The first 200 lines.
ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားပါသည်
ငုံ့
အသင့်ပြင် သတိ
ကျွန်တော် ပထမဆုံး ဘောလုံးကစားခဲ့တာကို မှတ်မိနေသေးတယ်
အဲဒီနေ့ နေ့ခင်းမှာပဲ ရှင်းပြဖို့ခက်တဲ့ အရာတစ်ခု ဖြစ်ပွားခဲ့တယ်
ကျွန်တော်မလုပ်နိုင်တာမရှိသလို ခံစားလိုက်ရတယ်
လွတ်လပ်မှုကို
ခံစားလိုက်ရတယ်
အဲဒီစကားလုံးအဓိပ္ပာယ်ကို သေချာကိုမသိခဲ့တာ
လွတ်လပ်မှု
ကျွန်တော် အခုလုပ်နေတာတော့ မဟုတ်ဘူးပေါ့
လွတ်လပ်မှုဆိုတာ ဘောလုံးကွင်းထဲကနေ စတင်တာမဟုတ်ပါဘူး
ရင်ထဲကနေလာတာပါ
လွန်ခဲ့သော ၂ နှစ် ကယ်လီဖိုးနီးယားပြည်နယ် လောင်းဘိခ်ျမြို့
- ဘန့်ခ်စ် သယ်လာခဲ့ တိုက်စစ်ဆင် အသင့်ပဲလား - အသင့်ပဲ
ညာဘက်သွား ညာဘက်သွား
အသင့်ပြင် အသင့်ပြင် စတော့
- ဒီနေ့ တွန်းထုတ်တာကောင်းတယ်ကွာ ဘန့်ခ်စ် - ကျေးဇူး နည်းပြ
ကြွက်သားတွေ သွေးပူသွားအောင်တော့ ၁ မိနစ်လောက်စောင့်ရမယ်
ငါတို့က ဘောလုံးအသင်းကြီးမဟုတ်ပေမဲ့ ဒီမှာ မင်းလိုလူရှိတာတော့ကျေနပ်မိတယ်
ဘရိုင်ယန်ပါ
မနက်ဖြန်မနက် ၉ နာရီ ငါ့ရုံးခန်းကိုလာခဲ့ ဘန့်ခ်စ်
နောက်တစ်ခေါက်တွေ့ဖို့က နောက်လမှလို့ထင်ထားတာ
အထူးတွေ့ဆုံပွဲကွ ရောက်အောင်လာခဲ့
ကဲ နားထောင်ကြ ကလေးတို့
သတင်းကြည့်ပြီးတဲ့လူတွေကတော့ သိကြမှာပါ
ရှေ့အပတ်က ဆက်ခရာမန်တိုမှာ ဥပဒေသစ်တစ်ခုတင်တာ အောင်မြင်သွားတယ်
အဲဒါကတော့ ခံဝန်နဲ့လွှတ်ပေးထားတဲ့လူ အယောက် ၂၉၀ က ဒါဝတ်ရမယ်ဆိုတာပဲ
မင်းတို့ခြေချင်းဝတ်မှာ ပတ်ထားရမယ့် ဂျီပီအက်စ်ခြေရာခံစက်ပဲ
လက်တွေချလိုက် မင်းတို့မေးမှာသိပြီးသား
ချွတ်လို့ရလား
အဖြေကတော့ မရဘူး လုံးဝမရဘူးဆိုတာပဲ
ဒါကို ၂၄ နာရီလုံးလုံးဝတ်ထားရမယ်
မနက်တစ်ကြိမ် အားသွင်းရမယ် ညနေတစ်ကြိမ် အားသွင်းရမယ်
တစ်ခုမှတ်ထား မင်းတို့ အယ်လ်အေကောင်တီထဲမှာပဲနေရမယ်
ဒါပေမဲ့ ကျောင်းတို့ ပန်းခြံတို့ကနေ ပေ ၂၀ဝ၀ အကွာမှာပဲနေရမယ်
ပြောတာရှင်းလား
ကျွန်တော် လောင်းဘိခ်ျစီးတီးကောလိပ်မှာ ဘောလုံးကစားနေရတာ ဆရာသိပါတယ်
