Harry Potter and the Philosopher's Stone

Harry Potter and the Philosopher's Stone

Download Burmese Subtitle

Release info

Harry Potter and the Sorcerer's Stone
A Commentary by maung-myo
source: iflix (zawgyi)

Tags

other
Published on: 2019-03-08
Downloads: 230
Hearing Impaired: No

Burmese subtitle preview

The first 200 lines.

မင်းဒီကို ရောက်နေမယ်မှန်း ငါသိခဲ့သင့်တယ် ပရော်ဖက်ဆာမက်ဂွန်နာဂေါ

မင်္ဂလာညနေခင်းပါ ပရော်ဖက်ဆာဒမ်ဘယ်လ်ဒေါ

ပြောနေကြတာတွေက အမှန်ပဲလား အဲလ်ဘတ်စ်

မှန်မယ်ထင်တယ် ပရော်ဖက်ဆာ

အကောင်းရောအဆိုးရောပါတယ်

- ကောင်လေးကကော - ဟက်ဂရစ် သူ့ကိုခေါ်လာမှာ

ဒီလောက်အရေးကြီးတဲ့ ကိစ္စကို ဟက်ဂရစ်ကိုယုံပြီးအပ်နှင်းထားတာ ဖြစ်ပါ့မလား

ပရော်ဖက်ဆာ..ဟက်ဂရစ်ကို ငါ့အသက်နဲ့ ထပ်ပြီးယုံပါတယ်

ပရော်ဖက်ဆာဒမ်ဘယ်လ်ဒေါ

ပရော်ဖက်ဆာမက်ဂွန်နာဂေါ

- ဘာပြဿနာမှမရှိပါဘူးနော် ဟက်ဂရစ် - မရှိပါဘူး

ဘရစ္စတိုးပေါ်ကနေ ပျံလာနေတုန်းမှာပဲ ကလေးဆိုးလေး အိပ်ပျော်သွားတယ်

မနိုးစေနဲ့

ဒီမှာပါ

အဲလ်ဘတ်စ်..ကလေးကို ဒီလူတွေနဲ့ ထားခဲ့ရင် ဘေးကင်းမှာသေချာရဲ့လား

ကျွန်မတစ်နေ့လုံး သူတို့ကိုစောင့်ကြည့်နေတာ

တွေ့ဖူးသမျှထဲ အဆိုးဆုံးမတ်ဂယ်လ်တွေပဲ

- တကယ်ပြောတာ - သူ့မှာမိသားစုဆိုလို့ သူတို့ပဲကျန်တော့တယ်

ဒီကလေးက နာမည်ကြီးလာမှာ

သူ့နာမည်ကိုမသိတဲ့ကလေး ကျွန်မတို့လောကမှာ ရှိမှာမဟုတ်ဘူး

ဟုတ်တယ်လေ

အဲဒီလောကရဲ့အဝေးမှာ ကြီးပြင်းတာက သူ့အတွက်ပိုကောင်းလိမ့်မယ်

သူအဆင်သင့်ဖြစ်တဲ့အချိန်ထိလေ

ကဲပါ ဟက်ဂရစ်

နောက်ဆုံးနှုတ်ဆက်တာမဟုတ်ပါဘူးကွာ

ကံကောင်းပါစေ

ဟယ်ရီပေါ်တာ

ထတော့

ထစမ်း

ထဆို

ထတော့ ငါတို့တိရစ္ဆာန်ရုံသွားမှာ

- မွေးနေ့ရှင်လေး လာနေပြီ - ဟက်ပီးဘတ်ဒေး သား

မနက်စာလေးဘာလေး မတူးအောင် သွားချက်ချည်

- ဟုတ်ကဲ့ အန်တီပတူးနီးယား - သားလေးဒါ့တ်ဒလီရဲ့ အထူးမွေးနေ့ပွဲအတွက်

အားလုံးပြီးပြည့်စုံနေတာ လိုချင်တာ

မြန်မြန်လုပ်

ငါ့ကော်ဖီယူလာပေး

ဟုတ်ကဲ့ အန်ကယ်ဗာနွန်

မမိုက်ဘူးလား သားလေး

ဘယ်နှခုလဲ

၃၆ ခု အဖေကိုယ်တိုင်ရေထားတာ

၃၆ ခုလား မနှစ်က.. မနှစ်တုန်းက ၃၇ ခုရတာ

တချို့ဟာတွေက မနှစ်ကဟာထက် ကြီးတယ်လေ

ဘယ်လောက်ကြီးကြီး ဂရုမစိုက်ဘူး

သားလေးကလည်းကွယ် အမေတို့အပြင်ထွက်တဲ့အခါ

သားအတွက် လက်ဆောင်အသစ် ၂ ခု ထပ်ဝယ်မယ်လေ

ဒါဆိုဘယ်လိုလဲ သားလေး

တိရစ္ဆာန်ရုံမှာ ပျော်စရာကောင်းမှာပဲ

တကယ်သွားချင်နေတာ

မင်းကို သတိပေးထားမယ်နော်

မဟုတ်တာလုပ်လို့ကတော့..

