Tag

Tag

Download Burmese Subtitle

Release info

Tag 2018 720p 10bit BluRay 6CH x265 HEVC-PSA
A Commentary by ChocoPie
Remake (retype) of hardsub. (Release Type : Transcript which is subscene allowed) Credit to original translator : Myo Thant Kyaw................ ( don't allow -- hardsub with your movie channel with own logo). We intend to use for soft sub only...........

Tags

BluRay
720p
720
x265
HEVC
Published on: 2018-09-08
Downloads: 56
Hearing Impaired: No

Burmese subtitle preview

The first 200 lines.

အသက်ကြီးလာလို့ ကစားတာ ရပ်လိုက်တာမဟုတ်ဘူး

ကစားတာရပ်လိုက်တာကြောင့် အသက်ကြီးလာတာလို့ လူတယောက်က ပြောဖူးတယ်

ငယ်ငယ်ကဆိုရင် သူငယ်ချင်းအသစ်တွေနဲ့

အုပ်စုဖွဲ့ပြီးပေါင်းဖို့ စိတ်ကူးမိတာမဟုတ်ဘူး

လက်ရှိသူငယ်ချင်းတွေနဲ့ပဲ တသက်လုံး ပေါင်းသွားရမယ် ထင်တာကိုး

ဟုတ်တယ် လူတော်တော်များများအတွက် အဲဒါက တကယ်ဖြစ်မလာခဲ့ပါဘူး

ဒါပေမဲ့ ကျွန်တော်တို့သူငယ်ချင်းတွေကတော့ နည်းလမ်းတခုကို ရှာတွေ့ခဲ့တယ်

ကစားတာကို မရပ်ဘဲ ဆက်ပြီးကစားနေဆဲပါပဲ

အဲဒီလိုကစားတာကြောင့် အခုလက်ရှိအချိန်မှာ ကျွန်တော်

ဒီလိုလူမျိုးတယောက်ဖြစ်လာရတယ်လို့ ရိုးရိုးလေးပဲ တွေးမိတယ်

ဒါဆို အခုလက်ရှိ ခင်ဗျားက သန့်ရှင်းရေးသမားဖြစ်ချင်တာပေါ့

ဟုတ်တယ်

ဒီမယ် ဒေါက်တာမလွိုင်း ကျုပ် ခင်ဗျားရဲ့ကိုယ်ရေးအကျဉ်းကိုဖတ်နေတာ

ဒီထဲကအရဆိုရင် ခင်ဗျားက တိကုဒေါက်တာဘွဲ့ကို ရထားတယ်

ပြီးတော့ အဲဒီဘွဲ့နဲ့ပဲ လက်ရှိမှာ အလုပ်လုပ်နေတယ်လေ

လူတိုင်း လူတိုင်း တသက်မှာတခါတော့

ဘ၀အတွက် အေးအေးဆေးဆေး စဉ်းစားချင့်ချိန်သင့်တဲ့အခါဆိုတာ ရှိတယ်

ဘယ်ဟာက ပိုအရေးအကြီးလဲ မသေခင် ကိုယ်ဘာတွေလုပ်ချင်လဲဆိုတာ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်

