Release info

Dedh Ishqiya (2014) Myanmar
A Commentary by kikywebsite

Tags

other
Published on: 2019-07-28
Downloads: 19
Hearing Impaired: No

Burmese subtitle preview

The first 200 lines.

တစ်ခါတုန်းက ကြက်တူရွေးအမတစ်ကောင် မွေးထားတဲ့ မော်လဝီတစ်ဦးရှိတယ်

ကြက်တူရွေးက မသတီတွေ လုပ်ပြတတ်တယ်တဲ့

မော်လဝီဆရာကလည်း သူ့ပြဿနာကို သူ့မိတ်ဆွေတရားသူကြီးကို ပြောပြလိုက်တယ်

တရားသူကြီးက ကြက်တူရွေးကို သူ့အိမ်ခေါ်လာဖို့ပြောလိုက်တယ်

သူ့ဆီမှာ ဘာသာရေးအရမ်းကိုင်းရှိုင်းတဲ့ ကြက်တူရွေး ၂ ကောင်ရှိတယ်

သူတို့က တစ်နေ့လုံး ဓမ္မသီချင်းတွေကို ရွတ်ဆိုနေကြတာ

အသင်းအဖွဲ့ကောင်းရင် အရာရာပြောင်းလဲစေတယ်လေ

မော်လဝီဆရာက ကြက်တူရွေးကို တရားသူကြီးအိမ်ဆီခေါ်လာခဲ့တယ်

တရားသူကြီးက တခြားကြက်တူရွေးတွေရှိတဲ့ လှောင်အိမ်ထဲ ကြက်တူရွေးအမကိုထည့်လိုက်တယ်

သူအထဲရောက်တာနဲ့ တခြားကြက်တူရွေးတွေ ရွတ်ဆိုတာရပ်သွားကြတယ်

တစ်ချက်ပြုံးသွားပြီးတော့..

တစ်ကောင်နဲ့တစ်ကောင် တိုးတိုးတိတ်တိတ်ပြောကြတယ်တဲ့

ကျွန်တော်ကော ခင်ဗျားကို တိုးတိုးပဲပြောပြလို့ရလား

သူဘာတွေပြောသွားတာလဲ

အရှင်မြတ်ဆီ အကူအညီတောင်းမနေနဲ့ ကျွန်တော်တို့တွေကို ဖြေပြီးပြီ

မြေမြှုပ်ပစ်လိုက်တော့ကွာ

မတရားဘူးနော်

ကာလုသစ္စာဖောက်တာကို ဘာဖြစ်လို့ ကျွန်တော်ကိုအပြစ်ပေးတာလဲ

ကျွန်တော်ထွက်ပြေးလို့ရခဲ့ပေမဲ့ ထွက်မပြေးခဲ့ဘူးလေ

ခင်ဗျားဆီကိုပြန်လာခဲ့တယ်

ကျွန်တော်ကိုယုံကြည်ပေးပါ

ဘာဖြစ်လို့ အရေးတကြီးလုပ်နေတာလဲ

အနည်းဆုံးတော့ နောက်ဆုံးဆန္ဒလေးကို နားထောင်ပေးပါဦး

နောက်ထပ်ဟာသပြောဦးမလို့လား

မဟုတ်ပါဘူး

ဇာတ်လမ်းတစ်ပုဒ်ပြောပြမလို့ပါ

တစ်ရက်ကို ရူပီး ၁၀၀၀

ဒါကဘာလဲ

ဒါက ဘုရင်ခံအတွက် အခမဲ့လား

ဒီဝတ်စုံက ချန်ဒ်ပူရ်ဘုရင်ခံရဲ့ဝတ်စုံ

သူကဟာဂျီလေ ဒါကြောင့်​ ဒါတွေရတာ

- အကုန်လုံးထည့်လိုက်ရတော့မလား - တစ်စုံပဲထည့်ပါ

သူ့အတွက်က ဈေးပေါတဲ့ သင်တိုင်းတစ်ထည်ပေးပါ

ဘာလုပ်ဖို့လဲ

ဘုရင်ခံရှိရင် ဘဏ္ဍာစိုးလည်းရှိရမှာပေါ့

- ခင်ဗျားက ဘုရင်ခံဟုတ်လား - ဟုတ်တယ်လေ

- ကောင်းတာပေါ့ဗျာ - မင်းဘာပဲဝတ်ဝတ်..

