The first 192 lines.
ဤဘာသာပြန်အားပြန်လည်အန်ကုဒ်လုပ်၍အင်တာနက်ကွန်ရက်အမျိုးမျိုး၊ ပလတ်ဖောင်းအမျိုးမျိုးပေါ်တင်ခြင်း၊ အခွေများကူးထုတ်ခြင်းလုံးဝခွင့်မပြုပါ
ယခုဘာသာပြန်ဆိုထားခြင်းကို တစိတ်တပိုင်းသော်လည်းကောင်း၊အလံုးစံုသော်လည်းကောင်း ပြန်လည်ကူးယူ၍သင်ဘာသာပြန်ဆိုထားသည့်ပုံစံဖြင့်တခြားသူများထံကူးယူရောင်းချခြင်းမပြုလုပ်ပါနှင့်။
အထက်ပါသတိပေးအချက်များကိုကျူးလွန်ပါကယခုဘာသာပြန်စာသားဖိုင်တန်ဖိုး၏ ၁၀ဆ (ကျပ်ငွေ၇သိန်း)အထိပေးလျော်ရမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။
The Man With The Answers (2021)
ပြောပါ
သားနေကောင်းလား
- ကောင်းတယ် - အမေတို့မတွေ့ဖြစ်တာတောင်ကြာပြီနော်
အဖွားရော သက်သာရဲ့လား
ပိုဆိုးလာတယ်
သားလေးရှိတာသူ့အတွက်ကံကောင်းတာပဲ
အဖွားကိုစောင့်ရှောက်ပေးနေတာ မင်းအဖေတော့သားအတွက်ဂုဏ်ယူနေမှာပဲ
ဒီမှာ
မနက်ဖြန်အမေတို့အိမ်ကို သားဘယ်အချိန်လောက်ရောက်မလဲ
နေ့လည်ပိုင်းလောက် အလုပ်ပြီးရင် ဘာလို့လဲ
သားအတွက်အမေလက်ဆောင် သေးသေးလေးတစ်ခုပို့ပေးထားတယ်
အမေအရင်ကပို့ပေးထားတဲ့ လက်ဆောင်တွေလိုမဟုတ်ဘူး
မနက်မှစကားဆက်ပြောကြတာပေါ့ ဂွဒ်နိုက်နော်
ဂွဒ်နိုက်
၁၀၀ ၂၀၀ ၃၀၀ ၄၀၀ ၂၀...
ပြီးတော့နှစ်ယူရို
အလုပ်တွေတော့အကုန်ပြီးသွားပြီ
တကယ်လို့လုပ်ရမယ့်အလုပ်တွေထပ်ရှိရင် ငါမင်းကိုပြန်ပြီးဆက်သွယ်လိုက်မယ်
သားကိုအမေဂျာမန်ဘာသာ စာအုပ်ကြီးပဲထပ်မပေးချင်တော့ဘူး
ဒီကနေရာအကြောင်းသိချင်တယ်ဆိုရင်သားကို အခုပို့လိုက်တဲ့စာအုပ်ကိုဖတ်မှရမယ်လေ
ပထမဆုံးစာမျက်နှာမှာအမေတို့ အိမ်လိပ်စာရေးပေးထားတယ်
အဖွားဒီမနက်ဆုံးသွားပြီ
အမေလာမှာလား
အမေတကယ်လာချင်တာပေါ့
ဒါပေမယ့်အခုရက်ပိုင်းအမေ မင်းညီ"ပါထရစ်ခ်"နဲ့ ၂ယောက်ထဲရယ် အမေထွက်လာဖို့မလွယ်ဘူးကွဲ့
"ဟယ်လ်ဂါ" နဲ့ကလေးကိုထားခဲ့လို့မရဘူး သူ့ကိုယုံလို့ရတာမဟုတ်ဘူး
