The Town

The Town

Download Burmese Subtitle

Release info

The Town Blu-ray
A Commentary by Kzinaung

Tags

Blu-ray
blu-ray
Blu-Ray
Published on: 2018-04-05
Downloads: 44
Hearing Impaired: No

Burmese subtitle preview

The first 200 lines.

ဘော်စတွန်မြို့ရှိ အခြေခံလူတန်းစားနေထိုင်သော မြို့နယ်တစ်ခုတွင် ဘဏ်ဓားပြမှုဖြစ်ပွားနှုန်းသည် ကမ္ဘာပေါ်ရှိမည်သည့်နေရာထက်မဆို ပိုမိုများပြားသည်

ချားလ်စ်တောင်းမြို့နယ်

ချားလ်စ်တောင်းတွင် ဘဏ်ဓားပြမှုများသည် ထုံးတမ်းစဉ်လာလိုဖြစ်နေသည် ဖခင်မှသားသို့ အမွေပေးသကဲ့သို့ ဖြစ်သည်

ချားလ်စ်တောင်းနယ်ခံဖြစ်ရတာ ဂုဏ်ယူတယ် အဲဒီမှာ ဘ၀ပျက်ခဲ့ရပေမယ့် ကျုပ်ဂုဏ်ယူပါတယ် ချားလ်စ်တောင်းသား - ဘော်စတွန်ဂလုပ်

ယာဉ်မောင်းနာမည်က အာသာရှေး

မက်ဖို့ဒ်ရဲတပ်ဖွဲ့ဝင်ဟောင်း အသက် ၅၇ နှစ်

သူ့တွဲဖက်က အိတ်တစ်လုံးနဲ့ အောက်ဆင်းတော့မယ်

သူကတော့ သည်ဟာရဲလ် သတင်းစာကို ဖတ်နေတယ်

သူ့လူပြန်တက်လာတဲ့အထိ မော့ကြည့်မှာ မဟုတ်ဘူး

မာတီမက်ဂိုင်းယား အရပ် ၅ ပေ ၁၀ လက်မ ပေါင် ၂၂၀ အသက် ၅၂ နှစ်

ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့ ၈ နာရီ ၁၂ မိနစ်မှာ အမြဲတမ်းပစ္စည်းလာယူတယ်

