Padman

Padman

Download Burmese Subtitle

Release info

Padman 2018 1080p 10bit BluRay x265 HEVC 8CH-MRN
A Commentary by ChocoPie
Remake (retype) of hardsub. (Release Type : Transcript which is subscene allowed) Credit to original translator : Zaw Htoo................ ( don't allow -- hardsub with your movie channel with own logo). We intend to use for soft sub only.................

Tags

BluRay
1080
x265
HEVC
Published on: 2018-09-10
Downloads: 71
Hearing Impaired: No

Burmese subtitle preview

The first 200 lines.

ယနေ့မှစ၍ မင်းရဲ့ လမ်းစဉ်အားလုံးဟာ ကိုယ့်လမ်းတွေဖြစ်သွားပြီ"

"ယနေ့မှစ၍ ကိုယ့်အိမ်ဟာလည်း မင်းအိမ်ဖြစ်သွားပြီ"

ယနေ့မှစ၍ မင်းရဲ့ လမ်းစဉ်အားလုံးဟာ ကိုယ့်လမ်းတွေဖြစ်သွားပြီ"

"ယနေ့မှစ၍ ကိုယ့်အိမ်ဟာလည်း မင်းအိမ်ဖြစ်သွားပြီ

"ယနေ့မှစ၍ ကိုယ့်ပျော်ရွှင်မှုအားလုံးဟာလည်း မင်းဖြစ်သွားပြီ။

"ယနေ့မှစ၍ မင်းသောကတွေအားလုံးကလည်း ကိုယ့်သောကတွေ ဖြစ်သွားပြီ"

"မင်းပုခုံးပေါ်က မွေးရာပါအမှတ်ကလေး..." "မင်းရင်ဘက်ထဲက နှလုံးသားတစုံ "

"မင်းခန္ဓာကိုယ်ထဲမှာ ထိန်လင်းနေတဲ့ မီးလုံးလေး ဒါတွေအကုန် ကိုယ့်အပိုင်ဖြစ်သွားပြီ"

"ကိုယ့်အိပ်မက်တွေရဲ့ ကောင်းကင်ကြီး ကိုယ့်ပျော်ရွှင်မှုတွေရဲ့ ပင်လယ်ပြာကြီး"

"ကိုယ့်အိမ်နံပါတ်တွေ အားလုံးက မင်းဖြစ်သွားပြီ"

"မင်းဆံသားပေါ်မှာရှိနေတဲ့ စင်ဒူတွေ"

"ကိုယ့်နဖူးပြင်နဲ့ နေရာအနှံ့မှာ လိမ်းခြုံထားလိုက်မယ်။

မင်းနားကြပ်က တခြွင်ခြွင်အသံလေးတွေကို ကိုယ့်နှလုံးသားထဲမှာ သိမ်းဆည်းထားလိုက်မယ်"

"ကိုယ့်အသေးမွှား မေ့မှားတာလေးတွေကအစ အားလုံးကို မြစ်ထဲမှာ မျောပစ်လိုက်မယ်"

မင်းပန်ဆင်ထားတဲ့ ပန်းကလေးတွေကို ကိုယ့်အဝတ်အစားလို ဝင်ဆင်ထားလိုက်မယ်"

"ကိုယ့်အတွက်တော့ တခါတခါ မာလ်ပူမုန့်လေးပဲ လုပ်ပေးပါ။

"ယနေ့မှစ၍ ကိုယ့်ရဲ့ ညတာအားလုံးဟာ မင်းအပိုင်ဖြစ်သွားပြီ ယနေ့မှစ၍ မင်းရဲ့ နေ့ခင်းအားလုံးဟာ ကိုယ့်အပိုင်ဖြစ်သွားပြီ"

"ကိုယ့်အိပ်မက်တွေရဲ့ ကောင်းကင်ကြီး ကိုယ့်ပျော်ရွှင်မှုတွေရဲ့ ပင်လယ်ပြာကြီး"

"ကိုယ့်အိမ်နံပါတ်တွေ အားလုံးက မင်းဖြစ်သွားပြီး

"ဆောင်းရာသီကြီးမှာ သရက်သီးစားချင်တယ်ဆိုလည်း နွေလည်ခေါင်ကြီးမှာ မြေပဲစားချင်တယ်ဆိုလည်း”

"မိုးရွာနေရင်းတန်းလန်းကြီး နေရောင်ခြည်လိုချင်တယ်ဆိုလည်း"

