The first 200 lines.
၅ နာရီ ၁၄ မိနစ်
၅ နာရီ ၁၅ မိနစ်
ထတော့ သွားကြမယ်
ဘတ်စ်ကားလွတ်သွားလိမ့်မယ် ထတော့
အဖေလိုမျိုးလုပ်မနေပါနဲ့ဗျာ
ဟေ့ကောင် ငါ့မှာဒီလိုလုပ်နေဖို့ အချိန်မရှိဘူး ထ ငါနောက်ကျတော့မယ်
မင်းနေ့လယ်စာက မီးဖိုချောင်ထဲမှာ
လာလေကွာ
အဲဒါလုပ်လို့မရဘူး ထိန်းချုပ်ရေးဌာန ဒီတိုင်းတောင် လူနည်းနေတာ
ငါပြောနေတာ အဲဒါပဲ အမ် ၄ ဘန်နလီ ပြောင်းချောသေနတ်လေ
ခေတ်အမီဆုံးပဲ
ဟုတ်တယ်ကွာ
ငါတို့ကို တစ်ယောက်ယောက် ပြဿနာရှာဖို့ မျှော်လင့်..
ဘာဖြစ်တယ်
အဲဒါကို နတ်ဆိုးတီထွင်ထားပုံပဲ
တော်စမ်းပါ ပါလ်မာ
ဟိုတလောလေးကအထိ မင်းနဲ့ နတ်ဆိုးက တော်တော်ချစ်ခင်နေခဲ့သေးတာ မဟုတ်လား
ဘုရားသခင်က ကျနော့်အသက်ကို ကယ်ခဲ့တာ ဟုတ်တယ်
ပြီးတော့ ခင်ဗျားအသက်ကိုလည်း ကယ်နိုင်သေးတယ်
ဘယ်လိုလဲဟေ့ ဂွတ်မောနင်း
- ဂွတ်မောနင်း - မိုက်ရေ
ဒါလေးကို ကြည့်စမ်းပါ
ဘယ်လိုထင်လဲ
ခင်ဗျားက ပိုပိုသာသာ အစားထိုးနေတာ ထင်တာပဲ
မင်း ဘာတွေပြောနေတာလဲ
- ကျနော် ဘာပြောနေတာလဲဟုတ်လား - မင်း ဘာတွေပြောနေတာလဲ
လူတွေပြောကြတယ်လေဗျာ သေနတ်ကြီးကြီးကိုင်ရင် ပစ္စတိုသေးလို့ပဲလို့လေ
အေးပါ အေးပါ ကောင်းသားပဲ ကောင်းတယ်
သိလား ငါ အဲဒီစကားကိုမှတ်ထားမယ်
ရပါတယ်
လာမယ့်တနင်္လာ အဖွဲ့ ၁..၃..၅ နဲ့ ၇ က
၄၂၅ အိက်စ် ၇ အေစီတီကို စပြီးလေ့ကျင့်ရမယ်
ဂုဏ်သရေရှိလူကြီးမင်းများ
အခု ခေတ်မီတိုးတက်တဲ့ အချိန်ရောက်လာပြီ
ထရပ်ကားတိုင်းကို ဂျီပီအက်စ်တွေတပ်မယ်
ဒါက မဖြစ်မနေလုပ်ရမယ့် လေ့ကျင့်ရေးပဲ
အကြောင်းပြချက်တွေ မလိုချင်ဘူး
ဘာစည်းကမ်းချိုးဖောက်ခွင့်ပြုချက်မှမရဘူး
သိပါပြီ ထိန်းချုပ်ရေးဌာန
အီးဂဲလ်ရှီးလ်ဒ် ၃၂ နောက်အလုပ်အတွက် စာရင်းသွင်းပါ
ဟုတ်ကဲ့ အီးဂဲလ်ရှီးလ်ဒ် ၃၂ ပါ
ဟုတ်ကဲ့ အဲဒီအခေါက်ကျရင် ကျနော်တို့ သတင်းပို့လိုက်မယ်