ဒါဆို ရှင်းအောင်ပြောကြည့်ပါဦး

ခင်ဗျားရဲ့ မသေခင် လုပ်ချင်တဲ့စာရင်းထဲမှာ လေထီးခုန်တာတို့ တောင်တက်တာတို့

ခြေအကတို့ ဘာတို့ မပါဘူး ဝံပုလွေတွေနဲ့ကတာရော

တကယ်လုပ်သင့်တာ အဲဒါတွေလို့ ကျွန်တော်ထင်တယ်

အဲလိုသာမဟုတ်ရင် ဘယ်သူက တကူးတကကြီး ရုပ်ရှင်ရိုက်နေမှာတုန်း

ကျုပ်ကတော့ အဲဒီလူရဲ့အိမ်သာကြွေခွက်က

အညစ်အကြေးတွေကို သန့်ရှင်းပေးတဲ့အလုပ် လိုချင်တယ်

သူဌေးကိုပြောတာလား

မစ္စတာကာလာဟန်

ဟုတ်တယ် သူက တကယ်တော်တဲ့လူပါ ကုမ္ပဏီအကြီးကြီးလည်း ပိုင်ထားတယ်

အဲဒီလူနဲ့ အနီးကပ်လုပ်လို့ရမယ့်အလုပ်ရှိရင် ကျုပ်ကို ခန့်လိုက်တော့

ဒီမယ် ကိုယ့်လူ

အမှန်တိုင်းပြောရရင် အခုလိုအခြေအနေမှာ မဟုတ်ရင်

ကျုပ်ရုံးခန်းထဲက ထွက်သွားလို့ နှင်ထုတ်မိမှာ

ဒါပေမဲ့ အခုချိန်မှာ ကျုပ်တို့လည်း အကူအညီလိုနေတယ် ခင်ဗျားဘယ်တော့စလုပ်မလဲ

အဲဒါဘာလုပ်တာလဲ

ဖောက်တောင်မဖောက်ရသေးဘူး

စိတ်မရှိပါနဲ့ ကျုပ်က လုပ်တတ်ကိုင်တတ်ကြောင်း ပြတာပါ

ဒီနေ့ အလုပ်စ၀င်မယ်

- ခင်ဗျားအတွက် ကုတ်တဘူး သွားယူပေးရမလား - အဲဒါဆိုရင် အဆင်ပြေတာပေါ့၊

- ဟုတ်ပြီ - ဒါပေမဲ့ ပစ္စည်းအသစ်တွေကိုတော့ လွှင့်မပစ်နဲ့နော်

စိတ်ချလိုက်စမ်းပါ

လက်ဆွဲနှုတ်ဆက်နေစရာမလိုပါဘူး

- ဟုတ်ပြီ ကျုပ်ပြန်လာခဲ့မယ် - ကောင်းပြီ

လူဖြူတွေကတော့ကွာ

ဘော့ဘ်ရေ မင်းက အမေရိကန်ရဲ့ အကြီးဆုံးကုမ္ပဏီ ၈၀၀ ထဲက ကုမ္ပဏီတခုရဲ့ဥက္ကဌပဲကွ

အလုပ်သမားတွေ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားမှုကိုလည်း ရထားတဲ့သူဖြစ်တယ်

ဒါကြောင့်မို့လို့လည်း အကောင်ကြီးကြီးတွေက အင်တာလာဗျူးပေါ့ကွာ

ဝေါစထရိဂျာနယ်

- မစ္စခရော့စ်ဘီ - မင်္ဂလာပါ

- မင်္ဂလာပါ ဘော့ဘ်ကာလာဟန်ပါ - ရေဗက္ကာပါ

- အခုလိုစောင့်နေပေးတဲ့အတွက် ကျေးဇူးပါပဲ - ကျွန်မလည်း ကျေးဇူးတင်ပါတယ်

ပြောစရာရှိတာပဲ တန်းပြောလိုက်ကြမလား

- တန်းပဲပြောကြတာပေါ့ - ဟုတ်ပြီ ကျွန်တော့်ကုမ္ပဏီအကြောင်းကို

ခင်ဗျားတို့ရဲ့ စာဖတ်ပရိသတ်တွေသိအောင် မျှဝေနိုင်တဲ့အတွက် ၀မ်းသာပါတယ်

ကျွန်တော်တို့ကုမ္ပဏီက ငယ်ရွယ်တယ် တက်ကြွတယ် ပျော်ဖို့လည်းကောင်းတယ်

ကဲ ဆီးချိုရောဂါအကြောင်း ပြောကြတာပေါ့

မစ္စတာကာလာဟန် ရှင့်ရဲ့ ကုမ္ပဏီကအာမခံငွေတွေကို

ကုမ္ပဏီငွေစာရင်း အကျပ်အတည်းအတွက် ပြန်သုံးလိုက်တဲ့အပေါ် ရှင့်အမြင်ကိုလည်း သိချင်ပါတယ်

