The first 200 lines.
ကြံရာမရဖြစ်မနေပါနဲ့ ဟာ
ဘွဲ့ နှင်းသဘင်နောက်ကျတော့မယ် ဒါတောင်သူက အခုထိပေါ်မလာသေးဘူး
ဓားပြတိုက်တယ်ဆိုတာ ရာဇ၀တ်မှုမြောက်တယ် အဲဒါကို မင်းက လုပ်လိုက်တယ်
ခြိမ်းခြောက်တယ်ဆိုတာ ရာဇ၀တ်မှုမြောက်တယ် မင်း သေနတ်နဲ့ ချိန်ခဲ့တယ်
မင်းက မင်းလက်ထဲက သေနတ်ကိုပဲမြင်တယ် မင်းနောက်ကျောဘက်မှာ ရပ်နေတဲ့ကျည်တစ်တောင့်ကို မမြင်ဘူး
တစ်ခြားသူတွေလိုပဲ မင်းကို ရွေးချယ်စရာနှစ်ခုပေးမယ်
ငါမင်းကို ထိုးရမလား ဒါမှမဟုတ် လွှတ်ချလိုက်ရမလား?
မင်းသူ့ ကို ဒေါသနဲ့ ရိုက်လိုက်တာလား?
မင်းဒေါသကို ထိန်းထားပါ
အဲဒါမင်းရဲ့ အားနည်းချက်ပဲ အားနည်းချက်တွေကို ငါမုန်းတယ်
နောက်မှတွေ့ ကြတာပေါ့
သူတို့ တဖြည်းဖြည်းနဲ့ သိလာမှာပေါ့...
အဲဒီကောင်မလေးရဲ့အသက် ဘယ်လောက်ရှိပြီလဲ?
နေ့ စဉ် ၁၀၀၀၀ရှာနိုင်ရင် တစ်ပတ်မှာ...ဆိုရင်
တစ်ခြားဝယ်လက်ကို မရောင်းခင် ငါတို့  ၄ကုဋေရပြီး ဖြစ်လိမ့်မယ်
ငါတို့ သူ့ အတွက် ဈေးဘယ်လောက်ရမှာလဲ?
အဲဒီလို အပြစ်အနာအဆာပါရင် ငါတို့ သိန်း၂၀ပဲရလိမ့်မယ်
ဒါပေမယ့် မင်းသာသူ့ ကို အခုလိုမဖမ်းနိုင်ခဲ့ဘူးဆို
အဲဒီသိန်း၂၀လည်း ဆုံးသွားပြီ
ကလေးနှစ်ယောက်လို ပေါ့ကွာ - ငါမင်းအကြောင်းကို သိတယ်
ဒါပေမယ့် ငါ့အကြောင်းကို မင်းသိဖို့ လိုတယ်
ငါ့ခြေထောက်ကို ဘယ်သူချိုးသွားတာလဲ သိလား?
ငါမင်းကို ဇာတ်လမ်းတစ်ပုဒ်ပြောပြမယ် ပီတာ
ငါကလေးဘ၀တုန်းက ငါ့အဖေက အပြင်ကနေမူးပြီးပြန်လာရင် အမေ့ကို ရိုက်လေ့ရှိတယ်
အဲဒီဒါဏ်ကိုမခံနိုင်တော့ အမေက ထွက်ပြေးသွားတယ်
ငါ့အဖေက ငါ့အပေါ်မှာ သူ့ ဒေါသတွေပုံချတယ်
ငါလည်း ထွက်ပြေးဖို့ ကြိုးစားတယ်
ငါနောက်တစ်ခါ ထွက်ပြေးမှာစိုးလို့  ငါ့ခြေထောက်ကို သူရိုက်ချိုးတယ်
ငါသူ့ ကို ဘာပြန်လုပ်လိုက်လဲသိလား?
သတ်ပစ်လိုက်တယ်
ငါလုပ်တာ မှန်လား?
