဂျက်ဆင် နော်.. ဟုတ်စ ဒီနေ့ပြိုင်သွားတာ ကောင်းတယ်ကွာ

ဝိုး ကျေးဇူးပဲ မစ္စတာမက်ခ်ကွင်းန်

ခင်ဗျားကို အနိုင်ပိုင်းဖို့က ကျုပ်အတွက် ဘယ်လောက် ပျော်ဖို့ကောင်းတယ်ဆိုတာ ခင်ဗျား မသိပါဘူး

အော်.. ကျေးဇူးပါကွာ.. နေစမ်းပါဦး၊ မင်းပြောလိုက်တာ "ဆုံရတာ" လို့ပြောတာလား "အနိုင်ပိုင်း" ရတာလို့ ပြောလိုက်တာလား

- ကျွန်တော် ပြောတာ ကြားလိုက်မယ် ထင်ပါတယ် ဘာရယ်?

- မက်ခ်ကွင်းန် ဒီနားမှာဟေ့ - မုန်တိုင်း.. ဓါတ်ပုံလေး ရိုက်လို့ရမလား?

ဒါပေါ့ ဒါပေါ့ လာပါ ဓါတ်ပုံလေး ရိုက်လိုက်ကြရအောင်

ခင်ဗျားတို့သိလား ဓါတ်ပုံတွေ ကြိုက်သလောက် ရိုက်လို့ရတယ်

ဘာလို့ဆို ခုဒီမှာရှိနေတဲ့ ချန်ပီယံကြီးက ခုကနေ နောင်နှစ်ပေါင်းများစွာထိ ကျုပ် အတုယူရမယ့်သူ ဖြစ်သွားလို့ပဲ

ကျုပ်ပြောတာ နှစ်ပေါင်းများစွာနော်

ဟုတ်ပြီလား.. ကျုပ် ဒီဘိုးတော်ကို သဘောကျတယ်ဗျာ

စိတ်ဆွပေးလိုက်နိုင်တယ် ထင်တာပဲ...

"ချစ်ခ် ရဲ့ လက်ရွေးစင်များနဲ့ စောင်တောသားများ" အစီအစဉ်မှ ပြန်လည်ကြိုဆိုပါတယ်

ကျုပ်ကတော့ ခင်ဗျားတို့ရဲ့ အစီအစဉ်တင်ဆက်သူဖြစ်ပြီးတော့ ရာသက်ပန် ပစ်စတင်ဖလား ချန်ပီယံ ချစ်ခ်ဟက်ခ်စ် ဖြစ်ပါတယ်

ဒီသတင်းကတော့ အခုလေးတင် ဝင်လာတာပါ

တက်သစ်စလေး မုန်တိုင်း ဂျက်ဆင် ဟာ လူတွေရဲ့ လျှပ်စီး မက်ခ်ကွင်းန်အပေါ် အရိုးစွဲ ယုံကြည်မှုကို ရိုက်ချိုးလိုက်တာပါ

ကျုပ်ကိုယ်တိုင် မက်ခ်ကွင်းန်းကို အနိုင်ပိုင်း နိုင်ရင်တောင် ဒီလောက်ပျော်နိုင်မှာ မဟုတ်ဘူးဗျ

အိုး..နေစမ်းပါဦး ကျုပ်လည်း နိုင်ဖူးတယ်ဗျ

ကဲ ကျုပ်အကြောင်းပြောနေတာလေးတွေ တော်ပါပြီ ဘယ်လိုဖြစ်သွားတယ်ဆိုတာ ပြောပြမယ့်သူကတော့

ကိန်းဂဏန်းတွေကို ပရိုကျကျ ကျွမ်းကျင်တဲ့ မစ္စနာတာလီ ဆာတိန်း ဖြစ်ပါတယ်

ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရတာ တစ်ကယ်ဝမ်းသာပါတယ် ချစ်ခ် ကျွန်မအနေနဲ့ ကိန်းဂဏန်း လေ့လာချက်တွေကို ပြောပြဖို့ စီစဉ်ထားပါတယ်