အခုတနင်္ဂနွေကျမင်းညီမွေးနေ့လေ အမေအဲ့တာမွေးနေ့ပါတီလုပ်ပေးရဦးမယ်
အမေလာလို့ရရင်ကောင်းမှာပေါ့
ဦးလေးတို့မှာအရမ်းသက်သာတဲ့ဈေးနဲ့ ဝန်ဆောင်မှုပေးနေတာလည်းရှိတယ်
အသုဘတစ်ခုလုံးကိုမှယူရို၁၀၅၀ပဲကျမယ်
အခေါင်းသယ်ပေးမယ့်လူနှစ်ယောက်ရယ်
အသုဘယာဉ်လည်းပေးထားတယ်
လူနှစ်ယောက်လည်းထပ်လိုသေးတယ်
မင်းဘေးမှာမတ်တပ်ရပ်ပေးမယ့်သူတစ်ယောက်ရယ်
အုတ်ဂူတူးပေးမယ့်အလုပ်သမားတွေအတွက်ကို ဒီထဲထည့်မတွက်ရသေးဘူးနော်
အုတ်ဂူပါတူးပေးရမယ်ဆိုရင် ဈေးနှုန်းကယူရို၁၂၀၀ကျလိမ့်မယ်
မင်းတို့မိသားစုမှာသင်္ချိုင်းမြေရှိတယ်မလား
ဦးလေးတို့ဆီမှာဧည့်ခံပေးဖို့မုန့်ပဲသရေစာတွေ လည်းရှိတယ် တစ်ယောက်စီအတွက်၂ယူရိုကျမယ်
တကယ်လို့လူအယောက်၅၀လောက် အသုဘလာမယ်ဆိုရင်ပေါ့
ဒါဆို၁၅၀၀ယူရိုလောက်ကျမယ်
ကွယ်လွန်သွားတဲ့လူကမိတ်ဆွေမပေါရင်ပေါ့လေ
သူကမိတ်ဆွေပေါလား
"ရွှေဝယ်သည်"
"အပေါင်ဆိုင်"
သင်ခန်းစာ ၁ (ဂျာမန်ဘာသာစကားဖြင့်)
ငါမြူးနစ်မြို့မှာနေတယ် ဘာဗာရီးယားပြည်နယ်ကအရမ်းလှတယ်
သင်ခန်းစာ ၁ (ဂရိဘာသာစကားဖြင့်)
ငါမြူးနစ်မြို့မှာနေတယ်
ဒီမှာရှင့် ရှင်ဒီမှာအိပ်လို့မရပါဘူး
မင်းကဒီမှာပဲ
မင်းရဲ့ဆန်းဝှစ်ခ်ျလေ
ဝက်ပေါင်ခြောက်နဲ့ချိစ်ပါတယ်
ယူလိုက်ပါ မင်းနဲ့လည်းဆိုင်တယ်လေ
မယူပါဘူး
မင်းခိုးလာတာလေ
ပြီးရောလေ
တစ်ယောက်ထဲခရီးထွက်လာတာလား
မင်းက"အီတလီ"လူမျိုးလား
"အီတလီ"မဟုတ်ပါဘူး
ဒါဆို"ဂရိ"ပေါ့
ဖြစ်နိုင်ချေက ၅၀-၅၀ပဲလေ
ဒီသင်္ဘောက"ဂရိ"ကနေ"အီတလီ"ကိုသွားတာဆိုတော့
မင်းကရော
ငါကဒီကလူမဟုတ်ပါဘူး
ငါက"ဂျာမန်"လူမျိုးလေ
"ဂျာမနီ"ကနေလာခဲ့တာ
ကောင်းသောနေ့လေးပါ
မင်းက"ဂျာမန်"ရုပ်မပေါက်ပါဘူး
မင်းရော"ဂရိ"ရုပ်မပေါက်ဘူး
ငါနွေရာသီရောက်တိုင်း"ဂရိ"ကိုလာတယ်
ဒီတစ်ခါတော့ငါ"ကဲဖာလိုညာ" ကျွန်းကိုသွားတာလေ
မင်းကရော
မင်းရဲ့နွေရာသီရောဘယ်လိုလဲ
သိပ်ကောင်းပါတယ်
ဒါနဲ့မင်းကဘယ်ကိုသွားမလို့လဲ
မြောက်ပိုင်းကို
