Aftermath

Aftermath

Download Burmese Subtitle

Season 1

Release info

Aftermath - First Season (2016)
A Commentary by DrMohamed
Aftermath Season 1 Complete

Tags

other
Published on: 2017-11-16
Downloads: 32
Hearing Impaired: No

Burmese subtitle preview

The first 200 lines.

ကမ္ဘာတစ်လွှားမှာ မကြုံစဖူး လျှပ်စီးမုန်တိုင်းတွေ ဖြစ်ပေါ်နေတယ်

ဝါရှင်တန်ပြည်နယ် ဝစ်စထရွန်တက္ကသိုလ်

လူတွေကတော့ အကြောင်းရင်းကို အဖြေမရှာနိုင်ကြသေးပါဘူး

ကမ္ဘာကြီးအဆုံးသတ်သွားမယ်ဆိုပြီး ပေါက်တတ်ကရဆိုရှယ်မီဒီယာဆန်ဆန်

လျှောက်ပြောမယ်ဆိုရင်တော့ ရလဒ်အနေနေနဲ့...

ပေါက်တတ်ကရ လျှောက်ပြောတာ မဟုတ်ပါဘူး

ကမ္ဘာကြီးညစ်ညမ်းအောင် အားလုံး ၀ိုင်းလုပ်နေကြတာ ဂိုင်ရာကလည်း

လက်တွေ့ဖြစ်ရပ်တွေနဲ့ သိပ္ပံနည်းနဲ့ အဖြေရှာလို့မရတာတွေကို

ခွဲခြားပြီး သိတတ်ဖို့တော့လိုတယ်

ကပ်ဆိုက်နေတဲ့ကမ္ဘာကြီး

မနက်ဖြန်ဆိုရင် လွတ်မြောက်သွားမှာပါ

ကိုလမ်ဘတ်ခေတ်မတိုင်ခင်ကဖိုင်တွေ နယူးမက္ကဆီကိုကဖော်ထားတာတွေပါတယ်

ကောင်းတယ် ကောင်းတယ်

အားလုံးဒစ်ဂျစ်တယ်ပြောင်းပြီးသွားပြီ မှတ်မိတယ်နော်

အခုလောလောဆယ် လုံလောက်တဲ့ လျှပ်စစ်ရှိမရှိ မသေချာဘူး

ဒါယူသွားပြီးအားသွင်းလိုက် ဟုတ်ပြီလား

အိုကေ

ဘေးကင်းတဲ့နေရာမှာသွားနေ အားလုံးငြိမ်သွားတဲ့အထိ အဲဒီမှာနေ

အိမ်ကလူတွေဆီ ပြန်ရဦးမယ်

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကတည်းက...

အာရှနဲ့ တောင်အမေရိကတို့မှာ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပါတယ်

အက်တနာမီးတောင်လည်း ပေါက်ကွဲခဲ့ပါတယ်

အမည်မသိမုန်တိုင်းများလည်း ၀င်ရောက်လာပါတယ်

ဖုန်းကိုင်စမ်းပါ ကယ်ရန်ရာ

ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေပါတယ်..

ကပ်ရောဂါဆိုးတွေလည်း ဖြစ်ပေါ်ကြုံတွေ့နေရပါတယ်

ငါ့သားတစ်ယောက်မှ ငြိမ်းချမ်းရေး တပ်မတော်ထဲမ၀င်တာအံ့သြမဆုံးဘူး

ဒူးအရွတ်ကြောပြတ်နေလို့ မ၀င်တာပါ

ဘောလုံးမကန်နိုင်ဘူးဆိုရင်လည်း...

