Surrogates

Surrogates

Download Burmese Subtitle

Release info

Surrogates
A Commentary by erasmo

Tags

other
Published on: 2017-11-19
Downloads: 37
Hearing Impaired: No

Burmese subtitle preview

The first 200 lines.

သင့်ကိုယ်သင် ပြန်ကြည့်ကြည့်ပါ

ထိုင်ခုံကနေ ခွာ မတ်တတ်ထရပ်ပြီး မှန်ထဲမှာ ကြည့်ကြည့်လိုက်

ဘုရားသခင် ဖန်ဆင်းထားတဲ့ ခင်ဗျားကိုယ်ခင်ဗျား မြင်ရမယ်

လောကကြီးအကြောင်းကို ကျွန်တော်တို့က စက်ကနေတစ်ဆင့် ခံစားကြည့်ရမှာမဟုတ်ပါဘူး

လွန်ခဲ့သော ၁၄ နှစ်

ဒီမျောက်က လက်တံကို စေခိုင်းနေတာလို့ ခင်ဗျား ဆိုလိုတာပဲ

- သူ့အတွေးသက်သက်နဲ့ပဲ စေခိုင်းနေတာပါ - ဟုတ်တာပေါ့

အာရုံခံအစိတ်အပိုင်းပေါင်း ၁၀၀ ရှိတယ်

တစ်ခုချင်းစီက သီးခြားဦးနှောက်ဆဲလ် ဒါမှမဟုတ်

အာရုံကြောရဲ့ညွှန်ကြားမှုကို နာခံတယ်

မသန်စွမ်းသူတွေလည်း ဒီစနစ်နဲ့ လှုပ်ရှားနိုင်တယ်

အတုဖန်တီးထားတဲ့ လူ့ခန္ဓာကိုယ်အရုပ်တွေပါ

ဒါဟာ အနာဂတ်အတွက် ကြီးမားတဲ့

မျှော်လင့်ချက်တစ်ခုကို ပေးစွမ်းသွားမှာပါ

လွန်ခဲ့သော ၁၁ နှစ်

ကျွန်မတို့မှာရှိတဲ့ နည်းပညာကြောင့် စစ်ပွဲဖြစ်ပွားတဲ့အခါ

ဒါကို တွေ့မြင်ရဖန်များလာပါလိမ့်မယ်

စစ်တပ်နဲ့ စက်မှုလုပ်ငန်းသုံးကနေ

ထုတ်လုပ်မှု ပမာဏကို တိုးချဲ့လိုက်တဲ့အခါ

လူအစားထိုးစက်ရုပ်တွေကို အများပြည်သူတွေ လက်လှမ်းမီလာပါတယ်

ကျွန်တော်တို့ နေထိုင်မှုပုံစံလည်း လုံးလုံးပြောင်းလဲသွားစေပါတယ်

ရောဂါကင်း ထိခိုက်ဒဏ်ရာမရဘဲ အိမ်ပြင်ထွက် သွားလာနိုင်တဲ့အပြင်

အားကစားရုံ သွားစရာမလို ခွဲစိတ်ကုသစရာ မလိုဘဲ

ပြီးပြည့်စုံတဲ့ ရုပ်ရည်ရူပကာကို ပိုင်ဆိုင်နိုင်ပါတယ်

သူတို့ကလည်း သူများနည်းတူ လူသားတွေနဲ့

အထိုက်အလျောက်တူညီမှုရှိမယ်ဆိုတာတော့ သံသယဖြစ်စရာမရှိပါဘူး

သူတို့က လူသားတွေ မဟုတ်ပေမဲ့

ကျွန်မတို့လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း ဖြစ်လာလိမ့်မယ်

ကျွန်မဘက်ကတော့ လက်မခံနိုင်စရာအကြောင်း လုံးဝ မရှိပါဘူး