ကျွန်တော် နောက်ထပ်ကောင်မလေးတစ်ယောက် ထပ်ရှာပေးပါ့မယ်
ငါမင်းကို ပိုသဘောကျသွားပြီ
မင်းလိုလူ ရှာတွေ့ ဖို့ ခက်တယ်
ကောင်မလေးတွေ ရှာရတာက သိပ်လွယ်တယ်
အကို..ကယ်လီက ကိုလံဘီယံ မာဖီးယားဂိုဏ်းကနော်
သူ့ ကိစ္စတွေကို ၀င်ရှုပ်လို့ ဆိုပြီး ၀န်ကြီးချုပ်ကို သတ်ပစ်လိုက်တာ
ဒီလို အဆင့်မရှိတဲ့ကောင်မျိုးနဲ့  အလုပ်တွဲလုပ်လို့ ဖြစ်ပါ့မလား?
တစ်ခြားသူတွေကို မင်းအထင်သေးလို့ ရတယ် ဒါပေမယ့် ငါတို့ ကိုယ်ငါတို့  ဘယ်တော့မှ အထင်မသေးနဲ့ 
ပထမဆုံးအကြိမ် လုပ်ငန်းတွဲလုပ်ဖို့ ဒီကောင်လာမှာ
ငါသူနဲ့ လူချင်းတွေ့ မယ်
ငါလက်ဆွဲနှုတ်လိုက်ပြီဆိုရင် အဲဒါ အလုပ်ဖြစ်တယ်ဆိုတဲ့သဘော
လမ်းတစ်ဝက်မှာတင် လက်ကို ရုတ်လိုက်တယ်ဆိုရင် အဲဒါ ငါ့ရှေ့ က ကောင်ကို သတ်ပြီးသွားလို့ ပဲ
ဒီနေ့ ဒီအချိန်အထိ ငါက ကိုယ်ယုံကြည်ရတဲ့သူနဲ့ ပဲ အလုပ်လုပ်တယ်
မင်းငါ့ကို မယုံလည်း ငါနဲ့ အလုပ်တွဲလုပ်ရမှာပဲ
မင်းမှာ ရွေးစရာမှမရှိတာ
ငါက တစ်ဦးတည်းသော ကိုယ်စားလှယ်လေ
ငါမိန်းကလေးတွေနဲ့ အလုပ်လုပ်တယ်
ဒါပေမယ့်တစ်ခါမှ ဈေးမဆစ်ဘူး
ကောင်မလေးတစ်ယောက်ကို ၁၀သန်းမဟုတ်ဘူး သန်း၂၀ပေးမယ်
ငါတို့ ကောင်မလေးတစ်ယောက်စီအတွက် ၁သန်းပေးမယ်
ဒါပေမယ့် ပြသနာသေးသေးလေးတစ်ခုပေါ်လာရင်တောင် ငါတို့ ဒီအတိုင်း ငြိမ်နေမှာမဟုတ်ဘူးနော်
ပြသနာသေးသေးလေးတစ်ခုပေါ်လာရင်တောင် ကျုပ်တို့ ပေါ့သေးသေး မမှတ်ပါဘူး
တကယ်လို့ ငါ့အဖေကိုကြောက်လို့  ထွက်ပြေးခဲ့ရင် ကျန်တဲ့ငါ့ခြေထောက်တစ်ဖက်လည်း ဆုံးရှုံးခဲ့ရမှာ
ငါမင်းကို သနားပြီး လွှတ်ပေးလိုက်ရင် ငါ့စီးပွားရေး ပျက်လိမ့်မယ်
ဟိုင်း အကို - ဟိုင်း
မနေ့ ညက မင်းအိမ်ပြန်နောက်ကျတယ်ထင်တယ်
ဘာတွေမို့ ဒီလောက်မွှေးနေရတာလဲ မရီးရဲ့?
မန်ကျည်းထမင်းပေါင်းလေ
ဘာပွဲရှိလို့ လဲ?
နင်ဘွဲ့ ရတဲ့ ကိစ္စက အောင်မြင်မှုသေးသေးလေးလားဟယ်?
ဒီအချိန်ရောက်ဖို့ နင့်အကို ဘယ်လောက်စောင့်ခဲ့ရလဲ သိလား?