မိနစ် ၂၀ ပါ ၃၂
ဟုတ်ကဲ့ သိပါပြီ ကျေးဇူးပါပဲ
ပစ္စည်းချပြီး မိနစ် ၃၀ မှာ နောက်တစ်ခေါက်အတွက် စာရင်းသွင်းရပါမယ်
အဆင်သင့်ရှိနေပါ
အီးဂဲလ် ၂၄ ကျနော်တို့ ၂၄၀ဝ ရပ်ကွက် မယ်ဒီဆင်မြို့မှာပါ
၂၄ အသင့်ပြင် ၂၄၀ဝ ရပ်ကွက်ကို ဆွဲကားလာနေပါပြီ
ဘာဖြစ်နေတာလဲ
ဗန်ကားအနက်တစ်စီး ငါတို့ကိုပတ်နေတာ ၂ ခါရှိပြီ
ဟုတ်ပြီ မျက်စိတွေ နားတွေ ရှင်ရှင်ထား
ကောင်းပါပြီ
သူတို့တစ်ခုခုလုပ်ကြည့်စေချင်မိတယ်
ဘာဖြစ်နေတာလဲ
- ဘာဖြစ်နေတာလဲ - မသိဘူး
တိုင်ရေ မျက်စိရှင်ရှင်ထား
မသိဘူး ဒီတိုင်း စက်သေသွားတာပဲ
ဒိုင်ခွက်တွေကို စစ်ကြည့်ပါဦး
အကုန်လုံးကောင်းနေပါတယ်
နေစမ်းပါဦး
မင်းအနံ့ရလား တစ်ယောက်ယောက် အဲဒီအနံ့ရလား
အနံ့ ဘာအနံ့လဲ ကျနော် ဘာအနံ့မှမရဘူး ဘိန်းစ်
ကျနော်ရတယ် သကြားညှော်နံ့ပဲ တစ်ယောက်ယောက် ဆီပိုက်ကိုလုပ်လိုက်ပြီ
- ဟင့်အင်း ဒါအခြေအနေမကောင်းဘူး - အဖွဲ့ ၁၂ မှ ရုံးချုပ်
- ဒါမကောင်းဘူး - အဖွဲ့၁၂ မှ ရုံးချုပ် ကြားလား
စက်ကို ဆက်တိုက်နှိုးနေ ဆက်တိုက်နှိုး
အဖွဲ့ ၁၂ မှ ရုံးချုပ် ကြားလား ဘယ်ရောက်နေကြတာလဲ
အရေးပေါ်အခြေအနေဖြစ်နေတယ် လုပ်ပါ ဘယ်လိုဖြစ်နေတာလဲ
- ဆက်တိုက်နှိုးနေနော် - အင်းပါ အင်းပါ ကြိုးစားနေပါတယ်
လုပ်ပါဗျ
အဖွဲ့ ၁၂ မှ ရုံးချုပ် ကြားလား
ဘယ်ရောက်နေကြတာလဲ အရေးပေါ်အခြေအနေ ဖြစ်နေတယ်
- ကျနော်တို့ လိုင်းမရတဲ့နေရာရောက်နေတယ် - ဒုက္ခပါပဲ
ပြဿနာပဲ
ဒုက္ခပဲ ဒုက္ခပဲ
ကျနော့် ခါးပတ်ကြိုးညပ်နေတယ် တံခါးလော့အသေချထားလိုက်
ကျနော့် ခါးပတ်ကြိုးညပ်နေတယ်
- စက်နှိုးနေ ဆက်တိုက် စက်နှိုးနေ - မနိုးဘူးကွ
ဗုံး
ဘိန်းစ် လုပ်ပါဗျ
လုပ်စမ်းပါ
မနိုးဘူးကွ စက်မနိုးဘူး
- ငါ တကယ်မအောင့်နိုင်တော့ဘူး - ဗုံး
မင်းကိုခြောက်နိုင်ပြီ လုပ်နိုင်သွားပြီကွ
လုပ်နိုင်ပြီ
