The first 200 lines.
မြန်မာဘာသာပြန် - မြင့်သူ(ငှက်ကလေး-နည်းပညာ) Encoded By Thet Paing Oo
မင်္ဂလာပါ ဆရာ ဟိုက်ဒရာဘတ်ဒ်ကို လေယာဉ်ဆိုက်ပါတော့မယ်
ကောင်းပြီ
ဆရာ ရထားလမ်းထောက်တိုင်တွေကို
ပုံစံလောင်းအဖွဲ့ကနေ ဘန်ဂါလိုးကို ပို့ပါတော့မယ်
ဆရာ စစ်ပြီးတော့ ခွင့်ပြုပေးဖို့လိုနေပါတယ်
သွားကြမယ်
ဆရာ အုပ်ချုပ်ရေးဝန်ထမ်းတွေက
ဆရာနဲ့ ခဏစကားပြောဖို့ ရောက်နေပါတယ်
- မင်္ဂလာပါ ဆရာ - ဘာကိစ္စလဲ
ကျွန်တော်တို့ဆီမှာ ဆရီရမ်နာဗာမီပွဲ ကျင်းပနေပါတယ်
မနက်ဖြန်က နာဗာမီပွဲရဲ့နောက်ဆုံးနေ့ပါ
အရှင်ရာမကို ပူဇော်ဆုတောင်းကြမှာပါ
ဆရာတို့မိသားစု တက်ရောက်ချီးမြှင့်ပေးရင်
ကျွန်တော်တို့အားလုံး ဝမ်းသာမိမှာပါ
စိတ်မကောင်းပါဘူး ပရာဆတ်
မနက်ဖြန်ညနေ မိသားစုပါတီရှိတယ် မင်းတို့ပဲ သွားလိုက်ပါ ဟုတ်ပြီလား
ဆရာတို့ တက်ရောက်ဖို့ကို ကျွန်တော်တို့က မျှော်လင့်ထားတာပါ ဆရာ
ဒါပေမဲ့ ငါမလာနိုင်ဘူး
မအိပ်ကြသေးဘူးလား
- မင်း ဘယ်ရောက်နေတာလဲ - အလုပ်ကိစ္စလေးရှိလို့ သွားနေတာ
- အဲဒါ အဲဒီလောက် အရေးကြီးလား - အရမ်း အရေးကြီးတာပေါ့
ဝန်ထမ်းတွေက သူတို့ရပ်ကွက်မှာ
ရာမာ နာဗာမီပွဲတော်တွေ ကျင်းပနေတာ
ကျွန်တော် အဲဒီကိုသွားတာ
တကယ်လား မင်းနဲ့လိုက်ခဲ့ဖို့ ငါ့ကိုခေါ်ရောပေါ့
ဒါနဲ့ ပွဲတော်က ပျော်ဖို့ကောင်းလား
ဆီးမီးထွန်းညှိ ပူဇော်ကြတယ်
ပြီးတော့ အရှင့်ဂုဏ်ပုဒ်ကို သီချင်းနဲ့ ချီးကျူးကြတယ်
ဘာလုပ်တာလဲ ဟာရှာ အန်ကယ် ပါတီလုပ်တာကို မင်းလည်းသိတာပဲ
မင်းကလွဲလို့ တစ်မိသားစုလုံးလာတယ်
ကာတစ် အဲဒီပါတီတွေကို ငါ သဘောမကျမှန်း မင်းလည်းသိတာပဲ
ဟာရှာ..နင်က ပါတီတိုင်းကို မလာဘဲ ပျော်စရာတွေကို လက်လွတ်ခံနေတာပဲ
အင်း ငါသိပါတယ်
အရေးကြီးပုဂ္ဂိုလ်တွေ အားလုံးရောက်နေပေမယ့်
နင်မရှိလို့ ငါ့အစ်ကို မျက်နှာပျက်ရတယ်
ဒါပေမဲ့ အဲဒီကို ကျွန်တော်သွားပေးလို့
ဝန်ထမ်းတွေကို မျက်နှာပူစရာမလိုတော့ဘူးလေ
တော်တော့ ဟာရှာ
မင်း ဘာတွေဖြစ်နေတာလဲ
ဒါက အဖေ့ကို ကျွန်တော် မေးချင်တဲ့စကားပဲ
ဝန်ထမ်းတွေက ကျွန်တော်တို့ကို ပွဲတော်ကို ဖိတ်ပေမယ့်
ကျန်တဲ့သူတွေ အဲဒီကို မသွားအောင်လို့
အဖေ ပါတီပွဲကို သက်သက်မဲ့လုပ်တယ်
အနည်းဆုံးတော့ ကျွန်တော် သွားလိုက်ပါတယ်
ကျွန်တော် လာလို့ သူတို့ အရမ်းဝမ်းသာသွားတယ်