ဟုတ်ပါပြီ.. အဲ့ဒီ ဆန်းကြယ်လွန်းတဲ့ လူသစ်လေး,

မုန်တိုင်း ဂျက်ဆင်က ဘယ်လိုလူမျိုးလဲ နောက်ပြီး ဘာလို့ အဲ့လောက်အရမ်းမြန်နေရတာလဲဗျ

ရှင် အချက်အလက်တွေကို ဖတ်ပြီးသွားရင်တော့ မဆန်းတော့ပါဘူး မစ္စတာဟစ်ခ်

မုန်တိုင်း ဂျက်ဆင် ဟာ မျိုးဆက်သစ် နည်းပညာမြင့် ပြိုင်ကားတွေထဲက တစ်စီးဖြစ်ပါတယ်

မနေ့တစ်နေ့ကလို ပြိုင်ကားတွေလို မဟုတ်တော့ပါဘူး

အော်..ဘာရယ်.. ဒီကောင့်လို သက်ကြားအိုကြီးတွေကို ပြောတာလား? ဟ ဟား...

အဲ... ဒါပေါ့

မုန်တိုင်းက ကိန်းဂဏန်းတွေကို စွန့်စွန့်စားစား ပြောင်းပြီး သူ့ရဲ့ အမြင့်ဆုံးမြန်နှုန်းကို ရလာတာ ဖြစ်ပါတယ်

ပြိုင်ပွဲက အချက်အလက်တွေအရ ပြောတာ ဖြစ်ပါတယ် တာယာ ဖိအား၊ လေပြင်းဖိအား

အလေးချိန် ဖြန့်ချမှု၊ လေခွင်းအား

ပြီးတော့ မုန်တိုင်း လို မျိုးဆက်သစ်တွေက ပိုကောင်းလာပါတယ်

ပြိုင်ကားလောက ပြောင်းလဲသွားပါပြီ

ကျုပ် မိတ်ဆွေကြီး လျှပ်စီး အရည်အသွေးတွေ ကျလာပြီလို့ပြောရင် ပိုသင့်တော်မယ်ထင်တယ်

ကျုပ်ပြောတာ မှန်ရဲ့လား ဆာတိန်း

အဲ.. ကျွန်မက အကုန်လုံးမှာ တိကျတယ်ဆိုရင်တော့ ချစ်ခ်ရေ ..

ဒီကစားပွဲရာသီကတော့ ပိုစိတ်ဝင်စားဖို့ ကောင်းလာတော့မှာပါ

ငါ ပြောမယ် ဒါရယ်လ်...

မုန်တိုင်း ဂျက်ဆင်လုပ်ချက်ကတော့ လုံးဝကို အားပါသွားပါတယ်

ခုဆိုရင်တော့ နောက်ထပ်မျိုးဆက်သစ် တက်သစ်စ ပြိုင်ကားလေးတွေ ကွင်းထဲကို ရောက်နေပါပြီ

တစ်ချိန်ထဲမှာပဲ ပြိုင်ကားဟောင်း ၆ စီးလည်း ချာတိတ်တွေကို နေရာပေးဖို့ အလုပ်ဖြုတ်ခံလိုက်ရတယ်ဆိုပါတော့

မင်္ဂလာပါ ချန်ပီယံကြီးရေ... ကျုပ်တို့ရဲ့ သက်ရှိထင်ရှား ဂန္တဝင်သူရဲကောင်းကြီး ဒီနေ့ နေသာရဲ့လား?

