The first 200 lines.
ခဏလေး
နေ့လည်တစ်နာရီမှာ
ဝိုင်ဂျီအန်က ဥာဏ်ရည်ထူးချွန်ပွဲကို တိုက်ရိုက်ထုတ်လွှင့်ပါလိမ့်မယ်
ကျုပ်တို့ရဲ့ကျောင်းသားလေး
အန်ချန်ဆိုးရဲ့ ဥာဏ်စမ်းထူးချွန်ပြိုင်ပွဲပါ
သူ့ကို အားပေးစေချင်ပါတယ်
ပြီးတော့ အောင်ပွဲခံပြီး အိမ်ပြန်လာပါလိမ့်မယ်
အားလုံး ဒီမှာရှိလား
ဟုတ်ကဲ့
အဲထိုင်ခုံအလွတ်က ဘယ်သူလဲ
အန်ချန်ဆိုးထိုင်ခုံပါ
အဲဒါမဟုတ်ဘူး ဟိုကတစ်ယောက်
ချွဲဒါပိုရဲ့ထိုင်ခုံပါ
ဒါပို . . .
ကျောင်းပြေးပြန်ပြီလား
စမယ် အားလုံး တိတ်တိတ်နေကြ
အားလုံးပြီးခဲ့တဲ့အပတ်ကအဆင်ပြေကြလား
ကျွန်တော်ကတော့အင်စောဝမ်ပါ
တိုက်ရိုက်ထုတ်လွှင့်ပါတော့မယ်
ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ အောက်တိုဘာ ၂၀၀၅ ဒုတိယအပတ်ဖြစ်ပါတယ်
ချန်းပိုအထက်တန်းကျောင်းက အန်ချန်ဆိုးကရောက်နေပါတယ်
ဒုတိယအကြိမ် အနိုင်နဲ့အိမ်ပြန်နိုင်ဖို့ ကြိုးစားသွားပါလိမ့်မယ်
အားပေးလိုက်ရအောင်
ဒီအပတ် သင့်ရဲ့ပြိုင်ဘက်ကို ဘယ်လိုလူအဖြစ်မြင်လဲ
အမှန်ပြောရရင် တကယ်စိမ်ခေါ်နိုင်မယ့်
လူတစ်ယောက်နဲ့ရင်ဆိုင်ရတာကြိုက်တယ်
ဟုတ်ပါပြီ
သူ့ရဲ့ပြိုင်ဘက်အသစ်ကဘယ်သူဖြစ်မလဲ
ပြိုင်ဘက်အသစ်နဲ့ပေးတွေ့ရအောင်
တတိယအပတ်မှာအောင်ပွဲခံပြီးပြန်မယ့် အန်ချန်ဆိုးကိုတားမယ့်လူပါ
အန်ချန်ဆိုးနဲ့တစ်ကျောင်းထဲတက်နေတဲ့
သူက တစ်ကျောင်းလုံးမှာ အဆင့် ၃၄ ဖြစ်တယ်
ချွဲဒါပို
တကယ့်ကိုအကြိတ်အနယ်ယှဉ်ပြိုင်ရမယ့်ပွဲပါ
ကျောင်းရဲ့ အဆင့်၁နဲ့အဆင့်၃၄တို့ကြား ပြိုင်ပွဲပါ
ရင်သပ်ရှုမောဖွယ်ပြိုင်ပွဲကြီး စတင်ပါပြီ
စောင့်ကြည့်ပေးပါ
ဒါပိုက ထိုင်ခုံမှာရှိမယ့်အစား တီဗီထဲဘာလုပ်နေတာလဲ
ဘုရားရေ သူတော်တော်ရဲတင်းတယ် သူ့ကိုယ်သူ ဂုဏ်ယူနေတဲ့ပုံပဲ
စိန်ခေါ်သူကိုကြိုဆိုလိုက်ရအောင် ချွဲဒါပို စင်မြင့်ပေါ်တက်ပါ
မိတ်ဆက်တာကိုအရမ်းသဘောကျပါတယ်
ဘယ်လိုတွေးလဲ ကိုယ့်ဘာသာ မိတ်ဆက်ရတာကို သဘောကျလား
ဟုတ်ကဲ့ ဒါပေမဲ့ ကျွန်တော်က ရှင်းရှင်းပဲကြိုက်တယ်
အရမ်းတော်တဲ့ကျောင်းသားတော့မဟုတ်ဘူး
မင်းက တစ်ကျောင်းလုံး အဆင့်၃၄နော်
ဒါက ပါရမီထူးတာပဲ
ဒါပေမဲ့ကျွန်တော့်ကျောင်းမှာ ကျောင်းသား ၃၄ယောက်ရှိလို့လေ
တစ်ကျောင်းလုံး ကျောင်းသား ၃၄ယောက်ပဲ ရှိတာဆိုရင်
ကျွန်တော်ကတစ်ကျောင်းလုံးမှာ အဆင့်အနိမ့်ဆုံးကျောင်းသားပါ