ပိုပြီးသင့်တော်တာတစ်ခုခု လုပ်မယ်လေ

လေတပ်ထဲကော မ၀င်ချင်ဘူးလား

အမေစိတ်ချမ်းသာအောင်လို့ပေါ့

ငြိမ်းချမ်းရေးတပ်မတော်ဆိုတာ စစ်ဘက်ပဲလေ

- တပ်မတော် ဆိုတဲ့ စာလုံးပါတယ် - ငြိမ်းချမ်းရေးဆိုတဲ့ အသံကြားရင်

နင့်အဖေက ပျော်နေရော

ထုံးစံအတိုင်းစခန်းတွေအားလုံးကို ကာကွယ်ပေးရတာ

ရွှေ့လိုက်

သမိုင်းတွင်သွားတဲ့ ဖြစ်ရပ်ပါပဲ..

အမေရိကရဲ့ သမိုင်းတစ်လျှောက်မှာ

လူအများဆုံး စံချိန်တင် ရွှေ့ပြောင်းစွန့်ခွာကြရလို့ပါ...

လူပေါင်း ၂သန်းခွဲလောက် လမ်းပေါ်မှာ ယာဉ်ကြောပိတ်ဆို့နေကြပါတယ်

နေမှ စွမ်းအင်ပေါက်ကွဲမှုလို့ ယူဆရပါတယ်

..နေပေါက်ကွဲမှုမုန်တိုင်းလို့ခေါ်ပါတယ်

..ဒဏ်ရာရသူ ၂၀၀ခန့်ရှိပါပြီ

ဒဏ်ရာရသူအချို့ဟာ ယခုအချိန်ထိ....

