Babel

Babel

Download Burmese Subtitle

Release info

Babel 2006 BR Uni
A Commentary by aungmyintoo

Tags

other
Published on: 2021-07-23
Downloads: 72
Hearing Impaired: No

Burmese subtitle preview

The first 200 lines.

အသစ်အတိုင်းပဲ

ယမ်းတောင့် ၃၀ဝ ပါမယ်

ကျွန်တော့်ကို သေနတ်ပေးတဲ့သူက ပြောခဲ့သေးတယ်

၃ ကီလိုမီတာအတွင်းဆိုရင် ထိအောင်ပစ်လို့ရတယ်တဲ့

ဒီပစ္စည်းတွေ အားလုံးအတွက် ဘယ်လောက်လိုချင်တာလဲ

ဒါရ်ဟမ် ၁၀ဝ၀

ဒါရ်ဟမ် ၁၀ဝ၀ တောင်လား

၅၀ဝ ပေးမယ်ဗျာ

ပြီးတော့ ဆိတ်တစ်ကောင်

ဒီသေနတ်နဲ့သာဆိုရင် ခင်ဗျားသားတွေက ခွေးအတွေ အများကြီးသတ်နိုင်မှာ

ခင်ဗျားသားတစ်ယောက်ကို ပစ်ခိုင်းကြည့်လေ

ယူဆွတ်ဖ် ပစ်ပါစေ

ကျွန်တော် အရင်ပစ်ချင်တယ် အဖေ

ဒါက လုံခြုံရေးခလုတ် အဆင်သင့်ဖြစ်ပြီဆိုရင် နှိပ်လိုက်

ခွေးအကိုမပစ်မိပေမယ့် အနည်းဆုံးတော့ ခြောက်လှန့်ထုတ်လို့ရတာပေါ့

မင်းအလှည့် ယူဆွတ်ဖ်

သူပစ်တာ ခင်ဗျားထက်တောင်တော်သေးတယ်

ကံကောင်းပါစေ ကောင်းသောနေ့ပါ

ဘုရားသခင် ကောင်းချီးပေးပါစေ

အနည်းဆုံး ခွေးအသုံးကောင်လောက်တော့ သတ်နော်

အဲဒီသေနတ် ခင်ဗျားတို့ဆီမှာရှိတာကို ဘယ်သူမှမမြင်စေနဲ့

တစ်ယောက်ယောက်လာတာနဲ့ ဖွက်လိုက်တော့

မင်းဘာလုပ်နေတာလဲ

သူ့ကိုမချောင်းနဲ့လို့ ပြောထားတယ်လေ

မင်းကဘာဖြစ်နေတာလဲ

ထွက်သွားတော့

၅ ကနေ ၂ နော်

ဟိုမှာ ခွေးအတစ်ကောင်

ဘယ်မှာလဲ

ဟိုနားမှာလေ

ဟိုနားမှာ

မင်းဘာလုပ်တာလဲ အရူးရဲ့

ဇိုရာက စိတ်မဆိုးပါဘူး

သူစိတ်မဆိုးပေမယ့် ငါဆိုးတယ်

အဲဒါ သူနဲ့ငါ့ကြားက ကိစ္စပါကွာ

မင်းတို့နှစ်ယောက်လုံးက လူဆိုးတွေပဲ နောက်တစ်ခါဆို အဖေနဲ့တိုင်ပြောမယ်

ဝင်မပါစမ်းပါနဲ့

ငါ့ကိုဝင်မပါစေချင်ရင် မင်းလည်း ထပ်မလုပ်နဲ့တော့လေ

ဘာလုပ်တာလဲ

ဒီကျည်ဆန်တွေက ၃ ကီလိုမီတာအထိ ရောက်နိုင်တယ်လို့ ဟက်ဆန်ကပြောတယ်လေ

အဲဒီကျောက်တုံးက လှုပ်တောင်မလှုပ်ဘူး

မင်းက သေနတ်မှမပစ်တတ်တာ ငါ့ကိုသေနတ်ပေး

တွေ့လား

တွေ့တယ် ဒါပေမဲ့ အဲဒါ ၃ ကီလိုမီတာမှမဟုတ်တာ

အဲဒီကျည်ဆန်က ဝေးဝေးကို မရောက်နိုင်ဘူးဆိုတာ ငါလောင်းရဲတယ်

ကျည်ဆန်တွေကိုက မကောင်းတာ

မင်းက ကောင်းကောင်းမချိန်တတ်တာပါ

ငါ အဲဒီကားကိုမှန်အောင်ပစ်နိုင်ရင် မင်းဘာပေးမလဲ

ငါပစ်မယ်

တွေ့လား ဘာမှမထိဘူး