ဒါကြောင့် ဘဲဥလို့ခေါ်ကြတယ် ဘာသာရပ်တိုင်းမှာ သုညပဲရခဲ့လို့
တစ်ကျောင်းလုံးမှာ အညံ့ဆုံးလား
ဘယ်လိုဖြစ်တာလဲ
ကျောင်းမှာ အနည်းဆုံး ကျောင်းသား ၃၀၀ရှိမယ်လို့ထင်တယ်
တကယ်ကို ဖျော်ဖြေရာမရောက်ဘူးလား
တစ်ကျောင်းလုံးမှာအတော်ဆုံးနဲ့အညံ့ဆုံး ပြိုင်တာလေ
ကျွန်မတစ်ယောက်တည်း ဒီလိုပွဲလုပ်တတ်တာ
ကောင်းပြီ ချွဲဒါပို
မေးခွန်းငါးခုကိုမှန်အောင်ဖြေဆိုပါ
ချန်ပီယံက လက်ရှိစင်ပေါ်မှာပါ
အသင့်ဖြစ်ပြီလား
ဟုတ်ကဲ့
ဒီမှာ ပထမဆုံးမေးခွန်းပါ
လူ ၄၃ ယောက်မှာ ၁ ယောက် တွေ့ကြုံခံစားဖူးတဲ့ရောဂါလက္ခဏာလို့ပြောခဲ့တယ်
လိမ်ညာဖို့ တုန့်ပြန်တဲ့အခါ ကြို့ထိုးတာကိုရည်ညွှန်းပါတယ်
လိမ်ညာဖို့တုန့်ပြန်မှန်းသိသာပါတယ်
နာမည်ကျော်ပုံပြင်ဇာတ်ကောင် ပေါ်လာပြီးတဲ့နောက် ဒီရောဂါကိုနာမည်ပေးခဲ့တယ်
ဒီအခြေအနေကို ဘာအမည်ပေးမလဲ
ပထမဆုံးအဆင့်မေးခွန်းကလွယ်ကူပါတယ် ဒါကြောင့်စိတ်အေးအေးထားပြီးဖြေပါ
ကျွန်တော့်ရဲ့အခွင့်အရေးကဒ်ကို အသုံးပြုမယ်
ဒါကပထမအဆင့်မေးခွန်းနော် အခွင့်အရေးကဒ်ကိုအသုံးပြုချင်ပြီလား
ဟုတ်ကဲ့ ကောင်းပါပြီ
သူက ဥာဏ်မရှိတာလား
သူကဥာဏ်မရှိတာမဟုတ်ပါဘူးဒါပေမဲ့ သူကဖျော်ဖြေပေးဖို့ကြိုးစားတာ
ကျွန်မတစ်ယောက်ပဲ အပျော်ရှာမိပြီထင်တယ်
ဒါက သူငယ်ချင်းအခွင့်အရေးပဲ
အားပေးဖို့သူငယ်ချင်းရှိလား
အားပေးမယ့်သူမရှိပါဘူး ဒါပေမဲ့ တစ်ယောက်ပဲကျွန်တော့်ကိုကူညီပေးနိုင်တယ်
ဘယ်သူလဲ
ဟိုမှာထိုင်နေတဲ့ အန်ချန်ဆိုးပါ
ငါလား
မင်းနဲ့အန်ချန်ဆိုးက တစ်တန်းတည်း မဟုတ်လား
ဒါပေမဲ့ဒီနေ့တော့ သူက ပြိုင်ဘက်လေ
အန်ချန်ဆိုးက အဖြေမှန်အောင် ကူညီပေးမယ်လို့ မင်းထင်လား
ကျွန်တော်သူ့ကိုကူညီပေးရလိမ့်မယ်
သူက အရမ်းသဘောကောင်းတဲ့သူငယ်ချင်းပဲ
ကောင်းပြီ အခုကစပြီး စက္ကန့် ၃၀
အန်ချန်ဆိုး ဒီနေ့မင်းကို ငါအလဲထိုးနိုင်ရင်
မင်းမျက်နှာကို ၁၀ ကြိမ်တိတိ လက်သီးနဲ့ထိုးခွင့်ပြုပါ
ဘာပြောတာလဲ
မင်း ငါ့ကိုအလဲထိုးနိုင်ခဲ့ရင် ၁၀ ကြိမ်ပြန်ထိုးဖို့ခွင့်ပြုပေးမယ်
မင်း ငါ့ကို ကတိပေးနိုင်မလား
ဘယ်လိုကောင်လဲ
ကောင်းပြီ ငါ့သူငယ်ချင်း
ဒါပေမဲ့ဒီပြိုင်ပွဲမှာ ဘယ်သူ အနိုင်ရမယ်ဆိုတာသိပြီးသားထင်တယ်
မသေချာဘူး
စောင့်ကြည့်ရမယ်မဟုတ်လား
ပြီးတော့ ချွဲအင်ဟာ ငါဒီရှိုးမှာချန်ပီယံဖြစ်ရင်...
