The Sum of All Fears

The Sum of All Fears

Download Burmese Subtitle

Release info

The Sum of All Fears
A Commentary by maung-myo
source: iflix (zawgyi)

Tags

other
Published on: 2019-03-09
Downloads: 54
Hearing Impaired: No

Burmese subtitle preview

The first 200 lines.

၁၉၇၃ ခုနှစ်မှာ အီဂျစ်နဲ့ဆီးရီးယားတို့ အစ္စရေးကို အမှတ်မထင်ထိုးစစ်ဆင်ခဲ့ပါတယ်

ဒုတိယနေ့မှာ အစ္စရေးမြေပြင်တပ်တွေ စစ်ရှုံးလုနီးပါးဖြစ်ခဲ့ပါတယ်

မြေပြင်တပ်တွေ စီးနင်းခံထားရချိန်မှာ အစ္စရေး ဂျက်လေယာဉ်တစ်စင်းဟာ

ကင်းလှည့်ဖို့ ပျံတက်ခဲ့ပါတယ်

နျူကလီးယားဗုံးတစ်လုံးလည်း သယ်သွားပါတယ်

၂၉ နှစ်ကြာပြီးနောက်

ဝယ်သာတောင်တန်း ဗာဂျီးနီးယား အမေရိကန်

ရုရှားတွေဆိုတာသေချာလား

ရာနှုန်းပြည့်သေချာပါတယ် ရေငုပ်သင်္ဘောက

ပေါက်ကွဲအား ၁၂ ကနေ ၁၅ မီဂါတန်လောက်နဲ့ ပစ်လိုက်ပြီး

လွန်ခဲ့တဲ့ ၁၅ မိနစ်က တိုက်ခိုက်ရေးပုံစံ ဖွင့်လိုက်ပါတယ်

ရုစဗဲ့က ပဲ့ထိန်းဒုံးကျည် ၆ လုံးလွှတ်လိုက်တယ်လို့ စစ်သေနာပတိချုပ် သတင်းပို့ထားတယ်

ရုရှားတွေ ပိုလန်ကိုဖြတ်ပြီး အနောက်ဘက်ကို ရွေ့လျားနေပြီ

သူတို့သာ ဂျာမနီကို ဦးတည်ရင် ဘာလင်ဘရီဂိတ်မြို့စောင့်တပ် အင်အားမသာဘူး

ရုရှားအလယ်ပိုင်း အလီယက်စ်ကနေ နောက်ထပ်ဒုံးတစ်လုံး လွှတ်လိုက်တယ်

မယုံနိုင်စရာပဲ အလီယက်စ်မှာ ဘာရှိလို့လဲ

SS-18 တာဝေးဒုံးတွေပါ ဖြစ်နိုင်တဲ့ပစ်မှတ်က နယူးယောက် ၀ါရှင်တန် ဒီကိုပါ

- ဒီမျက်နှာကြက်တွေ ခိုင်ရဲ့လား - တိုက်ရိုက်မမှန်ရင်တော့ ရပါတယ်

လေယာဉ်တွေကို ဂြိုလ်တုက အတည်ပြုလိုက်ပြီ အများကြီးကြဲထားတယ်

- ခန့်မှန်းချေ ၂၅ မိနစ်ဆို ထိပါမယ် - တိကျရဲ့လား

တိကျပါတယ်

ကာကွယ်ရေးအဆင့် ၁ သတ်မှတ်ဖို့ အကြံပြုပါတယ်

- သမ္မတဇော်ကင်ကို ဆက်သွယ်လိုက် - ဇော်ကင်ပျောက်နေပါတယ်

မော်စကိုမှာ အာဏာသိမ်းမှုဖြစ်တယ်လို့ သတင်းရထားပါတယ်

ဗိုလ်ချုပ်ဘူလ်ဂါကော့ဗ်ကတော့ အခုဖုန်းခေါ်နေပါတယ်

ဘူလ်ဂါကော့ဗ်က ဘယ်သူလဲ

ချာချင်ညာမှာ နျူကလီးယား သုံးဖို့လုပ်ခဲ့တဲ့သူပါ

သမ္မတကြီး.. ကာကွယ်ရေးအဆင့် ၁ လုပ်မှဖြစ်မယ် အချိန်မရှိတော့ဘူး

လုပ်လိုက်တော့

သမ္မတကြီး

အမိန့်ပေးလိုက်ရင် ပစ်ဖို့လုပ်တာက တစ်မိနစ်ပဲ ကြာပါမယ်

အမိန့်ကို အတည်မပြုခင် အိုင်ဒီစစ်ဆေးရပါမယ်

ငါ့အိုင်ဒီနံပါတ်က ထိပ်ဆုံးကရေရင် ငါးခုမြောက်

- လိုင်း ၂၁၀၄ ကနေ သမ္မတကတော်ခေါ်နေပါတယ် - ကျေးဇူးပဲ

လူ ၂ ယောက် စည်းမျဉ်းအရ..