တစ်ရက်ကို ဒေါ်လာ ၁၁၀ ရတယ် ၉ မမပစ္စတို ဆောင်ထားတယ်

သူ့ကို လုယက်ရမယ်

ရဟတ်ယာဉ်တို့ SWAT တပ်ဖွဲ့တို့နဲ့ တိုးရင်တော့ သေပြီပဲ

ရဲကားနဲ့တွေ့ရင် အင်ဂျင်ကိုပစ်မယ် ပြီးတော့ ဆက်မောင်းမယ်

ဘယ်သူမှ အနာတရမဖြစ်စေရဘူး

အစောင့်တွေနဲ့တော့ ရင်ဆိုင်ရမယ်

အဲဒီကောင်တွေက တစ်နာရီ ၁၀ ဒေါ်လာနဲ့ အသားအနာခံချင်တာ

သူတို့ကို ရှင်းပစ်

သွားစို့

သွား သွား

ကောင်တာနားက ဖယ်ကြစမ်း သွား သွား သွား အားလုံးသွားကြ

နံရံနဲ့ကပ်နေစမ်း

ကွန်ပျူတာနားမှာ ထိုင်မနေနဲ့

- သော့ပေးစမ်း - သွား သွား

- ထစမ်း ထစမ်း - တံခါးဆီသွား

ကြမ်းပေါ်မှောက်နေစမ်း

- ကြမ်းပေါ်မှောက်နေ - ကြမ်းပေါ်မှောက်နေစမ်း

လုပ်စမ်း သွား သွား သွား

- ကြမ်းပေါ်မှောက်နေစမ်း - ဖုန်းတွေအကုန်ပေးစမ်း

- ကြမ်းပေါ်မှောက်နေစမ်း - ဖုန်းကို ရှေ့ထုတ်ထား

ဖိနပ်တွေချွတ်စမ်း ... လုပ်

ဖုန်းတွေ ရှေ့ထုတ်ထားနော်

- ဘာကိုကြည့်နေတာလဲ - ဖိနပ်ချွတ်စမ်း

ငွေသိမ်းအံဆွဲတွေကိုဖွင့်

- ဖိနပ်တွေချွတ်လိုက်စမ်း - ဖိနပ်တွေချွတ်

ဘဏ်မန်နေဂျာ ထစမ်း လာစမ်း

မဟုတ်ဘူး မင်းလာခဲ့ ထစမ်း လာစမ်း

သူရဲကောင်းလုပ်ချင်တာလား

- နာရီသော့က ဘယ်အချိန်လဲ - ၉ နာရီ

မလိမ်နဲ့ ၈ နာရီ ၁၅ မဟုတ်လား

ဒါမင်းပိုက်ဆံတွေမဟုတ်ဘူးနော် ငါတို့ကို ထပ်ပြီးမလိမ်ပါနဲ့

ထောင့်မှာကပ်နေစမ်း မင်းရောပဲ ထောင့်မှာကပ်နေ

လုပ်...လုပ်

ကလိန်မကျနဲ့နော် ရိုးရိုးပဲဖွင့်လိုက်

- ဆောရီးပါ ဆောရီး - မရပ်လိုက်နဲ့

ဒီလူက မင်းမိတ်ဆွေလား

- လုပ်စမ်း လုပ် - ဆောရီးပါ ဆောရီး

အေးဆေးလုပ်ပါ ဟုတ်ပြီလား

စိတ်အေးအေးထားပါ လုပ်

နောက်ဆုတ်စမ်း...ဖယ်ပေး

ရှေ့တံခါးမှာလူ

- ဟယ်လို - ရှေ့တံခါးမှာလူ

တံခါးဖွင့်ပေးကြပါလား

ငါတို့သွားရအောင်

- သွားကြစို့ ဆပ်ပြာရေလောင်းခဲ့လိုက် - လုပ်ဟေ့ သွားကြမယ်

- သွား သွား သွား - ဆပ်ပြာရေလောင်းခဲ့

လုပ်ဟေ့ သွားစို့ ပြန်ထွက်ကြမယ်

နေဦး လျှို့ဝှက်သတိပေးစနစ်ပဲ ဒီလိပ်စာကို ပို့လိုက်တာ

- ဘယ်သူ့လက်ချက်လဲ - ဘယ်သူ့လက်ချက်မှ မဟုတ်ပါဘူး

