Apollo 11

Apollo 11

Download Burmese Subtitle

Release info

Apollo 11 2019 BR UNI
A Commentary by aungmyintoo

Tags

other
Published on: 2021-07-23
Downloads: 62
Hearing Impaired: No

Burmese subtitle preview

The first 200 lines.

လွှတ်စင် အေ လွှတ်စင် ဘီ နေရာအမှတ် ၃၉ သတိပေးချက်

အစီအစဉ် အပြောင်းအလဲရှိလား

အာနီ

လိုင်းနံပါတ် ၇ မှာ တစ်ရက်လုံး ပေါ်နေတယ်

အင်္ဂါမှာ ပထမအသုတ် အားလုံး ရွှေ့မယ်

သိုလှောင်ကန်ဖိအား စစ်ဆေးဖို့က ၁ နာရီမထိုးခင် စမှာမဟုတ်ဘူး

ယိုစိမ့်မှုကို ဘယ်အချိန် စစ်ချင်လဲ

အင်္ဂါနေ့ ပထမရွှေ့ချိန်မှာ

အာနီ မင်းတို့ ဟိုကောင် ရှေ့ပိုင်း အဆုံးနားကိုဖြတ်ပြီး

၅ နာရီလောက် အချိန် ဆွဲဆန့်လို့ ရဦးမလား

LH2 သိုလှောင်ကန်ဖိအား ပေးတဲ့ကိစ္စကို

မရဘူး

လူသားရဲ့သမိုင်းမှာ အကြီးဆုံးစွန့်စားခန်းကို စတင်ဖို့

၃ နာရီ ၃၂ မိနစ်ပဲ လိုပါတော့တယ်

စီစဉ်ထားတဲ့အတိုင်း အဆင်ပြေခဲ့မယ်ဆိုရင်တော့

အပိုလို ၁၁ ရဲ့ အာကာသယာဉ်မှူး အမ်းစထရောင်း အယ်ဒရင်နဲ့

ကောလင်းတို့ကို လွှတ်စင် ၃၉ အေ ကနေ လူသားတို့ အမြဲတမ်းစိတ်ကူးယဉ်ခဲ့ကြတဲ့

ခရီးရှည်တစ်ခုဆီ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်

အခုတော့ သူတို့မသွားခင်မှာ

အရောင်တလက်လက်နဲ့ သူတို့ရဲ့ယာဉ်ဟာ ငြိမ်သက်စွာ စောင့်ဆိုင်းနေပါတယ်

အချိန်ကာလတစ်ခုမှာ

အလုပ်များနေကြတဲ့ ဒီမနက်ခင်းမှာ အတိုချုံးပြောရရင်

ဒီလူ ၃ ယောက်ဟာ

လူသားအားလုံးရဲ့ မျှော်လင့်ချက်တွေ ဝန်ထုပ်ဝန်ပိုးတွေကို

သူတို့ကိုယ်စား သယ်ပိုးထားကြတာ ဖြစ်ပါတယ်

ကျယ်ပြန့်မှောင်မဲပြီး အေးစက်နေတဲ့

အာကာသကို ရှည်လျားစွာ ဖြတ်သန်းရင်း သူတို့

သယ်ယူသွားမှာကတော့ လွန်ခဲ့တဲ့ ၈ နှစ်က

သမ္မတကနေဒီ ပေးခဲ့တဲ့ကတိပါ

ဒီဆယ်စုနှစ်ထဲမှာ လပေါ်ကို လူတစ်ယောက်လွှတ်ပြီး ကမ္ဘာမြေကို

ဘေးကင်းစွာ ပြန်လာရေးပဲ ဖြစ်ပါတယ်

ဒီ စီမံကိန်းမှာ အစိတ်အပိုင်း တစ်ခုချင်းတိုင်းဟာ

တစ်ဆင့်အောင်မြင်မှ

နောက်တစ်ဆင့်ကို ထပ်တက်လို့ ရမှာဖြစ်ပါတယ်

တစ်နိုင်ငံလုံးကလည်း ကျွန်တော်တို့ကို အားပေးနေကြတာဆိုတော့

သူတို့ရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်

အပိုလိုစီမံကိန်း တစ်ခုလုံးဟာ အမေရိကန်နှစ်ယောက်ကို

လပေါ်ကိုလွှတ်ပြီး ကမ္ဘာမြေပေါ် အန္တရာယ်ကင်းစွာ

ပြန်လာနိုင်ရေးအတွက် ဒီဇိုင်းဆွဲထားတာပါ

ဒီဖြစ်စဉ်ရဲ့ ကြီးကျယ်မှုကိုတော့

သမိုင်းကပဲ အဆုံးအဖြတ်ပေးနိုင်ပါလိမ့်မယ်

အပိုလို ၁၁ ကို ပေးထားတဲ့ တာဝန်ကတော့ အရမ်းရိုးရှင်းပါတယ်

လူတွေကို လပေါ်ထိသယ်သွားဖို့ အဲဒီမှာ ဆင်းသက်ဖို့

ပြီးရင် သူတို့ကို ဘေးကင်းစွာ ပြန်ခေါ်လာဖို့ပါ

စီမံကိန်းအတွက် ထပ်လောင်းအဖြစ်

အာကာသယာဉ်မှူး ၃ ယောက်ဟာ

စမ်းသပ်ချက်တွေ လုပ်ဆောင်ကြမှာပါ

သူတို့နဲ့အတူ တခြားပစ္စည်းတွေလည်း အများကြီး သယ်သွားကြမှာပါ

အများစုကတော့ ရှင်းပြဖို့ သိပ်မလွယ်ကူတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်