ပေါက်ကွဲမှုအစအနတွေဟာ ကမ္ဘာအနီးက ဖြတ်သွားတယ်လို့ နာဆာကဆိုပါတယ်

ကမ္ဘာ့အပေါ်ယံလေထုကို ပွတ်တိုက်သွားတာပါ

အပျက်အစီးကြီးကြီးမားမားတော့ မရှိပါဘူး

ဆူနာမီစောင့်ကြည့်သူတွေ နယူးဂျာစီမှ ဗာဂျီးနီယားကို ချီတက်လာပါပြီ

စကာဂျစ်မြစ်ထဲက စတာဂျင်ငါးကြီးဟာ ကလေးငယ်၂ယောက်ကိုစားသွားပါတယ်

ငါ့ကို အမှိုက်ကူပစ်ပေးမှာလား

လိုက်ခဲ့မယ်လေ အမှိုက်အိတ်ရှိတဲ့နေရာ ငါသိတယ်

မိန်းကလေးဆိုတာ စိတ်ကူးယဉ်တတ်တယ်

ငါ့ကိုကူပြီး လျှို့ဝှက်ထားပေးပါ့လား

ဘာမှမတောင်းဆိုနဲ့တော့

ငါဒီနေ့ညပဲ ဆီရာတယ်ကိုသွားတော့မှာ

အခုလောလောဆယ် အမှိုက်ပစ်ဖို့ အပြင်ကို ခဏလိုက်ခဲ့ဦး

ဒန်နာ ငါပြောတာနားထောင်ပါဦး

ဂရမ့်နဲ့ငါနဲ့ ရည်းစားလိုတွဲကြတော့မှာ ငါကျောင်းဆက်တက်ဦးမယ်လေ

အဖေနဲ့အမေက မကြိုက်ဘူးလို့ ပြောပြီးသား

မလင်ဒါကငါ့ကိုလာခေါ်မှာ ယာကီမာကနေဘတ်စ်ကားစီးသွားမှာ

ဘရီ ဒီမှာတစ်ပတ်လောက် မုန်တိုင်းဝင်သွားတာလေ

ဖုန်းလိုင်း အင်တာနက်လိုင်း လျှပ်စစ် ဘာတစ်ခုမှ မရဘူး

မာတီပြောတယ် ဂါဖီးကောင်တီမှာ အားလုံးဒုက္ခရောက်နေတယ်တဲ့

ကောလိပ်သွားပြီးကောင်လေးကို ငမ်းနေဖို့ အချိန်မရှိဘူး

ငါသူ့ကိုငမ်းတာမဟုတ်ဘူး သူကငါ့ကို သိပ်ချစ်တာလေ

အမေ့ကို ဒီကိစ္စဖွင့်ပြောမှ ဖြစ်တော့မယ်

အမေ့ကိုသွားမပြောနဲ့လေဟာ

နင့်ဇာတ်ရှုပ်ထဲမှာ ငါ့ကိုဆွဲထည့်နေတာလေ

နင့်ကိုနင် သိပ်စွံလှပြီ ထင်နေလား

ဒန်နာ ငါအရွယ်ရောက်နေပြီဟဲ့

၁၇ နှစ်ရှိပြီ

နင့်လိုပြောကြေးဆိုငါလည်း ၁၆နှစ်ပဲ ငါတို့က အမွှာတွေလေ

နောက်၂ပတ်နေရင် ၁၇ပြည့်တော့မှာ ဘာဖြစ်ဖြစ်ပေါ့

ဟုတ်ပါတယ် နင်ဒီလောက် အရွယ်ရောက်နေပါပြီ

ငါ့ကိုဝိုင်းကူပေးမှာလား

တကယ်လား

ဝမ်းနည်းပါတယ်

ကယ်ရန်နဲ့ဂျော့ရှ်တို့ရဲ့ ကော့ပ်လန်းအိမ်ကို

ဖုန်းဆက်သွယ်လို့မရပါဘူး

- ကျေးဇူးပြုပြီး....... - ဖုန်းကိုင်စမ်းပါ ကယ်ရန်ရာ

ကိုင်စမ်းပါ

အနောက်ပိုင်းမက်အာသာကော့စ်ဝေးကို သွားတဲ့လမ်းခွဲမှာ

ရဲတွေ ကားရပ်လိုက်တဲ့အချိန် လူခေါင်းပြတ်ကြီးကို ကိုက်ဖဲ့နေတဲ့

လူတစ်ယောက်ကိုတွေ့ခဲ့ရတယ်

ရဲက မလုပ်နဲ့လို့အမိန့်ပေးလိုက်တာကို သူကလုံးဝဂရုမစိုက်ဘူး

...သေနတ်နဲ့ပစ်လိုက်ရပါတယ်

ရောဂါပိုးတွေကဦးနှောက်အသိစိတ်ထိ လျင်မြန်စွာ ကူးစက်နေပါပြီ

ရက်ရက်စက်စက်သတ်ဖြတ်တာတွေကို ရှုံ့ချဝေဖန်နေကြပါတယ်

ကျွန်တော်တို့လူသားတွေအပေါ် ကပ်ဘေးဆိုးကြီးကျရောက်နေပါပြီ

ရင်ဆိုင်နိုင်ဖို့ အသင့်ပြင်ထားရပါတယ်...

