Strange Magic

Strange Magic

Download Burmese Subtitle

Release info

Strange Magic
A Commentary by wagnerlunes

Tags

other
Published on: 2017-11-14
Downloads: 40
Hearing Impaired: No

Burmese subtitle preview

The first 200 lines.

တိုင်းပြည် ၂ ပြည်ရဲ့အကြောင်း

ပုံပြင်လေးဖြစ်ပါတယ်

ဘေးချင်းကပ်လျက် ရှိနေပေမယ့်

ကမ္ဘာခြားနေကြသလိုပါပဲ

နယ်စပ်တစ်လျှောက်လုံးမှာ

မှော်ပန်းလေးတွေ ပွင့်နေတယ်

အလင်းနဲ့ အမှောင်ကြားမှာ မိုးဦးပန်းတွေ ဖူးပွင့်နေကြတာပေါ့

အဲဒီပန်းလေးတွေကို ပီယဆေးဖော်တဲ့နေရာမှာ အသုံးပြုကြတယ်

ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ်

လူတိုင်းက ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်ကြပါတယ်

ဟုတ်ပြီ

ပညာရှိတို့စကားရှိတယ်

ရူးမိုက်သူတို့သာလျှင် အချစ်မီးထဲ တိုးလို့ဝင်

ဒါပေမဲ့လည်း ကိုယ်လေ ထိန်းလို့မရတော့ပြီ

မင်းကို ချစ်မိတဲ့အချစ်တွေကို

ကိုယ်ပြောလိုက်ရမလားလေ

ဒါအပြစ်လား ဒါအပြစ်များဖြစ်နေမလား

တောင်းပန်ပါတယ်

ကိုယ်လေ ထိန်းချုပ်မရတော့ပြီ

မင်းကိုချစ်မိတဲ့ အချစ်တွေကို

ဘာလဲဟ

မိုးဦးပန်းပဲ

မဟုတ်ဘူး ဒီကို ငါတမင်လာတာမဟုတ်ဘူး ငါသွားတော့မယ် ငါသွားပြီ

- သူမိုးဦးပန်း ပွင့်ဖတ်ကိုယူဖို့များလား - ငါတို့ သွားပြောပြလိုက်ရင် ကောင်းမယ်

- သူတော့ သိပ်ကျေနပ်မှာမဟုတ်ဘူး - ငါကြည့်လုပ်လိုက်မယ် ငါပြောလိုက်ပါ့မယ်

ကောင်းတာပေါ့ကွာ

ဆရာရေ နယ်စပ်ကနေ သတင်းလာတယ်

မင်းပြောပြလိုက်

ကောင်းပြီ

- နတ်သမီးတစ်ပါး တောထဲဝင်လာပါတယ် - ဘာ

- မိုးဦးပန်းကိုလည်း ယူသွားဖို့လုပ်ပါသေးတယ် - မိုးဦးပန်းကို ဟုတ်လား

ငါ ဒီလိုရာသီချိန်ကို မုန်းလိုက်တာ

နွေဦးရာသီ