ပိုလို့တောင် နေသာထိုင်သာ ရှိသေးကွာ... ကျေးဇူး ကဲ ငါ စိတ်ကျေနပ်ဖို့ ဆိုရင်တော့

လျှပ်စီး မက်ခ်ကွင်းန်ရဲ့ နှုတ်ဆက်ရာသီမှာ သူနဲ့တူတူ ဝင်ပြိုင်ရတာကျုပ်ဖြင့် မယုံနိုင်သေးဘူးဗျာ

မင်း ဘာတွေ လာယောင်နေတာလဲ

ဘာရယ် အလံစိမ်းပါလား ပြေးလမ်းမှာ ကံကောင်းပါစေချန်ပီယံကြီးရေ

ခင်ဗျား ဒီဆုတောင်းကို လိုမှာပါ

အကြောင်းပြချက်တစ်ခုကတော့ မုန်တိုင်းနဲ့ တစ်ခြားမျိုးဆက်သစ်တွေက ပိုပြီးစွမ်းရည်မြင့်တာပါပဲ

သူတို့ရဲ့ စွမ်းဆောင်ရည်ကတော့ ကွင်းတစ်ပတ်တိုင်း တစ်ပတ်တိုင်းမှာ ပြိုင်လမ်းကြောကို အကောင်းဆုံး ထိန်းထားနိုင်တာပါပဲ

နံပါတ် ၃ ကတော့ တက်သစ်စလေး စန်စေးရှန်း

မုန်တိုင်းက သူ့အကန့်နဲ့သူပါ အဲ့အတွက် အကြောင်းပြချက်ကောင်းကောင်းကတော့

အသစ်စက်စက် နည်းပညာမြင့် လေ့ကျင့်ရေးစက်တွေကို သုံးပြီး လေ့ကျင့်ထားတာကြောင့်ပါ

အဲ့ဒီစက်တွေက တစ်ကယ့်အစစ်နဲ့တူတဲ့ ပုံရိပ်ယောင် ပြိုင်ပွဲတွေကို ဖန်တီးပေးတာပါ

လေ့ကျင့်ဖို့ အတွက်နဲ့တင်တော့ ပြိုင်ကားတွေ ဘယ်တော့ဘယ်တော့မှ အပြင်ထွက်စရာ မလိုတော့ပါဘူး

မုန်တိုင်း ရဲ့ ပြေးလမ်းတည့်နေအောင် ထိန်းထားနိုင်စွမ်းကတော့ ကျွန်တော်တို့ အရင်က မြင်ဖူးတာတွေနဲ့ လုံးဝကို မတူပါဘူးခင်ဗျား

၎ စီး တစ်ပြိုင်တည်း ပန်းဝင်.. လာနောက်နေတာလားကွာ...

ပိုနည်းတဲ့ ပွတ်ဆွဲဆတိုးကိန်း ၂%

အိုး...! ဘယ်လောက်လန်းတဲ့ ပန်းဝင်ပုံစံလည်းကွာ

၅% ပိုတိုးလာတဲ့ လေဖိအား ခွဲထုတ်နိုင်စွမ်း )*စပွိုင်လာကို ဆိုလိုခြင်းဖြစ်)

ကံကောင်းတဲ့ နံပါတ် ၇ လေး

၁.၂% ပိုများလာတဲ့ အမြင့်ဆုံး အရှိန်

ပစ်စတင်ဖလားရှင် ချစ်ခ်ဟစ်ခ်စ် နားကို ရောက်နေတာကတော့ ပြိုင်ကွင်းကို အနိုင်ပိုင်းသွားတဲ့ ပြိုင်ကားလေး မုန်တိုင်း

မုန်တိုင်း ဂျက်ဆင် ပါတဲ့ခင်ဗျား "က ချောင်း.." လို့ လုပ်တဲ့ ဘိုးတော်ကြီးကို နောက်တစ်ပွဲ လွယ်လွယ်လေး နိုင်အပြီးပေါ့...

ဒါမှမဟုတ် "က ဘူး" လို့ ပြောရမလား ဘာလို့ဆို အဲ့ကောင် အမြဲတမ်းနောက်မှာပဲ ကျန်နေခဲ့လို့လေ၊ ဟုတ်တယ်မို့လား?