ဘာကြီးလဲဟ

ဘယ်နေ့ဘယ်အချိန်ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိပါဘူး

ညဥ့်နက်သန်းခေါင် အိမ်ကို တိတ်တဆိတ် သူခိုးဝင်သလိုပါပဲ

ဒါကြောင့်မေးချင်တာက သင်ကောအဆင်သင့်ဖြစ်ပြီလား

အားလုံးသတိဝီရိယရှိရှိ အသင့်ပြင်ထားကြပါ

ရှေ့ပြေးလက္ခဏာတွေ စတင်ဖြစ်ပေါ်နေလို့ ဖြစ်ပါတယ်

ကယ်ရန်

- ကယ်ရန် - အင်း

- ဘာတွေအရေးကြီးလာတာလဲ - လာဦး

ဒီနေ့ တက္ကသိုလ်မှာမိနစ် ၂၀လောက် မီးလာတယ်

ပြင်းအားအဆင့် ၅ရှိတဲ့ ဟာရီကိန်းမုန်တိုင်းဝင်လာပြီ်တဲ့

- ဟာရီကိန်း ဟုတ်လား - လေတိုက်နှုန်း ၁နာရီ မိုင်၁၇၀တဲ့

- အထဲဝင် သမီးတို့ - ရူပဗေဒတွေ လွဲကုန်ပြီအဖေ

ဟာရီးကိန်းတိုက်ဖို့ရေပူစီးကြောင်းလိုတယ် ပစိဖိတ်က ဒီလောက်အေးခဲနေတာ

ဟုတ်ပါပြီ ဘေလ်နိုင်းရယ်

ရှင်းပြလိုက်ပါဦး

အိမ်ထဲဝင်မှဖြစ်မယ် ပြတင်းပေါက်တွေ ပိတ်ထားမှပဲ

အောက်ခြေကြမ်းပြင်မှာပဲ ၀ပ်နေမယ်

- အထဲဝင် - တံခါးမြန်မြန်ပိတ် လာကြ

လာကြဟေ့

အပေါ်ထပ်က ပြတင်း၂ပေါက်တော့ ကွဲသွားပြီ

အောက်ထပ်မှာပဲ နေကြ

စိတ်အေးအေးထားကြ

ခေါင်မိုးရှိနေသမျှတော့ ဘာမှ မဖြစ်လောက်ပါဘူး

အဆင်ပြေမှာပါ

- ငလျင်လှုပ်တာလား - ဘာမှမဖြစ်ဘူး မကြောက်နဲ့

ဒန်နာ

သမီးလေး

ဘယ်သွားနေတာလဲ

ဒီမှာပါ အမေ

သြော် ဒီမှာကိုး

အစောကြီးထပြီး ဘာတွေလုပ်နေတာ လဲ

ငါးတွေ ကောက်မလို့

ငါးတွေ

ဘုရား ဘုရား

လေထဲကပေါက်ကွဲသံတွေဖြစ်ပါတယ် ဥက္ကာခဲကျတဲ့အသံမဟုတ်ပါဘူး

တော်တော်ဆိုးဝါးတာပဲ

ဘာတွေဖြစ်ကုန်တာပါလိမ့်

ရေငန်ငါးလေးတွေပါ

ဘယ်လိုလုပ်ပြီးရောက်လာတာပါလိမ့်

မုန်တိုင်းနဲ့အတူ လွင့်ပြီးပါလာတာ

ဖြစ်တတ်ပေမဲ့ ကြုံတောင့်ကြုံခဲပါပဲ

ညှီတယ်

သမ္မာကျမ်းထဲကအတိုင်းဖြစ်နေပြီ

အဲဒီလို

အဲဒီလိုပြောလို့လည်းရပါတယ် မက်

ဥပဒေလိုက်နာကြပါ

အမေရိက တလွှားကို လျှပ်စစ်မီးပြန်ပေးဖို့အတွက်

အစိုးရက စိုင်းပြင်းနေပါတယ်

အမေရိက တလွှားဆိုပါလား လေလုံးထွားလိုက်တာ

မက်

ဥပဒေလိုက်နာကြပါ

အက်ရယ်

ဂျော့ရှ်

- ငါးတွေအများကြီးပဲ - အင်း

ဟာရီကိန်းနဲ့အတူ လွင့်ပါလာတာ

အယ်လ်ဒါဆင်ရဲ့အိမ်မှာ မြွေတွေ

- ဘာပြောတာလဲ မြွေတွေဆိုတာ - မြွေတွေလေ

- ဘယ်နှစ်ကောင်လဲ - ဒီမှာကော ငါးဘယ်နှစ်ကောင်လဲ

မပြောတတ်ဘူး

ရာဂဏန်းလောက်တော့ရှိမယ်