မိုးဦးပန်းတွေ အကုန်လုံးကိုရှင်းပစ်ဖို့ မှင်စာလေးတွေထပ်လွှတ်လိုက်

မိုးဦးပန်းမရှိရင် ပီယဆေးလည်းမရှိဘူး

ပီယဆေးမရှိရင် အချစ်လည်းရှိမှာမဟုတ်ဘူး

ဘာဖြစ်လို့လဲဆိုတော့

အချစ်က အရမ်းအန္တရာယ်များတယ်

အချစ်က အားငယ်စေတယ် ဆွေးမြေ့စေတယ်

အချစ်က အမိန့်အာဏာကိုလည်း ဖီဆန်စေတယ် အာဏာမရှိရင် ဘာကျန်ဦးမှာလဲ

ပရမ်းပတာဖြစ်ကုန်မှာပေါ့

မိုးဦးပန်းတွေကို အကုန်ဖျက်ဆီးလိုက် မဟုတ်ရင် မင်းကိုငါသတ်မယ်

- စတပ်ဖ် - ဂရစ်ဆယ်ဒါ

- နင့်အကူအညီလိုတယ် - မရဘူး

ငါ့သား မင်းဆရာရဲ့ မချစ်ရဆိုတဲ့အမိန့်ကြောင့် အားလုံးဘယ်လောက် စိတ်ဆင်းရဲရလဲဆိုတာ

- မင်းသိတယ်မဟုတ်လား - မသိဘူး

သစ်နက်တောထဲမှာ ချစ်ခြင်းတွေ ပြန်ရောက်လာတာကို မမြင်ချင်ဘူးလား

- မမြင်ချင်ပါဘူး - ဒါပေမဲ့ ငါသူ့အတွက် သင့်လျော်တဲ့...

ထွက်မလာနဲ့လို့ ငါပြောထားတယ်နော်

ရိုလန်..တော်သေးတာပေါ့

ငါတို့မင်္ဂလာပွဲအတွက် ပြင်ဆင်နေရမှာ မဟုတ်ဘူးလား

ပြင်ဆင်မှာပေါ့ ငါပြင်ဆင်နေပါတယ် နေဦး နင့်ကိုပေးစရာရှိတယ်

ငါ့အတွက်ဟုတ်လား ဘာဖြစ်လို့ နင်က အဲဒီလောက်ချစ်ဖို့ကောင်းရ..

- မယ်ရီယန်..နင်အပင်ထဲရောက်နေတာ - နင်ငါ့ကိုမကြည့်နဲ့ ငါမေ့သွားလို့

ငါတို့မင်္ဂလာပွဲနေ့မှာ ကံဆိုးသွားဦးမယ်

နင် ငါ့ကိုမမြင်ရတာဆိုးတာပဲ ငါ့ဆံပင်က ငါတို့သဘောကျတဲ့ပုံစံ လုပ်ထားတာ

ခဏနေဦး ခဏနေဦး နင် သစ်နက်တောထဲကို သွားလိုက်သေးလား

- မသွားပါဘူး သွားရင်လည်းသွားခဲ့မှာပေါ့ - နင်အသတ်ခံလိုက်ရနိုင်တယ်နော်

- မကြည့်နဲ့ - ရုပ်ပျက်ဆင်းပျက်ဖြစ်ရင် ပိုတောင်ဆိုးဦးမယ်

ငါ့ကိုယ်ငါ စောင့်ရှောက်နိုင်ပါတယ်

အဲဒါ မင်းသမီးတစ်ယောက် သွားရမယ့်နေရာမှမဟုတ်တာ

ဪ ဟုတ်လား ဒီလိုလုပ်နိုင်တဲ့ မင်းသမီးဆိုရင်ကော ဘယ်လိုလုပ်မလဲ

မယ်ရီယန် ဓားနဲ့မကစား..