ငါပစ်ကြည့်မယ်

အဲဒီကိုပစ်လေ

တွေ့လား မထိဘူး

မင်းပြောတာမှန်တယ် ကျည်ဆန်တွေကမကောင်းဘူး

ကလေးတွေ ဘယ်ရောက်နေကြလဲ

ဘယ်မှာလဲ

ငါလာပြီနော်

စခန်းရောက်ပြီ

သမီးနိုင်ပါတယ်

- ဟုတ်ကဲ့ - အမ်မလီယာလား

ဟုတ်ပါတယ် ဆရာ

ဟိုင်း အဆင်ပြေရဲ့လား

အားလုံးအဆင်ပြေပါတယ် ဆရာ

မစ္စစ်ရေချယ်က ကျွန်မကိုပြောပြပါတယ် စိတ်မကောင်းပါဘူး ဆရာ

မစ္စစ်ဆူဆန် ဘယ်လိုနေသေးလဲ

အခုတော့ ပိုကောင်းလာပါပြီ သူတို့က ခွဲစိတ်တော့မလို့လေ

ရေချယ်က ဒီနေ့ည ပြန်လာလိမ့်မယ်

ကလေးတွေကြည့်ဖို့ လူတစ်ယောက်ရှာပေးလိမ့်မယ် မင်းလည်းသွားလို့ရသွားတာပေါ့

ကျေးဇူးတင်ပါတယ် ဆရာ ကျေးဇူးတင်ပါတယ် တကယ်ကျေးဇူးတင်ပါတယ်

သူတို့ကို စောင့်ရှောက်ပေးနော် ဘာမှမပြောနဲ့ဦး

မပြောပါဘူး မပြောဘူး စိတ်မပူပါနဲ့ ဆရာ စိတ်မပူပါနဲ့ အိုကေပါတယ်

- မိုက်ကို ဖုန်းပေးလိုက်ပါဦး - ဟုတ်ကဲ့ ဆရာ

မိုက်ရေ သားအဖေ ဖုန်းဆက်တယ်

- ဟိုင်း ဒက်ဒီ - ဟိုင်း သားလေးနေကောင်းလား

ကောင်းပါတယ် အဖေသိလား သူတို့ ဒီနေ့ကျောင်းကို ကဏန်းတွေယူလာကြတယ်

ဟုတ်လား

ကိုင်ကြည့်လိုက်သေးတယ် သားကိုကိုက်တယ်လေ သွေးတော့မထွက်သွားပါဘူး

အဖေ အဆင်ပြေရဲ့လား

အိုကေပါတယ် အားလုံးအဆင်ပြေတယ်

မာရီယာနာက အိမ်တောင်ယူသွားချင်တာ ဒါပေမဲ့ ဆရာမက ပေးမယူဘူးလေ

သား မအိပ်ချင်ဘူး သား မအိပ်ချင်ဘူး

မိုက်ရေ မိုက်

သွားရောတိုက်ပြီးပြီလား

နတ်သမီးလေးတွေနဲ့အတူ အိပ်ကြတော့နော်

ကောင်းကောင်းအိပ်ပျော်ပါစေ

အမ်မလီယာရေ

အမ်မလီယာ

မီးဖွင့်ထားပေးလို့ရမလား

အခန်းထဲမှာ အတူတူအိပ်နေကြတာလေ

မီးပိတ်အိပ်မယ်လို့ သဘောတူထားတယ်မဟုတ်လား

ဒါပေမဲ့ သမီးကြောက်လို့ပါ

ကြောက်စရာဘာမှမရှိပါဘူး

ဒါပေမဲ့ သမီးလည်း ဆမ်လိုဖြစ်သွားမှာကို အရမ်းကြောက်နေတာ

မဟုတ်တာ သမီးဘာမှမဖြစ်ပါဘူး

ဆမ်က အိပ်နေရင်းနဲ့ သေသွားတာလေ

မဟုတ်တာ သမီးရယ် မဟုတ်ဘူးနော်

အဲဒါမျိုးက အရမ်း အရမ်းကိုငယ်သေးတဲ့ ကလေးလေးတွေမှာပဲဖြစ်တတ်တာပါ

သမီးရဲ့မောင်လေးက ကောင်းကင်ဘုံကို ရောက်နေပြီ

ဒီမှာ ထိုင်နေပေးမယ် ဒါပေမဲ့ စကားမပြောကြနဲ့တော့နော် အိုကေလား

အိပ်ကြတော့

ဒါပေမဲ့ ဒီနေ့က ကျွန်မသားရဲ့ မင်္ဂလာဆောင်လေ ဆရာ

ခင်ဗျားသားရဲ့ မင်္ဂလာဆောင်ကို ဖျက်လိုက်စမ်းပါ နောက်တစ်ခါဆောင်ဖို့ ကျွန်တော်ပိုက်ဆံပေးမယ်

