Under The Gun

Under The Gun (언더더건)

Download Burmese Subtitle

Season 1

Release info

Under the Gun 4 Viu Original မြန်မာဘာသာ my
A Commentary by koleksifilmserial

Tags

webdl
Published on: 2024-12-01
Downloads: 32
Hearing Impaired: No

Burmese subtitle preview

The first 148 lines.

"ပိုကာချစ်သူ" အပိုင်း (၄)

ဟမ်းဖုန်းပေး

အသည်းပုံကို မဖျက်နဲ့နော်

သွားရအောင် အိမ်လိုက်ပို့ပေးမယ်

ဟင့်အင်း မရဘူး

ဘာ..

ဒီနေ့ ငါနင့်ကိုလိုက်ပို့မယ်

တော်ပါ

ဘာဖြစ်လို့လဲ

အဲဒါဆို ဒီမှာပဲ လမ်းခွဲကြတာပေါ့ မျှတတယ်မလား

မကြိုက်ပါဘူး အဲဒါဆိုလည်း နင်နဲ့ပဲ အတူတူသွားမယ်

- အလုပ်လုပ်ရဦးမှာ - အနှောင့်အယှက်မဖြစ်အောင်နေပါ့မယ်

ပြီးတော့ ငါလည်း ကူညီပေးလို့ရတယ်လေ

အရင်တစ်ခေါက်ကတောင် ငါနင့်ကို ကာကွယ်ပေးသေးတယ်လေ

တရားမဝင်ဂိမ်းဆော့တဲ့ ကလေးတွေဆီကနေလေ

မဟုတ်ဘူးလား

ဘာပဲဖြစ်ဖြစ် စတိုးဆိုင် ဘယ်မှာလဲဆိုတာ ငါသိတယ်

အဲဒါကြောင့် နင်က မသွားနဲ့ဆိုရင်တောင် သွားမှာပဲ

ဟိုလေ...

ဘာလဲ

အလုပ်ကို ဘာဖြစ်လို့ ဒီလောက်ကြိုးစားပမ်းစား လုပ်နေတာလဲဆိုတာ မေးလို့ရလား

ပိုက်ဆံရှာဖို့ပေါ့

ညီမလေးက နေမကောင်းဘူးလေ

၁၆ နှစ်ပဲရှိသေးတာကို

သွေးကင်ဆာတဲ့

တောင်းပန်ပါတယ် အဲဒီလိုမှန်းမသိခဲ့ဘူး

သွားရအောင်

ချစ်သူကောင်မလေးထင်တယ်

ဟုတ်ပါတယ်

ဘေးမှာ စာလုပ်ရင်းပူးကပ်နေတာက...

အရမ်းချစ်စရာကောင်းလို့

ကျေးဇူးတင်ပါတယ်

- စာကြိုးစားလုပ်နော် - ဟုတ်ကဲ့

- ကြိုးစားလိုက်ဦး - ကျေးဇူးတင်ပါတယ်

ဟဲ့ အခု ဘာလုပ်နေတာလဲ

ဘာပဲဖြစ်ဖြစ် စာလုပ်ရမှာဆိုတော့ ဘယ်မှာပဲလုပ်လုပ် အတူတူပဲမလား

ဒီမှာ နင့်နားမှာထိုင်ရင်းလုပ်ရင် ရတာပဲ

ဘာ..

အစကတည်းက စာတော်တဲ့သူတွေက ဘယ်လိုပဲဖြစ်ဖြစ် စာတော်ပြီးသား

ဘယ်လိုပဲကြည့်ကြည့် စာတော်တဲ့ရုပ် မဟုတ်ပါဘူး အမယ်လေး

ဘာ..

