The first 200 lines.
ကျုပ်တို့ စမပြောခင် တစ်ခုတော့သိစေချင်တယ်
ကျုပ်က သစ္စာဖောက်မဟုတ်ဘူး
နားလည်လား
ကျုပ်တို့မစခင် အဲဒါကိုပါ အသံထည့်သွင်းပေးရမယ်
ကောင်းပြီလေ
မင်းက သစ္စာဖောက်မဟုတ်ဘူး
အဲဒါကိုပါ အသံသွင်းလိုက်ပြီ
မစ္စတာဝိခ် ခင်ဗျားကို တရားမဝင်လုပ်ငန်းလုပ်ကိုင်မှု
ခြိမ်းခြောက်ငွေညှစ်မှု ပြန်ပေးဆွဲမှု ကြံရာပါလူသတ်မှုတွေနဲ့
တရားစွဲထားတာတွေက ပြစ်မှုကြီးလေးတယ်
ခင်ဗျားက ဗဟိုအစိုးရနဲ့ အပေးအယူလုပ်ဖို့
ဒီကိုရောက်နေတယ်ဆိုတာ မှန်ပါသလား
မှန်ပါတယ်
ခင်ဗျားက ဘော်စတွန်တောင်ပိုင်းရဲ့ နာမည်ဆိုးအရှိဆုံး
အကြမ်းဖက်ဆုံး လူဆိုးဂိုဏ်းတစ်ဂိုဏ်းရဲ့ သစ္စာရှိလူယုံအဖြစ်ကနေ
အစိုးရမျက်မြင်သက်သေ လုပ်ပေးမယ်ဆိုတာ အမှန်ပဲလား
မှန်ပါတယ်
ဒီတော့ ဝင်းတားဟေလ်းဂိုဏ်းအကြောင်း
အက်ဖ်ဘီအိုင်အကြောင်း
ဂျွန်ကွန်နိုလီအကြောင်း မင်းသိတာအကုန်ပြောပြ
အထူးသဖြင့် မင်းရဲ့အရင်သူဌေး ဝရမ်းပြေးဂျိမ်းစ်ဝှိုက်တီဘူလ်ဂါ အကြောင်းပေါ့
ကဲ စလိုက်ရအောင်
၁၉၇၅ ခုနှစ်
ဘော်စတွန်တောင်ပိုင်း
ဒီညတော့ပျော်ရမှာပါ
- ပျော်ရမှာပေါ့ - ဆောရီးပါ ဝင်ခွင့်မပေးနိုင်ပါဘူး
အေးဆေးပါကွ ငါက ဂျင်မီနဲ့မိတ်ဆွေတွေ
- ဟုတ်လား - ဒါပေါ့
- ခင်ဗျားက ဂျင်မီ့မိတ်ဆွေလား - ဟုတ်တယ်
အဲဒါဆိုလည်း ဝင်ခွင့်မပေးနိုင်သေးပါဘူး
မင်းကဘယ်သူလဲ
ကျုပ်က ဒီမှာအလုပ်လုပ်တဲ့သူလေ
ခင်ဗျားမှတ်မိချင်မှမှတ်မိမယ် ဒါပေမဲ့ ပြီးခဲ့တဲ့စနေနေ့က
မနက် ၂ နာရီ ၃ နာရီလောက်က ခင်းဗျားမိတ်ဆွေတွေနဲ့ ဒီကိုလာခဲ့တယ်လေ
ခင်ဗျား ဘားကောင်တာကိုမှီပြီး မူးနေခဲ့တာလေ
အဲဒါကို ဒီမှာလုပ်လို့မရဘူး
ဒါပေမဲ့ ခင်ဗျား ဘရန်နီဂန်ကိုသွားလိုက်ရင်
အဲဒီမှာ ခင်ဗျားဆန္ဒရှိရင်
ကြမ်းပြင်အလယ်မှာ မူးချင်မူးနေလို့ရတယ်
ဒါပေမဲ့ ဒီမှာတော့လုပ်လို့မရဘူး
- ကောင်းပြီလေ - ဟုတ်ပြီလား
ငါတို့သွားမယ် ဒီမှာ..
