Release info

Aces Go Pleaces 1 to 5
A Commentary by Kzinaung

Tags

other
Published on: 2018-01-16
Downloads: 42
Hearing Impaired: No

Burmese subtitle preview

The first 200 lines.

ကျေးဇူးတင်ပါတယ်

လက်ပစ်ဗုံးပဲ

နှုတ်ဆက်ပါတယ်ကွာ

တောင်းပန်ပါတယ် ဓာတ်လှေကားပျက်နေလို့

တောင်းပန်ပါတယ် နှုတ်ဆက်ပါတယ်

မလှုပ်နဲ့

ဟိုမှာ မြန်မြန်လိုက် သူဘယ်မှာလဲ ဟိုဘက်မှာ

မင်းအခုထိ ပြင်လို့မပြီးသေးဘူးလား

ငါ အင်ဂျင်ပြင်နေတာ

မဟုတ်ဘူး စီယာတိုင်ကိုပြင်နေတာ

အခု မင်းဆိုင်ကယ်က အပြင်းစားအလန်းစားဖြစ်သွားမှာ

အိန္ဒိယဟင်းထက် ပိုပြင်းသွားမယ်

ဆုံးသွားတဲ့မင်းအဖေက မင်းကိုစောင့်ရှောက်ခိုင်းထားခဲ့လို့

မဟုတ်ရင် မင်းကိုငါ ပင်လယ်ထဲပစ်ချလိုက်ပြီ

တောင်းပန်ပါတယ်

နောက် ဘာလဲ

လေယာဉ်ပျံ

- ဘာ - အပျော်စီးလှေ

- ဘာ - မဟုတ်ဘူး စွန်ပျံ

ဒါဆို ဆက်လုပ်လေ

ဟုတ်တယ် စွန်ပျံ စွန်ပျံ

ဆက်လုပ်လေကွာ

နှုတ်ဆက်ပါတယ်

- ရောဘတ်တို ထပ်တွေ့ရတာဝမ်းသာတယ်ကွာ - မွန်တီ

အိမ်ကနေ ကြိုဆိုပါတယ်ကွာ

- မွန်တီ ဟောင်ကောင်မှာအဆင်ပြေခဲ့ရဲ့လား - မပြေဘူး

ဆရာကြီး စိတ်မကြည်ဘူး

ငါရောပဲ

သူ မင်းကိုစောင့်နေတယ် ကံကောင်းပါစေ မွန်တီ

ကျေးဇူးတင်ပါတယ်

ဒွန်အန်တီယို

မင်းအမေကို သွားရှာလိုက် မွန်တီ ငါ့တပည့်ကြီး

ကျွန်တော်တောင်းပန်ပါတယ် ဆရာကြီး

တောင်းပန်တယ်ဟုတ်လား ဘာဖြစ်လာတာလဲ

မင်း ဘာဖြစ်လာပြန်တာလဲ

ဒွန်အန်တီယို

မင်းအမှားလုပ်ပြီးတိုင်း ငါ့ဆီကိုပြန်လာပြီး အရှုပ်ထုပ်တွေပေးတယ်

ကဲ ပြော ဘယ်သူလုပ်တာလဲ

လက်အိတ်အဖြူတွေ

သူလား သူ အခုဘယ်မှာလဲ

ဗင်းနစ်မှာပါ

ငါ မင်းကိုယုံတယ် ကောင်လေး

ကျွန်တော် ဆရာကြီးကို ဘယ်တော့မှ မလိမ်ပါဘူး

မင်း ဟောင်ကောင်ကို အခုသွားပြီး ငါ့ကို စိန်တွေယူလာခဲ့ပေး

ဘာလို့ ကျွန်တော်မှလဲ

ငါခိုင်းသလိုလုပ် မဟုတ်ရင် မင်းသေသွားမယ်

ဟောင်ကောင်က ငါ့အဆက်အသွယ်တွေ သုံးနိုင်တယ်

စိန်တွေကို ဆုံးရှုံးလို့ရတယ်

ဒါပေမဲ့ ငါ အီတလီရဲ့သိက္ခာ အကျမခံနိုင်ဘူး နားလည်တယ်နော်

ဒါပေမဲ့ ကျွန်တော်က ဗြိတိန်လူမျိုးလေ

ငတုံး

မင်းအခုထိ မသိသေးဘူး

ဗြိတိန်လူမျိုးတွေနဲ့ အီတလီလူမျိုးတွေက ညီအစ်ကိုတွေ

ကျွန်တော် တစ်ခါမှမကြားဖူးဘူး

စိန်တွေလား မင်းအသက်လား

ဆရာ ကျွန်တော်တို့စုံစမ်းချက်တွေအရ

နေဦး မင်း နိုင်ငံခြားသားတွေကို အင်္ဂလိပ်စကားပြောစရာမလိုဘူး

တရုတ်လိုပဲပြော

ဟွား မင်းပြောပါ

မကြာသေးခင်က ကျင်းရှားဆွေစင်တာမှာ လုယက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်