မကစားရဘူးမဟုတ်ဘူးလေ ဒီစက်တော့ မပျက်စီးစေနဲ့ပေါ့
- ဘောလုံးကစားနေတုန်း ဖြုတ်ထားလို့ရမလား - မရဘူး လုံးဝမရဘူး
ဒါပေမဲ့ ကစားရမယ်လေ ဆရာ
အမျိုးသားလက်ရွေးစင်အသင်းထဲ ပြန်ဝင်ဖို့ ကျွန်တော့်နည်းကျွန်တော့်ဟန်နဲ့ ကြိုးစားနေတာ
ငါ့ကို အဲဒီလိုမျိုး ဘယ်နှယောက်ပြောကြလဲ သိလား
အမျိုးသားဘောလုံးအသင်းတို့ ဘက်စကတ်ဘောအသင်းတို့မှာ ပါချင်တယ်
ရပ်အဆိုကျော်တွေ ဖြစ်ချင်တယ်ဆိုပြီးလေ
ဘောလုံးဆိုတာမေ့ထားလိုက်တော့
လူငယ်ဘဝအိပ်မက်တွေဆိုတာ လူကြီးဘဝမှာ အရာမဝင်ဘူးကွ
အလုပ်ရဖို့ပဲ အာရုံစိုက်ကွာ
မဟုတ်ရင် မင်း အချိန်ဖြုန်းနေတာနဲ့တင် ဒီသံသရာထဲပဲပြန်လည်နေဦးမယ်
မင်းသဘောပါ နောက်တစ်ယောက်
မဟုတ်ဘူးကွာ မဟုတ်ဘူးကွာ မဟုတ်ဘူးကွာ
အချိန်လျှော့ပေါ့ပေးရင်လည်း ပေးမှာပေါ့လေ
လျှော့ပေးမှာမဟုတ်ဘူး
အချိန်စေ့မှ ဘောလုံးပြန်ကစားလို့လည်း ရတာပဲလေ
အမေ အသက် ၂၇ နှစ်ကျမှ ဘောလုံးစကစားတဲ့လူရှိလို့လား
ကျွမ်းကျင်မှုနှင့်ပညာအရည်အချင်း
ဘဝမှာ မင်းထိန်းချုပ်လို့ရတဲ့အရာဆိုလို့ ဘယ်လိုတုံ့ပြန်မယ်ဆိုတာပဲ ဂျယ်ရိုမီဂျွန်ဆင်
ဂျိမ်းစ်အယ်လင်၏ As A Man Thinketh
ကျွန်တော်တို့အဆင်ပြေတယ်ထင်ပါတယ်
ဒီနေ့ကတော့ ကယ်လီဖိုးနီးယားအပြစ်မရှိသူများ ပရောဂျက်ကနေ
အကြီးအကျယ်မှားယွင်းမှုကို မှန်အောင်ပြန်လုပ်ပေးတဲ့
၅ နှစ်တာတိုက်ပွဲ ပြီးဆုံးတဲ့နေ့လည်းဖြစ်ပါတယ်
လွန်ခဲ့တဲ့ ၂၁ နှစ်က
သူ မကျူးလွန်ခဲ့တဲ့ပြစ်မှုတစ်ခုအတွက် ဒီလူက ထောင်ကျခံခဲ့ရပါတယ်
သူတို့ဆီ စာထပ်ရေး
ကျွန်တော့်ကိုက ပယ်ချထားပြီးသားလေ အမေ
ဒီတစ်ခေါက် မင်းအမှုအကြောင်းမပြောနဲ့
မင်းအကြောင်းပဲပြော
မင်းဘယ်သူဆိုတာပြောပြလိုက်ပါ
မစ္စတာဘရွတ်ခ်စ်
ကယ်လီဖိုးနီးယားအပြစ်မရှိသူများပရောဂျက်မှ ကျွန်တော့်အမှုကို
ပြန်စဉ်းစားပေးရန်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီစာကိုရေးသားရခြင်းဖြစ်ပါတယ်
ခင်ဗျားတို့ သတင်းတွေ ကြားထားပြီးသားဖြစ်မယ်ဆိုတာသိပါတယ်
ဒါပေမဲ့ ကျွန်တော်ဘယ်လိုလူဆိုတာသိရင် ပြန်စဉ်းစားပေးလိုပေးငြား ရေးလိုက်တာပါ