ဒီထက်ပိုကောင်းအောင်လုပ်ဖို့ပေးမယ် ဒါလေးတော့ လုပ်ပေးပါ အမ်မလီယာ

အားလုံးအဆင်သင့်ဖြစ်နေပြီလေ ဆရာ

ကလေးတွေကို တစ်ယောက်ယောက်လာမကြည့်ပေးနိုင်ဘူးလား

တစ်ရက်တည်းပါပဲ ဆရာ

ဒီကနေ လူရှာနိုင်လိမ့်မယ်လို့ ဘယ်လိုများထင်နေရတာလဲ

ဆူဆန်က သတိပြန်လည်ကာစရှိသေးတယ် ရေချယ်ကလည်း ကလေးတွေကိုကြည့်ဖို့ အချိန်မီမရောက်နိုင်ဘူး

လုပ်လို့မရဘူး နေဦး

ကျွန်တော်တို့က ခင်ဗျားကို အရမ်းအားကိုးပါတယ် အမ်မလီယာ

စိတ်မကောင်းပေမယ့် ခင်ဗျား လုပ်ပေးမှရမယ်

- ဒါပေမဲ့ - ဂွတ်ဘိုင်

တစ်ကြိမ်တည်းမှာပဲ ၂ နေရာမှာ ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ

ကလေးတွေကို ဒီနေ့တစ်ရက်တည်းပဲ ကြည့်ပေးဖို့ ပြောနေတာပါ

မရဘူး ဆရာသမားက အိမ်မှာပဲရှိနေတယ်

သူတို့က အပြင်မထွက်တော့ဘူးလား

ဟင့်အင်း မထွက်လောက်ဘူး

အိုကေ နောက်မှတွေ့မယ်

လုပ်ပေးလို့မရဘူး အမ်မလီယာ

လုပ်ပါ ဒီနေ့ ငါ့သားမင်္ဂလာဆောင်မို့လို့ပါ

နေ့တစ်ပိုင်းပါပဲ လူစီယာရယ် ညကျရင် သူတို့ကိုပြန်လာခေါ်မယ်

မစ္စစ်ကက်သရင်းကို ကျွန်မဘယ်လိုပြောရမှာလဲ

မသိဘူးလေ နင့်တူလေးတွေလို့ ပြောလိုက်ပေါ့

အင်းပေါ့ သူတို့က ကျွန်မရဲ့ အမေရိကန်ပုံပေါက်နေတဲ့

မျက်နှာနဲ့ တော်တော်တူတယ်ဆိုတော့လေ

သားတို့ အန်တီရဲ့အိမ်ကို မြင်ရတော့မှာလား

ဟုတ်တယ် အန်တီ့အိမ်ကို ရောက်ဖူးကြတော့မယ်

ဝေးလား

ဟင့်အင်း မဝေးဘူး

ဘယ်လိုလဲ

ဟိုင်း အန်တီ

တွေ့ရတာဝမ်းသာလိုက်တာ ဆန်တီယာဂို

မိုက်နဲ့ ဒက်ဘီတဲ့

ဟယ်လို

ဟယ်လို ဟယ်လို

သူတို့ ရှက်နေကြတယ်

ဘာလဲ ဒီကလေးတွေက ကျွန်တော်တို့နဲ့ လိုက်လာမှာလား

သူတို့ကိုကြည့်ဖို့ လူရှာလို့မရဘူးလေ

သူတို့မိဘတွေက ဒီနေ့ညတော့ ပြန်မရောက်ပါဘူး

ဘာလို့ ခေါ်လာတာလဲ သူတို့ကြောင့် စိတ်ညစ်ရလိမ့်မယ်

စိတ်မပူပါနဲ့ သူတို့က လိမ္မာကြပါတယ်

သူတို့ကို တစ်ယောက်ယောက်ဆီမှာ မထားခဲ့ချင်ဘူးလား

သူတို့ကို ကြည့်ပေးနိုင်မယ့် ကောင်မလေးတစ်ယောက်ကို သိတယ်

ရူးနေလား သူတို့ကို ငါနဲ့ခေါ်သွားမှရမှာ

ဘယ်ကမှန်းမသိတဲ့သူနဲ့ သူတို့ကိုမထားခဲ့နိုင်ပါဘူး

သေချာလား အန်တီ

ဘာမှာမလဲ

အင်း ကျွန်တော်က ကြက်သားနဲ့ ကုတ်တစ်ဗူးယူမယ်

အဆီမပါတဲ့ စားစရာ ဘာများရှိလဲ

အားလုံးက အရသာရှိပါတယ်

ကျွန်မက ခရမ်းသီးကြော်နဲ့ အချိုမပါတဲ့ ကုတ်သောက်မယ်

စိတ်မရှိပါနဲ့ အချိုမပါတဲ့ကုတ်မရှိပါဘူး

- ဒါဆိုလည်း ပုံမှန်ဟာပဲပေး - ကုတ် ၂ ဗူးနော်

ရစ်ချတ် ကျွန်မတို့ ဒီကိုဘာလုပ်ဖို့လာတာလဲ

ဘာကိုပြောချင်တာလဲ

ကျွန်မတို့ ဒီကိုဘာလို့လာရတာလဲ

၂ ယောက်တည်းရှိနေဖို့

၂ ယောက်တည်းတဲ့လား

- ရေခဲတွေပစ်လိုက်လေ - အအေးက ပူနေတယ်

ဟုတ်ပါတယ် ဒါပေမဲ့ အဲဒီရေခဲကို ဘာရေနဲ့လုပ်တယ်ဆိုတာမှမသိတာ

မင်းဘာလို့များ စိတ်အေးအေးမထားနိုင်တာလဲ ဘာလို့ဒီလောက်စိတ်ဖိစီးနေရတာလဲ

ကျွန်မစိတ်ဖိစီးနေတာ ရှင့်ကြောင့်လေ စိတ်အေးအေးမထားနိုင်တာလည်း ရှင့်ကြောင့်ပဲ

မင်းသာကြိုးစားရင် လုပ်နိုင်မှာပါ

ကျွန်မက မကြိုးစားဘူးလို့ ထင်နေတာလား

မင်း ကိုယ့်ကို ဘယ်တော့မှ ခွင့်မလွှတ်တော့ဘူးမဟုတ်လား

ကျွန်မပြောချင်တာကို ရှင်သိပါတယ်

ကိုယ် စကားမများချင်တော့ဘူး

ကောင်းပြီလေ

ရှင်စကားများဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် ကျွန်မကိုပြော

ထပ်ပြီးထွက်မပြေးတော့ဘူးဆိုရင်ပေါ့

- မိန်းမ ဘာဖြစ်တာလဲ - ဘာမှမဖြစ်ပါဘူး

မိန်းမ ဘာဖြစ်တာလဲလို့ ဘာဖြစ်တာလဲ

သွေးတွေထွက်နေတယ် မင်းမှာ သွေးတွေထွက်နေတယ်

- ဘုရားရေ - သူ သေနတ်အပစ်ခံရတာ

ဘုရားရေ ဘာတွေဖြစ်ကုန်တာလဲ

- သွေးတွေထွက်နေတယ် - ဘုရားရေ

ကားရပ်ပေး

- ဘာဖြစ်တာလဲ - ကားရပ်ပေးပါ

ဘောလုံးက အပြင်ထွက်သွားတယ်လေ

အပြင်ထွက်သွားတယ်

မဟုတ်ဘူးလေ အရမ်းကောင်းနေတာကို

ဘောလုံးအပြင်ထွက်သွားတယ်

ကျွန်မ နားပဲကန်းတာ မျက်စိကန်းနေတာမဟုတ်ဘူး

မင်းထွက်တော့

နင်အရမ်းဒေါသမထွက်သင့်ဘူး ငါတို့ အခုရှုံးသွားပြီ

အဲဒါ ငါ့အမှားမှမဟုတ်တာ ဒိုင်လူကြီးအမှားလေ

နင်သာ မထွက်ရဘူးဆိုရင် ငါတို့ နိုင်ရင်နိုင်မှာ

ဘာလို့ ဒီလောက်စိတ်တိုနေရတာလဲ

သူနဲ့ ဘယ်သူမှအတူမနေသေးလို့ အဲဒီလိုအမြဲစိတ်တိုနေတာလေ

ငါစိတ်တိုနေတာတွေ ပျောက်သွားအောင် နင့်အဖေနဲ့ပဲ အတူနေလိုက်တော့မယ်

ဂျေပေါ့ပ်မှာ တွေ့မယ်နော်

ဘာစားချင်လဲ

အဖွဲ့ထဲက သူငယ်ချင်းတွေနဲ့ ဂျေပေါ့ပ်မှာ တွေ့ကြမယ်လို့ ပြောထားတယ်လေ

အဖေတို့တွေ နေ့လယ်စာ အတူစားမယ်လို့ ပြောတာမဟုတ်ဘူးလား

သူငယ်ချင်းတွေနဲ့အတူ သွားစားမယ်လို့ပြောတာပါ

အဖေက သမီးပြောတာဆို ဘယ်တော့မှသေချာမကြည့်ဘူး

အမေဆို သမီးပြောတာကို အမြဲတမ်း အာရုံစိုက်တယ်

ဘာလို့ရန်ဖြစ်ချင်နေရတာလဲ

အဖေလည်း သမီးအမေကိုသတိရတာပဲ

အဖေတတ်နိုင်သလောက် အကောင်းဆုံးကြိုးစားနေပါတယ်

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left