အဖိုးတန်စိန်ထည်ပစ္စည်းတွေ အခိုးခံရပြီး

ထူးထူးဆန်းဆန်းကိုပဲ ဒီအမှုအတွက် တိုင်တန်းတာမျိုး မရှိခဲ့ပါဘူး

ကျွန်တော်တို့စုဆောင်းထားတဲ့ အချက်အလက်တွေကို ကြည့်လိုက်ရအောင်

ဒါ စေးတိုဗက်ရန်းပါ

သူက ဖောက်ထွင်းမှုတွေလုပ်တဲ့ ဒေသခံ လူခိုးဂိုဏ်းဝင်တစ်ယောက်ပါ

ဒါကတော့ အပြည်ပြည်ဆိုင်ရာမှောင်ခိုအဖွဲ့ရဲ့ အလားအလာရှိတဲ့ ခေါင်းဆောင်တစ်ယောက်

အီတလီလူမျိုး နာမည်ကမွန်တီစို့

ဒီလုယက်မှုမှာ

စေးတို ဘာမှဆုံးရှုံးမှုမရှိခဲ့ဘူး

အီတလီသားကလည်း ဘာမှ တိုင်ချက်မထုတ်ခဲ့ဘူး

ဒီအခင်းဖြစ်ရာနေရာမှာ ကျန်ခဲ့တဲ့ တစ်ခုတည်းသော သဲလွန်စကတော့

အဖြူရောင်လက်အိတ်ပဲ

တခြား ဘာအချက်အလက်မှ ကျွန်တော်တို့မှာမရှိဘူး

ဒီအချက်အလက်တွေကို သတင်းသမားကွန့်လေက စုဆောင်းပေးထားတာပါ

သူ့ရဲ့ထူးကဲတဲ့ တည်ရှိမှုကြောင့်

ကျွန်တော်တို့က သူ့နာမည်ကို ထုတ်ဖော်ပြောလို့မရပါဘူး

အားလုံး သူ့ကိုသိပါတယ် ယောင်ချာချာကောင်

တိတ်တိတ်နေပါ စကားကောင်းပြောနေရင် မနှောင့်ယှက်နဲ့

ဒီလူကတော့ ကမ္ဘာ့အကျော်ကြားဆုံး ဖောက်ထွင်းဝိဇ္ဇာ

လက်အိတ်ဖြူပါ

သူက စိန်နဲ့ရွှေကိုပဲ အဓိကထား ဖောက်ထွင်းတယ်

နိုင်ငံကူးလက်မှတ် ၇ ခု နာမည် ၈ ခု

သက်သေခံအထောက်အထား ၉ ခု

ယောက်ျားအသွင်ရော မိန်းမအသွင်နဲ့ပါ လှုပ်ရှားတယ်

သူရှိနေတဲ့အတွက် ကျွန်တော်တို့မြို့ ဂုဏ်တက်ရသလို

တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့အတွက် ကံဆိုးစေတယ်

ဒါကြောင့် ကျွန်တော်တို့က သူ့ရဲ့မဟာရန်သူတွေနဲ့ ဆက်သွယ်ပြီး

သူတို့ရဲ့အကူအညီကို တောင်းခံရပါမယ်

မဟာရန်သူတွေလား

ဟုတ်ပါတယ် ၂ ယောက်ရှိပါတယ်

ပထမတစ်ယောက်က ပီတာဆဲလာ ခေါ် ပန်းရောင်သစ်နက်ပါ

ဒါပေမဲ့ သေသွားပါပြီ

ဒုတိယတစ်ယောက်ကတော့

ရှေ့ကဖယ်လေဗျာ

အမေရိကားက ထိပ်တန်းစုံထောက်ကြီး ကိုဒိုဂျက်

လက်အိတ်ဖြူကြောင့်

ထိပ်ဆုံးအဆင့်ကနေ အောက်ဆုံးအဆင့်ကို ရာထူးလျှော့ချခံထားရတဲ့သူပါ

တပ်ကြပ်ကြီးအဆင့်ကနေ ရဲသားအဆင့်ကို ရာထူးလျှော့ချခံရတယ်

အထက်လူကြီးက သူသာ လက်အိတ်ဖြူကို

အချိန် ၃ လအတွင်း မဖမ်းနိုင်ခဲ့ရင်

ပင်စင်ယူပြီး ဇာတိပြန် ပန်းကန်ဆေးရမယ်လို့ ပြောထားပါတယ်

ဒါကြောင့် ကျွန်တော်တို့က ကိုဒိုဂျက်ကို ဒီကိုခေါ်ဖို့ ဆုံးဖြတ်ထားပါတယ်

သူက လက်အိတ်ဖြူကိုဖမ်းဖို့ စိတ်အားအထက်သန်ဆုံးလူဖြစ်လို့ပါ

ဒါ့အပြင် ကျွန်တော်တို့က ဒီနှစ်ရဲ့အထူးချွန်ဆုံးလူငယ်ဆု ရထားတဲ့

ကျွန်တော်တို့ရဲ့ အမျိုးသမီးရဲမှူး ဟိုတုန်းစီးကို..