ဟေ့လူ တော်တယ်ဗျာ
- ဘုရားရေ - အခက်အခဲတွေ့ချိန်မှာ တိတ်နေတာပဲ
မဖြစ်ဘူး သူ့ခါးပတ်ဖြုတ်လို့မရဘူး
မင်းမျက်နှာဖြစ်သွားတဲ့ပုံကို မင်းမြင်လိုက်သင့်တာ
မပူပါနဲ့ ငါတို့ ဒေါ့ဘ်စီ့ကို လုပ်တုန်းက သူငိုခဲ့တာ
ဟင့်အင်း ဟင့်အင်း မဟုတ်ဘူး
မင်းကို သေးခံလဲပေးခဲ့ရတယ်လေ ဒေါ့ဘ်စီ ဘာလဲကွ
ငါ သူတို့ကို တားဖို့လုပ်ခဲ့ပါတယ်ကွာ
ခင်ဗျားက ကျနော့်ကို ကူညီရမှာလေဗျာ
နေဦး နေကြဦး
ကျနော်ပြောချင်တာ တစ်ခုရှိတယ်
ခဏလေးနေကြပါဦး
မင်းအဖေက ငါ့ကို မင်းရဲ့ ခေါင်းကိုင်အဖေလုပ်ပေးဖို့ ပြောတုန်းက
အဲဒါ ငါ့ဘဝမှာ အကြီးကျယ်ဆုံးအချိန်ပဲ
သူက ငါ့အတွက် ဆရာကောင်းတစ်ယောက်ပါ
ပြီးတော့ သူက ငါ့အချစ်ဆုံးသူငယ်ချင်းပါ
သူ မင်းကိုဒီအကြောင်း ဘယ်လောက်အထိ ပြောပြခဲ့လဲတော့ မသိဘူး
မင်းစစ်မှုထမ်းခဲ့တုန်းက သူ မင်းအတွက် ဘယ်လောက်တောင် ဂုဏ်ယူခဲ့တယ်ဆိုတာလေ
ပြီးတော့ မင်းအဖေရော မင်းအမေရော ၂ ယောက်လုံး
မင်း ညီလေး ဂျင်မီ့အတွက်
မင်းလုပ်ပေးခဲ့တာကို တွေ့ရရင် ဂုဏ်ယူကြမှာ ငါသိတယ်
- တကယ်ဂုဏ်ယူမှာပါ - ဟုတ်တယ်
ပြီးတော့ ငါလည်း မင်းအတွက် ဂုဏ်ယူပါတယ်
ဒီတော့ တိုင့်အတွက် ခွက်တွေမြှောက်လိုက်ကြရအောင်
- တိုင့်အတွက် - တိုင့်အတွက်
- တိုင် - တိုင်
မင်းအစမ်းခန့်ကာလကို အောင်မြင်သွားပြီ မနက်ဖြန်ကစပြီး
အီးဂဲလ်ရှီးလ်ဒ် လုံခြုံရေးကုမ္ပဏီမှာ အရည်အချင်းပြည့်မီတဲ့ အစောင့်တစ်ယောက်ဖြစ်ပြီ
- အီးဂဲလ်ရှီးလ်ဒ်အတွက် - အီးဂဲလ်ရှီးလ်ဒ်
အီးဂဲလ်ရှီးလ်ဒ် လုံခြုံရေးကုမ္ပဏီ
- တိုင် - အဲဒါအတွက်ပါ
လျှပ်စစ်မီးကြိုးကို ထရပ်ကားပေါ်ပစ်ချခဲ့တယ်
ဗို့အား ၅ သောင်း
အထဲမှာရှိသမျှလူတွေ အကုန်လုံး ဓာတ်လိုက်သွားတာ
မြန်မြန်သေသွားတာ ကံကောင်းတယ်လို့ပြောရမယ်
အိုမာဟာကိုမှတ်မိလား
အင်း သူတို့က တံခါးကိုဖောက်ခွဲဖို့ လျှပ်စစ်ပေးဖြိုချက်စက်ကို သုံးခဲ့တာလေ