ကျွန်တော့်မှာအပြစ်မရှိပါဘူးလို့ ပြတ်ပြတ်သားသားပြောပါရစေ
ကျွန်တော်မကျူးလွန်ခဲ့တဲ့ လိင်အကြမ်းဖက်မှုတစ်ခုအတွက်
ထောင်ထဲမှာ ၆ နှစ် ခံဝန်ချုပ်နဲ့ ၃ နှစ် အချိန်ကုန်ခဲ့ရပြီးပါပြီ
လွန်ခဲ့တဲ့ ၂ နှစ်က အီးမေးလ်နဲ့ပို့ခဲ့ပေမဲ့ ခင်ဗျားပယ်ချလိုက်ပါတယ်
ဒါပေမဲ့ ကျွန်တော် ငြိမ်မနေပါဘူး အကြာကြီးတော့မနေခဲ့ဘူး
ဒါကို ထောင်ထဲမှာသင်ယူခဲ့ရတာ ထောင်ထဲမှာတင် ရင့်ကျက်ခဲ့တာပါ
ဟေးလ်ဆိုက်ဒ်ပန်းခြံ လောင်းဘိခ်ျမြို့
ငယ်ငယ်တုန်းက အရမ်းဘောလုံးကစားခဲ့တာ
ရေခဲမုန့်လေးစားလိုက် ပီဇာလေးကိုက်လိုက်ချည်းပဲ မဟုတ်ခဲ့ပါဘူး
ဟုတ်ပါတယ် အိမ်အပြန်လမ်းတွေက မတူခဲ့ဘူးလေ
လောင်းဘိခ်ျကဘဝကမှ တကယ့်ဘဝအစစ်တွေ ထွက်ပေါက်မရှိခဲ့ဘူး
ဒါပေမဲ့ ဘောလုံးက ကျွန်တော့်အတွက် ရွေးချယ်စရာဖြစ်ခဲ့တယ်
စည်းကမ်းရှိအောင်နဲ့ အာရုံစူးစိုက်တတ်အောင် သူပဲသင်ပေးခဲ့တာ
ထူးဆန်းတာက ယုံကြည်မှုကိုလည်းပေးခဲ့တယ်
ကျွန်တော့်အရည်အချင်းက ဘုရားပေးတဲ့လက်ဆောင်လို့ အမေပြောနေလို့ပေါ့
ဒါကြောင့် ညတိုင်း တစ်ခုခု ပြန်လုပ်ပေးပါမယ်လို့ ကတိပေးမိတယ်
အသက် ၁၆ နှစ်မှာ အထက်တန်းကျောင်းက ဘောလုံးသမားလေးပဲမဟုတ်တော့ဘူး
ဘောလုံးသမားဖြစ်မယ့်လူလို့ ပြောလာကြပြီ
ဘောလုံးကို ဘရိုင်ယန်ဘန့်ခ်စ်ကြီး လိုက်လုနေပါပြီ
ဘရိုင်ယန်ဘန့်ခ်စ် တိုက်ထုတ်လိုက်ပါပြီ
ပွဲစဉ်တစ်လျှောက်လုံးကို ကြေညာပေးနေပါတယ်
အကောင်းဆုံးအသင်းတစ်သင်းမှာ အလယ်တန်းကစားသမားနေရာက ကစားခဲ့ပါတယ်
ပွဲစဉ်တိုင်းမှာ အားပေးတဲ့ပရိသတ် အယောက် ၂၀ဝ၀ ရှိတယ်
အပွင့်လင်းဆုံးပြောရရင် ကျွန်တော်ကတော့ အသံတစ်သံပဲကြားပါတယ်
ဟုတ်ပြီကွ ဒါမှငါ့သားလေး
ဒီကလေးကတော့ မိုးထိအောင်ပျံမယ့်ကလေးပါပဲ
ကျွန်တော်က ကျောင်းသားအရွယ်ပဲရှိသေးပေမဲ့ မီဒီယာရဲ့အာရုံစူးစိုက်မှုကို ရခဲ့ပါတယ်
ပွဲကြီးပွဲကောင်းလာတော့မယ် ဘရိုင်ယန်
မင်းအတွက်အသားပေးပြီးစီစဉ်ပေးတာ ဖုန်းဆက်နော်
- ဟုတ်ကဲ့ပါ - သိပ်ကောင်းတဲ့ပွဲပဲ
ပြီးတော့ ကောလိပ်ဘောလုံးအသင်းက အတော်ဆုံးနည်းပြ..