နေ့စဉ်ဘဝမှာ လူအစားထိုးစက်ရုပ်တွေ အသုံးပြုခွင့်ကို

နိုင်ငံတော်တရားရုံးချုပ်ကနေ

အဆုံးအဖြတ် ၅ မဲမှာ ထောက်ခံမဲ ၄ မဲနဲ့ အတည်ပြုခဲ့ပါတယ်

ဆင့်ကဲပြောင်းလဲမှုရဲ့သိသာထင်ရှားတဲ့ဖြစ်စဉ်ကို

အခု ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရပါတယ်

လွန်ခဲ့သော ၇ နှစ်

စက်မှုလုပ်ငန်းရဲ့ဦးဆောင်ထုတ်လုပ်သူ ဗွီအက်စ်အိုင်ရဲ့အဆိုအရ

ကမ္ဘာ့လူဦးရေ ၉၈ ရာခိုင်နှုန်းကျော်ဟာ

သူတို့ရဲ့နိစ္စဓူဝလုပ်ငန်း အဝဝမှာ

လူအစားထိုးစက်ရုပ်တစ်ရုပ်ကို အသုံးပြုနေကြပါတယ်

ကျွန်တော်တို့ဟာ ကြီးကျယ်လွန်းတဲ့ ပြောင်းလဲမှုတွေကြားမှာ ရောက်ရှိနေတာပါ

တစ်ချိန်တုန်းက စိတ်ကူးလို့တောင်မရခဲ့တဲ့အရာတွေဟာ

မလွဲဧကန်ဖြစ်လာပါပြီ

လူအစားထိုးဆောင်ရွက်တာကို တစ်ကမ္ဘာလုံး လက်ခံလာကတည်းက

ပြစ်မှုကျူးလွန်နှုန်းတွေဟာ စံချိန်တင်လောက်အောင် ကျဆင်းလာခဲ့ပါတယ်

အကြမ်းဖက်မှုတွေ ကူးစက်ရောဂါတွေ ခွဲခြားဆက်ဆံမှုတွေဟာ

မထင်မှတ်လောက်အောင် လျော့နည်းသွားတာကို မျက်မြင်တွေ့နေရပါတယ်

ရာစုနှစ်တော်တော်ကြာ ပြည်သူတွေကို ဒုက္ခပေးခဲ့တဲ့

ပြဿနာတွေဟာ တစ်မုဟုတ်ချင်း ပြေလည်သွားပါပြီ

ကျွန်တော်တို့က ဖန်ဆင်းရှင်တွေပါ

လူအစားထိုးစက်ရုပ်တွေကို ဖန်တီးသွားမှာပါ

စက်ရုပ်တစ်ရုပ်တည်းနဲ့ ကျွန်တော်တို့အတွက်

အရာခပ်သိမ်းလုပ်ဆောင်ခိုင်းမှာပါ

လွန်ခဲ့သော ၃ နှစ်

ဒါပေမဲ့ လူအစားထိုးစက်ရုပ်တွေကို အင်တိုက်အားတိုက်

ဆန့်ကျင်နေတဲ့ လူနည်းစုတစ်စု ရှိနေပြီး

စက်ရုပ်အသုံးပြုမှုကို ကန့်သတ်ဖို့ လှုပ်ရှားနေကြတာ ဖြစ်ပါတယ်

လူအစားထိုးစက်ရုပ်ဟာ လူသားမဆန်မှု

စိမ့်ဝင်ပျံ့နှံ့ခြင်းလို့ လူအများစုကတော့ မြင်ကြပါတယ်

ဒါကြောင့် သူတို့တွေဟာ နိုင်ငံတစ်ဝန်း မြို့ကြီးတွေမှာ

သီးသန့်နယ်မြေတွေ ဒါမှမဟုတ်

လူအစားထိုးစက်ရုပ်ကင်းမဲ့ဇုန်တွေ တည်ထောင်ထားကြပါတယ်

သူတို့ကို ဦးဆောင်ခဲ့သူကတော့ ဇာယဲလ်ပေါင်းဝဲ ပါ

သူ့နောက်လိုက်တွေကြားမှာတော့ တမန်တော်လို့ ထင်ရှားပါတယ်

အဲဒီစက်ရုပ်တွေ အပြင်မှာ လျှောက်သွားနေကြတယ် သူတို့က အလိမ်အညာတွေပဲ

