The School of Rock

The School of Rock

Download Burmese Subtitle

Release info

The School Of Rock 2003 by မြင့်သူ(ငှက်ကလေး-နည်းပညာ)
A Commentary by Cleon
Jack Black ရဲ့ Comedy, Music, Familyကားလေးပါ. . .အရမ်းကောင်းပါတယ်

Tags

other
Published on: 2017-04-21
Downloads: 52
Hearing Impaired: No

Burmese subtitle preview

The first 200 lines.

ဘယ်သူမှလည်း မဖမ်းကြဘူး ကျိုးပါပြီ

မလှုပ်နိုင်လောက်တော့ဘူး ထင်တယ်

သူကငါတို့ ဆီမှာ ကပ်နေတဲ့ငပျင်းပဲ ဒီပေါက်ကရလေးဆယ်အလုပ်တွေ ရပ်တန်းကရပ်မှဖြစ်မယ်

နောက်မှလုပ်လို့ မရဘူးလားကွာ?

မနက်ဘက်ဆို သူ့ အခြေအနေကို မင်းလည်းသိသား

နက်ဒ် ရှင့်ကို လူတွေအနိုင်ကျင့်ကြတယ် အခုထိ မငြီးငွေ့ နိုင်သေးဘူးလား?

အေးပါကွာ

ဒါဖြင့် အထဲဝင်ပြီး အခုသွားပြော

ဘာလဲဟ?

ဒူဝီ ဒီနေ့ က လဆန်းတစ်ရက်နေ့ လေကွာ

အိမ်ငှားခကိုမင်းရော တစ်ဝက်မျှပြီး ပေးစေချင်တယ်

ငါ့မှာမရှိဘူးဆိုတာလည်း မင်းသိရက်သားနဲ့ 

လာနှိုးရလား? လုပ်စမ်းပါဟ

ဆောရီးပါကွာ

ဒူဝီ ငါပြောချင်တာက မင်းငါ့ကို ပိုက်ဆံဆပ်စရာတွေရှိတယ်လေကွာ

ဟုတ်တယ် ဒေါ်လာ ၂၂၀၀ လောက်တော့ရအောင်လုပ်ပေးပါ

ကောင်းပြီကွာ

ငါတို့ တီးဝိုင်းက အချီကြီးမိတော့မှာကွ တီးဝိုင်းပေါင်းစုံ ပြိုင်ပွဲမှာ ဆုရမှာ

ငါ့ဆီကို ပိုက်ဆံရောက်တာနဲ့ မင်းအတွက်ငွေထုပ်နဲ့  မင့်ခွေးလေးအတွက် အရိုးရစေရမယ်ကွာ

- ရှင့်တီးဝိုင်းက နှစ်ပြားတောင်မရဖူးဘူးရှင့် - ပက်တီ ငါလုပ်နေတယ်လေကွာ

ရှင်လုပ်နေတယ်ပေါ့ ဟုတ်လား ကြာရင် ရှင့်ခေါင်းပေါ်တက်နင်းတော့မယ်ရှင့်. . .

အမေရယ်..နောက်မှပဲ ဆက်ပြောပါလားဗျာ

ငါတို့ အလုပ်သွားရဦးမယ် နောက်မှဆက်ပြောလို့ မရဘူး

ငါတို့ မှာက အလုပ်ကိုယ်စီရှိတယ် လူမှုအသိုင်းအ၀ိုင်းမှာ ၀င်ဆန့် တယ်

ငါဆို မြို့တော်ဝန်ရဲ့လက်ထောက် "ဟယ်လို. . ."

ဘာလဲကွာ? သူ့ ကို ဒီကနေခေါ်ထုတ်သွားစမ်းပါ

နောက်ပြီး နက်ဒ်မှာလည်း အရေးအကြီးဆုံး အလုပ်ရှိတယ်လေ

ယာယီဝန်ထမ်းလား?

အစားထိုးဆရာအလုပ်က ယာယီဝန်းထမ်းမဟုတ်ဘူး ဒူဝီ

- ကလေးထိန်းအလုပ်ကြီးကိုများ. . . - အဲ့အလုပ်က လွယ်တယ်များထင်နေလား?