မင်းမှာကားရှိလား
မရှိဘူး
တကယ်ကြီးလား
နှမြောစရာပဲ
ကားလေးနဲ့သာခရီးထွက်ရင်အရမ်းမိုက်မှာ
နှုတ်ဆက်ပါတယ်
နှုတ်ဆက်ပါတယ်
ယာဉ်များမပါဘဲလိုက်ပါစီးနင်းကြသော ခရီးသည်များအနေနဲ့
ဓါတ်လှေကားကိုအသုံးပြု၍သင်္ဘောပေါ်မှ ဆင်းပေးပါရန်မေတ္တာရပ်ခံအပ်ပါတယ်
"စူပါဖာ့စ်တ်"သင်္ဘောကိုရွေးချယ် စီးနင်းပေးသည့်အတွက်ကျေးဇူးတင်ပါတယ်ရှင်
ကျမတို့ရဲ့သင်္ဘောများပေါ်မှနေပြီး လူကြီးမင်းတို့ကိုထပ်ပြီးဝန်ဆောင်မှုပေးနိုင်ရန်
ကျမတို့စောင့်မျှော်နေပါတယ်ရှင်
လူကြီးမင်းများရှင့် "ဘာရီ"ဆိပ်ကမ်းမှကြိုဆိုပါတယ်
ငါ့ကိုပြောတော့မင်းမှာ ကားမရှိဘူးဆိုလားပဲနော်
မင်းမှာရှိမှန်းငါသိသားပဲ
မနေ့ကသင်္ဘောဂိုဒေါင်ထဲမှာ မင်းကိုတွေ့လိုက်တယ်လေ
ရပါတယ်ကွ အဲ့ဒီလိုပြောမိလိုက်လို့ မင်းငါ့ကိုအားနာနေစရာမလိုပါဘူး
ငါအားမနာပါဘူး
မင်းကားထဲမှာတစ်ယောက်ထဲနေချင်မှန်း ငါလုံးဝနားလည်ပေးလို့ရပါတယ်
မြို့ထဲကနေထွက်ဖို့ဘယ်လို ထွက်ရမလဲသိတယ်မလား
ဟိုဆိုင်ကိုတွေ့လား
အဲ့တာ"မိုလိုဆုဒ်"စားသောက်ဆိုင်လေ
ညာဘက်ကိုကွေ့လိုက်"လာဇာရတ်တို" အဆောက်အအုံကိုကျော်သွားလိမ့်မယ်
အဝိုင်းကိုရောက်ပြီဆိုတာနဲ့ညာကြောကိုယူပြီး ဒုတိယထွက်လမ်းကိုမောင်းသွားလိုက်
"ယူဂျင်း လူအီဂီ"ကိုကျော်သွားလိမ့်မယ်
နောက်ထပ်အဝိုင်းရောက်ရင် တတိယထွက်လမ်းကိုမောင်းသွားလိုက်
ငါကားနဲ့ခဏခဏသွားဖူးတယ် အရမ်းကိုမိုက်တယ်ကွ
ဘယ်လမ်းကြောင်းကိုမောင်းရမလဲမင်းသိရင်ပေါ့
ဒါဆိုလည်း ကောင်းပါပြီ
ဘေးကင်းကင်းမောင်းနိုင်ပါစေ
မင်းသွားမယ့်နေရာကိုငါလိုက်ပို့ပေးရမလား
ငါကမြောက်ဘက်ကိုသွားမှာ
ဒါပေမယ့်ကားအတွက်ဂတ်စ်ဖိုးတော့ အတူတူမျှခံရမယ်နော်
ဒါပေါ့
မင်းရဲ့နာမည်ကဘာလဲ
ငါ့နာမည်က"မာသီးယတ်စ်"ပါ
- မင်းကရော - "ဗစ်တိုရာစ်"
ငါသွားနေတဲ့လမ်းကမှန်လားဆိုတာ မင်းကမှန်မမှန်မပြောပြပေးချင်ဘူးလား
မှန်တဲ့လမ်းဆိုတာမရှိဘူး
ဒီအတိုင်း...