အပိုလို ၁၁ ရဲ့ ခရီးစဉ်အတွင်းမှာ

ကျွန်တော်တို့ စိတ်ပူရမှာတွေကတော့

ကြားကာလ ပြုပြင်မှုတွေနဲ့ ချိတ်ဆက်မှုတွေ ဖြစ်ပါတယ်

အာကာသယာဉ်မှူးတွေ အတွက်တော့ အထူးစိုးရိမ်ပေးကြရမှာပါ

အပိုလို ၁၁ ခရီးစဉ်ဟာ တစ်နိုင်ငံလုံးရဲ့ အလေးထားမှုကို

ရရှိထားပြီး

ဒီနိုင်ငံနဲ့ ရုရှားတို့ လပေါ်ကို လူလွှတ်နိုင်ဖို့ စီစဉ်ကြရာမှာ

အခက်ခဲဆုံးနဲ့ အန္တရာယ်အများဆုံး

ကြိုးစားမှုတစ်ခုလည်း ဖြစ်ပါတယ်

၃၈ နှစ်အရွယ် အရပ်သား နီးလ် အော်ဒန် အမ်းစထရောင်းဟာ

လပေါ်ကို ခြေချတဲ့ ပထမဆုံးလူသား ဖြစ်လာတော့မှာပါ

အော်ဒရင်လည်း မိနစ် ၂၀ အကြာမှာ သူ့နောက်က ဆင်းမှာပါ

ဒါပေမဲ့ ပထမဆုံးဆင်းမယ့်သူကတော့ အမ်းစထရောင်း ဖြစ်ပါတယ်

အပိုလို ၁၁ စီမံကိန်းဟာ

သမိုင်းမှတ်တမ်းတင်ရမယ့် ခရီးတစ်ခုပါ

ဒီကမ္ဘာကထွက်ခွာပြီး လပေါ်ကိုခြေချတဲ့

လူသားတို့ရဲ့ အကြီးမားဆုံး စွန့်စားခန်းအစ ဖြစ်ပါတယ်

- CBTS အပိုလို - ပြောပါ

အလိုအလျောက် လွှတ်တင်တဲ့ အစီအစဉ်ကို ဖွင့် ပိတ် စစ်ဆေးပါ

အဖွင့် စစ်နေပြီ

- CBTS ကြားလား - ၅၆၁ အတည်ပြုမယ်

CS 18 အာကာသယာဉ် စက်နှိုးဖို့အသင့်

ခလုတ်ဖွင့်ပြီ

မီးအချက်ပြတယ်

၅၆၂ အတည်ပြုတယ်

အဖွဲ့သားတွေ ထွက်ခွာဖို့ အခြေအနေကို သတင်းပို့ဖို့

ဌာနအားလုံး အသင့်ပြင်ပါ

CBTS က CTSS 111 ကိုပြောနေတယ်

CTSS ပြောပါ

- CBTS - အသင့်

- DNS - အသင့်

- STS - အသင့်

- FTS - အသင့်

- RTS - အသင့်

- 8 - 8 အသင့်

- BSC ကော - အသင့်

ဓာတ်လှေကား အမှတ် ၁ ကို အေ အဆင့်စစ်ဆေးပါ

ဓာတ်လှေကား အမှတ် ၂ ကို ၃၂၀ အဆင့်

အဆင့်ကို နှစ်နဲ့ ၃၂၀ သတ်မှတ်ပေးပါ

အတည်ပြုပြီး

ကောင်းပြီ

ဟုတ်ပြီ

၂၁၄ ကြားလား အဖွဲ့သားတွေ ထွက်ခွာတာကို လိုက်ပါ

ETP ကို ၁၄ မှာထားလိုက်