သိပ်ကောင်းတဲ့မေးခွန်းပဲ

ဖြေရခက်ပေမယ့် မေးလို့ကောင်းတယ်

Freedom Atlantic ကို ကျုပ် သဘောကျရတဲ့အကြောင်းက

တခြားအာမခံကုမ္ပဏီတွေနဲ့ မတူလို့ပါ

ကျွန်တော်တို့ကုမ္ပဏီက ကြီးလည်း ကြီးသလို သေးလည်းသေးတယ်

ကျွန်တော်တို့ကုမ္ပဏီက

သိတယ်မလား ရှုပ်လည်း ရှုပ်ထွေးသလို

ရိုးလည်းရိုးရှင်းတယ်

အပြည်ပြည်ဆိုင်ရာကုမ္ပဏီဖြစ်သလို

- ပြည်တွင်းကုမ္ပဏီလည်းဖြစ်တယ် - အဟုတ်ပဲ

စိတ်မရှိပါနဲ့ ခဏလေးနော် ပြီးမှ သန့်ရှင်းရေးပြန်လုပ်ပေးလို့ရမလား

ကျုပ်တို့ အလုပ်ကိစ္စအကြောင်း ပြောနေလို့ပါ

မသွားနိုင်ဘူး ဘော့ဘ်

အောင်မလေး ဟိုဂီပါလား

မင်း ဒီကိုဘာလာလုပ်တာလဲ လုံခြုံရေးတွေကိုရော ဘယ်လိုကျော်လာတာလဲ

မကျော်ပါဘူး ငါဒီမှာအလုပ်လုပ်နေတာလေ

ငါ့ကို စိန်ပြေးလိုက်တမ်းဖမ်းဖို့အတွက်နဲ့ ငါ့ကုမ္ပဏီမှာ အလုပ်လာလုပ်တယ်ပေါ့

ပွဲပြီးသွားပြီ ဘော့ဘ်

ငါ့ရုံးခန်းထဲကနေ လွတ်အောင်မပြေးနိုင်ဘူးလို့ မင်းက ထင်တယ်ပေါ့

- မင်းက ဘယ်ပြေးချင်တာတုန်း - ခန့်မှန်းကြည့်

ကြည့်လိုက်စမ်း ပြေးပြမယ်ကွ

- အောင်မလေး - အောင်မလေးဗျ

အဆင်ပြေရဲ့လား

အင်း ပြေတယ် မင်းပြောတာမှန်တယ်

ပွဲပြီးသွားပြီ

- အင်း ငါသိပါတယ် - မင်းကခွေးရူးဖြစ်သွားပြီ

အေးပါကွာ မင်းကို တွေ့ရတာ ၀မ်းသာတယ် သူငယ်ချင်း

- ငါလည်းပမ်းသာတယ်ကွာ - မင်းစိတ်ကျသွားတာလား

အင်း နည်းနည်းပါ ဒီတခါကတော့ တကယ်အတည်နော်

ဂျယ်ရီက ဒီကစားပွဲကနေ ထွက်တော့မယ်တဲ့

ဘာ သောက်ပိုတွေကွာ

အတည်ပြောနေတာ ဒီရာသီကုန်တာနဲ့ အဲ့ကောင် အနားယူပြီ

ဟုတ်ပြီလေ ဒါပေမဲ့ ငါအင်တာဗျူးဖြေရက် တန်းလန်းကြီးဖြစ်နေတယ် အဲဒီတော့..