တံခါးက မပွင့်သွားပဲနဲ့
ဆီတိုင်ကီ မီးလောင်သွားတာ
ရှင်လျှက် မီးလောင်တိုက်အသွင်းခံလိုက်ရတာ
ဒီတော့ အီးဂဲလ်ရှီးလ်ဒ်က ဝင်စီးခံရဖူးလား
တစ်ခါ လူ ၅ ယောက် အလစ်ဝင်တိုက်လို့ အစောင့် ၂ ယောက် ၃ ယောက်လောက် သေသွားခဲ့တယ်
သူတို့ ဘယ်လောက်ရသွားလဲ
တစ်ပြားမှမရသွားဘူး
အဖွဲ့ထဲမှာ နောက်ဆုံးကျန်တဲ့အစောင့်က သူတို့ ၅ ယောက်လုံးကို သတ်ပစ်လိုက်တယ်
- အစောင့်တစ်ယောက်တည်းကလား - ဟုတ်တယ်
အက်ရှ်ခရော့ဖ်တ်လေ
အက်ရှ်ခရော့ဖ်တ်ဟုတ်လား ကျနော်တို့ အက်ရှ်ခရော့ဖ်တ်လား
အဲဒါကြောင့် တုတ်ကောက် သုံးလိုက်ရတာပေါ့
မဖြစ်နိုင်တာ
သူ့ကျောထဲမှာ ကျည်ဖူး ၂ ခု ၃ ခု အခုထိရှိသေးတယ်
အဲဒီထက်ပိုကောင်းတဲ့ ဇာတ်လမ်းရှိသေးတယ် ၁၉၈၈ ခုနှစ် အောက်တိုဘာလတုန်းက
အဘီးလီနီမြို့ကို ဒေါ်လာ ၄ သန်း သွားပို့ရတဲ့ အဖွဲ့တစ်ဖွဲ့က
ကားတိုက်မှုတစ်ခုကြောင့် ရပ်သွားခဲ့တယ်
ဒါပေမဲ့ အဲဒါက တကယ့်ကားတိုက်မှု မဟုတ်ဘူး ထောင်ချောက်ဆင်ထားတာပဲ
ကားထဲကထွက်လာတဲ့ အစောင့်ကို သူတို့ကဖမ်းဆွဲပြီး
ခေါင်းနောက်ကို ပြောင်းတိုသေနတ်နဲ့ ချိန်ထားလိုက်တယ်
ပြီးတော့ ဘာဖြစ်သွားလဲ
အဖွဲ့ကပိုက်ဆံကို ပေးလိုက်ပြီးတော့ သူတို့က အစောင့်ကိုပြန်လွှတ်ပေးလိုက်တယ်
အစောင့်တွေက ပိုက်ဆံကို ဒီတိုင်းပေးလိုက်တယ်လား
ပေးရင်ပေး မပေးရင် သူတို့ညီနောင်တွေထဲက တစ်ယောက်ကို စတေးရမှာလေ
ရယ်ရတာတစ်ခုက
အဲဒီဝင်စီးတဲ့ သူတွေကို သူတို့ဘယ်တော့မှမမိခဲ့တာပဲ
- ဟုတ်တယ်နော် - မမိဘူး
ပြီးတော့ အဲဒီပိုက်ဆံလည်း ပြန်မတွေ့ခဲ့ဘူး
တွေ့လား
လူတိုင်းက သူရဲကောင်းမဟုတ်ဘူး ကောင်လေး
ဒီတော့ မင်းဘဂ္ဂဒက်မြို့မှာ သတ်ခဲ့တာတွေ အကြောင်း ဘယ်တော့ပြောပြမှာလဲ
ငါတို့ အဲဒီအကြောင်း နားထောင်ချင်တယ်
ကျနော် အပေါ့သွားလိုက်ဦးမယ်
ခင်ဗျား စည်းကျော်သွားပြီ
