The first 200 lines.
လီယောင်ဂျေးခင်ဗျာ.. သူက ခင်ဗျားနဲ့ဘယ်လိုပတ်သက်တာလဲ
တကယ်ပါပဲ
ဒီအရူး..သူက ဘာလို့ပြန်လာတာလဲ
ထွက်သွားပြီးရင် ပြီးပြီပေါ့
ဘာလို့ပြန်လာနေသေးလဲ
ဟုတ်သားပဲ
ဟုတ်ပြီ..သူ့ချစ်သူက..
သူနဲ့ရတဲ့ကိုယ်ဝန် ရှိသွားလို့
တကယ်ဇာတ်ရှိန်မြင့်လာပြီပဲ
ဘယ်လိုလုပ်မလဲ
ဘယ်လိုဖြစ်တာတဲ့လဲ
ဆရာဝန်က ဘာတဲ့လဲ
ကိုယ်ဝန်ရှိနေပြီတဲ့
ဒီလောက်အကြွေးတွေပတ်လည်ဝိုင်းနေတာကို..
ဘယ်လို ကလေးမွေးကြမလဲ
အချစ်ရေ..ငါတို့အခု ဘယ်လိုလုပ်ကြမလဲ
တစ်ခုခုစဉ်းစားရမှာပေါ့
သူတို့တွေ..
ချစ်ကျွမ်းဝင်ခဲ့ကြတယ်
နားလည်မှုတွေရပြီး..
တစ်ယောက်နဲ့တစ်ယောက် မျက်ဝန်းတွေထဲမှာ..
အချစ်ကိုရှာတွေ့ခဲ့ကြတယ်
ကောင်မလေးက..
ပြုံးပြီးတော့..
ကောင်လေးရဲ့နားရွက်နားကပ်ပြီး..
တိုးတိုးလေးပြောလိုက်တယ်
ရှင့်ကို..
စတွေ့ကတည်းက..
ကျွန်မ..
ရှင့်လိုလူမျိုးဟာ..
တကယ်ပါပဲ
ဘယ်သူလဲ
ခဏလေးပါ
နင်တို့တွေ ဘာလာလုပ်တာလဲ
ကံစမ်းမဲပေါက်လို့ ဂုဏ်ပြုပါတယ်
ပထမတန်းလေယာဉ်လက်မှတ်နဲ့..
ဟိုတယ်တည်းခိုခွင့် ဟုတ်လား
ငါတို့ဘဏ်က အရေးကြီးဖောက်သည်တွေအတွက်..
ကံစမ်းမဲဖောက်ပေးတာ နင်ပေါက်သွားတယ်လေ
ဂုဏ်ပြုပါတယ်
တကယ်ပါပဲ
ဒါမျိုးတစ်ခါမှ မကြုံဖူးဘူး
ဟာသလာလုပ်နေတာလား
ဘယ်က ဟာသရမှာလဲ
ငါတို့ဘဏ်က ဖောက်သည်တွေကို လိမ်မလား
ဒါဆိုလည်း ပိုက်ဆံပေးပါလား ဆန်တွေဘာတွေ ဝယ်လို့ရတာပေါ့
ကံစမ်းမဲပါဆို နင်တကယ် ဒုံးဝေးတာပဲ
ငါဈေးလျှော့ပေးမယ် ငါ့ဆီက ပြန်ဝယ်ပါလား
ငါကသွားလို့ရမလား အလုပ်ရှိသေးတယ်လေ
နင်ကော
ငါက နိုင်ငံခြားခရီးစဉ်တွေ အများကြီး သွားဖူးတယ်လေ
ဟုတ်တယ်..ဂျီအွန်း နင်လေယာဉ်မစီးဖူးသေးဘူး မဟုတ်လား
လေယာဉ်လား
မစီးဖူးဘူး
အဲဒါကြောင့် အလကားရတုန်း သွားရမှာပေါ့
ငါ့အိမ်ကိုဘယ်လိုလုပ်မလဲ
နင်ကလည်း..
နင်မရှိတဲ့အချိန် နင့်အိမ်ကို ဘယ်သူက ခိုးမှာလဲ
ဟုတ်တယ်..ငါတို့စောင့်ပေးမှာပေါ့
ဒီအိမ်ကို ငါအရမ်းချစ်တာ နင်လည်းသိရဲ့သားနဲ့
ဘယ်နားမှာ သံရိုက်ထားတယ်ကအစ ငါသိတာပဲ မဟုတ်ဘူးလား
နင်ပဲ ငါ့ကို ဒီအိမ်ရောင်းဖို့ တိုက်တွန်းခဲ့တာလေ
အဲဒါက ဒီအိမ်ကြီးထဲမှာ နင်တစ်ယောက်တည်းနေရတာကို..