- ဝေါစထရိဂျာနယ်ကပေါ့ မိုက်တယ်ဟေ့ - ကျေးဇူးပါပဲ

ကျုပ်က ကျေးဇူးတင်ရမှာ သူ့ကိုအာရုံလွှဲထားဖို့ တခုခုလိုနေတာနဲ့ အတော်ဖြစ်သွားတာ

ဘော့ဘ်ကို သူ့အကြောင်းမေးလိုက်တော့

မပြီးနိုင်မစီးနိုင်နဲ့ မရပ်မနားကို ပြောနေတော့မှာ

- ဒီအကြောင်းတွေ အပြင်ဘက်မှာသွားပြောရအောင် - အင်း

အပြင်ဘက် စကားသွားပြောလိုက်ဦးမယ်နော် ပြန်လာခဲ့ပါ့မယ်

မေလကုန်ဖို့ သုံးရက်ပဲ လိုတော့တယ် အဲဒီတော့ ငါတို့လူစုပြီးတော့

အဲ့ကောင်ကိုဖမ်းဖို့ ၆၃ နာရီအချိန်ရတယ်

အေး ဒီအကြောင်းကို ညစာစားပြီးတဲ့ အချိန်မှ ပြောလို့ရတယ်မလား

ဘာ မရဘူးလေ အခုသွားမှဖြစ်မှာ

မင်း သန့်စင်ခန်းတွေကို သန့်ရှင်းရေးလုပ်ရဦးမှာမလား

- ဟုတ်တယ်လေ - အေး မင်းသိလား

ဒီနှုတ်ခမ်းမွေးတုကြီးကို ချွတ်လိုက် ပြီးရင် လုပ်စရာရှိတာသွားလုပ်

ပြီးမှ ဒီအကြောင်းကိုဆက်ပြောကြတာပေါ့

- ငါအလုပ်ထွက်တယ် ဘော့ဘ် - ထွက်စရာမလိုဘူး မင်းကိုအလုပ်ဖြုတ်လိုက်ပြီ

ကောင်းတာပေါ့ မင်းတို့ပေးတဲ့လစာကနည်းနည်းလေး

မနည်းပါဘူးကွာ

အမှန်ပဲဟ လစာကတော်တော်ကောင်းတယ်

စိတ်မရှိပါနဲ့ ခုနပြောနေတော့ ဘယ်ရောက်သွားပြီလဲ

စိတ်မရှိပါနဲ့ ခုနပြောနေတာ ဘယ်ရောက်သွားပြီလဲ

- ဆီးချိုရောဂါအကြောင်းပြောတာ - ရှင်းပြပါဦး

ကျုပ်က ဆရာဝန်တော့မဟုတ်ပါဘူး ဒါပေမဲ့ ဆီးချိုရောဂါမှာနှစ်မျိုးရှိတာသိတယ်

ပထမတမျိုးကိုတော့ ပထမတမျိုးလို့ခေါ်တယ်

ဒုတိယတမျိုးက သက်ကြီးပိုင်းတွေမှာ ပိုပြီးအဖြစ်များလေ့ရှိတယ်

မဟုတ်ဘူး သူ့အကြောင်းကိုရှင်းပြခိုင်းတာ

- မင်းဘာလုပ်နေတာလဲ - ဟိုဂီ မင်းဘာဖြစ်ချင်တာလဲ

မင်း ငါ့ကိုမိသွားပြီ ငါခွေးရူးဖြစ်သွားပြီလေ

အခုချက်ခြင်းစလုပ်မှဖြစ်ပါမယ်လို့ ငါပြောထားတာတောင်

မင်းက ဒီမှာလာထိုင်နေတယ်

ဒီနှစ် ဂျယ်ရီ့ကိုဖမ်းဖို့ အခွင့်အရေးတော်တော်များတယ်

နှစ်တိုင်း မင်းအဲဒီလိုပြောနေကျလေ

ဒီနှစ်ကတော့ မတူဘူး

အဲဒါကိုလည်း နှစ်တိုင်းပြောနေတာပဲ

- ဒါပေမဲ့ ဒီနှစ်က တကယ်ကိုမတူတာ - အဲဒါကိုလည်း မနှစ်ကမှပြောထားတာ

မင်းပြောတာမှန်ပါတယ်

ဒါပေမဲ့ ဒီနှစ်က အရင်နှစ်တွေနဲ့ တကယ်ကိုမတူတာ

ဘာလို့လဲဆိုတော့

သူ ဘယ်အချိန်မှာ ဘယ်နေရာမှာ ရှိနေမယ်ဆိုတာ အတိအကျသိထားလို့ပဲ

"ဂျယ်ရီနှင့်ဆူဇန်တို့၏ မင်္ဂလာဧည့်ခံပွဲ ၃၁ မေ စနေနေ့"