ဘယ်သူလဲ
- နည်းပြကယ်ရိုးလ် - ဘရိုင်ယန်
- ယူအက်စ်စီအသင်းနည်းပြကြီးပိဒ်ကယ်ရိုးလ်ပါ - တွေ့ရတာဝမ်းသာတယ်ကွာ
ပြီးခဲ့တဲ့ရာသီက မင်းကစားထားတဲ့အခွေတွေ ကြည့်ပြီးပြီ သိပ်ကောင်းတယ်ကွာ
- ကျေးဇူးပါ နည်းပြ - ဒီနေ့ မင်းအစွမ်းပြမှာကိုကြည့်ချင်လှပြီ
ငါတို့သေချာလုပ်ရမယ် ရို့စ်ဘိုးလ်ပွဲလောက်ကို စကားလုပ်မပြောဘူး
အမျိုးသားလက်ရွေးစင်အသင်းမှာပါဖို့နဲ့ တစ်သက်တာအခွင့်အရေးရဖို့ ပြောနေတာ
နည်းပြကယ်ရိုးလ်က ကျွန်တော် လေးစားအားကျရတဲ့လူပါ
သူ့ယုံကြည်မှုက ကျွန်တော့်ကို လောကသစ်တစ်ခုကို ရောက်သွားစေတယ်
ဘာပြောထားလဲ
ယူအက်စ်စီတဲ့
- ယူအက်စ်စီမှာ ပါခွင့်ရပြီတဲ့ - ဟုတ်တယ်
ဒါပေမဲ့ ၂၀ဝ၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ အရာအားလုံးပြောင်းလဲသွားပါတော့တယ်
တစ်ခုခုဖြစ်တော့မယ်လို့ ပြောနေတဲ့ခံစားချက်မျိုး သိတယ်မဟုတ်လား
ဘုရားသခင်ရဲ့အသံလို့လည်း ခေါ်ကြတယ်လေ
သူပြောတဲ့အတိုင်းသာ နားထောင်ခဲ့ရင် ဒီနေ့ ဒီလိုအဖြစ်မျိုးကြုံချင်မှကြုံရမှာ
ဒါပေမဲ့ ကျွန်တော်နားမထောင်ခဲ့တော့ ဒီလိုတွေဖြစ်ကုန်တာပေါ့
နေဦး ခဏလေး
- ပြောပါ - ရပ်လိုက်တော့ အဲဒီကနေချက်ချင်းထွက်သွား
- ကျွန်တော် အလုပ်မပြီးသေးဘူးလေဗျာ - မင်းတော့သွားပြီ
မင်းအခု ပိုမိုနာပွဲဈေးမှာလို့ မော်နီတာမှာပြနေတယ်
ပွဲဈေးနဲ့ လိင်အကြမ်းဖက်သမားနဲ့က တစ်နေရာတည်းမှာရှိနေလို့ မရဘူးလေ
ဆရာ နောက် ၂ နာရီလောက်ဆို ပြီးပါပြီ
ဒီအလုပ်လေးတစ်ခုရဖို့ ဘယ်လောက်ရှာခဲ့ရလဲ ဆရာသိရဲ့လား
- ကျွန်တော်ထွက်သွားရင် အထုတ်ခံရပြီဗျ - မင်း အခုမထွက်သွားဘူးဆို
မင်းကိုယ်တိုင် တရားရုံးကို တန်းသွားတာပဲကောင်းလိမ့်မယ်
တော်လိုက်တော့ကွာ အဲဒီကနေ ထွက်သွားလိုက်တော့
ကဲ ဒီတော့ ငါ့မှာအပြစ်မရှိဘူးပေါ့
ဘာရွေးချယ်စရာတွေများရှိလဲ
ပြောကြပါဦး လုပ်ပါ ရွေးစရာက ဘာတွေများလဲ
- ပြောပါ - တရားရုံးချုပ်ကိုခေါ်သွားရမှာလား