ကြားလား အဖွဲ့သားတွေ ထွက်ခွာတာကို လိုက်ပါ

ကြားတယ် သွားနေပြီ

ဒီနေ့ရဲ့ အရုဏ်ဦးကတော့ ခေတ်သစ်တစ်ခုရဲ့ နိဒါန်းဖြစ်ပါတယ်

ဒါဟာ ရာစုနှစ်နဲ့ချီ ကြာခဲ့တဲ့ အိပ်မက်ဟောင်းတွေ အသက်ဝင်လာတာကို

ရင်ဖိုရတဲ့ အလေးအနက်ထားရတဲ့ မျှော်လင့်ဝမ်းမြောက်ရတဲ့အချိန် ဖြစ်ပါတယ်

အပိုလိုစေတန် ထိန်းချုပ်ခန်းက ပြောနေပါတယ်

ထွက်ခွာဖို့အချိန် ၃ နာရီ ၄ မိနစ် ၃၂ စက္ကန့်ပဲ

လိုပါတော့တယ်

အာကာသယာဉ်မှူးတွေအတွက်

သတ်မှတ်ထားချိန် အတိုင်းပဲ

ပင်မအဖွဲ့သားတွေဟာ အခု ကနေဒီအာကာသစခန်းရဲ့ သူတို့နေရာကနေ

ထွက်ခွာလာကြပါပြီ

အာကာသယာဉ်မှူး နီးလ်အမ်းစထရောင်း ဘက်ဇ်အော်ဒရင်

ပြီးတော့ မိုက်ကောလင်းနဲ့

သူတို့ရဲ့ဝတ်စုံ ပညာရှင်တွေ

ပြီးတော့ ပျံသန်းရေးအဖွဲ့ လုပ်ငန်းဒါရိုက်တာ ဒစ်စလေတန်တို့ဟာ

လွှတ်စင်ဆီသွားမယ့်ကားပေါ် တက်နေကြပါပြီ

ဒီနေရာကနေ လွှတ်စင်အထိ

ကားနဲ့သွားချိန် ၁၅ မိနစ်ခန့် ကြာမြင့်မှာဖြစ်ပါတယ်

အဲဒီကနေ အာကာသယာဉ်မှူးတွေဟာ

လွှတ်စင်ပေါ်က ပေ ၃၂၀ အမြင့်ရှိတဲ့

နေရာကို ပထမ ဓာတ်လှေကားနှစ်ခုနဲ့ တက်ကြမှာဖြစ်ပါတယ်

အဲဒီနေရာကတစ်ဆင့် အာကာသယာဉ်ထဲကို ဝင်ကြမှာပါ

အရှေ့ပိုင်းစံတော်ချိန် နံနက် ၆ နာရီ ၂၇ မိနစ်မှာ ထွက်ခွာတာကို

မှတ်တမ်းတင်ထားပါတယ်

အခုဆိုရင် ပို့ဆောင်ရေးယာဉ်ဟာ

ကနေဒီအာကာသစခန်းရဲ့ စီမံကိန်း စင်တာကနေ

ထွက်ခွာလာပါပြီ

ဒီနေရာကနေ ၈ မိုင်အကွာမှာရှိတဲ့ လွှတ်စင်အေရှိရာ ဧရိယာ ၃၉ မှာတော့

စေတန် ၅ ဒုံးလွှတ်စင်ယာဉ်ကြီးဟာ

လောင်စာဆီ အပြည့်နဲ့အတူ

အကြိုစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်

ဒါကတော့ လွှတ်စင်ထိန်းချုပ်တဲ့နေရာပါ

မိသားစုယာဉ်

ကျွန်တော်တို့ ခန့်မှန်းရသလောက်တော့

မနက် ၄ နာရီမှာ ကျွန်တော်တို့ရောက်လာတော့ ဂိတ် ၁ နားတဝိုက်မှာ ရပ်ထားတဲ့ကား

