The first 200 lines.
ကျွန်ုပ်၏ ချစ်ရပါသော ကလေးတို့......
နယူးယောခ်က ပြောင်းလာပြီးကတည်းက
ငါတို့တွေ မတွေ့ဖြစ်ကြတာ တော်တော်ကြာခဲ့ပြီ
ငါ့ရဲ့ ပေးကမ်းစွန့်ကျဲမှုကြောင့် ရရှိလာတဲ့
ပုပ်ရဟန်းမင်းကြီး ပေးအပ်သော ဘွဲ့နှင်းသဘင် အခမ်းအနားကို လာကြမယ်လို့ ငါ မျှော်လင့်ပါတယ်
မင်းတို့ကသာ ငါရဲ့တစ်ခုတည်းသော ကြွယ်ဝမှုပါ
ငွေတွေ အာဏာတွေထက် ပိုပါတယ်
မင်းတို့က ငါရဲ့ အဖိုးတန်ရတနာလေးတွေပါ
အန်တိုနီ နဲ့ မေရီ ရေ....
မင်းတို့အပေါ် ပြုစုပျိုးထောင်တဲ့ တာဝန်ကို မင်းတို့အမေကို လွှဲထားပေမယ့်
မင်းတို့ဘဝ ရှေ့ရေးကောင်းစားတာကို မြင်ရဖို့ ငါဘယ်လောက် တောင့်တလည်းဆိုတာ သိကြရဲ့လား
ပြီးတော့ ငါတို့အတူတူ သာယာတဲ့ ဘဝသစ်လေးတစ်ခုမှာ နေကြရအောင်ပါ
မင်းတို့အမေကိုဖျောင်းဖျပြီး ဒီလိုအခမ်းအနားမျိုးကို မိသားစုနဲ့တကွ မကြာမကြာ ခံစားရကြရအောင်
ဘာပဲဖြစ်ဖြစ်လေ ငါကတော့ မင်းတို့ကို ချစ်နေမြဲ အဖေတစ်ယောက်ပါ.....
ကျေးဇူးတော်နဲ့ပြည့်စုံသော မယ်တော်မာရီ
မိန်းမတကာတို့ထက် မြင့်မြတ်သော မိခင်...
သင်၏ဝမ်းတွင်းမှ ဖြစ်လာသော ယေရှူသည်လည်း ကောင်းခြင်းမင်္ဂလာဖြစ်စေသတည်း
ဘုရားသခင်ရဲ့သန့်ရှင်းသော မိခင် မယ်တော်မာရီ
ကျွန်ုပ်တို့ အပြစ်သားများအတွက် ဘုရားသခင်ထံ ဆုတောင်း ပေးတော်မူပါ
ဘုန်းတန်ခိုး အာနုဘော်နဲ့ ပြည့်စုံတော်မူသော ထာဝရ ဘုရားသခင်...
ကိုယ်တော်ရှင် ပေးအပ်သော အသင်းဝင်တံဆိပ်တော်ကို လက်ခံပေးမည့်သူအား ကောင်းချီးပေးတော်မူပါ
မိုက်ကယ် သင်သည် .......
ဆင်းရဲသူများ ချို့တဲ့သူများ နာမကျန်းဖျားနာဖြစ်နေသူများကို ဂရုစိုက်ရန် အတွက်
ဤမြင့်မြတ်သော တာဝန်အား သစ္စာရှိစွာ ထမ်းဆောင်ပါမည်...... ဟု ကတိပြုပါသလား
ပြုပါတယ်
မြင့်မြတ်သော ကောင်းကင်ဘုံ၌ သန့်ရှင်းသော ဝိညာဉ် တည်နေပါစေ
ထာဝရ ဘုရားသခင် စောင့်ရှောက်ပါစေ
ခမည်းတော် သားတော် သန့်ရှင်းသော ဝိညာဉ်တော်၌ သင့်အပေါ် အမြဲတမ်း ကောင်းချီးမင်္ဂလာ သွန်းလောင်းပေးပါစေ
ယနေ့မှစ၍ သင့်အပေါ် အမြဲတမ်းသက်ရောက် တည်နေပါစေသော် ......
ဗင်းဆင့် ငါတို့နာမည် စာရင်းထဲ မပါဘူးတဲ့
မန်စီနီလို့ ချရေးလိုက် M-A-N-C-I-N-I.