ဒါဆိုရင် ကိုယ်နေလုံးကြီးကို လှုပ်နှိုးလိုက်မယ်

"မိုးရေတွေအားလုံးကို သောက်သုံးပစ်လိုက်မယ်"

"မင်းခြေဖဝါးအောက်မှာ ကြယ်တွေ၊ လတွေအားလုံးကို ထွန်းလင်းခိုင်းလိုက်မယ်"

"ကိုယ့်အတွက်တော့ တခါတခါ လှလှလေးပြုံးပြပေးပါ"

- အမေ ဘယ်လိုရာခီချည်ပေးလဲဆိုတာကို ကြည့် - လာလေ

ဟေ့ လက်(ရှ်)မီး၊ ပိုက်ဆံတော့ ထုတ်ပါဦးဟဲ့

လာလုချေ ဘွားတော်၊ လာလုမှရမယ်

အဖွားကြီးအတွက်ဆို ၆ ပေဝန်းကျင်ရှိတဲ့ ဘိုးတော်တယောက်တော့ ရှာပေးနိုင်တယ်၊ ပိုက်ဆံဆိုရင်တော့ ကန်တော့စွမ်းပါဗျာ

ပွဲတော်က တစ်နှစ်နေမှတခါလာတာ အေးအေးဆေးဆေးပေးလိုက်စမ်းပါ

အိမ်ကိုလည်း တာဝန်ယူရသေးတယ် အခုလို ပိုက်ဆံပါထပ်ပေးရမှာလား

ပြီးတော့ ပွဲတော်က တနှစ်တခါမဟုတ်ဘူး နှစ်ခါလာတာ

ဘယ်လိုဖြစ်လို့လဲ

ဘိုင်ဂျွတ်ပွဲတော်လေ အဲဒါကြောင့်ပဲ ကျွန်တော့်ဆီက လုနေတာလေ

အဲဒါက ရပိုင်ခွင့်ပဲလေ၊

အစ်ကိုကြီး မရီးခေါ်နေတယ်

အေး ပြောလေ

အဲ့ဒီအချိန်မှာ ပိုက်ဆံလုပြေးရတယ်လေရှင့်

ဒေါ်လေး သခွားသီးပေးပါ

အေး စားကြ

တခုလား၊ နှစ်ခုလား

နှစ်ခု

သမီးပါ တခါတည်းထိုင်စားလိုက်လေ

တော်တော့၊ တော်တော့ဟေ့

- ဘာဖြစ်လို့လဲ - နင်ထိုင်နေချေ

- ကိုယ့်ဟာကိုယ် စားကြ - ပြန်လာခဲ့မယ်

သူ့ကိုခေါ်ထား၊ သွားကြည့်လိုက်ဦးမယ်

ထိုင်နေစမ်းပါ လက်(ရှ်)မီးရာ

နင့်ညီမသွားကြည့်နေတယ်

ဘာဖြစ်လို့လဲ

ဘာမှမဟုတ်ပါဘူး ခဏလေး

ကျွန်တော်သွားကြည့်လိုက်ဦးမယ် ပြန်လာခဲ့မယ် ခဏပဲ

နားထောင်ဦးလေ လက်(ရှ်)မီးရဲ့

လိုက်ခဲ့စမ်းပါ အစ်ကိုကြီး

- ရှင်ဘာလာလုပ်တာလဲ - ဘာဖြစ်လို့လဲ

နားလည်စမ်းပါ

ဘာကိုနားလည်ရမှာလဲ

လက်(ရှ်)မီး ဘယ်မှာလဲ

ကြည့်ရတာ မိန်းမမရှိဘဲ ငါးရက်တောင် မနေနိုင်ဘူးထင်တယ်

ဒါပေမဲ့ မင်းအထဲလာခဲ့လေ ဒီမှာမနေနဲ့

အေးအေးဆေးဆေးပြောပါရှင် ဒါအမျိုးသမီးတွေကိစ္စလေ ရှင်ဝင်မပါပါနဲ့

အိမ်အပြင်ထွက်ထိုင်နေလို့ အမျိုးသမီးပြဿနာက ပြီးသွားရောလား

အိမ်က တခြားအမျိုးသမီးတွေလည်း ဒီလိုပဲနေနေကျပဲလေ

သူတို့ကို ၁၀ ကြိမ်လောက်ရှင်းပြပြီးပြီ နားမလည်ကြသေးဘူး

ဒါ ရိုးရာဓလေ့ပဲလေ၊ ရှင်က မြင့်မြတ်ပါတယ် အိမ်ထဲဝင်ပါတော့