ဓားတောင်ကိုင်နေပြီဆိုတော့ နင်လူကြီးဖြစ်နေပြီပဲ

ဟုတ်တယ် ဒါပေမဲ့ ငါ့အတွက်ဓားမလိုပါဘူး ငါဒီတိုင်းပြည်ကို အုပ်ချုပ်တဲ့အခါ

သစ်နက်တောကိုသွားပြီး သူတို့နဲ့စကားသွားပြောမယ် အဲဒီလိုလုပ်မှ

- အရင်လို ငါတို့ကြောက်နေဖို့မလိုတော့မှာ - အရမ်းလိမ္မာတာပဲ

အဲဒါဆိုရင် ပျော်ပျော်ရွှင်ရွှင် လျှောက်လည် လျှောက်ကြည့်ပြီး

ငါတို့သွားချင်တဲ့ နေရာတိုင်းကိုသွားပြီး စွန့်စားခန်းဖွင့်လို့ရမယ်လေ

ငါ နင့်ရဲ့စွန့်စားခန်း ဖြစ်ပေးမယ်လေ

လာပါ မယ်ရီယန် ငါ့ရဲ့ဘုရင်မလောင်းလေး

- ငါ့အနာဂတ် ဘုရင်လောင်း - ဟုတ်တယ်

ဘုရင်လောင်း ငါ့မှာ စစ်တပ်တစ်တပ်ရှိလာမယ်

ဟုတ်ပါ့ နေဦး ဘယ်လို

ဒီတိုင်းပြည်ကို ကာကွယ်ဖို့ရယ် ငါ့အချစ်ကလေးကို ကာကွယ်ဖို့အတွက်ပါ

အခု အလှသွားပြင်လိုက် ဒီနေ့တော့ အရာရာပြီးပြည့်စုံနေမှရမယ်

ချစ်ပါ သွားကြရအောင်

မယ်ရီယန်

- မယ်ရီယန် - ဘာလဲ

- မင်္ဂလာဆောင်ကို သတိရောရသေးရဲ့လား - ငါသိပါတယ်

- ငါတို့ ပြင်ဆင်ရမယ်လေ - သိပါတယ်

- နင့်ဆံပင်က ဘာဖြစ်နေတာလဲ - ငါသိတယ်

- အချိန်သိပ်မရှိတော့ဘူး - ငါသိပါတယ်ဆို

- အဲဒါ ဘာလဲ - သတို့သားရင်ကပ်ပန်း

- ရိုလန်ကို ငါဒါပေးဖို့မေ့သွားတယ် - နင့်သူ့ကို အဲဒါကြီးတော့ပေးလို့မရဘူး

- ဘာဖြစ်လို့လဲ - သူက အရမ်းချောနေတယ် မဟုတ်လား

ဟုတ်သားပဲ

- ငါပြန်ပြင်ပေးမယ် - ကျေးဇူးပဲ ညီမလေး

ဒေါန်

ငါချစ်သလိုမျိုး ရိုလန် ငါ့ကိုချစ်တယ်လို့ နင်ထင်လား

မယ်ရီယန်ရယ် ဘာလို့မချစ်ရမှာလဲ

နင်က ဒီလောက်ချစ်ဖို့ကောင်းတာ

တကယ်လား

နင် ဘယ်လောက်ချစ်ဖို့ကောင်းတယ်ဆိုတာ နင့်ကို သိစေချင်လိုက်တာ

- ကျေးဇူးတင်ပါတယ် - ရပါတယ် အားမနာပါနဲ့

- သူ့ကိုဒါလေး အခုပေးချင်လိုက်တာ - သူနင့်ကို အခုမြင်သွားရင် ကံဆိုးတတ်တယ်လေ

ရိုလန်

ငါတော့ သေပြီ

စစ်တပ်ရမှာ မဟုတ်တော့ဘူး

မယ်ရီယန်

မယ်ရီယန်

- ဒေါန် - ဘာဖြစ်တာလဲ

ငါ..

ငါမပြောပြချင်ဘူးဟာ

ငါ့ကိုတောင် မပြောချင်ဘူးလား

ငါမပြောချင်ဘူး တောင်းပန်ပါတယ်

ဒါပေမဲ့ ခဏလေး ခဏလေး

အဖေ့ကိုပြောလိုက်

- ဒီမင်္ဂလာပွဲ ပျက်သွားပြီလို့ - မင်္ဂလာပွဲပျက်သွားပြီ ဟုတ်လား

ဒေါန်

ဒေါန် နင်ဘယ်မှာလဲ

- ဒေါန် - ဒီမှာမရှိဘူး

သူ ကြားသွားဦးမယ်

မင်္ဂလာပွဲနေ့မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ တော်တော်ဆိုးဆိုးပဲ ဖြစ်ရမယ်