မင်းစမ်းကြည့်လေ..တစ်ရက်တောင်ခံမှာမဟုတ်ဘူး

ငါလည်း လူ့ အဖွဲ့အစည်းကို ရော့ခ်နဲ့ ဝန်ဆောင်မှုပေးနေတာပဲ

ငါ့ဂီတနဲ့ လူတွေကို လွတ်မြောက်အောင် လုပ်ပေးနေတာ

ရော့ခ်ဆိုတာ ပန်းခြံထဲ လမ်းလျှောက်နေရတာမျိုး မဟုတ်ဘူးကွ

တော်ပြီ..ပြောလည်းအပိုပဲ

ဒီတစ်ပတ် အကုန်မှ အခန်းငှားခ မရဘူးဆို

သူ့ ကို ဒီကနေ ခေါင်းနဲ့ ဆင်းဖို့ သာပြောထား

ဒူဝီ မင်းအခန်းဖိုး ငါမရှင်းဘူးနော် အဲတော့

မင်းမှာရှိတဲ့ဟာ တစ်ခုခုရောင်းသင့်တယ်ထင်တယ် ဂစ်တာဖြစ်ဖြစ်ပေါ့

ဘာကွ?

"ပီကာဆို"ကို သူ့ ဂစ်တာတွေရောင်းဖို့ မင်းပြောမှာလား?

ဘုရားရေ သူတော့ ဂေါက်သွားပြီ

ငါဒီလိုပဲ ပေပေတေတေနေလာတာ ငါ့ကောင်

သူ မရောက်လာခင်အထိ ဘာပြသနာမှ မဖြစ်ဘူး ဖြတ်လိုက်စမ်းပါကွာ

မင်းငါ့ကို ပိုက်ဆံရှာမပေးရင် သူကငါ့ကို ဖြတ်တော့မှာကွ

တကယ်ကြီးလား? ပိုတောင်ကောင်းသေးတယ် မင်းအတွက် သူက အိပ်မက်ဆိုး ဥစ္စာ

လုပ်ပါကွာ ငါ့မှာ နောက်ထပ်ဆော်ရဖို့ လည်း မရှိပါဘူး

ငါ့ကို ပိုက်ဆံသာရှာပေးစမ်းပါ လုပ်ပါ လုပ်စမ်းပါ

အိုကေ..မင်းအတွက် ရှာပေးမယ်ကွာ သူ့ အတွက်မဟုတ်ဘူးနော်..မင်းအတွက် ငါ့ကောင်

ကျေးဇူးပါပဲကွာ

ဟေး ဘာတွေလဲကွ?

အဲဒါ သီချင်းအသစ်လား? သူကရော ဘယ်သူလဲ?

ဒီနှစ် Battle of the Bands အတွက် ငါတို့ တွေ အသည်းအသန်လုပ်ကြမှာ

ကောင်းတယ် ဒါပေမယ့် ငါငွေလိုနေတယ်

အဲဒီလို အနိုင်ရချင်တယ်ဆို တကယ့်ဂီတအစစ်ကို ချပြရမယ်လေ

ငါ သဘောတူပါတယ် ဒါပေမယ့် မင်းကိုထုတ်လိုက်ပြီ

မင်း သီချင်းစာသားတွေက ကမောက်ကမနဲ့  သီယို..လမ်းမမှားစေနဲ့ကွာ

ဒါပေမယ့် ငါ တော်တော်များများလေ့လာပြီးပြီ. . .

ဒူဝီ..ငါပြောတာ ကြားလား?

ငါတို့ မဲခွဲဆုံးဖြတ်ပြီးပြီ

မင်း ထွက်တော့

ဒီကောင်က စပိုက်ဒါတဲ့ မင်းနေရာမှာ အစားထိုးဖို့ 

ဘယ်လိုလဲ ငါ့ကောင်?