ရိုးရာဓလေ့ဆိုတာ အသိဉာဏ်မရှိတဲ့လူတွေပြောတာ

မင်းအိမ်ထဲလာလိုက်လေ၊ ရိုးရာအသစ်ဖြစ်သွားလိမ့်မယ်

မင်းကို မထိပါဘူး စောင်ကိုပဲထိတာ

ဂိုက်သရီး

ဘာလို့ ကိုယ်တိုင်ယူလာပေးတာလဲ

ဘာဖြစ်လို့လဲကွ

အဲဒါကို သွားမကိုင်နဲ့

ဘာလို့လဲ၊ ဒါ တော်တော်ညစ်ပတ်နေတာပဲ

မလုပ်နဲ့၊ မလုပ်နဲ့

ဘာလုပ်နေတာလဲကွ၊ အဲဒီအဝတ်က ညစ်ပတ်နေတာလေ ဆာရီပါ ပေကျံကုန်ဦးမယ်

အဲဒီလိုမလုပ်ပဲထားမှ ဆာရီပေသွားမှာ

ရှင်က မိန်းမလား၊ အထဲဝင်တော့

ဒီလောက်ညစ်ပတ်နေတဲ့ အဝတ်ကိုအသုံးပြုနေတာလား ဂိုက်သလို

ဟမ် အဲလိုအဝတ်မျိုးနဲ့ စက်ဘီးတောင်မသုတ်ဖူးဘူး

မင်းဘာတွေဖြစ်နေတာလဲ

အထဲသွားတော့ပါဆို

ပြောပါ ဘာကူညီပေးရမလဲ ဘာရောဂါဖြစ်နေလို့လဲ

ရောဂါဖြစ်လို့မဟုတ်ပါဘူး ဟို သေးသေးလေးလေ

ကွန်ဒုံးလား

သုံးလို့ရရင်ကောင်းသားဗျာ

မိန်းကလေးတွေဝတ်တာလေဗျာ

အဲဒါဆို ဟိုအရှေ့ဆိုင်မှာ ရှိတယ်

အဲဒါမဟုတ်ဘူး

TVမှာ တခါတခါကြေညာလာတယ်လေ သန့်ရှင်းရေးအတွက်ဘာညာဆိုပြီးတော့

အမျိုးသမီးလစဉ်သုံးပစ္စည်းလား

အင်း ပတ်၊ ပတ်

တိုးတိုးပြော၊ မိန်းကလေးတွေရှိတယ်လေ

အဲဒါ သူတို့ပဲသုံးကြတာလေဗျ

ဒါဘာလဲ၊ ဆေးခြောက်ရောင်းနေတာလား

၅၅ ရူပီးကျတယ်

၅၅ ရူပီးလား၊ ရွှေနဲ့လုပ်ထားလို့လားဗျ

ရူပီး ၄၀ ပဲရှိလို့ ကျန်တာ မနက်ဖြန်မှပေးလို့ရမလာ

အကြွေးမယူခြင်းဖြင့် ကိုယ့်သိက္ခာကိုယ်ထိန်းပါ

ဘဘ်လူး ခဏလေး

- ဟေ့လက်(ရှ်)မီး - ဘယ်သွားမလို့လဲကွ

ပေါင်မုန့်သွားဝယ်မလို့ကွ

နားထောင်ဦး၊ မင်းဆီမှာ ၁၅ ရူပီလောက်ပါလား

ဘာပြဿနာတတ်နေလို့လဲ ပိုက်ဆံချေးနေရတာ

ဘာမှမဖြစ်ပါဘူး၊

ငါ့မိန်းမအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းဝယ်ပေးမလို့

ဘာဝယ်မလို့ကွ

မရီးက ငါရိုက်တာကို ကြိုက်တယ်ထင်တယ်

ငါစ,ကစားကတည်းက အဲ့နေရာကနေ လုံးဝမရွေ့ဘူးကွ

ဘဝင်ရူးရဲ့ သူကိုယ်တိုင်တောင် ငါးရက်တာ စမ်းသပ်ခံနေရတာ

ဘယ်လိုရွေ့လို့ရမလဲ

အလုပ်မသွားဘူးလား

- ဘာလဲ - ဖွင့်ကြည့်လိုက်လေ

မင်းရဲ့ ကျန်းမာရေးအတွက်

ကိုယ့်ကိုကိုယ်သိပ်တော်လှချည်ထင်နေတယ်ပေါ့လေ

ဒါပေါ့