အဲ့ကောင်တော့ လုံးဝခြေချုပ်မိပြီပဲ

ငါတို့တွေ အဖွဲ့ ဖွဲ့ပြီးတော့ ဂျယ်ရီကို အခုချက်ချင်းဖမ်းရမယ်

မဟုတ်ရင် ငါတို့သေလိမ့်မယ်

ဘာကြီး

အချိန်တန်ရင်လို့ပြောတာပါ ငါပြောတာမင်းသိပါတယ်

လုပ်စမ်းပါ ဘော့ဘ်ရာ

မင်းဆက်ပြီးကစားမှာလား အသက်ကြီးခံမှာလား

ဆက်ကစားမှာ

အဖြေမှန်ကတော့ အဲ့ဒါပဲ

- တွေ့ရတာဝမ်းသာပါတယ် - စိတ်မရှိပါနဲ့ ကျုပ်သွားရတော့မယ်

နေပါဦး

မင်္ဂလာဆောင်တာတောင် ငါတို့ကို ဘာအကြောင်းမှမကြားတာ ယုံတောင်မယုံနိုင်ဘူး

ငါလည်း အစကတော့ ဒေါသထွက်သွားတာပဲ နောက်မှ ခံစားရတာ

ဒါပေမဲ့ အဲ့ကောင်က သူကိုယ်တိုင် လှုပ်မရတဲ့ပစ်မှတ်ဖြစ်သွားမယ်ဆိုတာ သိသွားလို့ပေါ့၊

အဲဒီကောင်အတွက်တောင် တော်တော်ရူးနမ်းတဲ့ကိစ္စပါကွာ

ဘာတွေဖြစ်နေတာလဲဆိုတာ ကျွန်မကို ပြောပြပါဦးလား

- ဒါတွေ သတင်းထဲမထည့်ဘူးမလား - ဟင့်အင်း

ကောင်းပြီလေ ပြောပြမယ် ကျုပ်တို့သူငယ်ချင်းအဖွဲ့က စိန်ပြေးလိုက်တမ်းကစားနည်းကို

အရင်ကတည်းက ကစားလာတာ အခုဆို နှစ်သုံးဆယ်ကျော်လာပြီ

- ဘာကြီး - နှစ်တိုင်းရဲ့ မေလတိုင်းမှာ စိန်ပြေးလိုက်တမ်းကစားတယ်

ကလေးဘဝတုန်းက ကစားခဲ့သလိုပေါ့

ဒါပေမဲ့ ကွင်းပြင်ကြီးထဲ ပတ်ပြေးနေတာမဟုတ်ဘူး တယောက်နဲ့တယောက် နေတဲ့မြို့လည်း မတူဘူးလေ