မင်းကအမြဲတမ်း ဘဏ္ဍာစိုးနဲ့ပဲတူနေမှာ

ဒီလိုတုန်တုန်ယင်ယင်ဖြစ်နေတာက ဘယ်လောက်ကြာပြီလဲ

ရက်ပိုင်းလောက်ပဲရှိပါသေးတယ်

သူလက်တုန်နေတာကြာပြီ

အခု နေ့လယ်ရောက်နေပြီနော် သူ့ကို မနက်ပိုင်းမှာကြည့်သင့်​တယ်

ငလျင်လှုပ်နေသလိုပဲ

ကျွန်တော်ဘာလုပ်လဲသိလား

ပန်းကန်လုံးထဲကို ကြက်ဥ ၄ လုံး ဖောက်ထည့်ပြီး သူ့ကိုဇွန်းပေးလိုက်တယ်

တစ်ချက်လောက်မွှေလိုက်တာနဲ့ ကြက်ဥကြော်ဖို့အသင့်​ဖြစ်ပြီ

- ကျုပ်နဲ့လိုက်ခဲ့ပါ - လိုက်ရမှာလား

ကျုပ်နဲ့လိုက်ခဲ့ပါ

နောက်လိုက်တာပါ

ဘယ်ကိုခေါ်သွားတာလဲ

ကျုပ်အဘိုးလေ

သူက နာမည်ကြီးတဲ့ သမားတော်လေ

သူနဲ့တိုင်ပင်ကြည့်ချင်လား

- မတွေ့ရဘူး - ဘာဖြစ်လို့လဲဆရာ

ဒီလည်ဆွဲတွေက အရမ်းညံ့တယ်လို့ ဆရာကပြောနေတာပါ

တော်တော်ပုံစံမကျဘူးဗျ

ဘာတွေပြောနေတာလဲဆရာ

ဒါကိုကြည့်ကြည့်လိုက်ပါဦး

ဒါက..

ကားခေါ်ထားလိုက်တော့မယ်နော်

ပါဗက်ဇ်ရေ ကားယူလာခဲ့တော့

အဲကွန်းဖွင့်​ထားဦး

ဆရာက အပူဒဏ်မခံနိုင်ဘူး

- ကြွပါဆရာ - ဆရာ..

ဒါလေးကို တစ်ချက်လောက်ကြည့်ပေးပါဦး

ဒါကို တရားဝင်ရောင်းခွင့်​ရှိတာမဟုတ်ဘူး

ဘာဖြစ်လို့လဲ

ဒါက ဟိုက်ဒရာဘတ်မြို့တော်ဝန်ဆီကနေ ခိုးထားတာ

ပါကစ္စတန်ကလည်ဆွဲလေ

အဖိုးမဖြတ်နိုင်တဲ့လည်ဆွဲပါ ဆရာ

ဒါပေမဲ့ ငွေသားနဲ့ပဲ အပြည့်အဝပေးချေရမှာပါ

ရတာပေါ့ဗျာ

- ဘယ်လောက်လဲ - ၅ သန်း

- စရန်ကကော - ၅ သိန်းပါ

ခင်ဗျားသန့်​စင်ခန်း ဘယ်နားမှာလဲ

သန့်​စင်ခန်းလား

ဘုရင်ခံက ငွေသားကို..

