The Godfather Part II

The Godfather Part II

Download Burmese Subtitle

Release info

The Godfather 2(Zawgyi)
A Commentary by Cleon

Tags

other
Published on: 2019-04-28
Downloads: 178
Hearing Impaired: No

Burmese subtitle preview

The first 200 lines.

ဂေါ့ဖားသား ဗီတိုအန်ဒိုလီနီကို..

စစ္စလီကျွန်း ကောလီယွန်မြို့မှာ မွေးခဲ့ပါတယ်

၁၉၀၁ ခုနှစ်မှာ သူ့အဖေဟာ..

နယ်ခံ မာဖီးယားခေါင်းဆောင်ကို စော်ကားမှုနဲ့ အသတ်ခံခဲ့ရပါတယ်

သူ့အစ်ကို ပါအိုလို လည်း လက်စားချေဖို့ကျိန်ဆိုပြီး

တောင်ကုန်းတွေကြားထဲ ဝင်ရောက်ပျောက်ကွယ်သွားပါတယ်

အရိုက်အရာဆက်ခံသူ ဗီတို ကတော့..

အဖေဖြစ်သူရဲ့အသုဘမှာ သူ့အမေနဲ့အတူ ကျန်ခဲ့ပါတယ်

သူ့အသက်ကတော့ ၉ နှစ်ပဲ ရှိပါသေးတယ်

သူတို့ ကောင်လေးကို သတ်လိုက်ပြီ

သူတို့ ပါအိုလို့ကို သတ်လိုက်ပြီ

နင့်သား ပါအိုလိုကို သတ်လိုက်ပြီ

လူသတ်ကောင်တွေ လူသတ်ကောင်တွေ

သားလေး..

အရိုအသေပေးပါတယ် ဒွန်ချီချီယို

ကျွန်မ ယောက်ျား အညံ့မခံခဲ့လို့ ရှင် သူ့ကို သတ်ခဲ့တယ်

နောက်ပြီး ကျွန်မရဲ့သားကြီး ပါအိုလိုက..

လက်စားချေဖို့ ကြိုးစားလို့ ရှင် သူ့ကို ထပ်သတ်ခဲ့တယ်

ဒါပေမဲ့ ဗီတိုက အသက် ၉ နှစ်ပဲ ရှိသေးတဲ့ ဉာဏ်သိပ်မသွားတဲ့ကလေးပါ

သူ စကား မပြောသေးဘူး

ငါကြောက်တာက သူပြောမှာကို မဟုတ်ဘူး

သူက အားနည်းတယ်

သူ ဘယ်သူ့ကိုမှနာကျင်အောင် မလုပ်နိုင်ပါဘူး

ဒါပေမဲ့ သူကြီးလာရင် သန်မာလာလိမ့်မယ်

ဒီအတွက်မပူပါနဲ့

ရှင့်ကို သူ ဘာတစ်ခုမှ မလုပ်နိုင်ပါဘူး

သူ အရွယ်ရောက်ရင် လက်စားချေဖို့ ပြန်လာလိမ့်မယ်

ကျွန်မ တောင်းပန်ပါတယ် ဒွန်ချီချီယို

ကျွန်မရဲ့သားလေးကို ချမ်းသာပေးပါ

ကျွန်မမှာ ဒီသားလေးပဲ ရှိတော့တာပါ

ရှင့်ကို လက်စားမချေစေရဘူးလို့ ဘုရားမှာ ကျိန်ဆိုပါတယ်

သူ့ကိုတော့ ချမ်းသာပေးပါ

ဗီတို ပြေး

လှုပ်တာနဲ့ သူ့ကို သတ်လိုက်မယ်

ဗီတို ပြေး

ဒီကောင်လေးကို သတ်

ဗီတိုအန်ဒိုလီနီဆိုတဲ့ ကောင်လေးကို ဝှက်ထားရင် နောင်တရစေရမယ်

နားလည်လား

ဗီတိုအန်ဒိုလီနီဆိုတဲ့ ကောင်လေးကို ဝှက်ထားရင် ဒုက္ခရောက်စေရမယ်

ဗီတို ငါတို့ မင်းအတွက် ဆုတောင်း ပေးနေမယ်

ဗီတိုအန်ဒိုလီနီ ဆိုတဲ့ ကောင်လေးကို ဝှက်ထားရင်..