မနေ့ ညကတည်းက ပြောဖို့ ပဲ ခင်ဗျား မှောက်သွားလို့ 

မင်းက ငါ့ကို တီးဝိုင်းကနေ ကန်ထုတ်မယ်ပေါ့လေ မင်းက ငါ့ကိုထုတ်မယ်ပေါ့လေ?

- ဒါ ငါ့တီးဝိုင်းကွ ငါဖွဲ့ ထားတာ - ခင်ဗျားကို သီယိုကထုတ်ပစ်ချင်တာ

- ကျွန်တော်လည်း မတတ်နိုင်ဘူးလေ - မင်း ပါးစပ် ပိတ်ထားစမ်းကွာ..မင်းလည်း မဲပေးခဲ့တာပဲ

ဒူဝီ ငါပြောတာ နားထောင်

မင်းက ဂစ်တာသမားကောင်းတစ်ယောက်ပါ

ဆိုလိုမိနစ်၂၀စာလောက်ပဲကို စတိတ်စင်ပေါ်က ဒိုင်ဗင်ထိုးချသေး

အခု ငါတို့ အသံဖမ်းကြမလို့  မင်းလုပ်လိုက်ရင် စိတ်ကသိကအောက် ဖြစ်စရာတွေ

မယောင်ရာဆီမလူးနဲ့ ...သီယို

မယောင်ရာ ဆီမလူးနဲ့ ကွ!

ငါတော့ အဲဒါမျိုးမလုပ်ဘူး ဒူဝီ

ငါက မင်းကို သဘောကျတယ်

မင်းတို့ ကြောင်နေကြပြီကွ မင်းတို့ အားလုံးက ငကြောင်တွေ

စွဲစွဲမြဲမြဲတော့ လုပ်နေကြတာပဲ... ဒါပေမယ့် မင်းတို့ မေ့နေတာ တစ်ခုရှိတယ်

မင်းတို့ လုပ်နေကြတာ ဂီတကွ ဘာဖြစ်ဖြစ် ငါဂရုမစိုက်ပါဘူး

သူ့ ထက်သာမနာလိုပြီး အဖွဲ့သားချင်းသစ္စာဖောက်တဲ့ကောင်တွေနဲ့  ငါလည်းဆက်ပြီး အချိန်မဖြုန်းချင်တော့ဘူး

ငါ့ဘာသာ ကိုယ်ပိုင် တီးဝိုင်းဖွဲ့ မယ် အသစ်ပြန်မွေးဖွားမယ်

မင်းတို့ ကောင်တွေက ငါ့ဖင်မှာ ထိုးထားမယ့် ရယ်စရာမော်ကွန်းသေးသေးလေးပဲဖြစ်မှာပါ

မင်းတို့ ကောင်တွေအတွက် စိတ်မကောင်းဘူးကွာ

ဟုတ်တယ်

ဟုတ်တယ် အဲ့ဒါ1968ထုတ်Gibson SG ဂစ်တာလေးပါ

မဟုတ်သေးဘူးလေ

ဒါပဲလား? ကောင်းပါပြီ မှားတာပါ

ဟင့်အင်း ဒီဂစ်တာကို ဟင်းဒရစ် တီးခဲ့တာပါ

ဟယ်လို?

- ဟုတ်ကဲ့? - မစ္စတာ ရှနီဘလီလား?

မဟုတ်ဘူး..သူ မရှိဘူး

- ဒါဖြင့် ရှင့်ကို မှာထားခဲ့လို့ ရမလား? - ရတယ်

ကျွန်မနာမည် ရို့စ်မယ်လင်ပါ

ဟူးရေ့စ်ဂရင်းကျောင်းက ကျောင်းအုပ်ပါ ကျွန်မတို့ မှာ အရေးပေါ်ကိစ္စတစ်ခုရှိနေလို့ 

ကျွန်မတို့ ကျောင်းကဆရာမတစ်ယောက် ဒီမနက်ကပဲ ခြေထောက်ကျိုးသွားလို့ 

အစားထိုးဆရာတွေအားလုံးကလည်း အလုပ်ကိုယ်စီနဲ့ ဆိုတော့

မယ်လ်တန်ကျောင်းက ပက်ဝစ်ကန်က မစ္စတာ ရှနီဘလီဆီဖုန်းဆက်ကြည့်ပါဆိုပြီး အကြံပြုတာနဲ့ 

သူ လုပ်ပေးနိုင်ပါ့မလားရှင့်?