ခွင့်ပြုစာရင်းထဲမှာပါတဲ့ သူတစ်ယောက်က အမိန့်ကို အတည်ပြုပေးရပါဦးမယ်

ဂျင်းန်ရဗယ်လ် အမျိုးသားလုံခြုံရေး အကြံပေး

- ထိပ်ဆုံးကနေ နှစ်ခုမြောက် - ၀တ်စုံပြည့်နဲ့တက်ရမှာလား

အိုကေ ငါလာနေပြီ

ကျုပ်တို့တွေ..

နောက်တစ်ခေါက်မှ ဒါကို လက်စသတ်လို့ အဆင်ပြေမလား

ဒီအရေးပေါ်ထွက်ခွာရေးလေ့ကျင့်မှုတွေကို အဆင့်မြှင့်ရမယ် ဘီလီ

တကယ်သာ ပစ်လာခဲ့ရင်တော့ ငါမြေအောက်ထဲ ၀င်ပြေးမှာမဟုတ်ဘူး

အောက်မှာမြေမြှပ်ပြီးသား ဖြစ်သွားမယ်

ရင်ဆိုင်ရမယ့်သူနေရာမှာ ရုရှားတွေအပြင် တခြားတစ်ယောက်ကိုလည်း ရွေးရမယ်

ဟုတ်လား နျူကလီးယားလက်နက် ၂၇၀၀၀ လောက်ရှိပြီး

ငါတို့စိုးရိမ်ရမယ့်တခြားသူ ဘယ်သူရှိသေးလို့လဲ

ကျွန်တော်စိုးရိမ်တဲ့သူက နျူကလီးယား ၁ လုံးပဲရှိတဲ့သူပါ

ရုရှားဆိုလို့ သူတို့ရဲ့ နျူကလီးယားပယ်ဖျက်ရေးအစီအစဉ်ကို

စုံစမ်းဖို့ လူတွေလွှတ်ဦးမယ်

- အာမဇာလို့ခေါ်တဲ့နေရာ - အာဇမာစ်ပါ

ဘာပဲဖြစ်ဖြစ်ပါ အဲဒီခရီးမှာ မင်းထဲကလူတစ်ယောက်ပါ ထည့်ပေးလိုက်

ကျွန်တော်လိုက်သွားမယ်

ဘီလီ တပည့်ပဲလွှတ်လိုက်ပါ

ကျွန်တော်သွားချင်လို့ပါ

ကောင်းပြီလေ

ဇော်ကင်ကိုတော့ လျှော့မတွက်နဲ့နော်

သူ့ရဲ့စီးပွားရေး ရာဇ၀တ်မှုတွေ ချာချင်ညာအရေးနဲ့..

- အသည်းလည်းအားနည်းတယ် - အဲဒါကျန်သေးတယ်

သူ့အခြေအနေကော

ဒီနေ့လယ် သူသတင်းစာရှင်းလင်းပွဲ လုပ်ဖို့ရှိတယ်..

အနည်းဆုံးတော့ သူခေါင်းထောင်နိုင်သေးတာ သိရတာပေါ့

- ဘာလို့ ညှိနှိုင်းမှုမလုပ်တာလဲ - အင်တာဗျူးပြီးပြီ

စီအိုင်အေ ဌာနချုပ် လန်ဂလီ ဗာဂျီးနီးယား

ရာဇ၀တ်သားတွေနဲ့အနောက်နိုင်ငံမှာရှိတဲ့ သူတို့မိတ်ဆွေတွေက ခွဲထွက်စေချင်နေတာ

သမ္မတကြီးအနေနဲ့ ပြန်လာပေးမယ်ဆိုရင်..