ငါတို့ဆီကို လာအပ်ပါ

ဒွန်ချီချီယိုက ကျေးဇူးတင်လိမ့်မယ်

ဒါက ကောင်လေးအတွက်ရော မင်းတို့အတွက်ပါ ပိုကောင်းတယ်

ဗီတိုအန်ဒိုလီနီဆိုတဲ့ ကောင်လေးကို ဝှက်ထားရင် နောင်တရစေရမယ်

သူနာပြု

ပိုက်ဆံလား

စကားပြန်လာဦး

ဘယ်ကလာတာလဲ

- နာမည် ဘယ်လို ခေါ်လဲ - မာရီယာ

နာမည် ဘယ်လိုခေါ်လဲ

ပြောပါဦး သား နာမည် ဘယ်လို ခေါ်လဲ

ကောလီယွန်မြို့က ဗီတိုအန်ဒိုလီနီ

ကောလီယွန်.. ဗီတိုကောလီယွန်

ဟုတ်ပြီ ဟိုဘက်ကိုသွား

နောက်တစ်ယောက်

သူ့မှာ ရေကျောက်ရောဂါ ရှိတယ်

၃ လ စောင့်ကြည့်ရမယ်လို့ သူ့ကို ပြောပြလိုက်ပါ

ဗီတိုကောလီယွန်

ဗီတိုကောလီယွန်

သူဒီမှာ ဒီကလေးပဲ

ဗီတိုကောလီယွန် အီလစ်ကျွန်း ၁၉၀၁

သူ့မြေးဖြစ်သူ အန်ထနီဗီတိုကောလီယွန်

နီဗားဒါးပြည်နယ် တာဟိုးကန် ၁၉၅၈

ကားသော့ ယူခဲ့လား

လော်ရီ..လော်ရီ

မေမေ

မေမေ

- ဘယ်သူရောက်နေလဲ ကြည့်ပါဦး - ဖာသာကာမီလို

- ဒါ ဖာသာကာမီလို ပါ - ကျွန်တော်က မာလီဂျွန်ဆင် ပါ

မေမေ

သမီး ရောက်လာပြီ

ကော်စတန်ဇီယာ တစ်ပတ်လောက်ကြာမှလား

ပြီးခဲ့တဲ့အပတ်က သမီးကိုကြိုဖို့ လေဆိပ်ကို ကားလွှတ်လိုက်တယ်လေ

ရှုပ်သွားလို့ပါ ဘာပဲဖြစ်ဖြစ် သမီးရောက်လာပြီလေ

တစ်ပတ်ပဲ နောက်ကျတာပါ

ဒါက မေမေ့အတွက်

- ဒါ ဘာလဲ - မားလ်ကို မှတ်မိလား

ဟယ်လို နေကောင်းလား ကျေးဇူးပဲ

မိုက်ကယ် ဘယ်မှာလဲ

သူ့ကို ပြောစရာရှိတယ် အကြာကြီးမစောင့်နိုင်ဘူး

နင့် ကလေးတွေကို အရင် သွားကြည့်

ပြီးမှ တခြား သူတွေလိုမျိုး နင့်အစ်ကိုကို သွားတွေ့ဖို့ စဉ်းစား

ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား

အထူးဧည့်သည်တစ်ယောက်က စကားအနည်းငယ်ပြောချင်လို့ပါ

နီဗားဒါးပြည်နယ် အမတ်ပတ်ဂီရီကို ဖိတ်ခေါ်ပါတယ်ခင်ဗျား

ပြီးတော့ မစ္စက်ဂီရီ ကိုလည်း ဖိတ်ခေါ်ပါတယ်

ကျေးဇူးတင်ပါတယ်

ကျွန်တော်တို့ ဇနီးမောင်နှံ နှစ်ယောက် အတွက်..