ငါတို့က စိတ်မကောင်းလို့ပါ
ဟုတ်တယ်..အဲဒါကြောင့်ပါ
နင် နယ်မြေသစ်ကိုသွားမှ စာရေးစရာကုန်ကြမ်းအသစ်တွေ ရမှာမဟုတ်လား
ဟုတ်တယ် မဟုတ်လား
ဟုတ်တယ်..ရေမြေခြားက အချစ်ဇာတ်လမ်းလေး ဘာလေးပေါ့
တစ်ခုခုတော့ မသင်္ကာဘူး
ဘာကို မသင်္ကာတာလဲ
လောကကြီးမှာ အလကားရတယ်ဆိုတာ မရှိဘူးလေ
ဒါက ခရီးစဉ်အစအဆုံး အလကားတော့ ဟုတ်ပါတယ်နော်
ဒါပေါ့..အလကားပေါ့
နင်ကသိပ်သံသယများတာပဲ
ဟုတ်ပြီလေ..အလကားဆိုတော့လည်း..
သွားတာပေါ့
အိတ်တွေ ဘာလို့ဒီလောက်များတာလဲ
ခရီးရှည်သွားရမှာကို
မြန်မြန်ပြေးစမ်းပါ
စောစောထွက်ခဲ့ရမှာ
ကားဒီလောက်ပိတ်မယ်လို့ ဘယ်ထင်မှာလဲ
စကားမပြောနဲ့..မြန်မြန်ပြေး
ရောက်ရောက်ချင်း အင်တာဗျူးတစ်ခု လုပ်ရမယ်
ရိုက်ကူးရေးက နောက်တစ်နေ့မှာ စမယ်
လေဆိပ်မှာ ခင်ဗျားကိုစောင့်နေမယ့် လူတစ်ယောက်ရှိပါလိမ့်မယ်
ကြော်ငြာစာချုပ်ကိုလည်း ကျွန်တော်တို့ အပြီးသတ်ထားလိုက်ပါ့မယ်
ပြီးတော့..
မင်းသမီးလီဂျီဟယ်နဲ့..
ခင်ဗျားရဲ့သတင်းကို တွေ့ပြီးပြီလား
ဒီလအတွင်း ဒုတိယမြောက် မကောင်းသတင်းထွက်တာပါ
ဥက္ကဋ္ဌက ခင်ဗျားကို ဒီထက်ပိုပြီး အနေအထိုင် ဆင်ခြင်ပေးပါတဲ့
ကျွန်တော့်အတွက် အိမ်အသစ်ရှာနေလား
မြန်မြန်ဝင်ပါ
ဟိုရောက်ရင် ဟိုတယ်ကလူ စောင့်နေမှာနော်
ဒါပေါ့..သွားပါ နင်နောက်ကျတော့မယ်
ငါ့အပင်တွေရေလောင်းဖို့ မမေ့နဲ့
စိတ်မပူပါနဲ့..ဝင်တော့ နင်နောက်ကျနေမယ်
တစ်မျိုးကြီးခံစားရတယ် အိမ်နဲ့အဝေးကြီးကို တစ်ခါမှ မသွားဖူးဘူး
နင် လူကြီးဖြစ်နေပြီပဲ လွတ်လွတ်လပ်လပ်နေမှပေါ့
အေးပါ..သွားပြီးပြန်လာမယ်နော်
အိမ်ကိုကောင်းကောင်းဂရုစိုက်ကြနော်
ဂျီအွန်း..ခဏလေး
ဒါကိုယူသွားပါ
ဘာလဲ
တရုတ်ငွေတော့ မလဲခဲ့ရဘူး
အထဲမှာ ငွေလဲစက်ရှိတယ် လဲလိုက်နော်
မုန့်တွေဘာတွေ ဝယ်စားလို့ရတာပေါ့
ရပါတယ်
ခရီးစဉ်အစအဆုံး သူတို့ပေးမှာပဲ မဟုတ်လား
အရေးပေါ်လိုအပ်ရင် သုံးရအောင်ပါ
ဟုတ်တယ်..ယူသွားပါဟာ
နေမကောင်းမဖြစ်အောင် ဂရုစိုက်နော်
နင်တို့တွေ ဘာဖြစ်နေကြတာလဲ
ဂျီအွန်း
ငါတို့ နင့်ကို ချစ်ပါတယ်
ရှက်ဖို့ကောင်းအောင် ဘာလုပ်နေကြတာလဲ
အများကြီးချစ်ပါတယ်
အေးပါဟယ် ငါလည်းနင်တို့ကိုချစ်ပါတယ်
သွားပြီနော်
ဂျီအွန်း အဆင်ပြေမှာပါနော်
သူ့လိုလူမျိုးက ဘယ်မှာဖြစ်ဖြစ်..