- ဘာများ အခက်အခဲရှိလဲ - ငါ့နာမည် စာရင်းထဲ မပါလို့
အမည်စာရင်းမှာ မပါဘူးဆိုရင်တော့ အပြင်ထွက်သွားပေးပါ
မင်းက ငါ့ကို စမ်းချင်တာလား ချာတိတ်
ဂျိုး , အဲဒါ ဗင်နီ ... ငါတို့ ဧည့်သည်ကွ
တောင်းပန်ပါတယ် ဆရာ စိတ်မရှိပါနဲ့
ဧည့်ခံပွဲကနေ ကြိုဆိုပါတယ်
- တွေ့ရတာ ဝမ်းသာပါတယ် - ဝမ်းသာပါတယ် ဒါ ကျွန်မ အမျိုးသားပါ
- ထိုင်ကြပါ - ကျွန်မသား အန်တိုနီ
ကက်သလစ် အသင်းတော်ကပေးတဲ့ အမြင့်ဆုံး ဂုဏ်ပြု ဆုတံဆိပ် စိန့်စီဘက်ရှန် ဟာ
အရပ်သားကို ပေးတဲ့ အမြင့်ဆုံး ဆုတစ်ခုပဲ ဒီဆုကို ပုပ်ဂရီဂေါ်ဂီ ကနေ စတင်ပေးအပ်ခဲ့ကြတယ်
မစ္စတာ ကော်လီဝမ်နဲ့ လောင်းကစား ဆက်စပ်မှုအကြောင်းကရော
သတင်းစာတွေက ပုံနှိပ်ဖော်ပြကြတယ်
မြေအောက်အဖွဲ့အစည်းနဲ့ ပက်သက်မှု အကြောင်းကရော ဘယ်လိုလဲ
အဲဒါတွေ ခဏ ဖယ်ထားလိုက်စမ်းပါ ...
သန့်ရှင်းသောဖခင် ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်က ဒီကနေ့မှာပဲ ......
မစ္စတာ မိုက်ကယ်ကော်လီဝမ်ကို ကောင်းချီးပေးလိုက်ပါတယ် ခင်ဗျားကိုယ် ခင်ဗျား ပုပ်ထက် ပိုသိတယ် ထင်နေလား
- လုပ်ပါ - ဗင်းဆင့် သူမက ရှင့်ကို ချစ်နေတယ်
အင်း
ငါကလည်း ချစ်ပါတယ်
ဟိုင်း ဗင်းဆင့် ရှင့်ကို မှတ်မိတယ်
ငါ့ကို မှတ်မိတယ်လား ဘယ်မှာဆုံဖူးလဲ
နောက်ဆုံးတစ်ခါတုန်းက ပါတီတစ်ခုမှာ အတူတူရှိနေဖူးတယ်
- မင်းက ကလပ်ကို လာဖူးလို့လား - မဟုတ်ပါဘူး မင်္ဂလာဆောင်တစ်ခုမှာပါ
မင်္ဂလာဆောင်မှာလား
ကျွန်မ ၈ နှစ် အရွယ်တုန်းက ရှင်က ၁၅ နှစ်ပေါ့
ငါ ၁၅ နှစ်အရွယ်မှာ မိန်းကလေး သူငယ်ချင်းတွေ အများကြီး ရှိနေတယ်
- ၈ နှစ်သမီးတွေရောလား - အထူးသဖြင့် သူတို့ အားလုံးပေါ့
မေရီ ဘယ်သွားနေလဲ
တစ်ယောက်လောက် မေရီကို ရှာပေးကြပါ့လား ခွင့်ပြုနော် ငါ အရေးကြီးနေလို့
ရှင် အခုထိ ကျွန်မကို နှုတ်ဆက်အနမ်း မပေးသေးဘူးနော်
- ငါတို့က အမျိုးတော်လို့လား - ကျွန်မက ရှင့် ညီမ တစ်ဝမ်းကွဲပဲ
- မင်းအဖေက ဘယ်သူလဲ - ရှင့်ကို သဲလွန်စ တစ်ခု ပေးမယ်
သူက အီတလီလူမျိုးပဲလေ
မေရီ ငါတို့ နင့်ကို စောင့်နေတာ
နင့်အသံကို လျှော့ဖို့ မမေ့နဲ့
ပြုံးထားနော် ပြုံးဖို့လည်း မမေ့နဲ့
အားလုံး နားထောင်ပေးကြပါ
ကျွန်တော်ကတော့ ဗစ်တိုကော်လီဝမ် ဖောင်ဒေးရှင်းရဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဖြစ်ပါတယ်