ငါ မင်းနဲ့ စကားပြောချင်တယ်
မင်း ငါ့ကို ခဏလောက် အချိန်ပေးမလား
အရမ်းနောက်ကျနေပြီ
မနက်ကျမှ ပြောကြတာပေါ့
ဂွတ်နိုက် မေမေ
မနေ့ကပဲ မြေဆွေးတွေဖြန့်ပြီး
ပင်ပျိုတွေ စိုက်ထားသေးတယ်
အခု စကားပြောလို့ရပြီလား
မင်းကို ငါ စောင့်ကြည့်နေတာ ကြာပြီ
ဒါပေမဲ့ မင်းကို ငါ နားမလည်နိုင်သလိုပဲ
မင်းက ငါ့သားဖြစ်နေတော့
မင်းကို နားလည်အောင် ငါကြိုးစားနေတာ
အချိန်တွေ နှမြောစရာပဲ
သူငယ်ချင်းတွေနဲ့ အတူနေရတာကြိုက်လို့
ကျောင်းအိပ်ကျောင်းစားကို ရွေးတာလို့ ငါထင်ခဲ့တယ်
တခြားမြို့က ကောလိပ်မှာ သွားတက်တယ်
အဲဒါ အကောင်းဆုံးဖြစ်လို့နေမှာလို့ ထင်ခဲ့တယ်
ပညာဆက်သင်ဖို့ နိုင်ငံခြားကို ထွက်သွားတယ်
လောကကြီးကို စူးစမ်းချင်လို့ သွားတာလို့ ငါထင်ခဲ့တယ်
စီးပွားရေးလောကထဲ မဝင်ဘဲ ရာထူးတစ်ခုယူပြီး မင်းအလုပ်လုပ်တယ်
မင်း အတွေ့အကြုံလိုချင်လို့ဆိုပြီး ထင်ခဲ့တယ်
နောက်ဆုံးတော့ မင်း အိမ်ပြန်လာတယ်
အချိန်တစ်ခုကြာရင်တော့ ငါတို့ လုပ်ငန်းကို
လက်လွှဲယူဖို့ မျှော်လင့်ခဲ့တယ်
အဲဒါလည်း ဖြစ်မလာဘူး
အိမ်မှာဆိုရင် မင်းက သီးသန့်ပဲနေတယ်
ငါတင်မဟုတ်ဘူး တစ်မိသားစုလုံး မင်းကို နားလည်တဲ့ပုံမပေါ်ဘူး
ဘာလို့လဲ
လူတိုင်းမှာ နားလည်ရခက်တဲ့ အချက်တော့ ရှိကြတာပဲလေ
အဖေ့မှာလည်း ရှိတာပဲ
ဝန်ထမ်းတွေကိုပဲဖြစ်ဖြစ် လုပ်ငန်းတွဲဖက်တွေကိုပဲဖြစ်ဖြစ်
ဘယ်သူ့ကိုမှ ကြင်ကြင်နာနာနဲ့ စကားပြောတာ တစ်ခါမှ မမြင်ဖူးဘူး
ဘာလို့လဲ
ငါ မင်းနဲ့ ငြင်းခုံဖို့ စကားပြောနေတာမဟုတ်ဘူး
ရှင်းရှင်းပဲပြောမယ်
မင်း ဘယ်တော့ လုပ်ငန်းလက်လွှဲယူမှာလဲ
သားမှာ အဲဒီလိုဆန္ဒမရှိဘူး
ဘာဖြစ်တယ်
အဖေ့ရဲ့ လုပ်ငန်းကို လွှဲယူချင်တဲ့ ဆန္ဒမရှိဘူး
ဒါ ဘီလီယံနဲ့ချီတဲ့လုပ်ငန်းကြီးကွ
မင်းက ဒါတွေအားလုံးရဲ့တစ်ဦးတည်းသော အမွေဆက်ခံသူပဲ
သားအတွက်တော့ စိတ်ဝင်စားစရာမကောင်းဘူး
မင်းက ထူးခြားတဲ့သူလို့ ငါကထင်ထားတာ
ဒါပေမဲ့ မင်းက အရူးပဲ
မင်း လက်မခံရင် ဒီလုပ်ငန်းကြီးကို ငါ ဘာလုပ်ပစ်ရမလဲ
ဘာလို့ သားကိုမေးနေတာလဲ
ဖေဖေ့ အဖေက ဘာနဲ့အသက်မွေးခဲ့လဲ
လယ်စိုက်တယ်
ဒါဆို ဘာလို့ ဖေဖေက သူ့အလုပ်ကို ဆက်မလုပ်ခဲ့တာလဲ
သူ့ကိုအာခံပြီး အလုပ်ကြိုးစားပြီး ဒီနေရာအထိ တက်လှမ်းခဲ့တယ်လေ