အပေါက်ဆိုးတဲ့မိန်းမကိုလား

ဒီအမှုအတွက် ကိုဒိုဂျက်ကို ကူညီဖို့ တာဝန်ချသွားမှာပါ

ကောင်းလိုက်တဲ့စိတ်ကူးဗျာ

သူငယ်ချင်း မင်းမှာမီးခြစ်ပါလား

ကောင်မလေးပဲ

ဟေ့ကောင် သူ့ကို ခြစ်ပေးဖို့ပြောလေကွာ

ဒါပေမဲ့ သူ့ဝတ်စုံက ဒိတ်အောက်တယ်

အပြင်ပန်းကြည့်ပြီး အလှည့်စားမခံနဲ့

ဒါဆို ရှင်တို့ကြည့်ချင်လား

သေချာတာပေါ့ကွာ

မျက်တောင်မခတ်နဲ့နော်

ရှင်တို့ မီးခြစ်လိုချင်တယ်မဟုတ်လား

ကျွန်မကို လာမဆွနဲ့ သေနတ်နဲ့ပစ်လိုက်မယ်

အားလုံး သူ့အမှားပါ ကျွန်တော် ဘာမှမလုပ်ပါဘူး

ကျွန်တော်တို့ နောက်မလုပ်တော့ပါဘူး မဒမ်

- သွားရအောင် - အားလုံး မင်းအမှားပဲ

- ငါ့အမှားတဲ့လား - မင်းဘာလို့ မီးခြစ်သွားတောင်းလဲ

လာကွာ ဒီကနေထွက်သွားရအောင်

ဘာကြည့်နေတာလဲ

မိန်းကလေးခြေထောက်ကို တစ်ခါမှ မမြင်ဖူးဘူးလား

မဟုတ်ပါဘူး ခင်ဗျားသေနတ်အိတ်ထားတဲ့နေရာကို သဘောကျလို့ပါ

ရဲမှူးဟို ကိုဒိုဂျက်ကို လာကြိုတာလား

အဲဒါအတွက် ကျွန်မမှာ အချိန်မရှိဘူး

ကျွန်မ ကွန့်လေကို လာရှာတာ

ဒီလူအုပ်ထဲမှာ သူ့ကိုဘယ်လိုရှာမှာလဲ

ရှင် ဒါကို စိုးရိမ်စရာမလိုဘူး

ကျွန်မအော်လိုက်တာနဲ့ သူထွက်လာလိမ့်မယ်

ကွန့်လေ

ဒီမှာမရှိပါဘူး

အခု အဲဒီမှာ ရပ်စမ်း

ပြေးမှာပဲ

ရပ်စမ်း

ဆင်းလာခဲ့

ဒီမှာ ဘယ်သူမှ မရှိတော့ဘူး အရမ်းကြီးမလုပ်နဲ့လေ

ကျွန်မ ရှင့်ကိုကာပြောပေးတယ်နော် ကျွန်မအတွက် ဘာရခဲ့လဲ

သဲလွန်စ ၃ ခု ၂ ခုကကောင်းတယ် ၁ ခုကဆိုးတယ်

ကောင်းတာလေးတွေ နားထောင်ကြည့်ရအောင်

ကောင်းတာက ကိုထိပ်ပြောင် အမေရိကားကနေ ဒီနေ့ရောက်လာမှာ

ပြီးတော့ ခင်ဗျားကို သူနဲ့အလုပ်လုပ်ဖို့ တာဝန်ချထားတယ်

ရှင် ကျွန်မတို့ရဲ့ထိပ်တန်းလျှို့ဝှက်ချက်ကို ဘယ်လိုသိတာလဲ

ကျွန်တော်က သတင်းပေးလေဗျာ

ပြီးတော့ရော

ကောင်းလုံမြို့ ချုံထိုက်ဖော့ရတနာဆိုင်ကို ဒီနေ့ ဓားပြတိုက်လိမ့်မယ်

ဒီနေ့မှန်း ရှင်ဘယ်လိုသိလဲ

သူတို့အတွက် ကျွန်တော် နေ့ရွေးပေးခဲ့တာ

ဘာလဲ ဒီနေ့က ရက်ရာဇာလား

မဟုတ်ပါဘူး ပြဿဒါးပါ

မကောင်းတဲ့သဲလွန်စကရော ဘာလဲ

မကောင်းတာကတော့