ကျွန်တော်တို့ မေးချင်တဲ့မေးခွန်းလေးတွေ ရှိနေပါသေးတယ်

ငါမြင်တာ မင်းလည်းမြင်တယ်မလား

- သူ့အပေါ်အင်္ကျီ - အရင်ကဆို ကြယ်သီးအစေ့တပ်တာ

သူဝလာတယ်

သူဘယ်လိုခံစားနေရလည်း သိတယ် ကြည့်စမ်းပါဦး

အင်္ကျီမတူလို့ဖြစ်မှာပါ

ဟင့်အင်း ဒီအင်္ကျီပဲ နောက်ဆုံးတစ်ခေါက် ဆေးရုံကဆင်းတော့ အဲဒါပဲဝတ်တာလေ

- အစားအသောက် မဆင်ခြင်ဘူးဖြစ်မယ် - အရက်လည်းပြန်သောက်နေတယ်

သူ့အသံတွေ ဗလုံးဗထွေးဖြစ်နေတာ ကြားလိုက်လား

ဒါကြောင့် သူအရက်မသောက်ဖြစ်အောင် ချာလင်စကီက အနားမှာနေပေးနေတာဖြစ်မယ်

ချာလင်စကီက ဘယ်မှာလဲ

ဘေးမှာ သူ့နာမည်ဘာပါလိမ့် အညိုရောင်ဆံပင်နဲ့မိန်းမလေ

- အယ်လီနာရစ်ရှ်ကော့ဗ် - အဲဒါ ချာလင်စကီ မဟုတ်ဘူး

မှားတယ် အဲဒါ ချာလင်စကီပါ

မင်းက ချာပစ်စကီလို့ထင်နေတာ ချာပစ်စကီလည်း မဟုတ်ဘူး

- ငါသိတယ် အဲဒါချာလင်စကီပဲ - မဟုတ်ဘူး ငါ့ကိုယုံစမ်းပါ

ရစ်ရှ်ကော့ဗ်ဘေးမှာလေ ဂျနီဗာထိပ်သီးညီလာခံ တက်တုန်းက သူတို့ ၂ ယောက်ရှုပ်ခဲ့သေးတယ်

ချာလင်စကီ ထိပ်သီးအစည်းအဝေး မတက်ခဲ့ဘူး တက်ခဲ့တာက ချာပစ်စကီ

ဒီတော့မင်းပြောသလိုဆို ချာပစ်စကီက ရစ်ရှ်ကော့ဗ်နဲ့ ရှုပ်ခဲ့တယ်ပေါ့

ဇော်ကင် ၀လာတာပဲ ပြောမိတာပါ ဘယ်လိုလုပ် ဒီကိစ္စရောက်သွားပြန်တာလဲ

အဲဒီအကြောင်းရေးလိုက် သူဝလာတယ်ဆိုရင်..

ကျန်းမာရေးအကျိုးဆက်တော့ရှိမှာပဲ နေ့လယ်အစည်းအဝေးမှာ ပြန်ပြောကြ

အယ်လ်နာရစ်ရှ်ကော့ဗ်နဲ့ ရှုပ်နေတဲ့သူကိုလည်း စုံစမ်းထား အဲဒါသတင်းကောင်းပဲ

ဗီယင်နာ သြစတြီးယား

အနောက်နိုင်ငံတွေကို အကူအညီတောင်းနေတဲ့..