မင်းကိုတစ်ပတ်တိတိ အငတ်ထားမယ်

အထဲဝင်

လှုပ်လေ

လှုပ်စမ်းပါ

- လှုပ်စမ်း - သူကမြွေလေ

ပျင်းစရာကြီး

တောင်းပန်ပါတယ်

လူတွေက သူတို့ရုပ်ဆိုးဆိုးကြီးတွေနဲ့ လာလာကြည့်ကြတာကို

တစ်နေ့ပြီးတစ်နေ့ ထိုင်ကြည့်နေရတာ ဘယ်လိုဆိုတာ သူတို့နားမလည်ဘူး

ငါပြောတာကြားရလား

ဟို..

ငါ မြွေတစ်ကောင်နဲ့ တစ်ခါမှ စကားမပြောဖူးဘူး

မင်းရော..

မင်းရောလူတွေနဲ့ စကားပြောလား

မင်းက မြန်မာနိုင်ငံက မဟုတ်လား

အဲဒီမှာနေလို့ကောင်းလား

မိသားစုကိုလွမ်းလား

သိပါပြီ

ငါရောပဲ

ငါ့မိဘတွေကို မသိခဲ့ရဘူး

ဖေဖေ..မေမေ..လာခဲ့ပါဦး

ဒီမြွေဘာလုပ်နေလဲလာကြည့်

ကျေးဇူးပဲ

ရပါတယ်

မြွေကြီး

မေမေ ကယ်ပါဦး

သားလေး အထဲကိုဘယ်လိုရောက်သွားတာလဲ

ဘယ်သူလုပ်တာလဲ ဘယ်လိုလုပ် အထဲရောက်သွားတာလဲ မြွေရှိလား

ဘာမှမဖြစ်ဘူး သားလေး ဘာမှမဖြစ်ဘူး

ဒီအဝတ်အစိုတွေ လဲပေးမယ်

- ဘာဖြစ်တာလဲ - ကျွန်တော်မသိဘူး

ကာထားတဲ့မှန်နံရံက ရုတ်တရက်ကြီး ပျောက်သွားတယ် မှော်လိုပဲ

မှော်ဆိုတာ မရှိဘူးကွ

မာ့ဂ်ျနေမကောင်းဖြစ်နေတယ်တဲ့ ပင်လယ်ခရုစားမိတယ်ဆိုပဲ

- ဖေဖေ ဟယ်ရီ့ဆီစာလာတယ် - ပြန်ပေး ငါ့ဟာ

မင်းဟာတဲ့ ဘယ်သူကများ မင်းဆီစာရေးမှာလဲ

ဒီစာပုံးကနေ ဘာစာမှ မထည့်ရတော့ဘူး

ရုံးမှာ ပျော်စရာကောင်းတဲ့နေ့လေး ဖြစ်ပါစေ

သွားကြ

သိပ်ကိုသာယာတဲ့ တနင်္ဂနွေနေ့လေးပါလား

ငါ့အမြင်ပြောရရင် တစ်ပတ်လုံးရဲ့ အကောင်းဆုံးနေ့ဆိုပါတော့

ဘာလို့လဲသိလား ဒါ့တ်ဒလီ

- တနင်္ဂနွေနေ့မှာ စာတွေမလာလို့လား - သိပ်ဟုတ်တာပေါ့ ဟယ်ရီ

တနင်္ဂနွေနေ့မှာ စာမလာဘူး

ဒီနေ့ဘာစာမှ မလာဘူးဟေ့

မလာဘူး

ဘာစာမှကိုမလာတာ

စိတ်ပျက်စရာကောင်းတဲ့ အသုံးမကျတဲ့ စာတွေ..