ကူလုပ်ပေးမယ်

ရတယ် စာသွားလုပ်နေ

ဟင့်အင်း ကူညီပေးချင်လို့ပါ

ဘာဖြစ်လို့ အဲဒီလိုကြည့်တာလဲ

အပြင်မှာ ဒီလောက်နောက်ကျအောင်နေတာ နင့်မိဘတွေ မဆူဘူးလား

ငါက မထင်ရပေမဲ့ အမေရိကားမှာ အကြာကြီးနေခဲ့တာပါနော်

စွန့်စားတတ်ပြီး လွတ်လပ်တယ်

အိမ်မှာဆို မိဘတွေထိန်းချုပ်တာလည်းမခံဘူး

သိပါပြီဗျာ

ဟင် ဒါက ဘာဖြစ်လို့ ဒီမှာရောက်နေတာလဲ

ဒီမှာ ဒီလိုထားရင် ရပြီလား

ဘာဖြစ်လို့ အဲဒီလောက်လန့်သွားတာလဲ

မဟုတ်ပါဘူး ဒီအတိုင်း...

မွှေးမွှေးတောင်ပေးပြီးနေမှ လက်ကိုင်တာ ဘာများဆန်းလို့လဲ

ဟဲ့

ငါ့အိမ်က ဒီမှာ

သတိထားပြီးပြန်

သတိထားပြီးပြန်နော်

လှည့်မကြည့်နဲ့ မျက်နှာနီနေလို့

မျက်နှာက ဘာဖြစ်လို့နီနေတာလဲ

နက်ဖြန်တွေ့မယ်နော်

ဒီနေ့လည်း ထုံးစံအတိုင်း ငိုက်နေကြပြန်တဲ့ မင်းတို့အတွက်...

ဒီနေ့ပြောခဲ့တာတွေကို စာမေးပွဲမှာ သေချာပေါက်ထည့်မေးမယ်

- ဟာ.. - ဟာ..

ဟာတွေဘာတွေ လုပ်မနေနဲ့

ဒီနေ့လည်း နေ့လယ်စာကို အရသာရှိရှိစားကြနော်

- ဟုတ်ကဲ့ - ဟုတ်ကဲ့

ဆယ်ယောင်း ဒီတစ်လော ဘာဖြစ်လို့ ငိုင်နေတာလဲ

ဒီလိုပါပဲ

ဒီလိုပါပဲတော့ မဟုတ်ပုံပဲ

နင် ဂိုဂွန်မလာလို့ အဲဒီလိုဖြစ်နေတာမလား

အမယ်လေး ဒါလုံးဝရောဂါပဲ ရောဂါ

- အချစ်ရောဂါ - ရောဂါ

တစ်ခုခုဖြစ်နေတာလား

ဒေါက်တာ

ဘယ်လိုလုပ်ရမလဲ

အင်မာတီနစ်က လူနာကို အသက်ရှည်စေပြီး...

ဘဝရဲ့အရည်အသွေးကို တိုးတက်အောင်လုပ်ပေးတဲ့နေရာမှာ

တခြားကုသနည်းတွေထက် ပိုထိရောက်ပေမဲ့

တော်တော်လေးတော့ ဈေးကြီးတယ်

ဘယ်လောက်ကုန်ကျမလဲ

အာမခံထဲမှာလည်း အဲဒါမပါဘူးဆိုတော့...

ပြောပြပေးပါ

အစ်ကိုလာတယ်

- အဖေ - အင်း

အစ်ကို

အရမ်းစိတ်မပူနဲ့

မကြာခင် သက်သာသွားမှာ အခြေအနေကောင်းလာတယ်တဲ့

ဘာဖြစ်လို့ ဒီလောက်ပိန်သွားတာလဲ

အခု ဘယ်သူက ဘယ်သူ့ကိုစိတ်ပူနေတာလဲ

- အဖေ - အင်း

သမီးကို အအေးဝယ်ပေးပါ

- အအေးလား - အင်း

အစ်ကို

ဟင် ဘာလို့လဲ

ညီမအတွက် အရမ်းမကြိုးစားနဲ့

ဂျွန်ဟီ

အစ်ကိုတစ်ယောက်တည်း အရမ်းကြီး အပင်ပန်းမခံလည်းရတယ်

- ညီမက ရတယ် - ဂိုဂျွန်ဟီ

အစ်ကို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ချင်ဘူး

- အဲဒါကြောင့်... - နင်က ဘာဖြစ်လို့ ငါ့အတွက်ဝန်ထုပ်ဖြစ်ရမှာလဲ

အဲဒီလိုစကားမျိုးလုံးဝမပြောနဲ့.. နော်

ညီမလည်းသိတယ်

ခွဲစိတ်စရိတ်က...