သူ့အတွင်းခံထဲမှာဝှက်ထားတာ

ဒီဆရာကို သန့်​စင်ခန်း လိုက်ပို့ပေးလိုက်ပါ

ကြည့်ပါဆရာ

အတွင်းခံထဲမှာ ဘယ်လောက်ဆန့်​လို့လဲ

- ၄..၅ လောက်ပေါ့ - ဘယ်လောက်

အရှေ့မှာ တစ်ဝက်ထည့်တယ် ကျန်တာအနောက်မှာထည့်တယ်

မိန်းခလုတ်က ဘယ်မှာလဲဟ

- ဘယ်နှနာရီရှိပြီလဲ - ၁၂ နာရီခွဲပါ

၁၂ နာရီခွဲ

ဘာဖြစ်လို့လဲဆရာ

ဒီကိုဘာလာလုပ်တာလဲ

ခင်ဗျားဆိုင်ကိုဖောက်ထွင်းမလို့

မိန်းခလုတ်က ဘယ်ဟာလဲ

မီးပိတ်လိုက်မယ်

ကျုပ်ကိုလွှတ်

မီးပိတ်လိုက်မယ်နော်

ဘာဖြစ်တာလဲ

အရေးပေါ်မီးဘယ်မှာလဲ ဒီမှာထားထားတာ

မီးစက်နှိုးမယ့်​သူရှိလား

စိတ်မကောင်းပါဘူး

သူတို့ကိုဖမ်း

ပြေး

ကာလု ပြေး

ပြေးထား

ကောင်းသောနေ့ဖြစ်ပါစေ အမျိုးသမီးတို့

နောက်ကျမှ အငမ်းမရ ကြည့်လို့ရပါတယ်ဗျာ

လက်လှမ်းလိုက် ဒီကနေထွက်သွားကြမယ်

လှေကားမရှိဘူးလေ ဘယ်လိုတက်ရမှာလဲ

လက်လှမ်းလိုက်စမ်းပါ သိပ်မမြင့်​ပါဘူး

ရပ်လိုက်စမ်း

အချိန်မရှိတော့ဘူး ပြေးတော့

ညနေ ၃ နာရီခွဲကျရင် ဗလီအနောက်က..

သင်္ချီုင်းမှာ တွေ့ကြမယ်

ကာလု

မပြေးနဲ့

မပြေးနဲ့ ပစ်လိုက်မှာနော်

ဆုံးဖြတ်ရမယ့်​အချိန်ပဲ

၄ နာရီခွဲနေပြီ

ဗျာ

မင်းခေါင်းကိုဖြတ်ရမှာလား ဘာကိုဖြတ်ရမှာလဲ

ဘာပြောတာလဲဗျာ

ကာလု သစ္စာဖောက်မယ်ဆိုတာကိုသိရင်..

ဒီနေရာကို အသေခံဖို့အတွက် ရောက်လာမှာမဟုတ်ဘူး

ဘာကိုအဖြတ်ခံမှာလဲ

ခင်ဗျားက သမာသမတ်ရှိတဲ့သူပါ

ကျွန်တော်တို့က အမျိုးတော်တယ်လေ ခွင့်​လွှတ်ပေးပါဗျာ

ဘာကိုအဖြတ်ခံမှာလဲ

ဘယ်လိုရွေးချယ်ခွင့်​ကြီးလဲ

ဂျပန်လူဆိုးဂိုဏ်းတွေက လက်ချောင်းတွေဖြတ်တာ

တစ်ချောင်းလောက်ဖြတ်လို့ရပါတယ်

၂ ချောင်းစလုံးကို ဖြတ်ပစ်လိုက်ပါ

ကျန်တာတော့မလုပ်ပါနဲ့

ဒါက ဂျပန်ပြည်မဟုတ်ဘူး

အိန္ဒိယပြည်ကွ

ခေါင်းပန်းလှန်လိုက်

ခေါင်းကျရင် သူ့ခေါင်းကို ဖြတ်ပစ်မယ်

ပန်းကျရင်တော့ သူ့ကိုယ်တွင်းအင်္ဂါကိုဖြတ်ပစ်မယ်

ဘာကျတာလဲ

- ပန်းကျတာ - အစ်ကိုကြီးရယ်

၃ ကြိမ်လှန်မယ်နော်

၂ ဘက်စလုံး ပန်းတွေချည်းပဲ

ဒါ မရိုးသားတာပဲ

ဘာဖြစ်လို့ ကျွန်တော်ကိုယ်တွင်းအင်္ဂါကို ပြဿနာရှာနေတာလဲ

ဘာလုပ်နေတာလဲ

အစ်ကိုကြီး

ဒီလိုမလုပ်ပါနဲ့ဗျာ

ကျွန်တော်တို့က အမျိုးတွေလေ ဘာလုပ်နေကြတာလဲ

ဘောင်းဘီချွတ်လိုက်

ခါးပတ်ကြိုးကိုဆွဲလိုက်

ကြိုးကိုဆွဲလိုက်

ဘာလုပ်တာလဲ ဘာဘန်

ကျွန်တော်ဦးနှောက် ပွင့်​ထွက်သွားမှာနော်

မဟုတ်သေးဘူးနော်

ငါ့ကိုသေနတ်ပေး

- ကျွန်တော်ကို ကားသော့ပေး - သေမတ်အရင်ပေးစမ်းပါ

ကောင်းပြီလေ

ကျွန်တော်သေသွားရင် ခင်ဗျားတာဝန်နော်

ဘာဘန်

၃ အထိရေမယ်

၃ အထိရေပြီးတာနဲ့ ကျွန်တော်သေပြီပဲ

ငါပြောမယ်..