ချာချင်ညာကို ဘယ်လိုမြင်ကြလဲ

တဏှာရူးဝက်ဝံကြီးရဲ့လက်ထဲက လွတ်လာပြီး

သူ့အပျိုစင်ဘ၀ကို ကယ်တင်ပေးဖို့ ဘီလ်ကလင်တန်ဆီမှာ တောင်းဆိုနေတဲ့

လှပချောမောတဲ့ အပျိုစင်လေးလိုပဲပေါ့

ကဗျာဆရာတစ်ယောက်ရေးဖူးတယ်

သူဌေးအသစ်ကိုတွေ့တော့ အရင်သူဌေးနဲ့ ထူးမခြားနားပါပဲတဲ့

သူက ကျွန်တော်တို့ အကြောင်းရေးခဲ့တာဖြစ်မယ် ၂၁ ရာစု ဥရောပအကြောင်းပေါ့

နှစ်ပေါင်း ၅၀ ကျော် အမေရိကန်နဲ့ရုရှားတို့ဟာ

အရှေ့နဲ့အနောက် ဥရောပအသိုင်းအ၀ိုင်းမှာ

သူတို့ဆန္ဒရှိတဲ့အတိုင်း ခြယ်လှယ်အခွင့်အရေးယူနေကြတယ်

ကျွန်တော်တို့ကိုလည်း ကလေးတွေလို ဆက်ဆံနေတုန်းပဲ

ဒါပေမဲ့ ကစားစရာတွေ ချောကလက်တွေတော့ မပေးဘူးပေါ့လေ

ကျွန်တော်တို့ရဲ့အနာဂတ်ကို လွတ်လပ်စွာ ဆုံးဖြတ်နိုင်ဖို့

သီးခြားကိုယ်ပိုင် အခွင့်အာဏာတွေဟာ တစ်နေ့တခြား ဆုံးရှုံးလာနေပါတယ်

ကမ္ဘာကြီးဟာလည်း လိပ်ပြာလေးတစ်ကောင်ရဲ့အတောင်ပံခတ်သံကနေ

မုန်တိုင်းထန်လာမယ့် ဆိုးရွားတဲ့အခြေအနေကို ဆိုက်ရောက်ဖို့

တစ်နေ့တခြားနီးကပ်လာနေပါတယ်

ဘုရားသခင်တောင် မတားဆီးနိုင်တော့ဘူး

ဒါဘာကြီးလဲ

မျက်စိကန်းနေလား

ဗုံးလေ

စနက်တံဘယ်မှာလဲ

နွေးနေတယ်

ငါလည်းနွေးလာပြီ လုပ်ပါ တစ်ညလုံးအချိန်မရဘူး

အပျက်ကြီး

ကားပေါ်တင်ကြစို့

ဒါဘယ်လိုလုပ် ရောင်းလို့ရမှာလဲ

ဒီလိုဟာတွေကို ၀ယ်တဲ့သူတွေ ရှိပါတယ်

င့ါကျန်းမာရေးနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်တာတွေကို သည်းမခံနိုင်တော့ဘူး

ငါကျန်းမာနေတယ်လို့ပဲ သတင်းထုတ်ပြန်လိုက်

ရှင့်ဖုန်းလား ကျွန်မဖုန်းလား

မင်းဆီလာတာပဲဖြစ်မယ် ငါ့ဖုန်းက ရှိုးပြဖို့ပါပဲ

- ဆေးရုံကမဟုတ်ဘူး - ကောင်းတာပေါ့

- ကောင်းတာပေါ့ - ရှင်ဒီမှာရှိတုန်းပဲလား

သေချာ အတိအကျ ပြောရရင်..

တကယ်တော့ မင်းလည်း ဒီမှာရှိနေတုန်းပဲလေ

ဟုတ်ပါရဲ့

မကျေနပ်လို့ပြောနေတာ မဟုတ်ဘူးနော်

ဂျက်ခ်

ဒါတွေက အသစ်ဆိုတာ သိပါတယ် ဒါပေမဲ့

ရှင့်ကိုပြောစရာရှိတယ် မဟုတ်ရင် ကျွန်မစိတ်ထဲမှာ ဘယ်လိုမှ မနေနိုင်ဘူး

ရှင့်ကိုလည်း မလန့်သွားစေချင်ဘူး

ဘာလဲ

ကျွန်မကို ရှင် ချစ်မိနေပြီ

ကျွန်မက ဆေးပညာရှင်တစ်ယောက်ပါ ရောဂါလက္ခဏာတွေကို ကျွန်မသိတယ်

သေချာပေါက် ကျွန်မကို ရှင်ချစ်မိနေပြီ

အဲဒါကို မင်းလန့်သွားတယ်ပေါ့

နည်းနည်းလေးတောင်မလန့်ပါဘူး

ဒါပေမဲ့ ရှင်ကတော့ လန့်သွားမယ်ထင်တယ်

ဟင့်အင်း နည်းနည်းလေးတောင် မလန့်ပါဘူး

ပြီးတော့ ပြောရရင် ဒီကိစ္စစပြောတာ မင်းပဲလေ

ထားလိုက်တော့

- မထားနိုင်ဘူး - ဟင့်အင်း မရဘူး

ဘယ်သူ့ဆီကလည်းမသိဘူး

ဒါပေမဲ့..