ဟုတ်တယ် တော်တော်အခြေအနေဆိုးတယ်

အခုဆို သူငါ့ကိုမျက်စိအောက်က အပျောက်မခံနိုင်အောင် စိတ်ပူနေတယ်

- ငါ့ကို ဘာကနေ ကာကွယ်ပေးချင်တာလဲ - နင့်ဘာသာနင် စောင့်ရှောက်နိုင်တာပဲဟာ

- ဟုတ်တယ် ဒါနဲ့ နွေဦးကပွဲလေ - ဘာလဲ

- ငါ့ရဲ့ပထမဆုံးကပွဲပဲ - မိုက်တာပေါ့

- နင့်မှာရော ဘာအစီအစဉ်ရှိလဲ - ငါစီစဉ်ထားတာက သီချင်းစတာနဲ့

နင်က ဟေဒရီယန်ဆိုတဲ့ ကောင်လေးကို မတော်တဆဝင်တိုက်ရမယ်

ဒီနေ့တော့အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းမှာပဲ

အခုတောင် စိတ်လှုပ်ရှားဖို့ ကောင်းနေပါပြီ

- ဘာလဲ - ဟေဒရီယန် ဟုတ်လား

ဟုတ်တယ် ဟေဒရီယန် ဆံပင်အနီ အကောက်နဲ့ကောင်လေ

မဟုတ်သေးဘူး မဟုတ်သေးဘူး ငါသူ့ကို စိတ်မဝင်စားဘူး ငါတကယ်စိတ်ဝင်စားတာ နေသန်

ဟုတ်ပြီလေ ငါဟေဒရီယန်ကိုရှာပြီးတော့ တခြားနေရာမှာ သွားနေခိုင်းမယ်

နေသန်ကိုရှာပြီး ဟေဒရီယန် အရင်ရပ်တဲ့နေရာမှာ ရပ်နေဖို့ ပြောလိုက်မယ်

- ငါ့ကို သူသဘောမကျရင်ရော - ဘယ်လို..ဘာမှစိတ်ညစ်မနေနဲ့

နားထောင် ငါအမြဲပြောသလိုပဲ..