ဒါတွေကြော်ငြာတာ တွေ့ ဖူးပါတယ်

၅၅ ရူပီတောင်လား

ထီပေါက်လို့လား

ပြန်ပေးလိုက်ချေ

ဟင့်အင်း ကျွန်မဘာမှမကြားချင်ဘူး

အဲဒါအရင်ဆုံး ပြန်ပေးပြီး အလုပ်သွားတော့ချေ

ဒါဖြင့် ဒီအဝတ်စုတ်တွေပဲ သုံးနေမှာလား၊

အမျိုးသမီးတွေကိစ္စထဲဝင်မပါ,ပါနဲ့ ကျွန်မ ကောင်းကောင်းကြီးသိပါတယ်

အိမ်မှာ ညီမနှစ်ယောက်ရှိတာကျ ဘာလုပ်မလဲ

သူတို့အတွက်လည်း ဝယ်လာပေးမယ်လေ

အိမ်မှာရှိတဲ့အမျိုးသမီးအားလုံး ဒီလိုဈေးကြီးပစ္စည်းသုံးမယ်ဆိုရင်

ကုန်ကျစရိတ်ဘယ်လောက်များမလဲ စဉ်းစားကြည့်လိုက်

ထောပတ်၊ တခြားကုန်ကျစရိတ်၊ နွားနို့ဖိုး နွားနို့တောင် သောက်နိုင်တော့မှာ မဟုတ်ဘူး

ဒါပေမဲ့ မင်းတော့သုံးလိုက်လေကွာ

အမေသိသွားရင် အပြစ်တင်မှာ ကျွန်မကိုပဲ ရှင့်ကို မဟုတ်ဘူး

ကျွန်မအတွက် လက်ဝတ်လက်စားတွေ ဝယ်လာတယ်ဆို ပြောလိမ့်မယ်

ညီမလေး ပြန်လာရင်တွေ့သွားလိမ့်မယ် သူမတွေ့ခင် ပြန်သွားပေးလိုက်

ကျွန်မကို သနားရင်ပေါ့

ဒါပေမဲ့ ဂိုက်သရီး အခုဟာကလည်း

၅၅ ရူပီကြီးတောင်၊ နည်းနည်းနောနောမဟုတ်ဘူး သွားတော့ သွားတော့

ဝယ်ပြီးပစ္စည်းပြန်မလဲခြင်းဖြင့် ကိုယ့်သိက္ခာကိုယ်ထိန်းပါ

ခင်ဗျား အိမ်ထောင်ကျပြီးသား မဟုတ်လား ရှရ်မာကြီး မရီးကို ပေးလိုက်ပါလား

ရူပီ ၄၀နဲ့ပဲပြန်ရောင်းမယ်၊ ၁၅ ရူပီအမြတ်ယူလိုက်ပေါ့

ဂရုစိုက်လုပ်ကြနော် ကောင်လေးတွေ

ဘာဖြစ်တာလဲ

အဝတ်သွားယူလာခဲ့

သန့်တဲ့အဝတ်ယူခဲ့

ညစ်ပတ်တာမဟုတ်ဘူး ၊

မတ်တပ်ရပ် ဖြေးဖြေး

ရပ်၊ ဖြေးဖြေး

ဒါ အမျိုးသမီးသုံးပစ္စည်းကြီး၊ မသုံးစမ်းပါနဲ့ သူ့ကို ဆေးခန်းခေါ်သွားလိုက်

အင်း ဆေးရုံခေါ်သွားလိုက်မယ်

ဘယ်လို ဉာဏ်ကြီးရှင်က ဒီလိုလုပ်လာတာလဲကွ

ကျွန်တော်တို့က အဝတ်စနဲ့ ချည်နေတာ ဒီလိုလုပ်လာတာ လက်(ရှ်)မီး

သွေးတွေအရမ်းထွက်နေပြီ ဘာလုပ်လိုက်တာလဲ လက်(ရှ်)မီး

ညစ်ညစ်ပတ်ပတ် အမျိုးသမီးသုံးပစ္စည်းကြီးနဲ့

သူလုပ်ခဲ့တာ အမှန်ပဲ၊ ဒီပစ္စည်းက အသန့်ရှင်းဆုံးပဲ

ညစ်ပတ်နေတဲ့အဝတ်တွေနဲ့ စည်းလာရင် အဲ့အဝတ်ကြောင့် ပိုးဝင်သွားနိုင်တယ်

အခန့်မသင့်ရင် လက်ပါဖြတ်ပစ်လိုက်ရတတ်တယ်

ပြီးသွားပြီ

ဘာမှမဖြစ်တော့ဘူး