အဲဒီအတွက် ဖေဖေ့ကို လေးစားပါတယ်
သားကိုလည်း လုပ်ချင်တာလုပ်ခွင့်ပေးပါ
လေးစားလောက်တဲ့သူဖြစ်အောင် ကြိုးစားခွင့်ပေးပါ
မင်း ဘာလုပ်ဖို့ စဉ်းစားထားလဲ
ကျွန်တော် ဘာမှမစဉ်းစားရသေးဘူး
ကြည့်ကြသေးတာပေါ့
- ဗီရာအီရာ မြေနီအိတ်ဝက် ထပ်မှာလိုက် - ဟုတ်ကဲ့ ဆရာ
ရာဗီ ဘာဖြစ်လို့လဲ
မနက်ကတည်းက တစ်ချက်မှ ကောင်းကောင်းမရိုက်နိုင်သေးဘူး
ဘာဖြစ်တာလဲ
ငါ့သားကြောင့်ပေါ့
သူ ဘာဖြစ်လို့လဲ သူက ထူးချွန်တယ် မင်းက အတော်ဆုံးသားကို ရထားတာပဲ
ငါလည်း အဲဒီလိုထင်ခဲ့တာပဲ
တစ်နေ့တော့ ငါ့လုပ်ငန်းကို သူလက်လွှဲယူဖို့ မျှော်လင့်ထားတာ
- နောက်ဆုံးတော့ သူက မလုပ်ဘူးတဲ့ကွာ - ဘာ
သူက ရာထူးရာခံတွေ မလိုချင်ဘူး
သူက သူစိတ်ပါတာကိုပဲ လုပ်ချင်တာ
ဒီအရွယ်မှာ သူတို့က စိတ်အပြောင်းအလဲလွယ်တော့
ငါတို့က အာရုံပြောင်းပေးရမယ်
သူ့ကို အိမ်ထောင်ချပေးလိုက်ပါလား
မိသားစုဖြစ်တဲ့ ငါတို့တောင် နားမလည်တာ မိန်းကလေးတစ်ယောက်က ဘယ်လိုနားလည်မှာလဲ
- လက်ဖက်ရည်သောက်ဦး - ကျေးဇူးပဲ
ဘဝရဲ့အလှတရားကို သိလား
အရမ်းလှပတယ်ကွ
ဒီလှပတဲ့ဘဝမှာ ဘယ်လိုနေထိုင်ရမလဲ သိလား
ဘယ်လိုလဲ
လှလှပပ နေထိုင်ရမှာပေါ့
ဟာရှာ
မနက်ဖြန် ရုံးမှာ ပရောဂျက်အသစ်ကို
ပူးပေါင်းဆောင်ရွက်မယ့် အစည်းအဝေးရှိတယ်
မင်းက ဒါရိုက်တာဘုတ်အဖွဲ့ဝင် တစ်ယောက်ပဲလေ
မင်း တစ်ခါလောက် လာပေးရင်
ကျန်တဲ့သူတွေလည်း စိတ်တိုင်းကျမှာပဲ
မင်း လာနိုင်မလား ဒါမှမဟုတ်
မင်းမှာ တခြားအစီအစဉ်တွေ ရှိသေးလား
ရှင်ကလည်း ကိုယ့်ဘာသာကိုယ် အခက်တွေ့အောင် မလုပ်ပါနဲ့
ဒီလောက် အရေးကြီးတဲ့အစည်းအဝေးကို
ဘာလို့ သူက မသွားဘဲနေမှာလဲ
မနက်ဖြန် အဲဒီကို သူ အရင်ဆုံးရောက်နေလိမ့်မယ်
မင်္ဂလာပါ ဆရာ ကြိုဆိုပါတယ်
မင်္ဂလာပါ ဆရာ
တို့ရုံးခန်းက အပျိုစာရင်း ထုတ်ပေးစမ်းပါ
အဲဒါအကုန်ပဲ
ဟာရှာ
ဟာရှာ
မင်းကြောင့် ငါ ဒီမှာ အလုပ်ရထားတာ
မင်းသာ ငါနဲ့ခဏလောက် နီးနီးကပ်ကပ်နေရင်
ဒီက မိန်းကလေးတွေအထင်ကြီးသွားပြီး
ငါလည်း အိမ်ထောင်ကျပြီးတော့ အခြေချနိုင်သွားမယ်
ငါပြောတာက
အားလုံးက ငါတို့ကို ကြည့်နေတယ်လေကွာ
မင်းသာ ငါ့ကို သူငယ်ချင်းလို
ကျောကိုပုတ်ပေးသွားရင် ငါ ကောင်မလေးရလိမ့်မယ်
အေးပါ အေးပါ သူက ငါ့သူငယ်ချင်းလေ
ဒါက ကောင်းတဲ့ပေါင်းဖက်မှုပါ မက်ဒ်ဟက် ရာအို