ဒါ ကျွန်တော့ သမီး မေရီ ကော်လီဝမ်
ကျေးဇူးတင်ပါတယ်
အဖေက ကျွန်မကို ချစ်လို့ စကားပြောခွင့် ပေးတယ် ထင်တယ် ဒီအတိုင်းပဲ ဖြစ်ပါလိမ့်မယ်
ဗစ်တိုကော်လီဝမ် ဖောင်းဒေးရှင်းဟာ တိုင်းပြည်ရဲ့ ဆင်းရဲသူတွေကို ကူညီပေးနေပါတယ်
အနုပညာရှင်တွေ ဆေးဝါးသုတေသနတွေ
ပြီးတော့ စစ္စလီရဲ့ တိုးတက်ရေး အတွက် အဓိက ရပ်တည်ပေးထားတာ ဖြစ်ပါတယ်
သာသနာတော်ဂိုဏ်းချုပ်ကြီး ဂီဒေး
စစ္စလီက ဆင်းရဲသူတွေအတွက် ဗစ်တိုကော်လီဝမ် ကိုယ်စား ဒေါ်လာ သန်း ၁၀၀ လှူပါတယ်
တစ်နေရာတည်း မသုံးလိုက်နဲ့နော်
မေရီ မင်းအတွက် အရမ်း ဂုဏ်ယူမိတယ်
မိုက်ကယ် ...
မင်း စစ္စလီအတွက် အံ့ဩစရာကောင်းအောင် လုပ်ခဲ့တာပဲ
ပိုက်ဆံတွေ လိုအပ်တဲ့သူတွေစီ ရောက်သွားပါစေလို့ မျှော်လင့်ပါတယ်
အလိုတော်အတိုင်းပေါ့
အရေးအကြီးဆုံးအပိုင်းက ဂျွန်နီ ဖော့တိန်း ဖြစ်ပါတယ်
ဒီမှာ ပျော်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်
ခင်ဗျားတို့နဲ့အတူ မိုက်ကယ် ကော်လီဝမ်ကို ဂုဏ်ပြုကူကြဖို့ ဖိတ်ခေါ်ချင်ပါတယ်
ကျွန်တော်တို့ရဲ့ ခေါင်းကိုင်အဖ အတွက် ကျွန်တော်မှာ အထူးအစီအစဉ် တစ်ခု ရှိပါတယ်
အခုတင်ပဲ သူ့ရဲ့ အကြိုက်ဆုံး သီချင်းကို သိရပါတယ် မိုက်ကယ် ခင်ဗျား ဘယ်သွားမလို့လဲ ခင်ဗျားအကြိုက်ဆုံးသီချင်းလေ
စားဖိုဆောင်သွားပြီး တိုနီဘန်းနက် သီချင်း သွားနားထောင်မလို့
ခင်ဗျားအကြိုက်ဆုံးသီချင်း "ဆယ်ဆီဆာရဲ့ ကိုယ်ပိုင်" တဲ့လေ
ငါတို့က ဆယ်ဆီဆာရဲ့ ဆန်းဒွစ် သွားစားမလို့ ပြန်လာခဲ့ပါ့မယ် .....
ဟယ်လို ကေ....
ဂုဏ်ယူပါတယ် မိုက်ကယ် တကယ့် ကြီးမြတ်တဲ့ ဂုဏ်သတင်းပါပဲ
ဈေးတော့ကြီးမှာပဲလို့ မပြောတော့ဘူးလား
- ကိတ်စားမလား - မစားတော့ဘူး ကျေးဇူးပါပဲ
- အချိန်တွေ ကြာခဲ့ပြီနော် - အင်း
- ၈ နှစ် - ဟုတ်တယ်
မင်း ကြည့်ကောင်းနေတုန်းပဲ
ရှင့်သားမှာ ရှင့်ကို ပြောစရာတစ်ခုခု ရှိပုံပဲ သူ့အတွက်ကြောင့် ဒီကို လာခဲ့ရတာ
- ရှေ့နေလုပ်ရတာ ဘာပြသနာရှိလဲ - သူက သူ့ဘဝကို ဂီတမှာ မြုပ်နှံချင်တာ
ဂီတက ကောင်းပါတယ် ငါ ဂီတကို ကြိုက်ပါတယ် ဒါပေမယ့် သူ စထားတာကိုပဲ အဆုံးသတ်ရမယ်
အန်တိုနီ ....
- ကျွန်တော့ ရည်မှန်းချက် အတိုင်း သွားမှာပါ - မင်း ရည်မှန်းချက်က ...