ကျေးဇူးတင်ပါတယ် ဒေါက်တာ

ဆရာနဲ့ နှစ်ယောက်တည်း စကားပြောချင်လို့ ရမလား

အင်း ထိုင်လေ

အလုပ်ရုံမှာ ဘယ်ကဘယ်လို အမျိုးသမီးလစဉ်သုံးပစ္စည်းရလာတာလဲ

ကျွန်တော့်မိန်းမအတွက် ဝယ်လာခဲ့တာ

ကိုယ့်မိန်းမအတွက်ကိုယ်စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်

မိန်းမတွေရဲ့ တသက်တာမှာ ဒီလိုငါးရက်ရှိတယ်ဆိုတာ အမျိုးသားအများစုက မသိကြဘူး

ကျွန်တော့်မိန်းမက အဝတ်စုတ်တွေသုံးနေတော့

မကြည့်ရက်တာနဲ့ ဆရာ့ကိုမေးကြည့်တာပါ

အမျိုးသမီးတွေက အဲဒီရောဂါဖြစ်တာ တလကို ၁၀ ရက်ကနေ ၁၂ ရက်ထိကြာတတ်တယ်

အဲဒီလို လိုအပ်တာထက်အချိန်ပိုကြာရတာ ညစ်ပတ်တဲ့အဝတ်အစားတွေ သုံးနေလို့

ရောဂါတွေကို ခွင့်ပြုလိုက်သလိုဖြစ်သွားတယ် ဆက်ဖြစ်နေမှာပဲလေ

အဲ့ဒီရောဂါကြောင့် တချို့မိန်းကလေးတွေ မြုံသွားကြတယ်

တချို့ အမျိုးသမီးတွေဆို သေပါသေကြတယ် ဒီလောက်ထိ အရေးပါတယ်

ဂိုက်သရီးက ဒါသုံးဖို့ ငြင်းနေတယ်

သူ့ကို ဘယ်လိုရှင်းပြရမလဲ

၅၅ ရူပီဆိုတဲ့ဈေးနှုန်း သူမမြင်ခဲ့ရင်တောင် ကောင်းသား

၅၅ ရူပီတောင်လား

ဒီလောက်ပေါ့တဲ့ပစ္စည်းလေးက ဘာလို့ဒီလောက်ဈေးကြီးတာလဲ

ဂွမ်းစ လေးခုနဲ့ အဝတ်စ နှစ်ခုအတွက်

တလောကလုံးက ၅၅ ရူပီစီသိမ်းပိုက်နေတယ်

အလကားလို့သာ နာမည်တပ်ထားတယ်

ပိတ်စလေးနည်းနည်းလောက် နမူနာပေးပါလား

ရော့

ဟေ့ကောင် ကပ်စေးနဲ့ နည်းနည်းကြီးတာလေးပေးပါလားကွာ

မင်္ဂလာဆောင်တုန်းက လက်ဖွဲ့ မပါဘဲ အလွတ်လာစားသွားပြီးတော့

တစ်မီတာလောက်ပေးစမ်းပါကွာ

အသန့်ဆုံးဂွမ်းလေး ပြပေးပါလား

ဒါကိုကြည့် လုံးဝထိပ်တန်း

ရူပီ ၅၀ ဖိုးဆို ဘယ်လောက်ရမလဲ

ပြပေးမယ်

၂၅ ရူပီဖိုးဆို ဘယ်လောက်ရမလဲ

မင်းဘယ်လောက်လိုချင်လို့လဲ

ဒီလောက်

စောစောစီးစီးခေါင်းတော့မစားနဲ့

မယူတော့ဘူး သွားချေ

ဟရီယား

လက်(ရှ်)မီး အစ်ကိုကြီး

ကော်ရှိရင်ပေးပါဦး

အဟောင်းမဟုတ်ဘူး၊ မသုံးရသေးတဲ့ အသစ်ပေး

ဟိုဟာလေးပေး

ဘာလုပ်မလို့လဲ၊ ပြောဦးလေ

ဘာကပ်စရာရှိလို့လဲ

မင်းလက်ညစ်ပတ်တွေနဲ့ ဖိနပ်ပဲကိုင်နေ ကျန်တာ ဘာမှမလုပ်နဲ့

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left