မင်း အဲဒီမှာလုပ်ခဲ့တာအတွက် ဂုဏ်ယူသင့်တယ်
ဂုဏ်မယူပါဘူး
အဲဒီမှာ အပြစ်မရှိတဲ့သူတွေ အများကြီးသေခဲ့ရတယ်
အင်းပါ ဟုတ်ပါတယ် ဒါပေမဲ့ မင်းတပ်ခွဲထဲက လူတွေကို ကာကွယ်ဖို့ မင်းလုပ်ခဲ့တာလေ
အဲဒီလူတွေက မင်းရဲ့ညီနောင်တွေပဲ
ဘယ်သူမဆို အဲဒီလိုလုပ်မှာပါပဲ
အဲဒီလို ခင်ဗျားထင်တယ်ပေါ့ အဲဒါ ခင်ဗျားအထင်ပဲလေ
မင်းအိမ်ကို ဘဏ်မသိမ်းသွားစေရပါဘူး
- အဲဒါ ကျနော်လုပ်နိုင်ပါတယ် - အပိုတွေ မပြောစမ်းပါနဲ့ တိုင်ရာ
စိတ်မပူပါနဲ့ ငါတို့နည်းလမ်းတစ်ခုခု စဉ်းစားလို့ရမှာပါ
အင်းပါ
ဂျင်မီ့ကိုနှုတ်ဆက်တယ်လို့ ပြောပေးပါ
- ဂရုစိုက်မောင်းနော် - အင်းပါ
ဂျင်မီ
ဂျင်မီရေ
ဂျင်မီ စားကြရအောင်
ဂျင်မီ
ဂျင်မီ
မင်းဘာလုပ်နေတာလဲ
အိပ်ခန်းကတော့ ထားလိုက်ပါတော့ ဒါက မီးဖိုချောင်ဆိုတာသိတယ် မဟုတ်လား
ညစာဘာလဲ
ကျနော် ဗိုက်ဆာနေပြီ
ကျနော် ဗိုက်ဆာနေပြီဟုတ်လား
မင်း ငါ့စိတ်ကို တကယ်စမ်းသပ်နေတာပဲ
နေ့တိုင်းပဲ
- နေ့တိုင်း မင်းတစ်ခုခုဖြစ်နေတယ် - ဘာလို့ အရမ်းကြာနေတာလဲ
ဘာလို့..
မဟုတ်ဘူး ဂျင်မီ မင်းပစ္စည်းတွေ ဘယ်ကရတာလဲ
မင်း ငါ့ဆီကပိုက်ဆံမရဘူးလေ ဒီတော့ မင်းဘယ်ကရတာလဲ ဂျင်မီ
မင်း စတိုးဆိုင်ကခိုးလာတာမျိုး မဟုတ်တာကောင်းမယ်နော်
ဘယ်ကနေရလာတာလဲ
မဟုတ်ပါဘူးဗျာ စတိုးဆိုင်က ခိုးလာတာမဟုတ်ပါဘူး
အိုကေ တစ်ခုခုပြောလေ
ဒါပေမဲ့ ကျောင်းမှာ တကယ့်ပစ္စည်းကောင်းတွေရှိတယ်
ကျောင်း
ဟေ့ကောင်
အနည်းဆုံးတော့ မင်းကျောင်းသွားနေတာပဲ
မီးဖိုချောင်ထဲမှာကွာ
အဖေက အမြဲတမ်း အမေ့ကိုခြောက်လှန့်ပြီးတော့
ကြောက်စရာဇာတ်လမ်းတွေ ပြောပြတာ မှတ်မိလား
အင်း မှတ်မိတယ်
ထပ်ခိုးမှာ ဇီးကွက်တစ်ကောင် ရှိနေတယ်ဆိုတာမျိုးလေ
အဲဒီ အပေါ်မှာ ဇီးကွက်ရှိခဲ့တာပဲလေ
- ဟာဗျာ - ဘာလဲ
No comments yet. Be the first to leave one.