အလွန့်အလွန် ပျော်ဖို့ကောင်းတဲ့ နေ့ဖြစ်ပါတယ်

နီဗားဒါးပြည်နယ်မှာ ကြုံတောင့်ကြုံခဲပါပဲ

ဒီနေ့မှာ မိတ်ဟောင်း မိတ်သစ်တွေနဲ့ တွေ့ရပါတယ်

လူငယ်တစ်ယောက်ရဲ့ဘာသာဝင် အခမ်းအနားကို အတူပါဝင်ခွင့်ရတယ်

ပြည်နယ်အတွက် အမြောက်အများ ပေးလှူတဲ့..

လူငယ်လေးရဲ့မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်

ကျွန်တော့် လက်ထဲမှာ တက္ကသိုလ်အတွက် လှူဒါန်းတဲ့

ချက်လက်မှတ်တစ်စောင် ရောက်ရှိနေပါတယ်

ဒီ ထောက်ပံ့မှုကြီးကို ပေးလှူသူကတော့..

အန်ထနီဗီတိုကောလီယွန် ဖြစ်ပါတယ်

ကောင်လေးရဲ့မိဘတွေက..

ချက်လက်မှတ်မှာ လက်မှတ်ထိုးပေးထားပါတယ်

ကျွန်တော်တို့ အသိအမှတ် ပြုရမယ်လို့ ထင်ပါတယ်

မိုက်..ပတ် နဲ့ ကေး ကျေးဇူးပြုပြီး အားလုံးမြင်ရအောင် မတ်တပ်ရပ်ပေးပါ

ပရိတ်သတ်ကြီးလည်း ကျွန်တော်နဲ့ အတူ..

မစ္စတာ မိုက်ကယ်ကောလီယွန်တို့ ဇနီးမောင်နှံကို

နီဗားဒါးပြည်နယ်မှ ကျေးဇူးတင်ကြောင်း ပြလိုက်ကြရအောင်

ကျွန်တော်တို့မှာ အထူး ဆွဲဆောင်မှုအနေနှင့်..

မစ္စတာ မိုက်ကယ်ကောလီယွန်ကို ဂုဏ်ပြုဖို့အတွက်..

ဆီရဲယာလူငယ်သံစုံတေးအဖွဲ့မှ..

အထူးသီချင်းနဲ့ ဖျော်ဖြေမှာဖြစ်ပါတယ်

ကဲ ကလေးတို့

မော်ကွန်းကျောက်ပြားပါ

ဓာတ်ပုံရိုက် ပြီးပြီလား

ကောင်းတယ်

အခု အမတ်မင်းနဲ့ မစ္စက်ကောလီယွန် နဲ့ နှစ်ယောက်တွဲ ရိုက်မယ်

ဒါ ကျွန်တော့်ရဲ့ ရှေ့နေ တွမ်ဟေဂင် ဒါ အမတ်မင်း ဂီရီ ပါ

သူက ခင်ဗျားရဲ့လူ တန်းဘူးက တစ်ဆင့် အားလုံးကိုစီစဉ်တယ်

- ဟုတ်ပါပြီ - ထိုင်ပါဦး

ခင်ဗျားနဲ့ နှစ်ယောက်တည်း ပြောရမယ်လို့ ထင်နေတာ

ကျွန်တော့်အသက်နဲ့ ယုံကြည်ရတဲ့ သူတွေပါ အမတ်မင်း

သူတို့ကို ထွက်သွား ခိုင်းရင် စော်ကားသလို ဖြစ်ပါလိမ့်မယ်

ဘာမှတော့ မဖြစ်ပါဘူး

ကျုပ်က ခပ်ဘွင်းဘွင်းသမားဆိုတော့..

ခင်ဗျားကို ပွင့်ပွင့်လင်းလင်းပဲ ပြောမိလိမ့်မယ်

ကျုပ်လို ရာထူးနဲ့ အခြားလူတွေ..

ခင်ဗျားကို ပြောခဲ့တာထက် ပိုပွင့်လင်းနိုင်တယ်

ကောလီယွန် မိသားစုက နီဗားဒါးမှာ အဆင်ပြေတာပဲ

ဗီးဂတ်စ်မှာ ဟိုတယ်ကြီး ၂ ခု နဲ့ ရီနိုမှာ ၁ ခုကို..