- နိုင်ငံကျော် အဆိုတော် - ဟုတ်တယ်
တကယ်လို့ မအောင်မြင်ရင်ရော
- ကျွန်တော် ကျရှုံးမှာ မဟုတ်ဘူး - ယောက်ျားတွေ အမြဲ အဲဒိလို ယုံကြည်ကြတယ်
မင်းသာ ဥပဒေဘွဲ့ရထားရင် အရင်းအနှီးထုတ်ပေးမယ်
- ပြီးတော့ ငါ့အတွက် အလုပ် လုပ်... - ကျွန်တော် ခင်ဗျားအတွက် အလုပ် မလုပ်ချင်ဘူး
ကျွန်တော့မှာ ဆိုးဝါးတဲ့ အမှတ်တရတွေ ရှိနေတယ်
မိသားစုတိုင်းမှာ ဆိုးဝါးတဲ့ ဖြစ်ရပ်တွေတော့ ရှိခဲ့တာပဲ
ကျွန်တော်ဟာ အမြဲတမ်းတော့ အဖေ့သား ဖြစ်နေမှာပါ ဒါပေမယ့် အဖေ့လုပ်ငန်းနဲ့တော့ ဘာမှ ပက်သက်စရာမရှိဘူး
အန်တိုနီ ဥပဒေဘွဲ့ ရအောင် အရင်လုပ်ပါ
မလုပ်ချင်ဘူး
အဲဒိလို အကျင့်တွေက ရှင့် စီက ရလာတာလေ
- သူ့ကို နားချဖို့ မင်း ငါ့ကို ကူညီသင့်တာ - ဘာအတွက် နားချရမှာလဲ
ဘာအတွက် ဟုတ်လား
သူက သူ့ဘဝကို ဖျက်ဆီးနေတာ သူ့ ကြီးကျယ်ခမ်းနားမှုတွေကို လွှင့်ပစ်နေတာ
ဒါ ကြီးကျယ်ခမ်းနားတာလား
အခုတော့ ရှင်က အရမ်းကို လေးစားစရာ ကောင်းနေပြီ ကျွန်မကတော့ အရင်ကထက် အန္တရာယ် ကြီးလာပြီ ထင်တာပဲ
ကျွန်မကတော့ သာမန် မာဖီးယားဂိုဏ်း ခေါင်းဆောင် ဘဝလေးကိုပဲ သဘောကျတယ်
ကောင်းပြီလေ
ငါတို့ ဒီမှာ သာမန်ကိစ္စလေးတွေပဲ ပြောလို့ရမလား
ရှင် ဖရီဒိုကို သတ်လိုက်တာ တိုနီ သိတယ်
- မင်းဒီကို ဘာအတွက်နဲ့ လာတာလဲ - ကျွန်မသားကို ကာကွယ်ဖို့
ရှင် အသင်းတော်နဲ့ ဖုံးကွယ်ထားတာကို လာကြည့်တာ မဟုတ်ဘူး အခုဟာက ရှက်စရာကောင်းတယ်လို့ ထင်တယ်
ငါ့သားကို ကာကွယ်ဖို့ အတွက် ငါ့ဘဝကို ပေးဆပ်ထားတယ်
ငါ့မိသားစုကို ကာကွယ်ဖို့ ငါ့ဘဝကို စတေးထားတယ်
မျှမျှတတ လုပ်ရအောင် ဟုတ်ပြီလား
အဲ့ဒါတွေက ရှင့်ရဲ့ ပေးဆပ်မှုတွေပေါ့ ဟုတ်လား မိုက်ကယ်
- လူသတ်မှုတွေကို ဖုံးကွယ်ထားတဲ့ အကြောင်းပြချက်တွေလား - အိုး .. ဘုရားရေ
- မင်း ငါ့ကို အရမ်း မုန်းနေတာပဲ - မဟုတ်ပါဘူး
ကျွန်မ ရှင့်ကို မမုန်းပါဘူး
ကျွန်မ ရှင့်ကို ကြောက်နေတာ
မင်းတို့အတွက် ငါလုပ်နိုင်သမျှ လုပ်ခဲ့တယ် ကေ တစ်လောကလုံးက အန္တရာယ်တွေကို ကာကွယ်ဖို့ပေါ့
ဒါပေမယ့် ရှင်က ကျွန်မတို့အတွက် ကြောက်စရာဖြစ်လာတယ်
ကလေးတွေကတော့ ရှင့်ကို ချစ်ကြပါတယ် အထူးသဖြင့် မေရီပေါ့
တစ်ခုတော့ ရှိသေးတယ်
ငါတို့ အခြေခံတစ်ခုခု ရသွားအောင် လုပ်ပေးဖို့ အတွက်
ကြိုးစားကြည့်ရတာပေါ့
တိုနီကို သူ့ဘဝသူ ရပ်တည်ဖို့ ခွင့်ပြုမှဖြစ်မယ် ရှင်နဲ့ ဝေးရာကိုပေါ့ ....