စိတ်ထဲမထားနဲ့နော် ဟုတ်ပြီလား
ငါ့ရှေ့က ဖယ်ပေးစမ်းပါကွ
လူသန်ကြီးက သွေးတိုးစမ်းချင်တာလား
လာလေ လာခဲ့စမ်းပါ
သူ့ကိုလှုံ့ဆော်ပေးလိုက်တာ
သူက ဘူးလ်ဒေါ့မှာ ထပ်ဖွနေတာကို ကောင်မလေးကသိတယ်
သူက အိတ်ကပ်ထဲမှာ ခက်ရင်းထည့်ပြီး အဲဒီကိုသွားပါလေရော သိလား
အဲဒီအထဲကိုလျှောက်ဝင်သွားပြီး
ပခုံးကိုစိုက်ချလိုက်တယ် အကုန်လုံးရှေ့မှာပဲ
သူ့မျက်လုံးကို ထုတ်ပစ်လိုက်တယ်
ကွန်နောက အဲဒီမှာရှိနေတယ်
ကြည့်တောင်မကြည့်ဘူး မျက်နှာလွှဲနေတယ်
ကွန်နောက လူပျော့လူညံ့ မဟုတ်ဘူး ဒန်နူချီက သူ့ကို ၁၉၅၉ မှာ အနိုင်ပိုင်းခဲ့တာ
ဒါပေါ့ သူက ဝါရင့်တိုက်ခိုက်ရေးသမားပဲ
- ကွန်နောလည်း အတူတူပဲ - ကွန်နောက ကြံ့ခိုင်တဲ့သူပါ
ဒါပေမဲ့ ဂျိုးဒန်နူချီကတော့ ထူးခြားတယ်လို့ပြောရမယ်
ကွန်နောက ဒီမိန်းမနဲ့ မပတ်သက်ချင်လို့ဖြစ်မယ်
ဟေး သတိထားမိလား
ဘာကိုလဲ
ခင်ဗျားကို စောင့်ကြည့်နေတာ ၁၅ မိနစ်ရှိပြီ
ခင်ဗျားလက်ချောင်း တုတ်တုတ်ကြီးတွေကို
ပါးစပ်ထဲထည့်လိုက်
ဘာပိုးတွေပါလာမလဲ မသိရတဲ့
အဲဒီရွံစရာလက်ချောင်းတွေနဲ့ပဲ
ပန်းကန်ထဲပြန်နှိုက်စားလိုက်နဲ့
အဲဒါ အများစားနေတဲ့ ပန်းကန်လေ
ခင်ဗျားဘာတွေတွေးနေတာလဲ ဂျွန်
မတွေးပါဘူး ဂျင်မီ
တောင်းပန်ပါတယ်
နောက်မလုပ်ပါနဲ့
ဂျင်မီ
နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်
အပြင်မှာ ပြသနာတက်နေလို့ပါ
သေစမ်း
ရော်နယ် သူ့ကိုမတ်မတ်ကိုင်ထား
ကားကိုမှီထားလိုက်
- ချုပ်လိုက် - လုပ်ပါ
သူ့ကိုချုပ်လိုက် သူ့ကိုချုပ်ထားလိုက်
- ဒီမှာမတ်လိုက် - မတ်လိုက်
ဝင်တားလိုက်စမ်း
ချာလီ
သူကငယ်ပါသေးတယ် ချာလီ တော်ပါတော့
- သူ့ကိုသတ်မယ် - ချာလီ တော်တော့
- ဘာဖြစ်တာလဲ ဂျင်မီ - ပါးစပ်ပိတ်ထား
မင်းသေစမ်း
မင်းကို ပါးစပ်ပိတ်ထားလို့ မပြောဖူးလား
ငါပြောတာနားထောင် ၂ ခါမပြောဘူးနော်
- ဘားထဲဝင် - လာခဲ့
ဆန်ကုန်မြေလေး
သိလား ချာလီ
မင်းနဲ့ထိုးကြိတ်နေတဲ့လူကလေ
အင်း
သူက ချာလီမက်တီနာ
သူက ဂျင်မီ့ညီမဝမ်းကွဲတစ်ယောက်နဲ့ လက်ထပ်ထားတာ
ကျွန်တော်က အဲဒါကို ဘယ်လိုလုပ်သိမှာလဲ
မသိဘူးလေ
ကံကောင်းပါစေ ကောင်လေး
ကားပေါ်တက်
မဟုတ်ဘူး မဟုတ်ဘူး မင်းမောင်းရမယ်