ခင်ဗျား အပိုင် ထိန်းချုပ်ထားနိုင်တယ်

လိုင်စင်တွေကလည်း ရှိထားပြီးသားဆိုတော့..

လောင်းကစားဝိုင်းကော်မရှင်မှာ ဘာပြဿနာမှ မရှိဘူး

ကျုပ်သတင်းပေးတွေ ပြောပြချက် အရ..

အခု ခင်ဗျား ထရိုပီဂါလာဟိုတယ်ကို ယှဉ်ဖို့ အစီအစဉ်တစ်ခု လုပ်နေတယ်တဲ့

တစ်ပတ်အတွင်း ခင်ဗျား ကလင်းမန်းကို ဖယ်ရှားမယ်လို့ ပြောနေကြတယ်

တော်တော်ကို နယ်ချဲ့နေတာပဲ

ဒါပေမဲ့ ခင်ဗျားမှာ နည်းစနစ်ပိုင်း အခက်အခဲလေးတစ်ခု ရှိမယ်

လုပ်ငန်းလိုင်စင်က ကလင်းမန်း နာမည်ပေါက်ပဲ ဖြစ်နေလိမ့်မယ်

တန်းဘူး က လူကောင်းတစ်ယောက်ပါ

ဟုတ်ပါပြီ အရေးမပါတာတွေ ထားလိုက်ရအောင်

ဒီမှာ အချိန်ကြာကြာ မဖြုန်းချင်ဘူး

ခင်ဗျားကို လိုင်စင်ရအောင် လုပ်ပေးမယ်

ဈေးကတော့ ဒေါ်လာ ၂၅၀၀၀၀ နဲ့..

ဟိုတယ် ၄ လုံး စလုံးရဲ့ လစဉ် အမြတ်ငွေ..

၅% ပေးရမယ် မစ္စတာကောလီယွန်

လိုင်စင် ဈေးနှုန်းက ဒေါ်လာ ၂၀၀၀၀ မကျော်ဘူး မဟုတ်လား

ဟုတ်တယ်

ခင်ဗျားကို ဘာလို့ မတန်တဆ ပိုပေးရမှာလဲ

ခင်ဗျားကို ငွေညှစ်ချင်လို့ပေါ့

ခင်ဗျားလို လူမျိုးတွေကို သဘောမကျဘူး

အမေရိကန်နိုင်ငံသား တစ်ယောက်လို ပုံဖမ်းပြီး..

ခေါင်းကို ဆီရွှဲအောင် လိမ်း..

ဝတ်ကောင်း စားလှဝတ်ပြီး..

ဒီလို သန့်ရှင်းတဲ့နိုင်ငံမှာ ထင်ပေါ်လာတာကို သဘောမကျနိုင်ဘူး

ကျုပ် ခင်ဗျားနဲ့ အလုပ်လုပ်မှာပါ

ဒါပေမဲ့ ခင်ဗျားရဲ့ ဟန်ဆောင် ပန်ဆောင်..

မရိုးမသားအပြုအမူ နဲ့ ခင်ဗျား မိသားစုတစ်ခုလုံးကို လုံးဝမကြိုက်ဘူး

အမတ်မင်း

ကျွန်တော်တို့ နှစ်ယောက်လုံးက ကြောင်သူတော်တွေပါ

ဒါပေမဲ့ ဒါက ကျွန်တော့် မိသားစုနဲ့ ဘာမှမဆိုင်ပါဘူး

အေးပါ အေးပါ

တချို့လူတွေက ကစားပွဲလေးတွေ ကစားရတယ်

ခင်ဗျားလည်း ကိုယ့်ကစားပွဲကိုယ် ကစားနေတာပဲ

ခင်ဗျားအတွက် အကျိုးရှိတာဆိုတော့..