သဲကန္တာရအလယ်မှာတောင် အဆင်ပြေမှာပါ
စိုးရိမ်ရမှာက ငါတို့ပဲ သူပြန်လာရင် ဘယ်လိုလုပ်ကြမလဲ
အခုက နည်းနည်း အချိန်ဆွဲလိုက်တဲ့သဘောပါ
မြန်မြန်ရွှေ့ကြတာပေါ့
- ဒီဟာလေး - ကျွန်မတင်ပေးပါမယ်
ကောင်းလိုက်တာ
ဘာတွေလဲ
ခြေညှပ်ဖိနပ်တွေပဲ
တဆိတ်လောက်ရှင့်
- သတင်းစာဖတ်မလား - ဟုတ်ကဲ့..ပေးပါ
- ဒါနဲ့ လေယာဉ်က အရမ်းလှုပ်လား - မလှုပ်ပါဘူး
ထပ်ပြီး သတင်းထွက်ပြန်ပြီလား
ဒီတစ်ခါက ဘယ်သူနဲ့လဲ
လီဂျီဟယ်.. ကြိုက်လည်းကြိုက်တတ်တာပဲ
မင်္ဂလာပါရှင်
ဒီဘက်ကိုကြွပါ
မင်္ဂလာပါရှင်
လီယောင်ဂျေးမဟုတ်လား
တရုတ်ပြည်ကို သွားမလို့လား
ဘာလို့လဲ..ရုပ်ရှင်ရိုက်မလို့လား
အနားယူပါ
လေယာဉ်တက်တော့မယ်
အိမ်ကတော့ ရှုပ်ပွနေတာပဲဗျာ
- တွေ့ရတာဝမ်းသာပါတယ် - ဟုတ်ကဲ့
ငယ်တဲ့လင်မယားတွေဆိုတော့လည်း အလုပ်များကြတာပေါ့
ဟုတ်ကဲ့
မီးတွေအားလုံးကောင်းပါတယ်
လုံးဝ စင်းလုံးချောနီးပါးပါပဲ
ဟုတ်ကဲ့
- အနာအဆာမရှိဘူး - ဟုတ်ကဲ့
ပြည့်လား
ဟုတ်ကဲ့..ပြည့်ပါတယ်
ပစ္စည်းတွေအားလုံးရွှေ့ပေးနိုင်မလား
ရွှေ့ပေးရမှာပေါ့
ဒါဆိုလည်း မေတ္တာရပ်ခံပါတယ်
ဟုတ်ကဲ့
ခွင့်ပြုပါဦး
ကောင်းကောင်းသွားပါရှင်
၂၈ ၂၉ ၃ဝ
ဟီဂျင်း..ငါတို့ အခု နောက်ဆုတ်လို့မရတော့ဘူး မဟုတ်လား
စိတ်မပူပါနဲ့..အဆင်ပြေသွားမှာပါ
ဟိုမှာ လေယာဉ်ပဲ
ဂျီအွန်းရေ..တောင်းပန်ပါတယ်
တောင်းပန်ပါတယ် ဂျီအွန်းရေ
ဂျီအွန်း..
နင် ဒီလေယာဉ်ပေါ်မှာလား ဂျီအွန်း
ဂျီအွန်း
တောင်းပန်ပါတယ်
တစ်ခုလောက် စားလို့ရမလား
လဲစားမယ်လေ
ကျေးဇူးတင်ပါတယ်
အစ်မရေ..အအေးရဦးမလား
ယူမလို့လားရှင့်..ခဏလေးပါနော်
တွေ့လိုက်လား
မတွေ့လိုက်ဘူးလား
အလုပ်မဖြစ်ဘူးပဲ
ရူဘီနာဟိုတယ်လား အဲဒီမှာတည်းမှာလား
ကျွန်မလည်း အဲဒီမှာတည်းမှာလေ
တိုက်ဆိုင်လိုက်တာနော်
ဘာကြည့်တာလဲ
ဒါက ကျွန်မရဲ့ပထမဆုံး နိုင်ငံခြားခရီးလေ
တကယ်တော့ လေယာဉ်စီးဖူးတာလည်း ပထမဆုံးပါ
ထင်ထားတာထက် ပိုပျော်စရာကောင်းတယ်
ဒါနဲ့..
နားမကိုက်ဘူးလား
နားကိုက်ရင် တံတွေးအများကြီး မျိုချရတယ်လို့ ပြောတယ်
ဒီလိုလေ
ဘယ်လိုလုပ်မလဲ စိတ်မရှိပါနဲ့ရှင်
တောင်းပန်ပါတယ်
အဆင်ပြေရဲ့လားရှင့်
ရပါတယ်
ကျေးဇူးပြုပြီး တခြားခုံလဲပေးလို့ရမလား
လဲပေးချင်ပေမဲ့..
ခုံလွတ်မရှိတော့လို့ပါ
တခြားဘာကူညီရမလဲရှင့်
ဟုတ်ကဲ့
ဒီမှာ..ခဏလေးနေပါဦး
ဒီမှာ..ဒီမှာပါ
ခဏလေးပါ
No comments yet. Be the first to leave one.