အဲဒီတော့ ဘယ်သူက ဘယ်အချိန်မှာ ရောက်ချလာမလဲဆိုတာ မသိနိုင်ဘူး

ကိုယ်က ကုန်တိုက်မှာ ဈေးဝယ်နေတဲ့အချိန် ကိုယ့်ကောင်က ရောက်ချလာပြီး

ကိုယ့်ကိုထိလိုက်တာနဲ့ ကိုယ်က ခွေးရူးဖြစ်သွားပြီ

ရူးချင်စရာအကောင်းဆုံးအပိုင်းကို ပြောပြမယ်

ကျုပ်တို့သူငယ်ချင်း ဂျယ်ရီကတော့ တခါမှအမိမခံရသေးဘူး

ဘယ်လိုအမိမခံရသေးတာလဲ

သူ့ခန္ဓာကိုယ်ကို လက်နဲ့မထိနိုင်သေးတာလား

မေလမှာတော့ ထိမရဘူး နှစ်သုံးဆယ်တောင်ရှိပြီ

သူ့အိမ်သွားပြီး သူ့ကိုသွားထိလိုက်လို့ မရဘူးလား

- အဲလောက်မလွယ်ဘူး၊ - ဘာလို့တုန်း

ဘာလို့လဲဆိုတော့

အစကနေ စပြောရမယ်ဆိုရင် အဲဒီကောင်က တအားမြန်လွန်းတယ်

မိအောင်ဖမ်းလို့ကိုမရဘူး

သူ့ကိုမိဖို့အကြောင်းဖန်လာပြီဆိုရင်လည်း

အဲဒီမှာ စိတ်ရူးပေါက်ပြီး သားရဲတိရစ္ဆာန်တွေလို ဖြစ်သွားတော့တာပဲ

အဲဒီကောင်ကို ထောင်ချောက်ဆင်ဖမ်းမယ်ဆိုရင်လည်း

ထွက်ပေါက်ကို ရှာတွေ့စမြဲပဲ

မသိဘူး တခုမှကိုမသိဘူး

သူက ကျုပ်တို့ထဲမှာ အကောင်းဆုံးကစားသမား

ဟုတ်တယ်

အခု ဘယ်သူမှမချိုးနိုင်သေးတဲ့စံချိန်နဲ့ အနိုင်ပိုင်းပြီး အနားယူတော့မယ်တဲ့လေ

ငါတို့အကုန်အရူးတွေဖြစ်ကုန်မှာပေါ့

- အရူးတွေ - သူကတော်တော်စိတ်လှုပ်ရှားနေတာ

ဒီမှာပါဗျာ

- နေဦး ရှင်သွားလို့မရဘူးလေ - ကျုပ်တောင်းပန်ပါတယ် မစ္စခရော့စ်ဘီ

ကျုပ်ရဲ့ လူတယောက်ကို ခင်ဗျားဆီ လွှတ်လိုက်ပါ့မယ်

ကျုပ်ဒီမြို့ ကိုပြန်ရောက်မှ အင်တာဗျူးအတွက် ရက်ချိန်းပြန်ယူကြတာပေါ့

ဟင့်အင်း

- ဟင့်အင်း - ဟင့်အင်း အစီအစဉ်ပြောင်းသွားပြီ

ကျွန်မ ရှင်နဲ့လိုက်ခဲ့မယ် ဒီအကြောင်းကို သတင်းရေးလို့ရတယ်

- ဘာကြီး မဖြစ်ဘူးလေ - ဖြစ်တာပေါ့ ဒီကစားနည်းကအမိုက်ဆုံးကစားနည်းပဲလေ

ဒါ သူ့အကြိုက်ဟုတ်လိမ့်မယ်လို့ ငါမထင်ဘူး

ကျွန်မအကြိုက်က ဘာလဲဆိုတာတော့ မသိဘူး ဒါပေမဲ့

အသက်အရွယ်ရပြီးသားလူတွေက နှစ်တိုင်း နှစ်တိုင်း တလလုံးလုံး

အချိန်ပေးပြီးတော့ ကလေးဆော့တဲ့ကစားနည်းကို

ကစားကြတယ်ဆိုတာကတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်

သိပ်ကိုစိတ်ဝင်စားဖို့ကောင်းတယ် အမှန်ပဲ သွားကြစို့

ကောင်းသောစိတ်ဝင်စားခြင်း ဟုတ်မဟုတ်ဆိုတာ မပြောရသေးဘူးနော်

- ကားထဲသာ ဝင်စမ်းပါ ဘော့ဘ်ရာ - ပြီးတာပဲ ဖြစ်ချင်ရာဖြစ်

အဆင်သင့်ဖြစ်ပြီ အဖေရေ

ကျေးဇူးပဲကွာ

ကျွန်တော်အရိုးသားဆုံးပြောမယ် ကျွန်တော့်မိန်းမဆုံးသွားကတည်းက

အဖေက ကျွန်တော့်ကို တည်ငြိမ်အောင်ထိန်းထားပေးခဲ့တာ

အဲဒီအတွက် ကျေးဇူးပဲ

အေး ငါအသိအမှတ်ပြုပါတယ်

ဒါပေမဲ့ မင်းမိန်းမက တကယ်မှမသေသေးတာ

ကျွန်တော့်အတွက်တော့ သေသွားပြီ

ဘာ

ဟုတ်တယ်

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left