- မင်းအလုပ်ကိစ္စပဲ - ဒီအချိန်မှ လာရတယ်လို့

လုပ်စရာရှိတာလုပ်ပါ ငါနားလည်ပါတယ်

ဟုတ်ကဲ့ ဒေါက်တာမူလာပါ

မူလာပါ ပေဂျာကနေ ခေါ်ထားလားလို့

ဟယ်လို

ဟုတ်ကဲ့ ဂျက်ရိုင်ယန်ပါ

ဘုရားရေ

ဟုတ်ကဲ့ နာရီဝက်အတွင်း အရောက်လာခဲ့မယ်

ငါသွားရတော့မယ် အလုပ်မှာ အရေးပေါ်ကိစ္စပေါ်လာလို့

အမြန်သွားမှဖြစ်မယ် တောင်းပန်ပါတယ်

ကတ်သီ ဒီည ညစာသွားစားကြမလား

အင်း

- မနက်ဖြန်ညကော - ဂျက် ဒီညအတွက် အင်းလို့ပြောပြီးပြီလေ

သိပါတယ်

သမိုင်းပညာရှင်တစ်ယောက်က ဘယ်လို အရေးပေါ်ကိစ္စမျိုးရှိရတာလဲ

၎ နာရီ မိနစ် ၂၀ ဇူလူမှာ သူဆုံးသွားခဲ့တာ

၈ နာရီခွဲ ကြာပြီးတော့ သမ္မတသစ် ကျမ်းကျိန်ပြီးခန့်ခဲ့တယ်

အဲဒီလူသစ်က ဘယ်သူလဲဆိုတာ အားလုံးသိချင်နေကြတယ်

- ဘယ်သူလဲ - အလက်ဇန္ဒားနမ်မရော့ဗ်

နောက်နေတာလား ပြီးခဲ့တဲ့တစ်နှစ်ကပဲ သူ့အကြောင်း ငါရေးခဲ့သေးတယ်

- သိတယ် - နောက်သမ္မတ သူဖြစ်နိုင်တယ်လို့ ရေးခဲ့တာ

ကျွန်တော်ခန့်မှန်းတဲ့အတိုင်းပဲ ဒါပေမဲ့ ဘယ်သူမှလည်း မဖတ်ခဲ့ကြပါဘူး

- အခုဖတ်နေကြပြီ - ဘယ်သူလဲ

- ကာဘော့ထ် - ကျွန်တော် ဒီရောက်တာ ၁၄ လရှိပြီ

ကျွန်တော့်ကို သူမသိလောက်..

မင်းက ရိုင်ယန်လား

ဟုတ်ကဲ့ပါ

ဒါကဘာလဲ သတင်းလိုက်တဲ့ပုံစံလား

ကျွန်တော့်..

သွားမယ် ငါတို့ နောက်ကျနေပြီ

မင်းအနေနဲ့ အရင်ကထက်ပိုတဲ့ အလုပ်တွေလုပ်ရတော့မယ် ဒီတော့ နားထောင်ပါ

စိစစ်လေ့လာတာတို့ အကြံဉာဏ်ပေးတာတို့ လုပ်ရတော့မယ်

မပြောခင် ပြောရမယ့်အကြောင်းအရာကို သေချာအောင်လုပ်ပါ

မသိရင် မသိဘူးပြောဖို့ အားမနာနဲ့ မကြောက်နဲ့

စကားပြောဆင်ခြင်ပါ စကားတွေက ပေါ်လစီတွေ ဖြစ်လာတတ်တယ်

မင်ကုတ်အင်္ကျီ ဒီကိုပေး လုပ်စမ်းပါ

ပြန်ပေးမှာပါ

နက်ကတိုင်

ထောက်လှမ်းရေးကော်မတီလား

C-SPAN ရုပ်သံလိုင်းကနေ ကြည့်ဖူးတယ်

အပြင်မှာတော့ တစ်ခါမှ မရောက်ဖူးဘူး

ဒီဟာတွေကိုတော့ C-SPAN ကနေ ဘယ်တော့မှ ကြည့်ဖူးမှာမဟုတ်ပါဘူး

ကျွန်တော်တို့ရဲ့ အကဲဖြတ်ချက်က ကရင်မလင်မှာရှိတဲ့ သတင်းရင်းမြစ်ကလာတာပါ

သူ့ရဲ့ထင်မြင်ချက်အရ နမ်မရော့ဗ်က စစ်တပ်ကို မှီပြီး သမ္မတဖြစ်လာတာမဟုတ်ဘူးတဲ့

လူတိုင်းမှာ ထင်မြင်ချက်ရှိကြတာပဲ မစ္စတာကာဘော့ထ်

အဲဒါကိုတော့လေးစားပါတယ်

ဒီမနက် နိုးလာတော့ ကျုပ်မိန်းမက ကျုပ်ကို

နဖူးပြောင်ပြီး ရုပ်ဆိုးတဲ့ လူအိုကြီးလို့ပြောတယ်

အဲဒါမေးခွန်းလား ဥက္ကဌကြီး

ရုပ်ရည်က အဓိက မကျဘူးလို့ သူ့ကိုပြောလိုက်တယ်

- သဘောတူရဲ့လား မစ္စတာကာဘော့ထ် - သဘောတူပါတယ်

အခုအသစ်တက်လာတဲ့ နဇ်မာရော့ဇ် အဲဒါ သူ့နာမည် ဟုတ်လား

နမ်မရော့ဗ်ပါ

ခင်ဗျားသတင်းရင်းမြစ်က ဘာပဲပြောပြော နဇ်မာရော့ဇ်က တရားသေသမားလို့ ကျုပ်တို့ကြားတယ်

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left