ရပ်အောင်လုပ်ပေး

ရပ်စမ်း ရပ်စမ်း

မေမေ..ဘာတွေဖြစ်နေတာလဲ

ငါ့ကိုပေး ငါ့ကိုအဲဒီစာပေး

ဖယ်စမ်း

အဲဒါကျွန်တော့်စာတွေ လွှတ်ပါ

ငါတို့အိမ်ပြောင်းတော့မယ်

သူတို့ရှာမတွေ့နိုင်လောက်တဲ့ အဝေးကြီးကို ပြောင်းမှာ

ဖေဖေရူးသွားပြီမဟုတ်လား

ဆုတစ်ခုတောင်းပါ ဟယ်ရီ

ဘယ်သူလဲ

တောင်းပန်ပါတယ်

အခုချက်ချင်းထွက်သွားပါ

ခင်ဗျား ဖောက်ထွင်းဝင်ရောက်နေတာနော်

တော်စမ်း စိတ်ပျက်စရာဒါစလီရာ

မင်းကို ကလေးပေါက်စကတည်းက မမြင်ဖူးသေးဘူး ဟယ်ရီ

ဒါပေမဲ့ မင်းကငါထင်ထာထက် ပိုပြည့်တာပဲ

အထူးသဖြင့် အလယ်ပိုင်းပေါ့

သားက ဟယ်ရီမဟုတ်ဘူး

ဟယ်ရီက ကျွန်တော်

ဒါပေါ့ကွာ

မင်းအတွက် လက်ဆောင်ပါတယ်

တက်ထိုင်မိသွားလားတော့ မသိဘူး

ဒါပေမဲ့ အရသာကတော့ ကောင်းတုန်းပါပဲ

ငါ့ဟာငါ ဖုတ်ထားတာ စာထွင်းတာရောပဲ

ကျေးဇူးပဲ

အသက် ၁၁ နှစ်ဆိုတာ နေ့တိုင်းပြည့်တာမှ မဟုတ်တာ

ဒီမှာ

ခင်ဗျားက ဘယ်သူလဲ

ရူးဘီးယက်စ်ဟက်ဂရစ်

ဟော့ဂ်ဝတ်စ်ရဲ့ သော့ထိန်းနဲ့ကျောင်းစောင့်

- မင်းဟော့ဂ်ဝတ်စ်အကြောင်း အားလုံးသိတာပဲ - မသိဘူး

မသိဘူးလား

မင်းအဖေနဲ့အမေက ဘယ်လိုလုပ်ဒါတွေ တတ်လာလဲဆိုတာ မသိချင်ဘူးလား ဟယ်ရီ

ဘာတတ်တာလဲ

မင်းက မှော်ဆရာကွ ဟယ်ရီ

- ကျွန်တော်က ဘာ - မှော်ဆရာ

မင်းကိုနည်းနည်းလေ့ကျင့်ပေးလိုက်ရင် အရမ်းတော်တဲ့ မှော်ဆရာဖြစ်လာမှာ

ဟင့်အင်း ခင်ဗျားမှားနေပြီ ကျွန်တော်က..

ကျွန်တော်က မှော်ဆရာမဖြစ်နိုင်ပါဘူး

ကျွန်တော်က ဟယ်ရီပါပဲ

ဟယ်ရီပဲ

ကဲ ဟယ်ရီ..