- မပူပါနဲ့ကွာ - ငါ အရမ်းတက်ကြွနေတယ်လို့ ထင်သွားရင်ရော

- ဘာမှမပူနဲ့ - ငါကတာ ရယ်စရာကောင်းတယ် ထင်နေရင်ရော

အရာရာအားလုံး အဆင်ပြေသွားမှာပါ

ငါ့ဆံပင်ကပွနေတယ်လို့ ထင်ရင် ဘယ်လိုလုပ်မလဲ

ဘာတစ်ခုကိုမှ

- စိတ်မပူနဲ့ကွယ် - မပူနဲ့ကွယ်

အရာရာအားလုံး အဆင်ပြေချောမွေ့သွားမှာပါ

- ပြေသွားမှာ - မနက်အိပ်ရာကနိုးတော့

နေမင်းကြီးကို အပြုံးနဲ့နှုတ်ဆက်ရင်း

ငှက်ကလေးသုံးကောင်

အခန်းဝမှာ တေးလာသီ

ချိုမြိန်တဲ့သီချင်းလေးတွေ

စစ်မှန်တဲ့ သံစဉ်လေးတွေနဲ့

သတင်းစကားလေးပါးရင်း ပြောကြတယ်

ဘာတစ်ခုကိုမှ

- ဘာတစ်ခုမှ - မပူစမ်းနဲ့

- ဆန်နီ - ဒေါန် ငါသီချင်းဆိုနေတယ်

အရာရာအားလုံး အဆင်ပြေသွားမှာပါ

- ဆန်နီ - အေး

ဘာကိုမှ မပူနဲ့ကွယ်

- ဆန်နီ - ဘာလဲ

စိတ်ပူတော့

မဟုတ်ဘူးလေ မဟုတ်ဘူးလေ

- နားရွက်ကို ကိုက်မိမယ် - ကူညီကြပါဦး

ကူညီကြပါဦး အကူအညီလိုအပ်လို့ပါ

ကူညီဖို့ အရှေ့မှာရောက်နေပြီလေ

- ဆန်နီ - ပြေးသာပြေးရတာ အရပ်ကပုလိုက်တာ

ငယ်သေးတယ် မသေချင်သေးဘူး

မယ်ရီယန် နင်ရူးနေလား

ဆန်နီ ညာဘက်ကိုသွား

- ဆန်နီ ရှောင်လိုက် - ဟုတ်ပြီ

ဒေါန် ဒီမှာ လာကူပေးပါဦး

- နင့်ကိုတော့ ဘာလုပ်ရမလဲကိုမသိဘူး - ဆောရီး ငါလည်းဘာလုပ်ရမလဲ မသိလို့ပါ

ခေါင်းထဲမှာ ကောင်လေးတွေအကြောင်းပဲ စဉ်းစားမနေနဲ့

ငါမှမနေနိုင်တာ

နင့်ဘေးနားမှာ ဘာဖြစ်နေလဲဆိုတာ နင်ဘာမှမသိဘူး

ရပါတယ် ရပါတယ် ရပါတယ်

ဆန်နီ ဘယ်ရောက်သွားလဲ

နင်ကသစ်နက်တောထဲ ရောက်သွားတာပဲ

- ငါလား - သူရောက်သွားတာလား

သကြားနတ်သမီးဖြစ်သလို နင်ဖြစ်ချင်လို့လား

- မဖြစ်ချင်ပါဘူး - တစ်သက်လုံး အဖမ်းခံထားရမှာ

ဘာဖြစ်လို့လဲဆိုတော့ သူက ပီယဆေးဖော်လိုက်မိလို့..

- မိုးဦးပန်းတွေ - ငါတို့ ဒီကနေထွက်မှဖြစ်တော့မယ်

အဲဒီနေရာကနေ..

မယ်ရီယန် ဟဲ့ မယ်ရီယန်

နွေဦးကပွဲသွားဖို့ နောက်ကျနေတော့မှာပဲ

နင် ငါ့ကိုရူးအောင်လုပ်နေတာပဲ

- ငါတို့ ဒီကနေ အခုထွက်သွားမှဖြစ်တော့မယ် - ငါအခုလေးတင် အဲဒါပြောလိုက်တာလေ

မသေရုံတမယ်ဖြစ်သွားတာတောင် နင်က ဒီလိုနေနိုင်သေးတယ်ပေါ့

- ဘာကိုလဲ - နင်တို့ အခုလေးတင် အသတ်ခံရတော့မလို့လေ

ဘယ်ကိစ္စကိုမဆို အရမ်းပုံကြီးချဲ့တယ်နော်

ငါ အရမ်းဖရိုဖရဲဖြစ်နေပြီ

နွေဦးကပွဲသွားဖို့ ငါတို့ပြင်ဆင်ရဦးမယ်

မဟုတ်ဘူး နွေဦးကပွဲအတွက် နင်ပဲပြင်ဆင်ရမှာ

နင်ဒီအတိုင်းသွားမလို့လား တွဲကဖို့ အမေးခံရရင်တောင် ကံကောင်း

ငါ မကပါဘူး

အရာရာပြီးပြည့်စုံတဲ့ ကောင်လေးနဲ့ ငါကတွဲကရတော့မှာ

- အဲဒါ ဘယ်သူလဲ အဲရွန်လား - မဟုတ်ပါဘူး

- ဘင်ဂျမင် ချားလ်စ် ဒယ်ရင် - မဟုတ်ပါဘူး

- ဂေါ်ဒင်လား ဟားဘတ်လား - တစ်ယောက်မှ မဟုတ်ဘူး

ငါအက္ခရာအစဉ်တိုင်း ရွတ်သားပေးမယ်လေ

ပြုံးပါ သမီးလေးရဲ့ပြုံးထား

- စိတ်ထဲကပါပါပြုံးပါ - ဒါ သမီးရဲ့စိတ်ထဲက အပါဆုံးအပြုံးပဲ

သမီး အရင်ကနွေဦးကပွဲ အရမ်းကြိုက်တယ်လေ

သမီးအခု ဒါတွေကြိုက်ရမယ့်အရွယ် မဟုတ်တော့ဘူး

အရင်က အဖေသိခဲ့တဲ့ ပျော်ပျော်နေတတ်တဲ့ မယ်ရီယန်ကိုပဲ အဖေပြန်မြင်ချင်တယ်

ရိုလန်ကို အထင်မလွဲခင်အချိန်တုန်းကလိုပေါ့

သမီးပျော်ပါတယ် သမီးပျော်ပါတယ်

အဖေနဲ့ကရင်တော့ သမီးပျော်မယ်လို့ အဖေမျှော်လင့်တယ်

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left