ကားကိုအမြန်လမ်းမကြီးကနေတော့မမောင်းနဲ့နော်
ဘာလို့လဲ
ပျင်းစရာကြီးဟ အဲ့ဒီလမ်းပေါ်မှာ ကြည့်စရာဘာမှကိုမရှိဘူးလေ
ငါဒီနယ်ကလှတဲ့လမ်းလေးတွေငါသိတယ်
- ဒါကဘာလဲ - မလုပ်နဲ့ အဲ့တာသီချင်းမဟုတ်ဘူး
မင်္ဂလာပါ ငါ့နာမည်က"အူဆူလာ"ပါ "အူဆူလာ ဟန်ဒ်ထမန်း"လို့ခေါ်ပါတယ်
ငါက၂၆နှစ်ရှိပါပြီ
"မင်္ဂလာပါ ငါ့နာမည်က"အူဆူလာ"ပါ"
- "အူဆူလာ ဟန်ဒ်ထမန်း"ပါ - "အူဆူလာ ဟန်ဒ်ထမန်း"ပါ
ငါက၂၆နှစ်ရှိပါပြီ
ငါမြူးနစ်မြို့မှာနေတယ် "ဘာဗာရီးယား"ပြည်နယ်က...
ငါမင်းကိုဂျာမန်စကားနည်းနည်းသင်ပေးမယ်
မင်းဗိုက်ဆာလား
မင်းမှာပိုက်ဆံရှိလို့လား
လူတစ်ယောက်အော်ဒါမှာနေတာကိုကြည့်ပြီး အဲ့ဒီလူ မီနူးကိုကြည့်တာအချိန်ဘယ်လောက်ကြာမယ်ဆိုတာရယ်
ဘာမှာမယ်ဆိုတာရယ်ကို အပ်တပ်ပြောနိုင်တယ်
အဓိကကသူဘာကိုမှာမလဲဆိုတာပေါ့
- ငါဘာမှာ မှာလဲ - လွယ်ပါတယ်
သုံးထပ်ဆန်းဝှစ်ခ်ျလေ
မင်းသုံးထပ်ဆန်းဝှစ်ခ်ျကိုပဲ ကျိန်းသေရွေးမှာလေ ဟုတ်တယ်မလား
နောက်ပြီးမင်းအဲ့ထဲကိုဆားရေစိမ်သီးတို့ မှိုတို့လည်း ဘယ်တော့မှထည့်စားဖူးမှာမဟုတ်တာကျိန်းသေတယ်
- အသင့်စာပဲစားတဲ့ကောင်လေးပဲ(ဂျာမန်ဘာသာ) - ဘာကြီး?