အပိုတွေ မပြောပါနဲ့  မရီးရယ် ဘွဲ့ ရဖို့ ၎နှစ်ပဲ ကြာတာကို
ဘာလို့ အဲလိုပြောရတာလဲ?
နင်ဘွဲ့ ရတော့ သူ့ အိပ်မက်တွေပြည့်ပြီပေါ့ဟဲ့ ပွဲခံရအောင်...
ကျွန်တော်နဲ့ လိုက်ခဲ့ - ဘယ်လဲ? - လိုက်ခဲ့ပါဆို!
ဘာများလဲကွ? - အကိုရော လိုက်ခဲ့ဗျာ - ဘယ်ကိုလဲ?
ပြောပြမှာပေါ့
ဒီမှာထိုင်ကြ
ကျေးဇူးပဲ..အရမ်းလှတာပဲ.. ဒါ Rajiv မဟုတ်လား?
ဘာကြည့်နေတာလဲ ညီလေး?
ဟိုသင်္ဘောနဲ့ လိုက်သွားလို့ ရမလား အကို?
မင်းက ဘယ်ကိုသွားချင်လို့ လဲ?
အဖေနဲ့ အမေ့အကြောင်းမေးတိုင်း သူတို့ အဲဒီမှာနေကြတာလို့ အကိုပြောတယ်လေ
အဲဒီကို သွားရအောင်
- သွားဖို့ အရမ်းခက်တယ် - ဘာဖြစ်လို့ လဲ?
လှေစီးဖို့ လက်မှတ်မရှိဘူး နှစ်တွေအကြာကြီး ဘွတ်ကင်ကြိုလုပ်ရတာ
ကျွန်တော်တို့ မိဘတွေနဲ့ တွေ့ လို့ မရဘူးလား ဟင်?
ဘာလို့ မရရမှာလဲ? မင်းအလုပ်နဲ့ စာကို ကြိုးစားလုပ်
အင်ဂျင်နီယာကြီးဖြစ်လာရင် သင်္ဘောတစ်စီးဆောက်
ဟိုသင်္ဘောပေါ်ကို တက်လို့ ရပြီပေါ့
ဘယ်မှာလဲ ပိုက်ဆံ.. ကျွန်တော်တို့ မှာ ကျောင်းလခပေးဖို့ တောင် ပိုက်ဆံမရှိတာ
ပိုက်ဆံရှာဖို့ က အကို့ ကိစ္စထားပါ အကိုရှာမှာပေါ့
ကျွန်တော်တို့ ကလေးဘ၀တုန်းက မိဘတွေအကြောင်း စကားစမိတိုင်း အကိုက ကျွန်တော်တို့  သင်္ဘောတစ်စီးလိုတယ်လို့ အမြဲပြောနေကျ
အခု မိဘတွေနဲ့ တွေ့ ဖို့  ကျွန်တော်အိမ်ကိုပြန်လာပြီလေ
အမတို့ နဲ့  ဒီမှာနေပါ အိန္ဒိယကို မသွားပါနဲ့ လား
ဘွဲ့ ရပြီးရင် အိန္ဒိယကိုသွားမယ်လို့  ကျွန်တော်ပြောပြီးသားနော် မရီး
မရီးလည်း သဘောတူထားတယ်
အိုကေ..ကျွန်တော် မရီးကို ရွေးစရာနှစ်ခုပေးရမလား?
မလိုဘူး..နှစ်ခုလုံးက နင့်အတွက်ဦးစားပေးမှာ မလား
ရိုးရိုးလေးပါ မရီးရယ် ကျွန်တော်နဲ့ အတူ အိန္ဒိယကိုသာ လိုက်ခဲ့ပါ
အကိုလည်း ကျွန်တော်တို့ မရှိရင် မနေနိုင်ဘူး အလုပ်ထွက်ပြီး အိန္ဒိယကိုလိုက်လာမှာပေါ့
ငါ အလုပ်ထွက်ကြည့်ပါလား သူ တို့ က ငါ့ကို သတ်မှာပေါ့
အမှားနည်းနည်းလောက် လုပ်လိုက်ဗျာ သူတို့ အကို့ ကို အလုပ်ထုတ်လိမ့်မယ်
ရှော့ပင်က ဘယ်လောက်တောင်ကြာဦးမှာလဲ မရီးရယ်
ဒီဆိုင်ပိတ်တဲ့အထိပေါ့
ကျွန်တော် စကိတ်စီးသင်ချင်လို့ 
အဲဒီကောင်မလေးက သင်တန်းသူလား ဆရာမလား?