ခင်ဗျားဒီနေ့ လေဆိပ်မှာ ရှိမှာမဟုတ်ဘူးလို့ ခင်ဗျားရဲ့အထက်လူကြီးကပြောတယ်

ဒါကြောင့် ကျွန်တော့်ကို ဒီလာခိုင်းလိုက်တာ

နောက်တော့ ကျွန်တော် ခင်ဗျားနဲ့တိုးတာပဲ

ဆိုးလိုက်တဲ့ကံဗျာ

ကံဆိုးတယ် ဟုတ်လား

လေယာဉ်ဆိုက်ပြီ

ဟုတ်တယ် လေယာဉ်ဆိုက်ပြီ သူ့ကိုသွားစောင့်နေ

ကျွန်မ အမှုလိုက်လိုက်ဦးမယ်

ဘာအမှုလဲ

ရှင်နဲ့မဆိုင်ပါဘူး ဘာပဲဖြစ်ဖြစ် ဒါကပူပူနွေးနွေးအမှု

- လေ နဲ့ ရေ - နှင်း နဲ့ လေ

အဖြူ နဲ့ အနီ

- ပျော်ရွှင်မှု ၄ ခု - ငယ်ရွယ်တဲ့ ယောက်ျား

- ရှုံးနိမ့်ခြင်းက ခက်ခဲတယ် - အနိုင်ရခြင်းက ပျော်စရာပဲ

ကျွန်တော်က ဘန်နီချန်းပါ

ငါက အဲလ်ဘတ်ဦး

အဲဒါ ကျွန်တော့်နာမည်ဝှက်ပါ

ငါလည်းအတူတူပဲ

သူဌေး

တစ်ယောက်ယောက်က ရှင့်ဆိုင်ကို မိနစ်ပိုင်းအတွင်းမှာ အနုကြမ်းစီးတော့မယ်

အထိတ်တလန့်မဖြစ်ပါနဲ့ ကျွန်မရှိပါတယ်

ဘယ်သူမှ မလှုပ်နဲ့ ဒါ အနုကြမ်းစီးနေတာ ဖယ်စမ်း

မလှုပ်နဲ့ မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ လှဲချလိုက်

လူတိုင်းထောင့်နားမှာရပ်နေ သွား

မြန်မြန် အပြည့်ထည့်

ဘာကြည့်နေတာလဲ ဟိုဘက်လှည့်နေစမ်း

သတိပေးချက်

ကောင်းလုံမြို့ ချုံထိုက်ဖော့ရတနာဆိုင်မှ သတိပေးချက်ရပါတယ်

အခြေအနေကို စစ်ဆေးပေးပါ

ချုံထိုက်ဖော့ရတနာဆိုင်က ဘယ်မှာလဲ

ဒီထောင့်နားမှာပါ

ဒါဆိုလည်း သွားရအောင်

ကျွန်တော်တို့အားလုံး ထိန်းချုပ်ထားပြီးပါပြီ ခေါင်းဆောင်

ကောင်းတယ် ကားတစ်စီးသွားရှာ မလှုပ်နဲ့

မလှုပ်နဲ့ အထဲပြန်ဝင်စမ်း

မဟုတ်ရင် သေနတ်နဲ့ပစ်လိုက်မယ်

မလှုပ်နဲ့

အဆင်သင့်ပါပဲ ခေါင်းဆောင်

ငါတို့နောက်ကို လိုက်မလာကြနဲ့

သွားကြရအောင်

ထွက်စမ်း တော်ဝင်ရဲတပ်ဖွဲ့က ရှင့်ကားကို ချောဆွဲလိုက်ပြီ

သော့ဘယ်မှာလဲ

ဒီမှာလေ

- မြန်မြန် - မြန်မြန်မောင်းပါကွ

နှေးရတာခက်ပေမယ့် မြန်ဖို့ကလွယ်ပါတယ်

- မင်းဘာလုပ်တာလဲ - သေစမ်း

Aces Go Places II (最佳拍档2大显神通 / Zuijia paidang daxian shentong) subtitles in other languages

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left