၁..

၂..

ကျွန်တော်နောက်နေတာမဟုတ်ဘူးနော်

လိုက်ဖမ်း

ရပ်လိုက်စမ်း

ကျွန်တော်ကတိပေးတယ် အစ်ကိုကြီး

အစ်ကိုကြီးမိန်းမအတွက် လည်ဆွဲကိုဖြစ်ဖြစ်..

ကာလုရဲ့ အင်္ဂါအစိတ်အပိုင်းကိုဖြစ်ဖြစ် ယူခဲ့ပေးမယ်

အစ်ကိုကြီးကားကို ယူသွားမယ်နော်

တောင်းပန်ပါတယ်

ရပ်လိုက်

ဒီကောင်ကတော့ကွာ

သူထပ်ပြီး ထွက်ပြေးသွားပြန်ပြီ

နားမလည်တော့ဘူး ဘာဖြစ်လို့ သူ့ကို အမြဲပြန်လွှတ်ပေးနေတာလဲ

လင်းနို့လူသားကို ကြားဖူးလား

ကြားဖူးတယ်

ဂျိုကာသေသွားရင် လင်းနို့လူသားက ဘာသွားလုပ်ရမှာလဲ

သူက အိမ်မှာထိုင်ပြီး မုန့်​နယ်နေရမှာ

ခင်ဗျားက ဂျိုကာလား

- ဘယ်သူ - လင်းနို့လူသားပါ

ကြည့်လိုက်ဦး အရူးက ကိုယ်လုံးတီးနဲ့ လမ်းလျှောက်နေတယ်

ကြည့်လိုက်ဦး

တစ်ယောက်တည်းနဲ့ ကမ္ဘာကြီးကို တိုက်ခိုက်ချင်တာလား

ကလေးမဆန်စမ်းပါနဲ့

ကောင်းလိုက်တာဗျာ

ကျေးဇူးပါ

ဒါကတော့ ချန်ဒပူရ်ရဲ့ဘုရင်ခံ..

မစ္စတာ အစ်ဖ်တီခါဟူစိန်ဖြစ်ပါတယ်

ကျွန်တော်တို့အခုရောက်ရှိနေတာကတော့ နိုင်ငံရဲ့အတော်ဆုံး ကဗျာဆရာတွေ..

စုဝေးနေတဲ့ မာဂျီဒါဘတ် မီးရထားဘူတာမှာဖြစ်ပါတယ်

မာဂျီဒါဘတ်ဘုရင်ခံရဲ့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့..

ပွဲတော်ကို ရောက်ရှိနေကြတာပါ

သူ့ခင်ပွန်းဟောင်းဖြစ်တဲ့ မာဂျီဒါဘတ်ဘုရင်ခံဟောင်းကို..

အောက်မေ့တဲ့အထိမ်းအမှတ်နဲ့ ဒီပွဲတော်ကို ကျင်းပခြင်းဖြစ်ပါတယ်

အရင်ဘုရင်ခံရဲ့သေတမ်းစာမှာ ပြန်ထိမ်းမြားခွင့်​ပေးထားပါတယ်

ဒါပေမဲ့ ကဗျာဆရာနဲ့ပဲ လက်ထပ်ရမှာဖြစ်ပါတယ်

ဒါပေမဲ့ လွန်ခဲ့တဲ့ ၃ နှစ်က အထီးကျန်နေတဲ့ဘုရင်ခံရဲ့နှလုံးသားကို

သိမ်းပိုက်နိုင်မယ့်​ ကဗျာဆရာ မရှိခဲ့ပါဘူး

ဒါကြောင့်​ ဒီနှစ်မှာတော့ ဘုရင်ခံအကြိုက်တွေ့မယ့်​သူကို

တွေ့ရှိနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

ဒီလိုပုံစံနဲ့ ကဗျာရွတ်ပြမှာပေါ့

- မ​ဂင်္​လာပါ - မ​ဂင်္​လာပါ

More Burmese subtitles for Dedh Ishqiya

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left