- ဘာပြောလိုက်တယ် - ဘယ်သူမှ ဘာမှမလုပ်ပါဘူး

- သတိပေးခလုတ်ကို နှိပ်လိုက်တာလား - မဟုတ်ဘူး မဟုတ်ဘူး

- ခင်ဗျားလက်ချက်လား - သတိပေးခလုတ်ကို မနှိပ်ပါဘူး

ငါတို့က ထွက်သွားတော့မလို့ မင်း ငါတို့အကြောင်းသိမယ်

တော်တော့ တော်လောက်ပြီ

- ဟုတ်ပြီ အေးဆေး - သူတောင်းစား

ထွက်သွားတော့မယ်ဆိုမှကွာ

သွားစို့

မင်းပိုက်ဆံအိတ်ကော

ဘာဖြစ်တာလဲ

ရဲတွေလာနေကြပြီ သူ့ကို ဓားစာခံလုပ်ဖို့လိုလိမ့်မယ်

ထိုင်စမ်း..အထဲဝင်

ဘူလေဘာ့တ်လမ်းကိုမောင်း

အဆင်ပြေသွားမှာပါ မင်းကို ငါတို့ဘာမှမလုပ်ပါဘူး

ဘာဖြစ်တာလဲ

ဘရိုက်တန်လျှပ်စစ်လုပ်ငန်းက ဗင်ကားပဲ အခုထိ ကားပျောက်မတိုင်သေးဘူး

အလုပ်များနေလို့ ဖြစ်မှာပေါ့

တံခါးကို အဲဒီဗင်ကားနဲ့ ပိတ်ရပ်ခဲ့တာ

DNA မကျန်ခဲ့အောင် ဆပ်ပြာရေတွေလောင်းခဲ့တယ်

ခြေရာလက်ရာတွေ တိုက်ဆိုင် စစ်ဆေးလို့ မရတော့ဘူး

လျှို့ဝှက်ခေါင်းလောင်းခလုတ်ကို တစ်ယောက်က နှိပ်ခဲ့တယ်

လက်ထောက်မန်နေဂျာ ဘက်သ်အစ္စရေးပေါ့

လူဆိုးတွေက အချိန်သော့ပွင့်အောင် ခဏစောင့်တယ်

ပြီးတော့ မန်နေဂျာကို သော့ဖွင့်ခိုင်းလိုက်တယ်

- ခြိမ်းခြောက်ပြီးတော့လား - မသိဘူး

၁၀ ပေ သံမဏိနဲ့ လုပ်ထားတဲ့ ငွေခန်း

သော့ရှိတဲ့လူကိုတော့ မတားနိုင်ဘူးပေါ့ဗျာ

ဆံပင်ဆိုးဆေးထုပ်တွေ တွေ့တယ်

ဗင်ကားကိုတွေ့ပြီ မီးရှို့ထားတယ်

- ဘယ်မှာလဲ - ဘယ်မှာထင်လို့လဲ

ဂ်င္မ္ဘယ္မွာလဲ

လမ်းမှာ ရပ်ပြီးတော့ တာယာတွေပဲ မီးရှို့နေလား

အရက်ပဲဆင်းဝယ်နေလား မသိဘူး

- အခုဓားစာခံဖမ်းထားမှာလား - ဟင့်အင်း ဓားစာခံဖမ်းမထားဘူး

- အဲဒီကောင်ကို မေးကြည့်လိုက်ဦး - ဒါပေါ့

ပြောရင်းဆိုရင်းရောက်လာပြီ

ရောက်လာပြီပေါ့

- ရှုခင်းကြည့်နေတာလား - ငါတို့ပြဿနာပေါ်နေပြီ

- ဘာလဲ - ဒီမယ်လေ

- အဲဒီတော့ ဘာဖြစ်လဲ - ငါ့ကိုပြစမ်း

- ဒီမှာလိပ်စာတွေ့လား - သူနေတာ ငါတို့နဲ့ ၄ ဘလောက်ပဲဝေးတယ်

အေးပါ မင်းပြောတာငါသိပါတယ်

အဲဒီမိန်းမကို ငါတို့နေ့တိုင်း လမ်းပေါ်မှာ မြင်နေရမှာလား

- သူဘာမှ မြင်မသွားပါဘူးကွာ - မင်းသေချာလို့လား