ကျုပ်ကိုပေးမယ်လို့ပဲ ထားလိုက်တာပေါ့

ခင်ဗျားရဲ့အဖြေနဲ့ ပိုက်ဆံကို မနက်ဖြန်နေ့လယ်မှာ လိုချင်တယ်

တစ်ခုတော့ ရှိတယ်

ကျုပ်ကို နောက်ထပ် ဘယ်တော့မှ မဆက်သွယ်ပါနဲ့

အခုကစပြီး တန်းဘူးနဲ့ပဲ ဆက်သွယ်ပါ..တံခါးဖွင့်

အမတ်မင်း ခင်ဗျားအဆင်ပြေရင် ကျွန်တော် တစ်ခါတည်းဖြေပေးလိုက်မယ်

ကျွန်တော်ပေးနိုင်တာ ကတော့..

ဘာမှ မရှိဘူး

ခင်ဗျားကို လုပ်စေချင်တဲ့..

လောင်းကစား လိုင်စင်ကြေးတောင် မရဘူး

မင်္ဂလာ နေ့လယ်ခင်းပါ လူကြီးမင်းတို့

မင်းတို့ အပြင်မှာရှိနေတာ ငါ မသိလိုက်ဘူး

- မိန်းမရေ ငါတို့ သွားရအောင် - တကယ်လား ဆောရီးပါ

- ကြည်နူး ဖွယ်ရာပဲဗျာ - ကျွန်မတို့လည်း ဝမ်းသာပါတယ်

ရှင်နဲ့ စကားပြောရတာ ပျော်ဖို့ကောင်းပါတယ်

ဖရက်ဒို ဖရက်ဒို မကောင်းတဲ့ကောင် ကြည့်ကောင်းနေပါလား

ဖရန့်ပန်တန်ဂျလီ

အနောက်ဘက်ကို မင်း ဘယ်တော့မှ မလာတော့ဘူး ထင်နေတာ ဟေ့ကောင်

ငါ့ ကောင်လေးတွေကို လာကြည့်တာလေ

ဖရက်ဒို ဒီက အစားအစာတွေက ဘာဖြစ်တာလဲ

ဘာဖြစ်လို့လဲ

ကလေးတစ်ယောက်က ဘီစကစ်နဲ့ အစာသွပ်မုန့်ယူလာပြီး..

ကာနာပီးဆိုပြီး ငါ့ကို ပြောသွားတယ်

ဒါနဲ့ ငါလည်း ပဲစည်ဟုတ်လား သေလေ

ဒါဘီစကစ်နဲ့ အစာသွပ်မုန့်လို့ ပြောလိုက်တယ်

ငရုတ်ကောင်းနဲ့ ငါးသေတ္တာတွေ ယူလာခဲ့

ခင်ဗျားကို တွေ့ရတာ နယူးယောက်က နေ့တွေကို ပြန်သတိရတယ်

ဘရွတ်ကလင်းမှာ နေတဲ့ အဘိုးကြီး ဝီလီချီချီ ကိုမှတ်မိလား

ငါတို့လည်း စိတ်မကောင်း ဖြစ်နေတာ နှလုံးဖောက်တာ မဟုတ်လား

မဟုတ်ဘူး နှလုံးဖောက်တာ မဟုတ်ဘူး

ငါ မင်းရဲ့ညီ မိုက်ကို ဒီကိစ္စကြောင့် လာတွေ့တာ

- ဒါပေမဲ့ သူ ဘာဖြစ်တာလဲ - ဘာပြောတာလဲ

သူ့အခန်းထဲဝင်ထိုင်ဖို့ ငါ မိတ်ဆက်စာ ရေးရဦးမှာလား

- မိုက် ကို ဝင်တွေ့လို့ မရဘူးလား - ငါ့ကို ခန်းမထဲမှာ စောင့်ခိုင်းထားတယ်

- ဂျွန်နီအိုလာ ပါ - အယ်လ်နရီ ပါ

ခင်ဗျား ကျွန်တော့် ရှေ့နေ တွမ်ဟေဂင်ကိုသိလား

တွမ်ကို အရင်ကတည်းက သိတာပေါ့

More Burmese subtitles for The Godfather Part II

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left