စိတ်မကောင်းပါဘူး အချိန်စက္ကန့်သုံးဆယ်ပြည့်ပါပြီ
အခွင့်အရေးဆုံးရှုံးသွားတဲ့အတွက် အဆင်ပြေရဲ့လား
ရပါတယ် အဖြေကိုကျွန်တော်သိတယ်
အဖြေကိုသိရက်နဲ့ အခွင့်အရေးကိုသုံးလိုက်တာလား
ဒီနေ့တော့ အံ့သြသင့်အောင် အကြိမ်ကြိမ်လုပ်ခဲ့တယ်
ဖျော်ဖြေစရာ တစ်စက်မှရှာမတွေ့ဘူး
ပွဲကျအောင်လုပ်တာမဟုတ်ဘူး စတိုင်လည်းမဟုတ်ဘူး
သူကငတုံး တကယ်ကိုရူးနေတဲ့ကောင်ပဲ
အဖြေမှန်ကို အဆင်သင့်လုပ်ထား
ကောင်းပြီ အဖြေမှန်ကဘာလဲ
အဖြေမှန်က ပီနိုချီကို
ပီနိုချီကိုလို့ ပြောလိုက်တာလား
အဖြေမှန်ပါတယ်
ဟုတ်ကဲ့ အစကောင်းခဲ့ပါတယ်
ပီနိုချီကိုရောဂါဖြစ်နေတဲ့လူကိုတွေ့ဖူးပါသလား
တွေ့ဖူးပါတယ်
သြော် ဟုတ်လား
အဲဒီလိုရောဂါလက္ခဏာရှိတဲ့ လူအများစု စကားပြောဖို့ ရှောင်တတ်ကြတယ်
လိမ်ညာမှုတွေကို ဖုံးကွယ်ပြီး ကြောက်စိတ်လည်းပိုပြီးတိုးလာတယ်
မှန်ပါသလား
ကျွန်တော်သိတဲ့လူက တခြားလူတွေနဲ့မတူပါဘူး
သူမက လုံးဝကိုဆန့်ကျင်ဘက်ပဲ
သူက တကယ်ကိုစကားများတယ်
ကိစ္စအားလုံးကို ဝင်ပြောတတ်တဲ့ ငတုံးပဲ
ဒါကြောင့် သူ့ကို ငတုံးစုန်းမလို့ခေါ်ကြတယ်
ဟဲ့ ... ဘဲဥကတော့ နင့်အကြောင်းတီဗီထဲပြောနေပြီထင်တယ်
သူအခုပြောတာငါ့အကြောင်းမဟုတ်ဘူး
ဟဲ့ သူ ဇာတ်လမ်း စလာပြန်ပြီ
ကြည့်လေ သူလိမ်ညာတဲ့အခါ ကြို့ထိုးတတ်တယ်
ငတုံးစုန်းမဆိုတာကို ၀န်ခံလိုက်တာ မဟုတ်လား
ဟင့်အင်း မဟုတ်ဘူး
ဒါပို နင်သေမယ်
ငတုံးစုန်းမ
စိတ်ဝင်စားစရာ နာမည်ပဲ
ကောင်းပြီ ဒါကဒုတိယမေးခွန်းပါ
ကောင်းကင်ဘုံ ၁၀ ထပ်နဲ့ နှစ်အလိုက် ဖော်ပြနိုင်မယ်ဆိုရင်
ဘုံ ၁၂ ထပ်ကို အချိန်သံသရာလို့ခေါ်တယ်
မင်းတို့သိတဲ့အတိုင်း အခုလက်ရှိအချိန်က ၂၀၀၅ ခုနှစ် အခု မေခွန်းလာပြီ
အချိန်သံသရာ လည်ပတ်နေတဲ့အတိုင်းဆိုရင် ၂၀၀၅ က ဘယ်နှစ်မှာရှိတာလဲ
ကြက်နှစ်
အဲလောက်အမြန်တွက်ချက်နိုင်လား
ကြည့်ရအောင် ဒီနှစ်ကနေ နဂါးနှစ်အထိဆိုရင် . . .