ဂျွန်ဟီ

အစ်ကို့ကို ဒီထက်ပိုပြီးပင်ပန်းအောင် မလုပ်ချင်တော့ဘူး

ငါက ဘာဖြစ်လို့ နင့်ကြောင့်ပင်ပန်းရမှာလဲ

အဲဒီလိုမဟုတ်ဘူး

တကယ်မဟုတ်ဘူး

တစ်ခုမှ အဆင်ပြေတာမရှိဘူးပဲ

ဟဲလို

ဂွန်လေး

ဘာကိစ္စလဲ

ခုနကတည်းက မင်းကိုစောင့်နေတာ

ကျွန်တော်ထွက်ပြီ

ငါနဲ့ အလောင်းအစားတစ်ခုလုပ်မလား

- စိတ်မဝင်စားဘူး - နားထောင်ပြီးရင် စိတ်ဝင်စားသွားလိမ့်မယ်

တစ်ပွဲလောက်ဆော့ရအောင်

မင်းနိုင်ရင် နောက်ကို မင်းဆီလုံးဝမလာတော့ဘူး

ဒါပေမဲ့ ငါနိုင်ရင်...

ချာဆယ်ယောင်းကို ဒီထက်ပိုပြီး ယိမ်းယိုင်အောင်မလုပ်နဲ့တော့

ဘယ်သူက ဘယ်သူ့ကို ယိမ်းယိုင်အောင်လုပ်နေလို့လဲ

ငါက သူ့ကို ယိမ်းယိုင်အောင်မလုပ်ဖူးပေမဲ့...

သူကသာ ငါ့ကို အကြိမ်ပေါင်းများစွာ ယိမ်းယိုင်အောင်လုပ်နေတာ

- ဒီကောင်ကတော့... - အခုထိ ယိမ်းယိုင်အောင်တောင် မလုပ်ရသေးတာကို

ဒီလိုလာလုပ်နေရင်...

ယိမ်းယိုင်အောင်လုပ်ရုံတင်မကဘူး ပိုင်ဆိုင်ချင်လာပြီ

စီနီယာဘက်ကသာ ရန်လာမစပါနဲ့

အေးအေးဆေးဆေးနေနေတဲ့လူကို ဆက်တိုက်ရန်စနေရင်...

ဘာလုပ်မိမလဲ မသိတာမို့

(ဒီည ၁၁ နာရီ ဟန်ဆိုးအိမ်ရာ အိမ်နံပါတ် ၂၈၀၆ လာမယ်ဆို စာပြန်ပါ)

အစ်ကို

နောက်ကို ကျွန်တော့်ကို ဒီလိုညစ်ပတ်တဲ့ကိစ္စအတွက်နဲ့ မခေါ်ပါနဲ့

- သေစမ်း - ရဲတွေ

အားလုံးကို တရားမဝင် လောင်းကစားလုပ်မှုနဲ့ဖမ်းပါတယ်

- သိမ်းခဲ့ - ဟုတ်ကဲ့

- ဟေ့ ဖြည်းဖြည်း - ကြားတယ်

တိတ်တိတ်နေ

- လာခဲ့ - ဟုတ်ပါပြီ ကြားပါတယ်

- ဟေ့ကောင် - အိုကေ လာပြီ

- နာတယ် - ဒီကောင်တော့ သွားစမ်း

- ဟေ့ကောင် လာစမ်း - သိပါပြီလို့

- ဟေ့ လာစမ်း - လာပြီလို့

(ဒယ်ဂျွန်းမြို့နယ်တရားရုံး၊ သတင်းပေးသူ ဂျူထယ်ဟာ)

လူယုတ်မာကောင်

အရှုံးသမား

ရှင်.. မလာဘူးလား

Under The Gun subtitles in other languages

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left