ခင်ဗျားတို့ အလိမ်အညာတစ်ခုကို ရောင်းချနေတာပဲ

မင်း ကလက်စ်ကာကို သဘောကျသွားမှာ

ဟုတ်ပြီလေ ဒါပေမဲ့ ဇာတ်သိမ်းကိုတော့ မပြောပြပါနဲ့

အားလုံး သူတို့နည်းနဲ့သူ အဆုံးသတ်ကြမှာ အားလုံး သေကြရမှာပဲ

မင်း အရှေ့ပိုင်းကို အလည်ပြန်လာနိုင်တာ အရမ်း ဝမ်းသာတာပဲ

စာမေးပွဲနားချိန်ဖြစ်နေလို့ပါ

ကျွန်တော်တို့ ရောက်ခါနီးပြီ ပြောတာနားထောင်ဦး

ကျွန်တော့်အတွက် သူ့ကို ငှားပေးလို့ ကျေးဇူးတင်ပါတယ်

ပျော်စရာကောင်းတဲ့အချိန်လေး ဖြစ်ပါစေ

မင်းကို ချစ်တယ်

ကျွန်တော်လည်း အဖေ့ကို ချစ်ပါတယ် အဖေ

အာမန်ဒို တကယ်တော့ ကျွန်တော် အော်ပရာကြည့်ဖို့ စိတ်မပါဘူး

ဖော့တ်ပွိုင့်လား

ကျွန်တော့်စိတ်ကို သိသားပဲ

သွားစမ်းပါ အသားတုံးရာ

အေးဂျင့်ပီတာ ဒါက အေးဂျင့်ဂရီယာပါ..အက်ဖ်ဘီအိုင်ကပါ

ဟုတ်ကဲ့ ဆိုင်ကယ်နဲ့ ငမိုက်သားက စက်ရုပ်တစ်သိုက်ကို ဖျက်ဆီးသွားတယ်

ဒါဖြင့် ကျွန်မတို့ကို ဘာအတွက်လိုအပ်တာလဲ

အင်း ဒါကို ရမ်းကားဖျက်ဆီးတဲ့အမှုအဖြစ် တိုင်ချက်ဖွင့်မလို့ပါပဲ

ဒါပေမဲ့ ဖြစ်ချင်တော့

ဒီစက်ရုပ်က မှတ်ပုံမတင်ထားဘူး

ကြည့်ရတာ သူ မျက်လုံးအသစ် လိုမယ့်ပုံပဲ

သေစမ်း

သက်သေခံ ချစ်ပ်ပြား လုံးဝ မီးကျွမ်းသွားပြီ

ဒီမိန်းကလေးဆီက ဘာရလိုက်လဲ

ဝေါစတာက

ကင်မရွန်းမက်ကဲလက်စတာ လို့ မှတ်ပုံတင်ထားတယ်

သူ အမှုဖွင့်ထားလား

မဖွင့်ဘူး အဲဒါခက်တာပေါ့ ဖုန်းမဆက်ဘူး ဘာမှအကြောင်းမကြားဘူး

ကဲပါ

သူ့အော်ပရေတာနဲ့ စကားပြောကြတာပေါ့

ကမ်

အိမ်မှာ ဘယ်သူမှမရှိလို့များလား

ကျွန်မရဲ့စက်ရုပ်က အဆင့်မြှင့်မွမ်းမံဆိုင်ရောက်နေတော့

ဒီလိုစုတ်ချာချာစက်ရုပ်မျိုးကို သူတို့က ယာယီငှားလိုက်တာလေ

- ရှင် ဖွင့်ပေးလို့ရမလား - ရပါတယ်ရှင်

ကမ်

ကမ်က အိမ်ငှားကောင်းတစ်ယောက်ပါ

အိမ်ငှားခကို အချိန်မှန်ပေးတယ်

တိုက်ခန်းကနေလည်း ဘယ်တော့မှ ထွက်မသွားဘူး

ကမ်

ကမ်

ဘုရားရေ

ကျေးဇူးပြုပြီး ဘာမှ သွားမထိပါနဲ့

ကျွန်မ ရဲခေါ်လိုက်မယ်

သူက ကင်မရွန်းမက်ကဲလက်စတာဆိုတာ သေချာလား

သေချာပါတယ်ရှင်

အေးဂျင့်ပီတာပါ ရွှေရောင်ဆံပင်နဲ့ အမျိုးသမီးရဲ့