သူ ဘယ်ရောက်သွားပြီလဲ?
ဟိုကောင်မလေး? သူ ကောင်လေးတစ်ယောက်နဲ့ ထွက်ပြေးသွားတာ
ဘာမှမဟုတ်ပါဘူး... ကျွန်တော် သတင်းနည်းနည်းလောက် လိုချင်လို့ ပါ
ဒီနေရာကို သတင်းဌာနများမှတ်နေလား?
ထွက်သွားစမ်းကွာ
ကောင်မလေးက အရမ်းလှတယ်နော်
ခင်ဗျား မိန်းမလား? - မိန်းမ?
ဘယ်သူက ကိုယ့်မိန်းမ ဒီလိုဝတ်တာကို ငြိမ်နေမှာလဲ?
တက်တောင် သေသွားဦးမယ်
မင်းအတွက် ဘာသတင်းမှမရှိဘူး သွားတော့ကွာ
ကိုကြီးတို့  ဆိုဖာပေါ်ထိုင်ပြီး ဆွေးနွေးရအောင်လား?
မင်းက ငါ့ကို ခွင့်ပြုချက်ပေးနေတာလား?
တစ်ခုလုပ်စမ်း..ကုလားထိုင်ဆွဲယူပြီး ဒီမှာထိုင်
ငါ့တို့ ကို အနီးကပ်ကြည့်ကွာ..ပြီးရင် လစ်တော့!
MMS လား?
မင်းက ငါ့မိန်းမဆီကိုပုံတွေပို့ ပြီး ငွေညှစ်ဖို့ စီစဉ်နေတာလား?
ငါ့ကို ဒါမျိုးလာလုပ်လို့ မရဘူး မင်းလိုကောင်တွေ အများကြီး ငါတွေ့ ဖူးတယ်
ငါက ချစ်နေရင်တော့ ရွှေပဲ
ငါမုန်းပြီဟေ့ဆိုရင် မင်းတော့ ပွဲပြတ်ပြီ
ပုံတွေကို ခင်ဗျားမိန်းမဆီပို့ မယ်လို့ ပြောမိလို့ လား?
ဒါဆို ဘယ်သူ့ ဆီ ပို့ မလို့ လဲ?
သူ့ ယောက်ျားဆီပို့ မှာ
သူ့ ယောက်ျားဆီပို့ မှာ ဟုတ်လား? အဲဒီကောင်က ဘာလုပ်နိုင်မှာ မို့ လဲ?
ဘာမှမလုပ်ဘူး... Fire(သေနတ်နဲ့ ပစ်)မှာ
Fire(ကြော်)မှာဟုတ်လား? ကြက်သားကြော်မှာလား? ဘာလုပ်မှာလဲ?
သူက တိုက်ခိုက်ရေးပညာရှင်လေ
ဂျာနာကီးရန်လို့ ခေါ်ပါကွာ..ငါထူးမှာပေါ့
ပြော..မင်းဘာလိုချင်လဲ?
အခုတော့ ဘီစကစ်ရွှေတွေအကြောင်း ပြောပြီပေါ့
ဘီစကစ်ရွှေမဟုတ်ပါဘူး..ချောကလက်ရွှေပါ
ခင်ဗျားချစ်နေရင်... - ရွှေ!
ခင်ဗျား မုန်းသွားပြီဆိုရင်... - ကြေးလေ! အသေးစိပ်ပြောမနေပါနဲ့ တော့
မင်းဘာလိုချင်သလဲသာ ပြော?