မင်းဆားရည်စိမ်မစားဘူးမလား
ဆားရည်စိမ်? တခါတလေတော့ စားပါတယ်
- မင်္ဂလာနံနက်ခင်းပါ (အီတလီဘာသာဖြင့်) - မင်္ဂလာနံနက်ခင်းပါ
အစ်ကိုတို့ဘာမှာချင်ပါသလဲ
ငါမင်းအတွက်ရွေးပေးမယ်
- ကျတော့်အတွက်နံပါတ်၁၂ကဟာချပေးပါ - နံပါတ်၁၂ရယ်
- ကျတော့်သူငယ်ချင်းအတွက်နံပါတ်၅၄ရယ် - နံပါတ်၅၄ရယ်
- ကျေးဇူးတင်ပါတယ် - ဟုတ်ကဲ့ပါ
မင်းဘာမှာလိုက်တာလဲ ငါအရမ်းဗိုက်ဆာနေပြီ
- စိတ်တိုတယ်? (အသံထွက်ဆင်/hungry/angry) - ဗိုက်ဆာတယ်
စိတ်မရှိပါနဲ့နော် ဆားရည်စိမ် တစ်ပန်းကန်ပါချပေးပါဦး
- ရတာပေါ့ - ကျေးဇူးပါ
မင်းဘာတွေမှာလိုက်တာလဲ
ငါလည်းမသိဘူး ဒီအတိုင်း နံပါတ်တွေလျှောက်ရွေးလိုက်တာ
ဘယ်နံပါတ်တွေမှာလိုက်လဲငါ့ကိုပြောပြ
- မင်းကလဲကွာsupriseတိုက်တာကိုမထွေးထုတ်ချင်စမ်းပါနဲ့ - မှာလိုက်တဲ့နံပါတ်တွေကိုပြောပြစမ်းပါကွ
တကယ်လို့မင်းမကြိုက်ဘူးဆိုရင် ငါဒကာခံပါ့မယ်ကွ
ဒီနေရာကအစားအစာတွေကို ခိုးလို့မရဘူးဆိုတာမင်းသိတယ်နော်
ငါခိုးတယ်ဆိုတာက သက်သက်မဲ့ ဈေးတွေတင်ရောင်းတဲ့နေရာကပဲခိုးတာပါ
အိုး
အရသာလည်းမကောင်းတဲ့ဆန်းဝှစ်ခ်ျကို ၅ယူရိုတောင်ပေးရတယ်လေ
ဒီလိုဆိုရင် ဘယ်သူတွေကသူခိုးဓါးပြလဲ
မင်းလေ
ဒီတော့မင်းဘာကြောင့်ခရီးထွက်လာတာလဲ
ဘာကြောင့်မှမဟုတ်ဘူး
ငါလျှောက်ပတ်ကြည့်မလို့
လျှောက်ပတ်ကြည့်ဖို့အတွက်လေးနဲ့ မင်းကဒီခရီးတစ်ခုလုံးကိုစီစဉ်ခဲ့တာပေါ့
မဖြစ်နိုင်တာ
လေယာဉ်ပျံမစီးဘဲဘာလို့ကားစီးပြီးသွားတာလဲ
မင်းကရောလေယာဉ်စီးပြီးမသွားတာလဲ
ငါလည်းလျှောက်ပတ်ကြည့်မလို့လေ
ငါ့မှာပိုက်ဆံလည်းပါတယ် အလုပ်မစခင် တစ်လလောက်ခရီးထွက်အပန်းဖြေချင်လို့
ဘာအလုပ်လဲ
"ဘာဗာရီးယန်း အဲလ်ပ်"တောင်မှာ နှင်းစကိတ်နဲ့နှင်းလျှောစီးသင်ပေးတာလေ
ပျော်စရာကောင်းတယ်
နံပါတ်၁၂ပါ
ကျေးဇူးပါ
ဒါကနံပါတ်၅၄ပါ
မင်းရှင်းလိုက်တော့
အရသာရှိရှိသုံးဆောင်ပါခင်ဗျာ
ကျေးဇူး
ဆားရေစိမ် စားပါဦး
ရှေ့လမ်းရောက်ရင်ကားကိုကွေ့ပြီး အမြန်လမ်းမပေါ်ကနေဆင်းလိုက်ပါကွာ
ငါအမြန်လမ်းမပေါ်ကနေပဲသွားချင်တယ်
- မဟုတ်ရင် အချိန်တွေအများကြီးကုန်လိမ့်မယ် - ဘာလို့လဲ
မင်းကိုတစ်ယောက်ယောက်စောင့်နေလို့လား
ငါတို့၂ယောက်ခရီးအတူတူထွက်လာကတည်းက
ဘာလို့မင်းမပျော်လဲဆိုတာ ငါနားမလည်နိုင်တော့ဘူး
ငါအန္တရာယ်ကျမှာသိနေလို့နေမယ်
- မင်းကအန္တရာယ်ထဲကျမယ်? - ဟုတ်တယ်
No comments yet. Be the first to leave one.