အစီး ၁၀ဝ၀ဝ လောက်ရှိတယ်

နေရာအနှံ့ ကားတွေချည်းပဲ

ကလေးတွေဆို ၁၅ မိုင်လောက်ဝေးတဲ့နေရာက

စေတန် ၅ မီးလင်းနေတာကို မျှော်ကြည့်နေကြတာ

ဆယ်ကျော်သက်တွေလည်း မှန်ပြောင်းတွေနဲ့ တွေ့တယ်

လွန်ခဲ့တဲ့ ၈ နှစ်က ကျွန်တော်တို့ ဖြတ်လာတာလည်း ဒီလမ်းပဲ

လေကြောင်းခရီးစဉ် ၂၁ ခုမြောက်က

အလန်ရှက်ဖားကို ကူညီပေးဖို့ လာတုန်းကလည်း

ဒီအချိန်လောက်ပဲ

အပိုလိုစေတန် ထိန်းချုပ်ခန်းက ပြောနေပါတယ်

သတ်မှတ်ချိန်ရောက်ဖို့ ၂ နာရီ ၄၅ မိနစ် ၅၅ စက္ကန့်ပဲ လိုပါတော့တယ်

အပိုလို ၁၁ အဖွဲ့သားတွေ ဘက်မှာတော့

အာကာသယာဉ်မှူး နီးလ်အမ်းစထရောင်း မိုက်ကယ်ကောလင်းနဲ့

အက်ဒဝင်းအော်ဒရင်း တို့ဟာ ယာဉ်လွှတ်စင်ဆီ

ပို့ဆောင်ရေးယာဉ်နဲ့ လာနေကြရာမှာ

အခုဆိုရင် လွှတ်စင်ရှိတဲ့လမ်းဘက်ကို ချိုးလာနေပါပြီ

အဖွဲ့သားတွေ ရောက်ခါနီးမှာပဲ ယာဉ်လွှတ်စင်မှာလည်း

ပြဿနာတစ်ခု ပေါ်နေပါတယ်

စေတန် ၅ လွှတ်စင် တတိယအဆင့်က

ဟိုက်ဒရိုဂျင်အရည် ဖြည့်တဲ့စနစ်ရဲ့ အဆို့တစ်ခုမှာ

ယိုစိမ့်မှု ဖြစ်နေပါတယ်

ကျွန်တော်တို့ဆီက ပညာရှင် ၃ ယောက်နဲ့ လုံခြုံရေးသမားတစ်ယောက်ပါတဲ့

အဖွဲ့တစ်ဖွဲ့ အဲဒီကိုလွှတ်ထားပါတယ်

သူတို့အခု အဆို့နားကမူလီတွေကို ကျပ်နေကြပါတယ်

- CLTC လား CLTS ပြောနေတယ် - ပြောပါ

S-4B အဆို့မှာ ယိုစိမ့်မှုတစ်ခု ဖြစ်နေတယ်

အဲဒါကို ကျွန်တော်တို့အခု အပေါ်က ထပ်ကြပ်ပြီး

အဆင်ပြေမပြေ ကြည့်နေပါတယ်

ကြည့်ရတာတော့ ပိုဆိုးလာပုံပဲ

ဘယ်ကင်မရာနဲ့ မိလဲ

ကင်မရာ ၁၈ မှာရတယ်

ကင်မရာ ၁၈ ခင်ဗျားတို့ ဟိုက်ဒရိုဂျင် ယိုတဲ့နေရာကလူတွေကို မြင်ရမယ်

ပညာရှင်တွေ ထွက်ပြီးတာနဲ့

ယိုစိမ့်မှု ထပ်ဖြစ်မဖြစ် သိရအောင်

အဲဒီကို ဟိုက်ဒရိုဂျင် ထပ်လွှတ်မယ်

ယိုစိမ့်တဲ့နေရာ ပတ်ပတ်လည်က မူလီကို