ဘာမှမလိုချင်ဘူး..မနက် ၁၀နာရီနဲ့ ၁၁ကြားမှာ ကောင်မလေးတစ်ယောက် စကိတ်ကွင်းကို လာတယ်
သူ့ လိပ်စာလိုချင်တယ်
သတင်းတွေ ပေးလို့ မရဘူးလေ
အမရေ..ခင်ဗျားယောက်ျားနံပါတ်ပေး... - မလုပ်နဲ့ ...သူ့ ယောက်ျားဖုန်းနံပါတ် မလိုပါဘူး
ငါ လိပ်စာပေးပါ့မယ် - လာခဲ့
သမီးအမေက ကိုယ့်ကိုကိုယ် သေကြောင်းကြံလောက်အောင် ပျော့ညံ့တယ်လား?
သူ့ အကြောင်းအချက်အလက်တွေ နောက်ထပ်နင့်ကို ထပ်ပေးစရာမလိုလောက်တော့ဘူး ထင်တယ်
ယျေဘုယျအားဖြင့်တော့ ဒီလိုလူကို လက်ထပ်ရင် ကုဋေ၁၀၀၀ မြတ်မယ်
နင့်ကံပဲ..သူက နင့်ကို လက်ထပ်ချင်နေတာ
၂ရက်အတွင်း နင့်နဲ့ တွေ့ လိမ့်မယ်
၁၀မိနစ်အတွင်းမှာ သူအထင်ကြီးအောင် နင့် အပြုအမူတွေနဲ့ စွမ်းဆောင်ပါ
သမီး သူ့ ကို ကြိုက်ဖို့ လိုလား? - ငါသူ့ ကို သဘောကျတယ်..အဲဒါဆိုရပြီ
သူ့ အိမ်က ဘယ်မှာလဲ?
သူ့ ကိုယ်သူ သတ်သေမလို့ လား တစ်ယောက်ယောက်ကို သတ်မလို့ များလား?
ရေက အနက်ကြီးနော်
ခုန်ချလိုက်ရင် သေချာပေါက် သေမှာပဲ
အများကြီး မဖြစ်ပါဘူး မင်းခန္ဓာကိုယ်ထဲကို ရေ၀င်မယ်
အဆုတ်တွေရပ်သွားပြီးတော့ နှလုံးခုန်ပါရပ်သွားမယ်
လုပ်လေ ခုန်ချလိုက်!
ရှင်က ဘယ်သူလဲ? - ပါးစပ်ပိတ်ထား!
ကိုယ်ကိုကိုယ်သတ်သေမယ့်လူကို ငါက မိတ်ဆက်နေရဦးမှာလား?
ဘယ်သူက ကိုယ့်ကိုကိုယ်သတ်သေမှာလဲ?
မသေခင် ဘာဖြစ်လို့ လိမ်နေတာလဲ? ငါပြောတာ လက်ခံလိုက်
လိမ်တယ်?
မင်းသေရင် ဘယ်သူ့ ကိုအရင်အကြောင်းကြားပေးရမလဲ? ငါ့ကို ဖုန်းနံပါတ်ပေးဦးမှာလား?
ကျွန်မအနားကို မလာနဲ့ နော်
အဖေ့ဆီလား အမေ့ဆီလား..ရည်းစားဆီကိုလား? မင်းမှာ ရည်းစားတော့ရှိပုံမရဘူး
ကျွန်မအနားကို မလာနဲ့ လို့ ပြောထားတယ်နော် မလာနဲ့ 
တံတားက ဟိုဘက်မှာ မင်း ဘာဖြစ်လို့ အဲဒီက ခုန်မချတာလဲ?
ကောင်းကောင်းမကြားရဘူးလား?
ငါ့ဗိုက်ကို တအားနှိပ်နေရင် ရေတော့ ထွက်လာမှာ မဟုတ်ဘူး
ရှင် အဆင်ပြေရဲ့လား? - ပြေတယ်
ရှင်ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ?
You pressed on my stomach, I thought you'd give resuscitation...