မ..မ..မဟုတ်သေးဘူး ချစ်ခ် မက်ခ်ကွင်းန်က တစ်ကယ်တော်တဲ့ ပြိုင်ပွဲဝင် ချန်ပီယံပါဗျ

သူက ပြိုင်ပွဲလောကရဲ့ ဥသျှောင်ပဲလေ ခင်ဗျားလည်း သိတာပဲလေ

သူ့ကိုနိုင်ဖို့အတွက်ဆို အကုန်လုံးသာ ယူသွားလိုက်တော့

အိုး.. မင်းတို့ကောင်တွေ လာနောက်နေတာပဲကွ

မက်ခ်ကွင်းန် ထိပ်ဆုံးကို ပြန်ရောက်ဖို့အတွက် ဘာပြောင်းလဲမှုတွေ လုပ်သွားဖို့ ရှိပါသလဲခင်ဗျား

- ဒီမယ်... ကျုပ်တို့တွေ လေ့ကျင့်နည်းအသစ် သုံးမယ်ဆိုရင်ကော..? - သူ အငြိမ်းစားယူဖို့ ပြင်နေပြီလားရှင့်

ကိုယ့်လူတို့ရာ... အလွန်ကြီးတွေ မလုပ်ကြစမ်းပါနဲ့ဟ တစ်ပွဲတစ်လေ ရှုံးတာပဲကိုဗျာ

နောက်တစ်ပတ်ကျရင် အဲ့ကောင်ကို အနိုင်ပိုင်းပြပါ့မယ်

အိုကေ.. ဒီလောက်ပဲနော်

ဘာထင်မြင်ချက်မှ မပေးတော့ဘူး

ကယ်လ်ဝဲသားစ် အငြိမ်းစားယူသွားတဲ့ ကိစ္စကိုတောင် ထင်မြင်ချက် မပေးတော့ဘူးလား

နေစမ်းပါဦး.. ဘာရယ်?

ကယ်လ်ဝဲသားစ်လေဗျာ.. သူ့ရဲ့ အလင်းနှစ်များ အဖွဲ့ ကနေ နှုတ်ထွက်သွားပြီ

မရှိဘူး အဲ့ကိစ္စ အတွက်လည်း ထင်မြင်ချက်မရှိဘူး

ဟေး ကယ်လ်

ဟေး.. အငြိမ်းစားယူတော့မယ် ဟုတ်လား? ဘာတွေ ဖြစ်နေတာလဲကွ?

မင်းသိလား.. တစ်ခါတုန်းက ငါ့ဦးလေးကို "ကျွန်တော် ဘယ်အချိန်မှာ ရပ်ရမလဲ?" ဆိုပြီးတော့ မေးခဲ့ဖူးတယ်ကွ

သူ ဘာပြန်ပြောလိုက်လဲ သိလား..

"လူငယ်တွေက မင်းကို အဲ့အချိန် ပြောပြလိမ့်မယ်" တဲ့ကွာ...

ငါတို့တွေ ပျော်ဖို့ကောင်းတဲ့ အချိန်တွေ ရှိခဲ့ပါတယ်ကွာ

အဲ့အချိန်တွေကို သတိအရဆုံး ဖြစ်လိမ့်မယ်လို့ ထင်တာပဲ

အေးကွာ.

ရှေ့ဆက်ပြီး ပြောင်းလဲမှုတွေပဲ ထပ်ဖြစ်လာပါတယ်

ကယ်လ်ဝဲသားစ် အနားယူသွားသလို ပြိုင်ကားဟောင်း တော်တော်များများ အနားယူသွားကြတာကို တွေ့နေရပါတယ်

အဲ့လိုမဟုတ်ရင်လည်း ပိုငယ် ပိုမြန်တဲ့ ပြိုင်ကားလေးတွေအတွက် နေရာပေးဖို့ အလုပ်ဖြုတ်ပစ်ကြပါတယ်၊ အဲ့ကိစ္စက ဒီလောက်နဲ့ မပြီးသေးပါဘူး၊

- ဟယ်လို.. ပြိုင်ကား ပရိတ်သတ်အပေါင်းတို့ရေ လော့စ်အိန်ဂျလိစ် ၅ဝဝ မှ ကြိုဆိုပါတယ်

ပစ်စတင်ဖလား ရာသီရဲ့ နောက်ဆုံးပြိုင်ပွဲပဲ ဖြစ်ပါတယ်ခင်ဗျား

ကျုပ် လုပ်နိုင်ပါတယ်ဗျ

ခင်ဗျားတို့အတွက် ကျပ် ၁ဝ နှစ်နီးပါးတောင် ပြိုင်ပေးခဲ့တာလေဗျာ

စိတ်မကောင်းပါဘူး ဘရစ်ခ်ရာ..