ငါ တိုနီကို လုပ်ခွင့်ပေးပါတယ်
ကျေးဇူးပါပဲ
အဲဒါမျိုးတွေကြောင့် တစ်ယောက် ခိုက်သွားနိုင်တယ် ငါမင်းကို လိုက်ပြပါရစေ
ကျွန်မကို ကော်လီဝမ်နဲ့ အင်တာဗျူးခွင့်ရအောင် လုပ်ပေးနိုင်မလား
မရဘူး အမျိုးတော်ပေမယ့် ဒါတော့ လုပ်ပေးလို့မရဘူး တခြား ဘာကူညီပေးရမလဲ
- ရှင်က ယောက်ျားပီသတယ် ဒါပေမယ့် အသုံးမကျဘူး - အိုး ဟုတ်လား
- ဟုတ်ပြီလား ကျွန်မ သွားလောင်းဦးမယ် - လောင်းကစား လုပ်တတ်လား
အတ္တလာန်တစ်မြို့ကို သွားရအောင် ဘယ်လို လောင်းကစားလုပ်တယ်ဆိုတာ ငါပြမယ်
- ဘယ်နံပါတ်လောင်းရမယ်ဆိုတာ ဘယ်လိုသိရမလဲ - ငါက အရှုံးသမားနဲ့ တူနေလို့လား
ကောင်းပြီလေ
ဟိုတစ်ယောက် ကြည့်နေပုံက ကြောက်စရာ
- အဲဒိလိုလူက ဒီမှာ ဘာလာလုပ်နေတာလဲ - အဲဒါ ဂျိုဝီ ဇာရှာ ရဲ့ လူမိုက်လေ
- ရှင် အဲဒိလူကို သိလား - အင်း သိတယ်လေ
သူ့နာမည်က အန်တိုနီ စကွီဂီလာယို သူတို့ အချင်းချင်းကတော့ ပုရွက်ဆိတ်လို့ ခေါ်ကြတယ်
သူ့ကျည်ဆံတွေကို ဆိုင်ရာနိုက် အဆိပ်မှာ စိမ်ထားတတ်လို့
ဒွန် အော်တိုဘဲလို
- လေးစားသမှုနဲ့ လာခဲ့တာပါ - ကျေးဇူးတင်ပါတယ်
ခင်ဗျားက ကျွန်တော့အဖေရဲ့ ရင်းနှီးမှုကို ဂုဏ်ပြုလိုက်တာပဲ
ငါ့ရဲ့ ခေါင်းကိုင်သမီး ဘယ်မှာလဲ
- အရမ်း ဝမ်းသာတာပဲ - ဒွန် အော်တိုဘဲလို
မင်းကို ငါ့လက်အိုကြီးတွေနဲ့ ချီပိုးခဲ့တာ မကြာသေးသလိုပဲ
မိုက်ကယ်
- ထိုင်ပါဦး - မထိုင်တော့ဘူး ရပါတယ်
မိုက်ကယ် ငါ့မှာ အစွမ်းအစတွေ မရှိတော့ဘူး လူငယ်ဘဝ အနှစ် အရသာတွေရော မရှိတော့ဘူး
မိန်းမတွေအပေါ် တပ်မက်စိတ်တွေရော မရှိတော့ဘူး အခု ငါ့စိတ်တွေ ငြိမ်းချမ်းနေတယ်
ဘုရားအတွက် တာဝန်တွေလည်း ရှင်းပြီးပြီ မင်းစီက အထူးအခွင့်အရေး တောင်းဆိုချင်တယ်
ငါ့နာမည်ကို ဗစ်တိုကော်လီဝမ် ဖောင်ဒေးရှင်းနဲ့ တွဲလို့ရမလား
အဲဒါမှ မင်းနဲ့ငါ စိတ်ရော ကိုယ်ပါ ပေါင်းစပ်လို့ ရသွားတာပေါ့
- ဒေါ်လာ တစ်သန်းပါ - အများကြီးပဲ
- ခေါင်းကိုင်အဖ - ဒွန် အော်တိုဘဲလို ခင်ဗျားမှာ နှလုံးသားရှိတာပဲ
လာပါ အပြင်သွားပြီး တစ်ခုခု သွားသောက်ရအောင်