- ပွဲက ဘယ်လောက်ကြာမှာလဲ? - ရှင်?

အဲဒီအလုပ်က ဘယ်လောက်ကြာမှာလဲ လို့ ?

လေးငါးပတ်လောက်ပါပဲ

ဒါပေမယ့် လောလောဆယ် အရေးတကြီးလိုနေလို့ လေ

ငွေရော ဘယ်လောက်ပေးမှာလဲ?

အစားထိုး ဆရာတစ်ယောက်အတွက် တစ်ပတ်ကို ဒေါ်လာ 650 ပေးပါတယ်

သူဘယ်အချိန်ပြန်လာမလဲ သိလား?

ခဏလောက်နော် ?

သူလာနေပြီ. . . နက်ဒ်ရေ ဖုန်းလာနေတယ်!

ဟယ်လို နက်ဒ်ရှနီဘလီပါ ခင်ဗျာ

ရှင့်ရဲ့လုပ်ရည်ကိုင်ရည် အကြောင်း ကျွန်မဆီကို ပက်ဒ် က ဖက်စ်နဲ့ ပို့ ပေးထားတယ် အထင်ကြီးစရာပါပဲရှင်

ဒီလို အစားထိုးတာမျိုး တစ်ခါမှမလုပ်ဖူးပေမယ့် ရှင့်ကို ကျေးဇူးအများကြီးတင်ပါတယ်

ဘယ်လိုလုပ်မှာလဲ ဒီအတိုင်းပဲပေးမှာလား?

ကျွန်မ နားမလည်ဘူး

ငွေသားနဲ့ ရှင်းပေးရင်တော့ ပိုကောင်းတာပေါ့

အဲဒီလို မလုပ်ပါဘူး

ဒါဖြင့် ချက်လက်မှတ်ဖြတ်တဲ့အခါ ဒူဝီကို ငွေချေလို့ ရအောင် လုပ်ပေးပါ အခွန်ဆောင်စရာလေးတွေရှိသေးလို့ 

ရှင် ဒီကိစ္စကို ညနေမှ ကန်ဒေ့စ်နဲ့ ဆွေးနွေးလို့ ရပါတယ်

ညနေ ဘယ်အချိန်လဲ?

မနက် ၈နာရီ၁၅မှာ ကျောင်းစဖွင့်တယ် ညနေ၃နာရီခွဲမှာ ဆင်းတယ်

ဟိုဟာလေ

ဒီနေ့ နည်းနည်းစောပြန်လို့ ရမလား? လုပ်စရာလေးနည်းနည်းရှိနေလို့ ပါ

ရပါပြီ ကျွန်တော် ကျောင်းဆင်းတဲ့အထိ နေပါ့မယ်

မစ္စတာရှနီဘလီ

ဒီကျောင်းက ပြည်နယ်အဆင့် အကောင်းဆုံးမူလတန်းကျောင်းနော်

က၊ွန်မတို့ က ဆင်ခြင်တုံတရား အခြေခံပြီး

သင်ကြားထိန်းသိမ်းပေးတယ်

ဒီအတွက် မပူပါနဲ့ ကျွန်တော်က ဇွဲကောင်းပါတယ်

တကယ်လို့ ကလေးတစ်ယောက် စည်းကမ်းဖောက်တာနဲ့  တင်ပါးကို ရိုက်ဖို့ ကျွန်တော်ဝန်မလေးပါဘူး

ဟင့်အင်း ကိုယ်ထိလက်ရောက် အပြစ်ပေးတာမျိုး ကျွန်မတို့ မလုပ်ဘူး

Okay လေ ပါးစပ်နဲ့ ပဲ ဆူရင်ရော?