မဟုတ်ဘူး တရားရုံးချုပ်ကိုခေါ်သွားဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာမပါဘူး
အပြစ်မရှိဘူးဆိုရင်တောင်မှလေ လုပ်လို့အရဆုံးက ပြည်နယ်အဆင့်ကိုတင်ပြဖို့ပဲ
ကယ်လီဖိုးနီးယားမှာနေတာ အဲဒီတစ်ခုတော့ ကံကောင်းပါစေ
ဘာလို့ဆို ငါ မင်းတို့ကိုပြောနေကျလေ
ကယ်လီဖိုးနီးယားမှာက ပြစ်ဒဏ်ချပြီးသားအမှုကို ပယ်ဖျက်ရိုးထုံးစံမရှိလို့ပဲ
လစ်ဘရယ်ပါတီဝင်တွေများတဲ့ အလာဘားမားလိုနေရာမှာတော့ လွှတ်ပေးတယ်
ကိုးကားချင်တာကတော့
သက်သေအသစ်က တရားလိုဘက်ကစွဲချက်ကို လုံးဝလျော့သွားအောင် လုပ်နိုင်ရမယ်
ပြီးတော့ အပြစ်မရှိကြောင်း ထောက်ပြနိုင်ရမယ်
ဟုတ်ပြီလား ဒီနေ့အတွက် ဒီလောက်ပဲနော် ကျေးဇူးပါ
- မစ္စတာဘရွတ်ခ်စ် ဘရိုင်ယန်ဘန့်ခ်စ်ပါ - ဘရိုင်ယန်
အင်း မင်း..မင်းက ဘောလုံးသမားမဟုတ်လား
ကျွန်တော့်စာရတယ်ပေါ့
မင်းစာတွေရတယ်လို့ ပြောရမှာ အများကိန်းသုံးရမှာဟုတ်
ဒီမှာ ဘရိုင်ယန် မင်းကို အယ်လစ်ဆာရှင်းပြထားမှာပါ
ငါတို့က မှားယွင်းထောင်ချခံရတဲ့ လူတွေအတွက်ပဲလုပ်ပေးတာကွ
- ကျွန်တော်လည်း အဲဒီလိုပဲလေ - သိတယ် သိပါတယ် ဒါပေမဲ့ မင်းကလွတ်လာပြီလေ
အဲဒါကောင်းတာလေ ပြီးတော့ မင်း လျှောက်လဲချက်လည်းတင်ထားတာပဲဟာ
- လျှောက်လဲချက်တင်ထားတယ်ဆိုတာ.. - ရှင်းပြဖို့မလိုပါဘူး ရတယ်
ရတယ် အမှုတွေရဲ့ ၉၇ ရာခိုင်နှုန်းက အသနားခံရတာပဲလေ
ဒါပေမဲ့ မင်းက တရားရင်မဆိုင်ရဘူး ဒီတော့ အယူခံဝင်လို့မရဘူး
မင်း ဘာမှမတတ်နိုင်ဘူးကွ
ခင်ဗျားလုပ်လို့ရတာတစ်ခုခုတော့ ရှိမှာပါ
- ရုံးထုတ်မိန့်တောင်းခံလို့တော့ရမယ် - ဘာဖြစ်တယ်
ရုံးထုတ်မိန့်ပေးဖို့တောင်းခံတာပဲ
သက်သေအသစ်တွေပေါ် အခြေခံပြီး စီရင်ချက်ကိုစိန်ခေါ်ရမှာ
ဒါပေမဲ့ မင်းသေချာနားထောင်ခဲ့ရင်တော့ ကြားမိမှာပါ
ပြီးပြည့်စုံတဲ့သက်သေဖြစ်ရမှာနော် ဟုတ်ပြီလား ငါသွားတော့မယ်
ကျွန်တော့်ဒီအန်အေသက်သေအကြောင်း ပြောပြဦးမယ်
အဲဒီတုန်းကဟာမဟုတ်လား အဲဒါ သုံးလို့မရဘူးလေ
ငါပြောနေတာအဲဒါပဲ မင်းအသစ်လိုတယ် လုံးဝ သက်သေအသစ်ကွာ