အော်ပရေတာကို ခြေရာခံမိပါပြီ

ဟုတ်ပါတယ်

သေမှုစစ်ကို လွှတ်တာ ပိုကောင်းမယ်

ရှင် ဒီလိုအဖြစ်မျိုး မြင်ဖူးလား

မင်္ဂလာနံနက်ခင်းပါ

- ရှင့်စက်ရုပ်ကော ဘယ်မှာလဲ - အားသွင်းစက်ထဲမှာ

ညလုံးပေါက် အလုပ်လုပ်နေတာလား

ဟုတ်တယ် လုပ်နေရတယ်

အနားယူဖို့ ဘယ်လိုစဉ်းစားထားလဲ

အနားယူဖို့ ဟုတ်လား

အားလပ်ရက် ခရီးထွက်ဖို့ ရက်စုထားတာ

ဟာဝိုင်အီဆိုရင်ကော ဘရစ်ဂျက်က

ခရီးသွားအစီအစဉ်ကောင်း ရှိတယ်လို့ ပြောတယ်

- ဟာဝိုင်အီဆိုတော့ ကောင်းမှာပဲ - မော်ဝီကျွန်းမှာ သူ့ရဲ့ကိုယ်စားစက်ရုပ် ရှိတယ်

အဲဒီစက်ရုပ်နဲ့ လှိုင်းစီးတယ် မော်တော်ဘုတ်နဲ့

ရွက်လွှင့်ပြီးတော့ ရေငုပ်တယ်

ဘွိုင်လ်စတန်က အဲဒါငှားတဲ့နေရာကို သိလား

ကိုယ်တို့နှစ်ယောက်အကြောင်း စဉ်းစားနေတာ

မင်းနဲ့ကိုယ် တစ်နေရာရာကို အတူတူ သွားကြမယ်လို့

ကျွန်မတို့ရဲ့ကိုယ်စားစက်ရုပ်တွေကို အိမ်မှာ ထားပြီးတော့လား

ရှင် ရူးနေလား

ကိုယ်တို့ ကိပ်အထိ ကားမောင်းသွားလို့ ရတယ်လေ

ကိုယ်တို့ အဲဒီလိုမလုပ်ဖြစ်တာ..

အဲဒါ နောက်မှ ပြောလို့ ရမလား

ကျွန်မ အလုပ်သွားရတော့မယ်

ဆိုင်မှာ တကယ် အလုပ်များတာ အားလုံးက

နွေရာသီအတွက် အသစ်အဆန်းလေးတွေ လိုချင်နေတာ

ဟုတ်ပါတယ် ကိုယ် စဉ်းစားနေတာက..

ကိုယ်တို့တွေ ခုနောက်ပိုင်း ..

တစ်ယောက်နဲ့တစ်ယောက် အချိန်မပေးဖြစ်ကြဘူးလို့ ခံစားနေရလို့ပါ

ကျွန်မတို့ နေ့တိုင်း အတူတူ ရှိနေကြတာပဲ

လူအစားထိုးစက်ရုပ်တွေနဲ့လား မတူဘူးလေ

အဲဒါ ပိုကောင်းပါတယ်

ဟေ့ ကန်တာ ဒီပိတ်ရက်တစ်လျှောက်လုံး

သူ အခန်းအောင်းနေတယ်

ဒီကောင်တော့ စိတ်ပညာ နောက်ဆုံးစာမေးပွဲ လွတ်တော့မှာပဲ

- ဘုရားရေ - ရဲကို ဖုန်းဆက်ကြပါဦး

ကျွန်တော်တို့ မကြုံစဖူး အခြေအနေနဲ့ တွေ့ကြုံနေရတယ်

လူ ၂ ယောက် သူတို့ ထိန်းချုပ်ကုလားထိုင်ပေါ်မှာ

ရှိနေတုန်း သေသွားရှာတယ်

ရောဂါဗေဒပညာရှင်ရဲ့အဆိုအရ ဦးခေါင်းခွံထဲမှာ

ဦးနှောက်က အရည်ပျော်သွားတယ်ဆိုပဲ

သူတို့ရဲ့ကိုယ်စားစက်ရုပ်တွေ

ဘာပဲဖြစ်ဖြစ် သူတို့ပါ သေဆုံးသွားတယ်

ဆရာ..

အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ

ငါတို့ မသိဘူး

လုံးဝ သတင်းအမှောင်ချထားဖို့ ပြောပြနေတာ

တစ်နိုင်ငံလုံး သွေးလန့်ကုန်မှာစိုးလို့

ဒီရုံးကနေ သတင်းမပေါက်ကြားပါစေနဲ့

လူအစားထိုးစက်ရုပ်တစ်ရုပ်ကို

အသုံးပြုတာ သေစေနိုင်တယ်ဆိုတဲ့အကြောင်း

ပြည်သူတွေ သိလို့ မဖြစ်ဘူး

ဝတ်စုံပြည့်နဲ့ကောင်လေးရဲ့ နောက်ဆုံးအချိန်တွေပေါ့

သွားစမ်းပါ အသားတုံးရာ

ကျွန်မတို့ မျက်မြင်သက်သေတစ်ယောက် ရလိုက်ပြီနဲ့တူတယ်

အဲဒါ ဘာလဲ

ဟုတ်ပါ့

လက်နက်တစ်မျိုးမျိုးပဲ

ဘာထူးခြားတာ ရှိလဲ

ပြောရင်အံ့သြသွားလိမ့်မယ်

ဒါ လူသတ်မှု ဖြစ်လောက်တယ်

- ဒီလာကြည့်ကြည့် - တကယ် ပြောနေတာလား

မဟုတ်သေးဘူး သေချာ မသိသေးဘူး

ဟုတ်တယ် ဒါပေမဲ့ လူသတ်မှု ဖြစ်နေရင်ကော

နောက်ဆုံးတစ်မှုက ဘယ်တုန်းကလဲ ဒီအမှုက ကြီးနိုင်တယ်

ပြော လီ

ခင်ဗျားလူရဲ့ ဆွေမျိုးအသိုင်းအဝိုင်းကို သိရပြီ

ခင်ဗျား ထိုင်နေပါတယ်နော်

ကလေးအဖေက လိုင်ယွန်နယ်ကန်တာ

လူအစားထိုးစက်ရုပ်တွေ တီထွင်တဲ့ လိုင်ယွန်နယ်ကန်တာ

ဒေါက်တာလိုင်ယွန်နယ်ကန်တာရဲ့သား ဂျရက်ဒ်ကန်တာကို

ဒီမနက် ကယ်လီဖိုးနီးယားတောင်ပိုင်း

တက္ကသိုလ်အဆောင်မှာ သေဆုံးလျက် တွေ့ရှိခဲ့ပါတယ်

သေဆုံးရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး

ဒုတိယနှစ်ကျောင်းသား ဂျရက်ဒ်ဟာ

ကမ္ဘာ့အကြီးဆုံးစီးပွားရေးလုပ်ငန်းတစ်ခုကို ပုံဖော်ခဲ့တဲ့

ဗွီအက်စ်အိုင်ရဲ့ ဥက္ကဋ္ဌဟောင်း

လူအစားထိုးစက်ရုပ်ဖန်တီးမှုရဲ့ ဖခင်အဖြစ်

လူသိများတဲ့ လိုင်ယွန်နယ်ကန်တာရဲ့

တစ်ဦးတည်းသော သားဖြစ်ပါတယ်

ကန်တာနဲ့ သူ့ရဲ့ဗွီအက်စ်အိုင် လုပ်ငန်းပါတနာတွေကြားမှာ ကုမ္ပဏီဦးဆောင်မှုနဲ့ ပတ်သက်ပြီး

အုပ်စုကွဲကာ ကန်တာကို လွန်ခဲ့တဲ့ ၇ နှစ်က အလုပ်ထုတ်ပစ်တဲ့အထိ ဖြစ်သွားခဲ့ပါတယ်

လူသိရှင်ကြား အရှက်ရခဲ့ပြီး သူ ကူညီတည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ မောင်းထုတ်ခံခဲ့ရပါတယ်

အဲဒီကတည်းက ကန်တာတစ်ယောက် လူထုရှေ့မှောက်ကို မထွက်လာတော့ပါဘူး

ဒေါက်တာကန်တာ ခင်ဗျားအလာကို မျှော်နေပါတယ်

- သူ တကယ် ဒီမှာ နေတာလား - အဲဒီလို ကျွန်တော်မပြောပါဘူး

သူ့ရဲ့အစားထိုးစက်ရုပ်တစ်ရုပ်နဲ့ ခင်ဗျား ပြောရမှာပါ

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left