မစ္စတာရှနီဘလီ ကျွန်မကျောင်းသားတွေနဲ့ ပက်သက်ပြီးတစ်ခုခုဖြစ်ရင် ကျွန်မဆီကိုသာလွှတ်လိုက်ပါ

- စည်းကမ်းအတိုင်းပဲ ကျွန်မအရေးယူမယ် - ကောင်းပါပြီ

ကလေးတို့ 

ထိုင်ကြပါ

မစ်ဒန်နန်အစား သင်ပေးမယ့် ဆရာအသစ်နဲ့ မိတ်ဆက်ပေးမယ်

ဒါ မစ္စတာရှနီဘလီတဲ့

ရှင့်နာမည်ကို သင်ပုန်းပေါ်မှာရေးလိုက်ပါလား?

ဟုတ်ကဲ့ ရေးလိုက်ပါ့မယ်

မစ္စတာ အက်စ်လို့ ပဲ ခေါ်လည်းရပါတယ်

မစ္စတာအက်စ်က ဆရာမတို့ ဟူးရေ့စ်ကျောင်းမှာ တစ်ခါမှ မသင်ဖူးဘူး

ဒါကြောင့် မင်းတို့ အားလုံး လိမ်လိမ်မာမာ နေစေချင်တယ်

သင်ရိုးစာအုပ်ကတော့ စာပွဲပေါ်ရောက်နေပြီ

- ရှင် ဘာများ မေးစရာရှိသေးလဲ ? - ရှိပါတယ် နေ့ လည်စာက ဘယ်အချိန်စားကြလဲ?

ကလေးတွေအားလုံးေ န့ လည်စာစားပြီးကြပြီ

တစ်ခြား ဘာလိုသေးလဲ?

ကျွန်တော်က ဆရာတစ်ယောက်ပါ ကျွန်တော်လိုတာက ကလေးတွေကို ပုံသွင်းပေးဖို့ စိတ်ပါ

ကောင်းပါပြီ ကျေးဇူးတင်ပါတယ် ဒီနေ့ အတွက် အဆင်ပြေပါပြီ

အိုကေ ဘယ်သူ့ မှာ စားစရာပါလဲ?

မင်းတို့ ကို ဘာမှမလုပ်ပါဘူး ငါ ဗိုက်ဆာနေလို့ 

မင်း. . . မင်းမှာ ဘာရှိလဲ?

ငါပြောချင်တာ အဲ့ဒါပဲ

အိုကေ စာသင်မယ် စာသင်မယ် စာသင်ရတော့မယ်

ကောင်းပြီ တစ်ခုပြောပြမယ်

ငါ အရက်နာကျနေတယ် ဘာပြောတာလဲ ဆိုတာ သိလား?

- ဆရာ အရက်မူးနေတယ်လို့  ပြောတာမလား? - မဟုတ်ဘူးကွ မနေ့ က ငါအရက်သောက်ခဲ့တယ်လို့ ပြောတာ

- ဆရာက အရက်သမားလို့ ပြောတာ - မှားတယ်

အရက်မမူးဘဲ အလုပ်ကို မလာဘူးလေ

အဲ့ဒါ ရောဂါဖြစ်နေတာ

- မင်းနာမည် ဘယ်လိုခေါ်လဲ? - ဖရက်ဒေဂျုန်းစ်

ဖရက်ဒေဂျုန်းစ် ပါးစပ်ပိတ်ထား

တော်စမ်းပါကွာ

ဆိုလိုရင်းက မင်းတို့ အားလုံး ဒီနေ့ အေးဆေးနေလို့ ရတယ်

အရေးမကြီးတာကို မနက်ဖြန်မှ စလုပ်မယ်

- ဟုတ်ပြီ တင်ကာဘဲလ် ဘာပြောချင်လို့ လဲ - ဆမ်းမားပါ

အတန်းစည်းကမ်းအရ ဆရာ့ကို ဟူးရေ့စ်ကျောင်းတော်ကြီးကနေ ကြိုဆိုပါတယ်လို့ ပြောပါရစေ

- ကျေးဇူးပဲ - သမီးတို့  အချိန်ဇယားတွေနဲ့ ပက်သက်ပြီး ဘာမေးဦးမလဲ?