ကာမီလိုကို ဒီမှာတွေ့မှာလား
ဘာတွေလဲ ဂျင်မီ ဒီမှာဘာလုပ်နေတာလဲ
- ငါပြောချင်တာက.. - ကားစက်သတ်လိုက်
ဂျင်မီ ဒီမှာ ကျွန်တော်တောင်းပန်ပါတယ်
- ကျွန်တော့်အလုပ် ကျွန်တော်လုပ်ခဲ့တာပါ - ပါးစပ်ပိတ်ထား
ရပြီ ဒီလောက်ဆိုတော်လောက်ပြီ
မင်းကို ငါသဘောကျတာရှိတယ် ကောင်လေး
ကယ်ဗင် မဟုတ်လား
ဂျိုဝီအန်ဂျူလိုနဲ့လာတွေ့ပါ
အဲဒီလိုနဲ့ ကျုပ်က ဝင်းတားဟေလ်းဂိုဏ်းဝင်ဖြစ်ခဲ့တယ်
အဲဒါ ကျုပ်အတွက်အရေးကြီးတယ်
မင်းဘာတွေလုပ်ခဲ့ရလဲ
နေ့တိုင်း ပါမွှားကိစ္စလေးတွေလုပ်ရတယ်
တရားမဝင်လုပ်ငန်းတွေပေါ့ ပစ္စည်းတွေလိုက်ပို့လိုက်သယ်တယ်
အရောင်းစက်တွေကို လိုက်ကြည့်တယ်
မစ်ကီပေါက်ကရပြောတာတွေ နားထောင်တယ်
ရီဗီးလ်က လီဘရာလောင့်ခ်ျက လူတစ်ယောက်ပြောဖူးတယ်
ကယ်လီဖိုးနီးယားက အကမယ်တွေက
သူတို့မဖျော်ဖြေခင်မှာ
တရုတ်နံနံကြီးတွေစားကြတယ်တဲ့
နေဦး ကားခဏရပ်ဦး
အဘွားကြီး မစ္စစ်ကိုဒီပဲ
မစ်ကီ အဘွားကြီး မစ္စစ်ကိုဒီကို မှတ်မိလား
မှတ်မိတာပေါ့
ကြံ့ခိုင်နေတုန်းပဲ သူ့ကိုကြည့်ပါဦး
တစ်ဆိတ်လောက်ပါ မစ္စစ်ကိုဒီ
အဲဒီအိတ်ထဲကနေ အသားစဉ်းကောမုန့်ဖုတ်နံ့
ထွက်နေတယ်လို့ထင်လို့ပါ ကျွန်တော်ပြောတာမှန်ရဲ့လား
- ငါထင်တာမမှားရင် ဂျင်မီပဲ - ဟုတ်ပါတယ်
အယ်ကာထရက်ကနေ ဘယ်တုန်းက ပြောင်းလာတာလဲ
ပြောင်းလာတာ ၁၀ နှစ်နီးပါးရှိပြီ မစ္စစ်ကိုဒီ
၁ မိနစ်ကျော်ပြီ
ရပ်ကွက်ထဲမှာပြန်တွေ့ရတာ ဝမ်းသာပါတယ်ကွယ်
မစ်ကီ့ကိုသိတယ် မဟုတ်လား
- ဟယ်လို - ဟိုင်း မစ်ကီ
နေကောင်းလား တွေ့ရတာဝမ်းသာပါတယ်
ဒီကောင်လေးကိုသိလား ကယ်ဗင် သတင်းစာပို့တဲ့ကောင်လေးလေ
ကျွန်တော်နည်းနည်းကြီးလာတယ် မဟုတ်လား
အားလုံးကိုနေရာတကျ ထားပေးလိုက်နော်
သူလိုအပ်တာတွေ အကုန်ပါတယ် မဟုတ်လား
တကယ့်အမှန်တရားကတော့
ဘော်စတွန်တောင်ပိုင်းက လူအတော်များများက ဂျင်မီကိုချစ်တယ်
အဲဒီအုပ်စုထဲမှာ ဂျွန်ကွန်နိုလီပါ ပါလား
အထူးသဖြင့် ဂျွန်ကွန်နိုလီပေါ့
သူက ဘူလ်ဂါညီအစ်ကိုတွေနဲ့ သိပ်မဝေးတဲ့
တိုက်ခန်းတွဲမှာကြီးပြင်းလာခဲ့တာလေ
သူက ဘေလီနဲ့အတော်ခင်တယ်
ဒါပေမဲ့ ရပ်ကွက်ထဲက တခြားကလေးတွေလိုပဲ
သူက ဂျင်မီ့ကိုလေးစားခဲ့တယ်
ဖြစ်ပုံက အရွယ်ရောက်လာချိန်မှာ