ကောင်းသွားမယ်လို့ ကြားဖူးလို့ 
ရေမကူးတတ်ပဲ ရှင်ဘာလို့ ခုန်ချတာလဲ?
မင်းကို ကယ်ဖို့ ခုန်ချလိုက်တာလေ နောက်မှ ကိုယ်ရေမကူးတတ်ဘူးဆိုတာ သတိရသွားတာ
ပြီးတော့ ရေတွေအများကြီး မြိုချမိသွားတယ်
ရေက မနက်လောက်ဘူးထင်လို့  လမ်းလျှောက်ကြည့်လိုက်တာ
မင်းကိုယ့်ကို သယ်လာတော့ ငြိမ်နေလိုက်တယ်လေ
ကော်ဖီက ပေးနေတာပဲ
ကော်ဖီက ပူနေတာပါ!
ကော်ဖီက အေးနေတာ!
ကောင်မလေးတွေ အသင့်ပဲလား?
ကော်ဖီဆိုတာ ပူနေတာ!
ဒီကိစ္စကို ကယ်လီသိလား?
သူ ကိုလံဘီယာကိုရောက်နေတာ ကျုပ် သတင်းမပေးရသေးဘူး
သူ့ ကိုသာ ကျုပ်ပြောပြလိုက်ရင် ခင်ဗျားလည်း သေနေလောက်ပြီ ကျုပ်ကို အခုလိုတောင် စကားပြောနိုင်မှာ မဟုတ်ဘူး
တစ်ပတ်အတွင်း ရူပီး သန်း၅၀ပြန်ပေးပါ
ငါတို့ သဘောတူထားတဲ့ကိစ္စ ဒီမှာတင်အဆုံးသတ်သွားပြီ
မင်းတို့ က သန်း၁၀၀ပေးတယ် ငါက ကောင်မလေး အယောက်၁၀၀ပို့ ပေးလိုက်တယ်
ကာကွယ်ပေးဖို့  မင်းတို့ မအောင်မြင်တာလေ အဲ့ဒါ ငါ့အပြစ်လား?
ငါပြောတာ အဲလိုမဟုတ်ဘူး
မင်းရဲ့ချည်းကပ်ပုံကိုတော့ ငါသဘောကျတယ်
မင်းလိုချင်တဲ့အချက်ကို ပြောသွားတော့ ငါလည်း လိုချင်တဲ့အချက်ကို ပြောရတာပေါ့
ငါ့ခြေထောက်ကို ဘယ်လိုဆုံးရှုံးလိုက်ရလဲ သိလား?
ချာလီ..ငါမင်းကို ဇာတ်လမ်းတစ်ပုဒ်ပြောပြမယ်
တကယ်တော့ ငါက မိဘမဲ့တစ်ယောက်ကွ
ဟော်တယ်တစ်ခုမှာ အလုပ်လုပ်ခဲ့တာ
နှစ်လလောက်လုပ်ပြီးတော့ ငါက လစာတောင်းတာပေါ့ကွာ
သူက ငါလုပ်တဲ့အလုပ်ကို ပြခိုင်းတယ်
ငါလုပ်တဲ့အလုပ်ကို ဘယ်လိုလုပ်ပြီး ပြလို့ ရမှာလဲ?
ငါ့လစာကိုပဲ ထပ်တောင်းတော့ သူ ဒေါသထွက်လာတယ်
ငါ့ခြေထောက်ကို ချိုးတယ်
ငါသူ့ ကို ဘာပြန်လုပ်လိုက်လဲ သိလား?
ငါသာ ဟော်တယ်ပိုင်ရှင်ကို ကြောက်ခဲ့မယ်ဆိုရင် နောက်ထပ် ခြေထောက်တစ်ချောင်းပါ အချိုးခံရမှာ
ငါမင်းကို သနားလိုက်ရင် သန်း၁၀၀၀ဆုံးရှုံးလိမ့်မယ်
ဒီကိစ္စကယ်လီ သိသွားရင် ကျွန်တော်တို့ အတွက် အန္တရာယ်ရှိနိုင်တယ်
သူ သိသွားမှ မလား?
No comments yet. Be the first to leave one.