ဗာတီကန်က အလှူရှင်တွေအကြောင်းဘာမှ မသိဘူး
ကောင်းတာပေါ့ ကျုပ်မှာ စိုးရိမ်စရာတစ်ခု လျော့တာပေါ့
ကျုပ်တို့ နေရာကို ခိုင်ခိုင်မာမာ တိုးချဲ့နိုင်ပြီပေါ့
- သဘာဝကျကျ ဆိုရင် စိတ်ပူတယ် - စိတ်မပူနဲ့ ငါတို့ သဘောတူထားတာပဲ
ကောင်းပြီ ကျုပ် ဒီဆံပင် ငွေရောင်တွေ ဘယ်ကရတယ် ထင်လို့လဲ
မစ္စတာကော်လီဝမ် နှစ်စက္ကန့်ထဲပါ ရေကူးကန်အတွက် ထောက်ပံ့ပေးတာ ကျေးဇူးတင်ပါတယ်
ဆမ် ဝေါလေ့ ရဲ့ ကိုယ်စားလှယ်လောင်းပြိုင်ပွဲမှာ တရားမျှတဖို့ ခင်ဗျား အကူအညီ လိုနေတယ်
- ငါတို့ အမြဲတမ်း တရားမျှတအောင် လုပ်ခဲ့တာပဲ - ကျေးဇူးပါ
အန်ဒရူး
ကျွန်တော့ ခေါင်းကိုင်သား အန်ဒရူး ဟာဂျန် ကျွန်တော့အကို တွမ်ရဲ့ သားကြီးပေါ့
သူက ဘုန်းတော်ကြီး ဘရီးလန်းကို အကူပြုနေတာ သုံးနှစ်ရှိပြီ
- သူက ဗာတီကန်စာမေးပွဲဖြေဖို့ မျှော်လင့်ထားပါတယ် - ရောမမှာ တရားဟောဆရာတွေအတွက် နေရာရှိပါတယ်
သူ့အမေ ထရီဆာ ဟာဂျန်, ဘုန်းတော်ကြီး ဂီဒေး
တွေ့ရတာ ဂုဏ်ယူပါတယ်
မစ္စတာ ကော်လီဝမ် ဟိုင်း ဂရေ့ ဟာမီတန် ပါ
ဗင်းဆင့် မန်စီနီက ရှင်နဲ့ကျွန်မကို တွေ့ပေးမယ်လို့ ပြောပါတယ်
- ဗင်းဆင့် မန်စီနီက သူမ အကြောင်းပြောပြထားလို့လား - မပြောပြထားဘူး
- ဂရေ့ မင်း အပြင်မှာ နေမယ်လို့ ကတိပေးထားတယ်လေ နှစ်ခါရှိပြီ - သိပါတယ်
ဂျိုဝီ ဇာရှာ ရောက်လာတယ် သူ့ကို ဧည့်ခန်းမှာ စောင့်ခိုင်းထားတယ်
သူက ပုဂ္ဂိုလ်ချင်းတွေ့ပြီး သူ့ရဲ့လေးစားသမှုကို ပြချင်တယ်တဲ့
- သူ့ကို တွေ့စရာ လိုလား - ခင်ဗျားရဲ့ထောက်ခံသူပါလို့ သူပြောတယ်
ဟေး ဗင်းနီ
- မင်းအချစ်ဆုံး အန်တီက ဘယ်သူလဲ - ခင်ဗျားပါပဲ
ဒီနေ့ ငါ မိုက်ကယ်ကို မင်းရဲ့ ကိစ္စပြောမလို့ လုပ်နေတာ
ကျွန်တော့ကို သတိပေးသင့်တယ် ဒီထက် ပိုကောင်းတဲ့ ဝတ်စုံ ဝတ်လာတာပေါ့
မေယုချီအသင်းက ဒီနှစ်အတွက် အထင်ရှားဆုံးဆု အတွက်
အီတာလျံအမေရီကန် ခင်ဗျားကို ရွေးချယ်လိုက်တယ်
မေယုချီ ...
မေယုချီ ဆိုတာ ဘယ်သူလဲ
No comments yet. Be the first to leave one.