ကွန်နိုလီက တခြားကောင်လေးတွေ ရန်စတာခံခဲ့ရတယ်
အဲဒီမှာ ဂျင်မီရောက်လာပြီး သူ့ကိုဝင်ကယ်ရာက သိသွားကြတာထင်တယ်
အခုတော့ ဒီရုံးရဲ့ထိပ်တန်းဦးစားပေးကိစ္စကို အကောင်အထည်ဖော်ဖို့ပြန်လာပါပြီ
ဂျန်နာရိုအန်ဂူလိုဦးဆောင်တဲ့ နော့သ်အန့် အီတလီမာဖီးယားဂိုဏ်းကိုဖမ်းဖို့ပါ
သူက အင်မတန်တော်တဲ့ရဲ လက်ဖြောင့်သေနတ်သမား
သူ့ကိုရတာ ကံကောင်းပါတယ် ကြိုဆိုပါတယ် ဂျွန်
ဘော်စတွန်တောင်ပိုင်းသားတွေက
ကစားကွင်းမှာ ရဲလုပ်တမ်း
ဓားပြလုပ်တမ်း ကစားရာကနေ လက်တွေ့ဖြစ်လာကြတာ
ကစားကွင်းမှာလိုပဲ
ဘယ်သူက ဘယ်သူလဲ ပြောဖို့မလွယ်ဘူး
ဒီမှာပဲ
ဂျွန်
- နေကောင်းလား - ကောင်းပါတယ်
တစ်ယောက်ယောက်ကို ယုံကြည်ရမယ်ဆိုရင်
- ဂယ်ရီကာတာကိုပဲယုံကြည်မယ် - ဂယ်ရီကာတာ
အဲဒီကောင်လေးက ငွေရှာတော်တယ်
အဲဒါကြောင့် ဖြစ်လာမှာမဟုတ်ဘူး
နှစ်တစ်သန်းမှာတောင်မဖြစ်ဘူး ဘာဖြစ်လို့လဲသိလား
ဒါက ဆောက်စ်လေ
ဒါနဲ့မင်းကို ဘယ်လိုခေါ်ရမှာလဲ
ဘေလီလား
ဆိနိတ်တာလား
နေပါကွာ ငါကသာ အားကျနေရတာပါ
မစ္စတာ အက်ဖ်ဘီအိုင်ဟီးရိုးကြီးရဲ့
အမျိုးသမီးနေကောင်းလား မာရီယန်နေကောင်းလား
ကောင်းပါတယ် အေးဆေးပါပဲ
မင်းကိုယ်မင်း ကြည့်ပါဦး ကြည့်ပါဦး
ငါဘဝမမေ့ပါဘူးကွာ
အဲဒီလိုထပ်မလုပ်မိစေနဲ့
မင်းပထမ လက်သီးတစ်ချက်ထိုးတာ
ပထမ လက်သီးနှစ်ချက်ထိုးတာ မြင်ချင်တယ်
ငါ ဟာဘာမြို့ဟောင်းကို သွားရဦးမယ်
သွားသင့်တယ် ဂျွန်
မင်းအမေ မင်းကိုတွေ့ရင်ဝမ်းသာမှာပဲ
မင်းအစ်ကိုနေကောင်းလား
- ဂျင်မီနေကောင်းလား - ဂျင်မီကတော့ ဂျင်မီအတိုင်းပဲ
ဘာလို့မေးတာလဲ
ဘော်စတွန်တောင်ပိုင်းက အခုတလော စစ်ပွဲဇုန်ဖြစ်နေတာ အကုန်သိနေတာပဲ
လူအယောက် ၆၀-၇၀ လောက် အသတ်ခံရတယ်လေ
ဒါပေမဲ့ မင်းအစ်ကိုနဲ့ ဝင်းတားဟေလ်းဂိုဏ်းသားတွေက
အဲဒီမှာရှိနေတုန်းပဲ
သူတို့တစ်ခုခုလုပ်နေတယ် မဟုတ်လား
ကဲ ဂျွန် ဒီကိစ္စ ဒီမှာတင်ရပ်လိုက်ရအောင်
မင်းက ဂျင်မီ့ကိုဖမ်းဖို့
- ငါ့ဆီက သတင်းနှိုက်နေတာပဲ - မဟုတ်ပါဘူး
ဂျင်မီ့အလုပ်က ဂျင်မီနဲ့ပဲဆိုင်တယ်
ငါနဲ့ဘာမှမသက်ဆိုင်ဘူး
မာဖီးယားဂိုဏ်းကို အမြစ်ဖြတ်ချေမှုန်းဖို့ အမိန့်ရထားတယ်
No comments yet. Be the first to leave one.