မြွေတွေလည်း အဲဒီလောက်ပဲလေ

မင်းမိသားစုကော နေလို့ဖြစ်ရဲ့လား

ဖြစ်ပါတယ်

ခေါင်းမိုးအုတ်ကြွပ်ပြားတွေပါသွားတယ် ပြတင်း၂ချပ်ကွဲတယ် ဒီလောက်ပါပဲ

အာမခံလည်းပေးမှာမဟုတ်ဘူး

ကံတရားပဲပေါ့

ဒီ့ထက်ပိုမဆိုးပါစေနဲ့လို့ ဆုတောင်းရတော့မှာပဲ

အန္တရာယ်တော့မကင်းသေးဘူး

တစ်ကမ္ဘာလုံး ငလျင်တွေလှုပ်သွား တယ်တဲ့

ပြတ်ရွေ့ကြောထဲမှာတော့ တစ်မြို့မှ ပါမသွားလို့တော်သေးတယ်

မုန်တိုင်းအကြီးကြီးဖြတ်တိုက်သွားလို့ ကိတ်ပ်ကော့လည်း၂ပိုင်းကွဲသွားတယ်

ဖုန်းလိုင်းပြန်မိတာမှ ၄စက္ကန့်လောက်ပဲရှိသေးတယ်

သမီးသူငယ်ချင်းဂျင်းနီက မက်ဆေ့ခ်ျပို့ပြီးပြောတယ်

နယူးယောက်မှာ တစ္ဆေမျက်နှာနဲ့ လူတွေအများကြီးပဲတဲ့

အဲဒီမျက်နှာကြီးတွေနဲ့အထပ်၄၀ ပြတင်းပေါက်ကနေ ကြည့်နေတယ်တဲ့

နင့်သူငယ်ချင်းဂျင်းနီတော့ ရူးနေပြီ

နင်ကမှရူးနေတာ ဒန်နာ တိတ်တိတ်နေ

ဒါနဲ့ ဂျော့ရှ်ရေ ငါပြောစရာတစ်ခုရှိလို့

ငါ့ညီမတစ်ယောက်ရဲ့ သားက မင်းတို့ကောလိပ်ကလေ

ကလပ်ဘက်ကာဆိုလား

သူ့သူငယ်ချင်းတစ်ယောက်နဲ့ တောင်ပေါ်တက်သွားတယ်

အခု ၂ယောက်စလုံးပျောက်နေလို့

သူတို့ကိုများ တွေ့မိသေးလားလို့ လမ်းကြုံလို့ လာမေးတာ

အင်း SUV အစိမ်းရောင်နဲ့လား

နံပါတ်က RVL 6768

အလုပ်များနေလား အက်ရယ်

များတာပေါ့

ဘာတွေစတန့်ထွင်နေလဲ

အချုပ်သားကို ရှေ့ခန်းမှာ တင်ခေါ်လာတယ်ပေါ့

သူကအချုပ်သားမဟုတ်ပါဘူး ချာတိတ်လေးပါ

ခြေဦးတည့်ရာလျှောက်သွားနေလို့

ဖြောင်းဖျပေးမလို့ ခေါ်လာတာ

ရစ်ခ်ျလန်းက အရှုပ်ထုပ်ထဲမှာ သူလည်းပါနေလို့လေ

ဘာအရှုပ်ထုပ်လဲ

လူတိုင်းက ဦးနှောက်တွေ ချောင်ကုန် ကြလို့

ဂယောင်ချောက်ချားဖြစ်တာလား

ဂယောင်ချောက်ချားမဟုတ်ဘူး အမူးလွန်တာ ပြင်းပြင်းထန်ထန်ပဲ

ကျုပ်အကိုအသဲအသန်ဖြစ်နေတာ ၂ရက်ရှိပြီ

သူသက်သာရဲ့လား

ရဲတွေကသူ့ကို အသေပစ်သတ်တာလေ

သေနတ်နဲ့ပစ်တာလား

စိတ်ဖောက်ပြီး သူ့မိန်းမကို နှိပ်စက်နေတာတွေ့လို့

အခု သူ့မိန်းမသေသွားပြီလေ

ဟုတ်ပြီ ငါတို့ပြန်ရင်ကောင်းမယ်

ကလေး၂ယောက်သတင်းကို နားစွင့်ထားပေးနော်

- ဟုတ်ပြီ ကျေးဇူးပဲအက်ရယ် - ကောင်းပါပြီ

ရစ်ခ်ျတာစကေး ၆.၁ ရှိတဲ့ငလျင်ဟာ

သူ့မိန်းမကိုနှိပ်စက်တာ ဘယ်သူတဲ့လဲ

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left