ပညာရှင်တွေ ကြပ်နေတုန်းမှာပဲ

အာကာသယာဉ်မှူးတွေလည်း

လွှတ်စင်ဆီကို လာနေကြပါပြီ

အာကာသယာဉ်မှူးအဖွဲ့တွေ အခုပဲ လွှတ်စင်ဆီ ရောက်ပါပြီ

ပို့ဆောင်ရေးယာဉ်လည်း ဓာတ်လှေကားဘက်ဆီ နောက်ပြန်ဆုတ်နေပါတယ်

နောက် ၅ မိနစ်လောက်ဆိုရင်တော့

အာကာသယာဉ်မှူး နီးလ်အမ်းစထရောင်းကို

ပေ ၃၂၀ အမြင့်က တံခါးဝမှာ မြင်ရတော့မှာပါ

အခုတင်ပြနေတဲ့ အချိန်မှာ ၂ နာရီ ၄၃ မိနစ်နဲ့

၄၇ စက္ကန့်ပဲ ကျန်ပါတော့တယ်

အခုပြောနေတာ ထိန်းချုပ်စခန်းကပါ

- MSTC သို့ CBTS 111 ပြောနေတယ် - ပြောပါ

ယာဉ်မှူးတွေ ၃၂၀ ကိုရောက်ပြီ

ရပြီ ကင်မရာ ပြင်ထားမယ်

ရပြီ ဂန်းတားရေ ကင်မရာခလုတ် ဖွင့်လို့ရပြီ

LOAM A2 IAS ပြောနေတယ်

ကြားတယ် ကင်မရာ ဖွင့်လိုက်ပြီ

CBTS MSTC လှည့်ရိုက်ကင်မရာ ဖွင့်ထားပြီ

CBTS ကြားတယ်

MSTC အဖွဲ့သားတွေ လာနေပြီ

ဟုတ်ပြီဟေ့

အပိုလိုစေတန် ထိန်းချုပ်ခန်းက ပြောနေပါတယ်

ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ၂ နာရီ ၂၁ မိနစ်ကို ကျော်လွန်သွားပါပြီ

အခု အစီအစဉ်အတိုင်း ဆက်သွားနေပါတယ်

ပေ ၃၂၀ အလွှာမှာတော့

အာကာသယာဉ်မှူး ၃ ဦးလုံး အာကာသယာဉ်ပေါ် တက်နေကြပါပြီ

ပြီးခဲ့တဲ့ မိနစ်ပိုင်းလောက်ကပဲ အာကာသယာဉ်မှူး ဘက်ဇ်အော်ဒရင် ဝင်လာပါတယ်

သူက အလယ်ခုံမှာ ထိုင်မှာဖြစ်ပြီး သူ့ဘယ်ဘက်မှာ နီးလ်အမ်းစထရောင်း

ညာဘက်မှာ မိုက်ကောလင်း ထိုင်မှာပါ

ထွက်ခွာချိန်မှာ ဒီအတိုင်း ထိုင်ကြမှာဖြစ်ပါတယ်

ပေ ၁၂၀ မှာ ဓာတ်ငွေယိုစိမ့်တဲ့ ကိစ္စကို ဆက်လုပ်နေကြပြီး

ပေ ၂၀ဝ အဆင့်မှာတော့ ကျွမ်းကျင်ပညာရှင်တွေ အဆို့နားက မူလီတွေကို

ကြပ်ဖို့ ကြိုးစားနေကြတုန်းပါပဲ

CDR STC ကြားရရဲ့လား

STC ပီပီသသကြားရတယ်

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left