- သူ့ကိုခေါ်လာတာ အကျိုးမရှိဘူး - ဟုတ်တယ်

ထားပါ ငါပဲဖြေရှင်းလိုက်ပါ့မယ်

မင်းက ဘယ်လိုဖြေရှင်းမှာလဲ

သူ့ကို စောင့်ကြည့်ရင် သိရမှာပေါ့

- ဘာကိုသိရမှာလဲ - သူကြောက်မကြောက်ကိုပေါ့

- သူက ကြောက်ပြီးသားပါ - မလုံလောက်သေးဘူးထင်တယ်

ကျေးဇူးပဲ ကက်သီ

မစ္စကီဇီ

အထူးအေးဂျင့် အဒမ်ဖရော်လေပါ အကြမ်းဖက်လုယက်မှုများနှိမ်နင်းရေးကပါ

ဒဲရက်က လက်ဗွေပုံစံတွေယူလိမ့်မယ်

မင်းရဲ့ ကနဦးအစစ်ခံချက်ကိုတော့ ဖတ်ပြီးပါပြီ

- မင်းကို ဖမ်းခေါ်သွားတဲ့ကိစ္စမေးချင်လို့ပါ - အိုကေ

သူတို့က ခြိမ်းခြောက်ခေါ်သွားတာ နားလည်ပါတယ်

တစ်ယောက်က ကျွန်မလိုင်စင်ကို ယူသွားတယ်

- ထွက်ပြေးဖို့မကြိုးစားခဲ့ဘူးလား - ဟင့်အင်း

သူတို့ရဲ့ပုံစံနဲ့ ပတ်သက်ပြီး မင်းတစ်ခုခုပြောပြနိုင်တာရှိလား

သူတို့မှာ သေနတ်တွေနဲ့မို့လို့ ကျွန်မ ထွက်ပြေးဖို့မကြိုးစားတာပါ

နားလည်ပါတယ်

သူတို့က မင်းကို ဒီအတိုင်း လွှတ်ပေးလိုက်တာလား

- ဟုတ်တယ် ဒီအတိုင်းလွှတ်ပေးလိုက်တာ - ကျေးဇူးပဲ

ကျွန်မကို ရှေ့နေခေါ်ပေးလို့ရမလား

ပြောရရင်တော့ မယဉ်ကျေးရာကျလိမ့်မယ်

အပြစ်ရှိတဲ့လူမှ ရှေ့နေခေါ်တာဗျ

- မင်းမှာ အပြစ်မရှိပါဘူး - အိုကေ

ဒီလိုမျိုးကြုံတွေ့ခဲ့ရသူ တစ်ယောက်မှာ

နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရလေ့ရှိတာပဲ

အဆင်ပြေသွားမှာပါ

သူတို့တစ်ခုခုပြောခဲ့တာရှိသေးလား

မင်း FBI ကို ငါတို့အကြောင်းပြောရင်

မင်းအိမ်လာပြီး မင်းကိုသတ်ပစ်မယ်တဲ့

အဲဒါကို မင်းလုပ်မှာလား

- ငါလုပ်လိုက်မယ် - ဘာလို့မင်းလုပ်မှာလဲ

ဒီပြဿနာက မင်းအသုံးမကျလို့ ဖြစ်လာရတာလေ

- ဒါပေမဲ့ ငါဖြေရှင်းပေးမယ်လေ - မင်းက ဘယ်လိုဖြေရှင်းမှာလဲ

မျက်မြင်သက်သေကို ခြိမ်းခြောက်မှုနဲ့ မင်းအဖမ်းခံရနိုင်တယ်

သူနဲ့ ပေ ၁၀၀ အတွင်း ချဉ်းကပ်လိုက်တာနဲ့ ထောင် ၁၀ နှစ်လောက် ကျနိုင်တယ်

တခြားပြစ်မှုတွေနဲ့ ပေါင်းလိုက်ရင် မင်းထောင်ထဲက ထွက်ရမှာကိုမဟုတ်ဘူး

- အိတ်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲ - တစ်ယောက်ကို ဒေါ်လာ ၉ သောင်းရမယ်