မင်းတစ်ခုခုဖြစ်အောင် လုပ်ဖူးလား

မင်းဒေါသထွက်နေချိန် ကြောက်နေချိန်မှာ ရှင်းပြမရတဲ့ဟာမျိုးလုပ်ဖူးလား

မစ္စတာပေါ်တာ..ဟော့ဂ်ဝတ်စ် မှော်အတတ်ပညာကျောင်းကို

သင်တက်ခွင့်ရကြောင်း

လေးစားစွာ အသိပေးအပ်ပါသည်

သူအဲဒီကို လုံးဝမသွားရဘူး

သူ့ကိုမွေးစားလိုက်တုန်းက ဒီမဟုတ်တရုတ်တွေကို အကုန်ရပ်ပစ်ဖို့လုပ်ထားတာ

အန်ကယ်သိတယ်လား

အန်တီတို့သိတာကို ကျွန်တော့်ကို တစ်ခွန်းမှ မပြောကြဘူးလား

သိတာပေါ့

ဘယ်လိုလုပ်မသိဘဲနေနိုင်မှာလဲ

ငါ့ချစ်လှစွာသောညီမတော်က အဲဒီလိုလူလေ

သူအဲဒီစာရတဲ့နေ့တုန်းက ငါ့မိဘတွေ သူ့အတွက်ဂုဏ်ယူကြလိုက်တာ

မိသားစုမှာ မှော်ဆရာမတစ်ယောက်ရှိတယ် မကောင်းဘူးလားတဲ့

သူတကယ်ဘာဆိုတာကို မြင်တာ ငါပဲရှိတယ်

ငကြောင်မလေ

နောက်တော့ အဲဒီပေါ်တာနဲ့တွေ့ပြီး နင့်ကိုမွေးတယ်

နင်လည်းအတူတူပဲဆိုတာ ငါသိနေတယ်

ထူးဆန်းပြီး မူမမှန်ဖြစ်နေမှာ

ပြီးတော့ သူ့ဟာသူ ဖောက်ခွဲလိုက်တာလေ

ငါတို့ကတော့ နင့်ကိုမွေးစားလိုက်ရတယ်

ဖောက်ခွဲတယ်ဟုတ်လား

ပြောတော့ ကျွန်တော့်မိဘတွေ ကားတိုက်ပြီးသေတာဆို

ကားတိုက်တယ်ဟုတ်လား

လီလီနဲ့ဂျိမ်းစ်ပေါ်တာက ကားတိုက်ပြီး သေတယ်ဟုတ်လား

- တစ်ခုခုပြောရမယ် - မဖြစ်သင့်လိုက်တာ

ရှက်စရာပဲ

သူမသွားဘူး

ခင်ဗျားလို မတ်ဂယ်လ်က

သူ့ကိုတားမယ်ပေါ့လေ

မတ်ဂယ်လ်လား

မှော်ပညာမတတ်တဲ့လူတွေကိုပြောတာ

သူမွေးကတည်းက သူ့နာမည်က ကျောင်းစာရင်းမှာ ပါပြီးသား

ကမ္ဘာပေါ်က အကောင်းဆုံး

မှော်ကျောင်းတော်မှာ တက်ရမှာ ပြီးတော့..

ဟော့ဂ်ဝတ်စ်ကျောင်းမှာ ကျဖူးတဲ့သူတွေထဲက

အကောင်းဆုံးကျောင်းအုပ်လက်အောက်မှာ နေရမှာ အဲလ်ဘတ်စ်ဒမ်ဘယ်လ်ဒေါတဲ့

စိတ်မနှံ့တဲ့အရူးက သူ့ကိုမှော်အတတ်တွေ သင်ပေးမှာကို ကျုပ်ပိုက်ဆံမပေးနိုင်ဘူး

အဲလ်ဘတ်စ်ဒမ်ဘယ်လ်ဒေါကို ကျုပ်ရှေ့မှာ..

ဘယ်တော့မှ မစော်ကားပါနဲ့

ဟော့ဂ်ဝတ်စ်ကလူတွေကို

ဒီအကြောင်းမပြောရင် ကျေးဇူးတင်တယ်နော်

ပြောရရင် ငါကမှော်အစွမ်းသုံးလို့မရဘူး

ဟုတ်ကဲ့

နောက်ကျနေပြီ သွားရတော့မယ်

မင်းနေချင်ရင်တော့ နေခဲ့လေ

ကျောင်းသားတိုင်းသည် သတ်မှတ်ထားသော စံညွှန်းနဲ့ညီသည့်

ဆေးကြိုအိုးတစ်အိုး ယူလာရမည်

ဆန္ဒရှိလျှင်

ဇီးကွက်သို့မဟုတ် ကြောင် သို့မဟုတ် ဖားပြုတ်ယူလာခဲ့ရမည်

လန်ဒန်မှာ ဒါတွေအားလုံးဝယ်လို့ရလား

ဝယ်ရမယ့်နေရာသိရင် ရတာပေါ့

ဟက်ဂရစ်..ခါတိုင်းလိုပဲလား

မသောက်တော့ဘူး တွမ် ဟော့ဂ်ဝတ်စ်ကလွှတ်လိုက်တဲ့ ကိစ္စတစ်ခုရှိလို့

ဟယ်ရီလေးကို ကျောင်းသုံးပစ္စည်းတွေ ကူဝယ်ပေးနေတာ

ဘုရားရေ

ဟယ်ရီပေါ်တာပဲ

ကြိုဆိုပါတယ် မစ္စတာပေါ်တာ ကြိုဆိုပါတယ်

More Burmese subtitles for Harry Potter and the Philosopher's Stone

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left