ကောင်လေးက ပညာတတ် မိသားစုလည်းကောင်းတယ်
တင်တောင်းခမဟုတ်ဘဲ
ကောင်လေး ဆက်ပညာသင်ဖို့ စရိတ်
ထောက်ပံ့မယ်ဆိုရင်လည်း လုံလောက်ပါတယ်
အိမ်ထောင်ဖက်ကောင်းဆိုတာ အမှန်ပါ ဆာ့ဒ်ဟာကာ
ဒါပေမဲ့ ငါတို့အခြေအနေကိုလည်း ချင့်ချိန်ရမယ်
ဒီနှစ်တွေမှာ သားရဲ့ပညာရေးနဲ့
သမီးရဲ့အိမ်ထောင်ရေးအတွက် အညီအမျှ ဝေပုံချထားခဲ့တာ
သမီးကို အကုန်ပေးလိုက်ရင် သားရဲ့အနာဂတ် ဘယ်လိုဖြစ်သွားမလဲ
တစ်ခါပြန်စဉ်းစားပါဦး
ဒီညနေ မိန်းကလေးကို သူတို့ လာကြည့်ကြမယ်
တတ်နိုင်တဲ့အတိုင်းအတာကို
ပွင့်ပွင့်လင်းလင်း ပြောပြလိုက်မယ်
ကျန်တာကတော့ သမီးရဲ့ကံကြမ္မာပဲပေါ့
ဆရာ
အစည်းအဝေး စပါပြီ အားလုံးက ဆရာ့ကို စောင့်နေပါတယ်
အားလုံးကို နွေးထွေးစွာ ကြိုဆိုပါတယ်
ဒီပရောဂျက်ရဲ့လုပ်ငန်းပိုင်းတွေကို မဆွေးနွေးခင်မှာ
ကျွန်တော် ပြောချင်တာလေးတွေ ရှိပါတယ်
ခင်ဗျားတို့အများစု သိကြတဲ့အတိုင်း
ဒီမတိုင်ခင်က အာရ်ကေ စက်မှုလုပ်ငန်းက
ဒီလိုပူးပေါင်းဆောင်ရွက်တာမျိုး တစ်ခါမှ မရှိခဲ့ဖူးပါဘူး
ဒါပေမဲ့ အဲဒါတွေအားလုံး အတိတ်မှာ ကျန်ခဲ့ပါပြီ
ဒီနေ့ကစပြီး ကျွန်တော်တို့က ခင်ဗျားတို့နဲ့ လက်တွဲပါမယ်
ဒီပရောဂျက်မှာ ပူးပေါင်းနိုင်လို့
အတိုင်းမသိ ဝမ်းသာမိပါတယ်
လူကြီးမင်းတို့ခင်ဗျား ဈေးကွက်က ကျွန်တော်တို့ကို
စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေပါတယ်
ဒါက ကျွန်တော်တို့ရဲ့အအောင်မြင်ဆုံး ပရောဂျက်တစ်ခုဖြစ်မှာပါ
စလိုက်ကြမလား
ဟာရှာ
မင်း ပျင်းနေလား
အဆင်ပြေပါတယ်
- မက်ဂါနာ - အန်ကယ်
သမီးလည်း ပျင်းနေတဲ့ပုံပဲ
နှစ်ယောက်လုံး အောက်ဆင်းပြီး ကော်ဖီ သွားသောက်ပါလား
ဟုတ်ကဲ့ သွားလိုက်ပါမယ်
ဟာရှာ
ငါတို့နှစ်ယောက်လုံးကို ဒီအစည်းအဝေးဆီ
ဘာလို့လာခိုင်းလဲ သိလား ဟာရှာ
ငါတို့နှစ်ယောက်တွေ့ဖြစ်ပြီး
စကားစမြည်ပြောဖြစ်အောင်ပေါ့
ငါတို့က လုပ်ငန်းကြီးလုပ်တဲ့မိသားစုတွေ
ငါတို့နှစ်ယောက်လုံးကလည်း အဆင့်မြင့်ပညာရေးကို သင်ယူထားတယ်
မိသားစုရဲ့တစ်ဦးတည်းသော အမွေဆက်ခံသူတွေလည်းဟုတ်တယ်
တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းလည်းသိကြတယ်
ဒီတော့ တို့နှစ်ယောက်ကို လိုက်ဖက်တယ်လို့
ထင်နေတာပေါ့
ငါတို့ကလည်း လိုက်ဖက်တာအမှန်ပဲလေ
No comments yet. Be the first to leave one.