မင်းမှန်တယ် ကြက်နှစ်ပဲ
တကယ့်ကိုဥာဏ်ကြီးရှင်ပဲ
အဖေ့အတွက်ခက်ခဲလို့လား
အင်း ငါ့အတွက်ခက်ခဲတာပေါ့
ဂျယ်မြောင် မင်းရော အလွယ်တကူ အဖြေရှာနိုင်လား
အမြန်တွက်နိုင်လား
အဲဒါ အသေးအဖွဲပါ
ဂျယ်မြောင်နဲ့ဟာမြောင်
နှစ်ယောက်လုံး အမ်အီးအန်အက်စ်အေ ၀င်သင့်တယ်မဟုတ်လား
အိုး ရှင်ကတော့ လုပ်ပြန်ပြီ
အပိုတွေမလုပ်ပါနဲ့တော့ အထုတ်တွေကူသိမ်းပေးဦး
အိမ်နီးနားချင်းတွေကို ဆန်မုန့် လိုက်ပို့ပေးလိုက်ဦးမယ်
ဆန်မုန့်လား
အဲဒါ ငါ့ကိုပေး တို့တွေလိုက်ပို့ရအောင်
၁၉၃၅ က ဘာနှစ်လဲ
ဝက်နှစ်
မှန်တယ် ငါလည်း ဝက်နှစ်မှာမွေးခဲ့တာ
မယုံနိုင်ဘူးမဟုတ်လား
ကျွန်တော်လည်းလုပ်နိုင်ပါတယ်
ငါ့ကို ညာလို့မရဘူး သူက ပီနိုချီကိုပဲ
ဒါဆိုသူလိမ်ညာရင် ကြို့ထိုးတတ်လို့လား
ကျွန်တော်မလိမ်ပါဘူး
လမ်းလျှောက်ရင်းတွက်လို့ရတယ်
အဲလိုကြို့ထိုးနေတာကိုကြည့်ရင်
မင်းမလုပ်နိုင်ဘူးလို့ထင်တယ် လမ်းလျှောက်ရင်း တွက်ချက်ဖို့မလွယ်ဘူး
အစ်ကိုကြီး တစ်နေ့လုံး ကျွန်တော်တို့ကိုလုပ်ခိုင်းတော့မယ်ထင်တယ်
ဒီနေ့ ဒီမှာအဆုံးသတ်နိုင်တာကံကောင်းတယ်
၃၅၂၇၃ ခုနှစ်ဆိုရင်ရော
နွားနှစ်
၄၃၀၀၀ ခုနှစ်
ဟာမြောင် ငါ့ကိုယ်စား ဒါကိုမှန်အောင်ဖြေပေးရင်
မီးပန်းပွဲတော် လိုက်ပြမယ်
မီးပန်းပွဲတော်
- အဖေ ဘယ်ခုနှစ်လဲ ထပ်ပြောပါဦး - ဘယ်ခုနှစ်လဲ ထပ်ပြောပါ
၄၃၀၀၀.ခုနှစ်
ကြွက်နှစ်
ကြားတယ်နော် ခင်ဗျားတို့အားလုံးကြားတယ်
တော်တယ်
လိုက်ပို့ပေးမယ်မဟုတ်လား တကယ်လိုက်ပို့ပေးမယ်မဟုတ်လား
အေးပါ လိုက်ပို့မယ်လို့ ငါပြောထားတာပဲ
အဖေ ကတိတည်နော်
အင်းပါ
လက်သန်းချိတ်ပြီး ကတိပေးတယ်
နဖူးမှာကပ်ထားတယ် ကျေနပ်ပြီလား
အိုကေ
ခင်ဗျားသားတွေက နိုဘယ်ဆုရလိမ့်မယ်
သူတို့ ဘယ်သူနဲ့တူလို့လဲမသိဘူး
ခင်ဗျားဇနီးနဲ့တူတာဖြစ်မယ်
ဟုတ်လား
ငါနဲ့တူတယ်လို့ပဲ ပြောခဲ့တာ
ဟေ့ ကျုပ်ကိုယ်တိုင် ခင်ဗျားမိန်းမကို တွေ့ဖူးပါတယ်
သူတို့က အမေတူတာ ၁၀၀ ရာခိုင်နှုန်းပဲ
ဆောင်ဂျွန်း . . .မီးသတ်ပစ္စည်းစာရင်းကို အလွတ်ကျက်ထားလား
- ဟင် - ငါတို့နည်းနည်းစမ်းသပ်မလား
ဘာကြောင့်ရုတ်တရက်ကြီး
မီးလောင်တဲ့အချိန်ကျရင်
ဒီလိုမျိုး အချက်မပြဘူး သတိပေးဖို့ အချိန်မရှိဘူး
မင်းအမှန်တိုင်းမဖြေနိုင်ရင်
မင်းမျက်နှာကို ၁၀ ချက်တိတိ လက်သီးနဲ့ထိုးမယ်
ဆရာ . . .
မီးသတိပေးချက်
No comments yet. Be the first to leave one.