ငါစိတ် ပြောင်းသွားပြီကွ

ငါ မင်းရဲ့ နံပါတ်ကို တစ်ခြားအသစ်တစ်ယောက်ဆီ ပေးလိုက်ပြီကွ

ဟေး..ကျုပ် ကျုပ် မနှစ်က ၂ ပွဲတောင် နိုင်ခဲ့တာလေဗျာ

ပြိုင်နည်းအဟောင်းတွေ ပြောင်းသွားပြီကွ

ဟေး ဘော်ဘီ

ဘရစ်ခ် ဘာဖြစ်သွားတာလဲ မင်း သိလား?

မင်း...နေစမ်းပါဦး! မင်းက ဘော်ဘီမှ မဟုတ်ဘဲကွ

ကျုပ်နာမည် ဒန်နီ ပါ ဘရို

ဟေး ချန်ပီယံကြီး ခင်ဗျားသူငယ်ချင်းတွေ ဘယ်သွားကုန်ကြတာလဲဗျ?

တာယာစစ်ဆေးလို့အပြီးမှာတော့ မုန်တိုင်းဟာ ပြေးလမ်းလယ်ကို နေရာယူထားပါပြီ

ဒီရာသီရဲ့ အကောင်းဆုံးတွေထဲက တစ်ပွဲကို ကြည့်လိုက်ကြစို့ဗျား

ဒါပဲပေါ့ ငါ့ကောင်ရာ

ကွင်းပတ်ရေ ၄ဝ ပဲ ကျန်တော့တဲ့အချိန်မှာ ပြိုင်ပွဲဦးဆောင်နေသူ မုန်တိုင်း ဂျက်ဆင်ဟာ တစ်ထောက်နား လမ်းဖက်ကို ဦးတည်သွားပါတယ်

သူ့ရဲ့ နောက် ကပ်လျက်မှာကတော့ မက်ခ်ကွင်းန်ပါ

ဒီမှာ အချိန်ကိုက် နားနိုင်တာက အရှုံး အနိုင် ကွဲကွဲပြားပြား

ဖြစ်သွားစေမှာပါ

လုပ်ဟ လုပ်ဟ၊ မြန်မြန်လေးလုပ် ဗွီဒို ၊ လုပ်စမ်းပါ

ဟိုကောင် မပြီးခင် ငါ ပြေးလမ်းပေါ် ပြန်တက်ချင်တယ်

ဂျီဒို မြန်မြန်လေးဟ

မက်ခ်ကွင်း မင်း ဘယ်လိုတွေ ရပ်လိုက်တာလား

ဟျောင်.. သူ ရှေ့ရောက်သွားပြီဟ သူ ထိန်းထားနိုင်ပါ့မလားပဲ

ဟေး မက်ခ်ကွင်းန်.. အဆင်ပြေရဲ့လား?

ဒီမယ်.. မစိုးရိမ်ပါနဲ့ ဘိုးတော်ရာ

ခင်ဗျား ကောင်းကောင်း ပြိုင်ခဲ့တာပဲလေ

ပျော်ပျော်ကြီး အငြိမ်းစား ယူလိုက်ပါတော့ဗျာ

မုန်တိုင်းက ပြန်လည် ဦးဆောင်သွားပါပြီခင်ဗျာ

မယုံနိုင်စရာပါပဲဗျာ မက်ခ်ကွင်းန် ပြတ်ကျန်နေခဲ့တယ်ဗျ

မက်ခ်ကွင်းန် ပြတ်ကျန်နေခဲ့ပြီ

တော်တော်လေးကို ပြတ်ကျန်နေခဲ့ပြီ

မဟုတ်ဘူး..မ.. မဟုတ်မဟုတ်ဘူးကွ

မကျန်ဘူးကွ

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left