ငါ့အသုံးစရိတ်လေးတော့ နည်းနည်းနှုတ်ပေါ့

လက်ထောက်မန်နေဂျာရော ဘယ်လိုဖြစ်သွားလဲ

နောက်တစ်ခါ ဘဏ်ထဲကို အေကေရိုင်ဖယ်နဲ့ ၀င်လာရင်

အဲဒီခလုတ်ကိုနှိပ်ဖို့ သူစဉ်းစားတော့မှာ မဟုတ်ဘူး

ဒီလောက်ပဲ အဆော်ခံရတာ သူကံကောင်းတယ်

- ရပ်စတီ အခြေအနေဘယ်လိုလဲ - ဂျင်မ် နေကောင်းတယ်နော်

ဖာဂီ ကလေးတွေလာနေတယ်

ဖာဂီ

ရောက်လာပြီပေါ့

- အခြေအနေဘယ်လိုလဲ - အဆင်ပြေပါတယ်

- ပိပိရိရိလုပ်နော် ဟုတ်ပြီလား - အေးပါ ငါ့ကိုယုံစမ်းပါ

ဟုတ်ပြီ တွေ့ရတာဝမ်းသာပါတယ်

- အေးဆေးနော် တွေ့ရတာဝမ်းသာတယ် - အေးပါ အတူတူပါပဲ

သူတို့ဘယ်မှာလဲ အခုဆို ဘာလုပ်နေကြပြီလဲ

သူတို့မှာ ပိုက်ဆံရှိပြီဆိုတော့ ငွေကြေခ၀ါချဖို့ လိုတာပေါ့

ကာစီနိုတွေမှာ သုံးမယ်

မူးယစ်ဆေးတွေ လက်ကား ၀ယ်ပြီးတော့ ဖြန့်ဖြူးမယ်

ပြီးတော့ သူတို့အောင်ပွဲခံကြမယ်လေ

BPD နဲ့ DEA အဖွဲ့တွေ စုံစမ်းကြပါ ဘောက်ဆူးများများပေးတဲ့သူတို့ ဘာတို့ပေါ့

တတ်နိုင်သလောက် မေးမြန်းစုံစမ်းကြည့် အကူအညီတောင်းကြည့်ပေါ့

ဘာမေးစရာရှိလဲ မရှိဘူးလား ကောင်းတယ် လှုပ်ရှားကြစို့

ဘာတွေဖြစ်နေတာလဲ

- ဘာထူးလဲ - သူရောက်လာပြီ

အရက်ရှောင်တဲ့ ဂျက်ဆင်

- ဘယ်လိုလဲ - ခရစ္စတာဒီမှာရှိတယ်

လုပ်ပါ ပြောစမ်းပါ

ဒီကောင်တွေကို မင်းအဖေအကြောင်း ပြောပြမလို့

အနှစ် ၄၀ ထောင်ဒဏ်ကျခံနေရဲ့သူက သူ့လုပ်ဖော်ကိုင်ဖက်တွေကို ဖော်လိုက်ရင်

လွှတ်ပေးခံရမယ်ဆိုတာတောင် မဖော်တာကို FBI ကကောင်တွေ နားမလည်ဘူး

သူက ပြောလိုက်တယ် ငါ့ကိုသာ ထောင်အနှစ် ၄၀ ချလိုက်တဲ့

အဲဒီလိုပြောလိုက်တာလား

သူ့ကို ဂုဏ်ပြုလိုက်ရအောင်

- ယောက်ျားပီသစွာ ရင်ဆိုင်မှုအတွက် - ဟုတ်တယ်

ချားလ်စ်တောင်းက နောက်ဆုံးအဖွဲ့ဝင်

ငါတောနစ်သွားယူလိုက်ဦးမယ်

ငါ့ဘီယာထဲထည့်ဖို့ ထီးလေးပါယူခဲ့

ငါ့အတွက်လည်း ချယ်ရီသီးလေးပိုထည့်ခဲ့

သနားစရာကောင်းလိုက်တာ အရက်မသောက်ဘူးတဲ့

- ကျေးဇူးပဲ - ရပါတယ်

- အချိုရည်လား - အင်း အချိုရည်ပဲ

ဒီထဲကို တစ်ခုခုထည့်မလား

မလုပ်နဲ့လေ ဘာလုပ်တာလဲ

စနေတာပါ

ငါ့ခွက်ကိုမထိနဲ့

မင်းရန်ဖြစ်ခဲ့သေးတယ်ဆို ခရစ္စ

- ကျွန်မက ရန်ဖြစ်ခဲ့တဲ့ပုံစံပေါက်နေလား - မသိဘူးလေ ကြည့်ရအောင်

- မင်းဝုန်းဒိုင်းကြဲခဲ့တယ်ထင်တယ် - ဟုတ်တယ်

ကျွန်မက သမီးနဲ့အတူရှိနေတုန်း ဆိုမာလီယာတွေက ဆဲတယ်လေ

- မင်းက ရှိန်းနဲ့အတူရှိနေတာလား - သူတို့က ဘယ်သူ့မှ ဂရုမစိုက်တော့ဘူး

ချားလ်စ်တောင်းမှာ သူတို့ ဂရုစိုက်ရမယ့်လူ မရှိတော့ဘူးလို့ ထင်ကြတယ်လေ

အဲဒီတော့ မိုက်မိုက်ရိုင်းရိုင်းပြောတာပေါ့

ရှင်အဲဒါတွေကို မလွမ်းဘူးလား

ကိုကင်းတွေရော အားလုံးကိုလား ငါလွမ်းမိပါတယ်

အစီခံအထိရောက်အောင် ရှုခဲ့ကြတယ်လေ

ကျွန်မ ဘာကိုလွမ်းလဲသိလား

ဟုတ်ပြီ ဟုတ်ပြီ

- ရှင်လိုချင်တာဒါလား - အင်း

ရှင်လိုချင်တာဒါလား

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left