မစ်ဒန်နန်ဆိုရင် သမီးတို့ ကို ပထမဆုံး ဝေါဟာရတွေ သင်တယ်

နောက် ဥာဏ်စမ်းမေးခွန်းလေးတွေ မေးတယ် ပြီးရင် စာဖတ်ဖို့ အုပ်စုခွဲပေးတယ်

- ဒုတိယအနေနဲ့  . . - အိုကေ အိုကေ ဟေး

ဒီနေ့  မင်းတို့ ဆရာက မစ်ဒန်နန်မဟုတ်ဘူး..ငါပဲ

ငါ ခေါင်းကိုက်နေတယ်

ဒါကြောင့် ကစားချိန်ကျပြီ

ဒီ ပိုစတာဂရပ်က ကျောင်းသားတွေရဲ့လုပ်ဆောင်ချက်ပြဇယားပဲ

လုပ်ဆောင်ချက်တွေအတိုင်း အမှတ်တွေပေးတာပါ

ကစားနေရုံနဲ့  အမှတ်တွေဘယ်လိုလုပ် ရမလဲ?

- ဒီအမည်းစက်တွေကရော? - ပြစ်ဒါဏ်တွေပါ

ဒီကျောင်းက ဘယ်လိုကျောင်းလဲကွ?

ငါ ဒီကျောင်းမှာ ရှိနေသရွေ့ အဆင့်သတ်မှတ်ချက်တွေ အမှတ်တွေ ပြစ်ဒါဏ်တွေ ဘာတစ်ခုမှမရှိဘူး နားလည်လား?

အချိန်ပြည့် ကစားချိန်ရမယ်

ဆရာမဒန်နန်က သမီးတို့ ကို ကစားချိန် ၁၅မိနစ်ပဲပေးတာ. .

ငါပြောနေတာ မကြားဘူးလား? ဒီနေရာမှာ ငါက အကြီးအကဲပဲ

ဆော့မှာသာဆော့

သွားကြ ပျော်ကြစမ်းကွာ

မိုက်တယ်

မင်းမိဘတွေကို ဖုန်းဆက်ခေါ်လိုက်ရမလား?

ဟုတ်ပြီ အမ်မီလီ မငိုနဲ့  နည်းနည်းလောက် ပိုပြီး စဉ်းစားစမ်းပါ

ဆရာမ ဖက်ထားရမလား?

သမီးလိမ္မာပါတော့မယ် ကျိန်ရဲပါတယ်!

အိုကေ ရပြီ အမ်မီလီ သမီးကို ခွင့်လွှတ်တယ်

အိုကေ ငါတို့ လုပ်နိုင်ပြီ လုပ်နိုင်ပြီ

ရိုက်လိုက်ပါဦး ရိုက်လိုက်ပါဦး ရိုက်လိုက်ပါဦး ရိုက်လိုက်ပါဦး

ကဲ နောက်မှတွေ့ ကြမယ် ကလေးတို့ ရေ!

ရေချိုးခန်းထဲမှာ ချော်လဲတာလို့ ကြားတယ်

ထောက်ခံမှုကောင်းကောင်းရထားတဲ့ အစားထိုးဆရာ တစ်ယောက်

ခေါ်ထားပါတယ်

- မစ္စတာရှနီဘလီ? မစ္စတာရှနီဘလီ? - ဟုတ်ကဲ့!

ခဏလေး ငါ့ကောင်ရေ!

ဘုရားရေ လာနောက်နေတာလား

ဒီဘဲက အလန်းကြီးဟ

- ရော့ ဖုန်းဆက်ကြည့် - ငါက ဆက်ရမယ် ဟုတ်လား? အေးပါကွာ

မင်း ငါ့တီးဝိုင်းကို ၀င်လို့ ရတယ်နော်

ဘာမှမလိုဘူးနော် ငါ့ကောင်

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left