အခင်းဖြစ်တဲ့အချိန် တခြားမှာရှိနေတယ်လို့ သက်သေပြနိုင်တဲ့ မျက်မြင်သက်သေအသစ်လို
- မဟုတ်ရင် တိုင်ကြားသူက ပယ်ဖျက်တာမျိုးပေါ့ - အဲဒါဘာလဲ
မင်းမကျူးလွန်ခဲ့ပါဘူးလို့ အဲဒီမိန်းကလေး ပြောပေးနိုင်ရင်ပေါ့
ခင်ဗျားဗျာ
အဲဒီမိန်းကလေးနား ကပ်တာနဲ့ ကျွန်တော့်ကို ထောင်ထဲတန်းထည့်မှာပေါ့
သူ ပြောင်းပြောပေးဖို့လည်းအကြောင်းမရှိဘူး ဒေါ်လာတစ်သန်းခွဲလောက် ရသွားတာကိုး
ဘာရသွားတယ်
ကျောင်းကို လုံခြုံရေးလျော့ရဲတယ်ဆိုပြီး
သူနဲ့သူ့အမေတရားစွဲတယ်လေ တစ်သန်းခွဲရသွားတယ်
ဟုတ်ပါပြီ ဒီမှာ ဘရိုင်ယန် ငါ အပြစ်မရှိတဲ့အမှုသည်တွေနဲ့ကြုံဖူးပါတယ်
သူတို့က နှစ် ၂၀ ၃၀ ထောင်ချခံရတာ
ဆန်ဒီယေဂိုထိတက်ရမယ်ဆိုလည်း တက်မယ့်လူတွေကွ
တရားစီရင်ရေးစနစ်ကြီးက ပျက်ယွင်းနေပြီ
အပြစ်ရှိပါတယ်လို့ သက်သေမပြနိုင်မချင်း အပြစ်မရှိဘူးလို့ သတ်မှတ်ရမှာလေ
အမှုအများစုက ဆန့်ကျင်ဘက်ချည်းပဲ
ကြည့်ရတာ မင်းအမှုပါပါမယ်ထင်တယ်
ငါစိတ်မကောင်းပါဘူး
ခင်ဗျားပြောလိုက်တာလေး ထပ်ပြောပြပါလား
ဘာတောင်းခံလွှာ
ရုံးထုတ်မိန့်ပြုဖို့တောင်းခံလွှာ
လောင်းဘိခ်ျတရားရုံးချုပ်
ကိုရီရာ မင်းလုပ်ပေးမယ်ဆိုတာတော့ တကယ်ကျေးဇူးတင်ပါတယ်
ဒါပေမဲ့ ပိုင်ရှင်ဘက်က လက်ခံဖို့ အဆင်မပြေဘူးဆိုလည်း ငါဘာမှမဖြစ်ဘူးနော်
ဘရိုင်ယန် ငါတို့က ငယ်ငယ်လေးကတည်းကသိလာတာလေ
ငါ ပိုင်ရှင်နဲ့ပြောကြည့်မယ် မင်းက လူဖြောင့်တစ်ယောက်ဆိုတာသိစေရမယ်
သူ စိုးရိမ်စရာမလိုပါဘူးပေါ့ ဘာလို့ဆို စိတ်ပူဖို့လည်းမလိုဘူးလေ
- ကျေးဇူးပါကွာ အရမ်းအားရှိသွားပြီ - မင်းပြောတာနားလည်ပါတယ်
ကယ်ရီနာ ခဏလာဦး
ငါ့သူငယ်ချင်းဘရိုင်ယန်နဲ့မိတ်ဆက်ပေးချင်လို့ သူလည်း ဒီမှာပဲအလုပ်လုပ်တော့မှာ
ကောင်းတာပေါ့ တွေ့ရတာဝမ်းသာပါတယ်ရှင်
ဒီလူအကြောင်း ပြောပြမယ်နော်
ကျောင်းတုန်းက အကြမ်းဆုံးဘောလုံးသမားကြီးပေါ့ကွာ
ဟုတ်တယ် တကယ်ပြောတာ
No comments yet. Be the first to leave one.