The first 163 lines.
"ပိုကာချစ်သူ" အပိုင်း (၅)
ဒီအတိုင်း သမီးစိတ်မပျော်ဘူးထင်လို့
ဘာမှမဟုတ်ပါဘူး
ဘာကိစ္စမို့လို့လဲ
သမီးလေး အမေစိတ်မကောင်းဖြစ်တယ်နော်
အမေက ဆယ်ယောင်းရဲ့ အမာခံအားပေးသူပဲကို
သမီးမွေးလာကတည်းက အခုချိန်အထိလေ
အမေ
သမီးသဘောကျနေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်
ဒါပေမဲ့...
သူက ဆက်တိုက် အရူးလိုအတွေးတွေပဲ တွေးနေတယ်
သမီးမှာ တခြားသဘောမရှိပါဘူး
သူအဆင်ပြေအောင် ကူညီပေးချင်တာပဲရှိတယ်
အဲဒါကြောင့် အဲဒီလိုလုပ်လိုက်တာ
ဒါပေမဲ့ သူက သမီးကို...
စိတ်ထိခိုက်သွားတဲ့အကြည့်တွေနဲ့ ကြည့်တယ်
အဲဒါက အရမ်းဝမ်းနည်းဖို့ကောင်းတယ်
သူလည်း သမီးကို သဘောကျတယ်ဆိုရင်...
သမီးရဲ့စိတ်ရင်းကို မပြောရင်တောင်သိမှာပါ
အချစ်ဆိုတာ တစ်ခါတလေမှာ ကိုယ့်ကို ဟန်ချက်ပျက်စေတယ်ဆိုပေမဲ့...
နေထိုင်ရင်းနဲ့ ပိုကောင်းမွန်တဲ့ဟန်ချက်ကို ရှာတွေ့အောင်လည်း ကူညီပေးနိုင်တယ်
အဲဒါက ဘဝဖြစ်ပြီး ကိုယ့်ကိုရင့်ကျက်လာစေတယ်
အချစ်ဆိုတာ နေရောင်လို သက်တံလို သာယာချိုမြိန်နိုင်ပေမဲ့...
နာကျင်စေတဲ့အချစ်ကလည်း အချစ်ပဲ
အဲဒါကမှ တစ်စုံတစ်ယောက်ကို စိတ်ရင်းနဲ့ချစ်ပြီး...
ဂရုတစိုက်တွေးတောပေးတဲ့ စိတ်ပါ
ဘယ်သူလဲမသိပေမဲ့ တော်တော်ကံကောင်းတဲ့ လူငယ်လေးပဲ
အမေတို့ဆယ်ယောင်းရဲ့ အချစ်တွေကို အများကြီးရထားတယ်
(အောလ်အင် - ကစားသမားက ကျန်တဲ့ချစ်ပ်စ်တွေအကုန် လောင်းကြေးထပ်ခြင်း)
တရားခံဂိုဂွန် အရှေ့ကိုထွက်လာပါ
တရားခံက အသက်မပြည့်သေးပေမဲ့...
တရားမဝင်လောင်းကစားရုံကို မကြာခဏ ဝင်ထွက်ပြီး
တရားမဝင်လောင်းကစားလုပ်မှုတွေနဲ့ ပတ်သက်ဆက်နွယ်ကာ
တရားမဝင်လောင်းကစားရုံမှာ အလုပ်လုပ်တယ်
အဲဒါက ဂိမ်းလုပ်ငန်းမြှင့်တင်ရေးဥပဒေနဲ့...
ပြစ်မှုဆိုင်ရာဥပဒေ အပိုဒ် ၂၄၆ (က) နဲ့ အပိုဒ် ၂၄၇ ကို ချိုးဖောက်တာဖြစ်တယ်
တရားခံ
နောက်ဆုံးအနေနဲ့ ပြန်လည်ချေပနိုင်ပါတယ်
"တရားသူကြီးမင်းခင်ဗျာ"
"ကျွန်တော်က တရားမဝင်လောင်းကစားမှုနဲ့ ရုံးတင်စစ်ဆေးခံနေရတဲ့ တရားခံဂိုဂွန်ပါ"
၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့ ည ၁၀ နာရီမှာ...
"အင်ဂျယ်ဂုက တိုက်ခန်းမှာ..."
"တရားမဝင်လောင်းကစားလုပ်မှုနဲ့ ပတ်သက်ဆက်နွယ်ပြီး ဖမ်းဆီးခံခဲ့ရပါတယ်"
"ကျွန်တော့်ရဲ့လုပ်ရပ်အပေါ် များစွာနောင်တရမိပါတယ်"
နောင် ဒီလိုမဖြစ်စေရပါဘူး
ကျွန်တော်ရေးထားတဲ့စာရွက်က...
စိတ်ရင်းမဟုတ်ပါဘူး
လောင်းကစားကို...
လုံးဝမလုပ်ခဲ့ပါဘူး
တရားသူကြီးမင်း တူညီတဲ့အခြေအနေမျိုးနဲ့ နောက်ထပ်ကြုံတွေ့ရမယ်ဆိုရင်တောင်...
ကျွန်တော် အခုလိုပဲရွေးချယ်မှာပါ
တောက်တိုမယ်ရလုပ်တဲ့ ကောင်လေးအနေနဲ့ ဆေးလိပ်ဝယ်တယ် အရိုက်နှက်ခံရတယ်
ဒီလိုအလုပ်တွေလုပ်ပြီး ကျွန်တော့်ညီမရဲ့ ဆေးရုံစရိတ်ကိုပေးခဲ့တာပါ
ဒီထက်ပိုက်ဆံပိုရတဲ့ အလုပ်ကို ရှာလို့မရခဲ့ပါဘူး
မှားမှန်းသိပေမဲ့...
ရွေးချယ်စရာမရှိခဲ့ပါဘူး
အဲဒီလိုဆိုရင်တောင်...
ကျွန်တော့်ရဲ့လုပ်ရပ်အတွက် တကယ်ကို နောင်တရမိပါတယ်
နောင် ဒီလိုမဖြစ်စေရဘူးလို့ ကတိပေးပါတယ်
(တရားသူကြီးမင်း ကျွန်တော်က ဆွန်းဟွာအထက်တန်းကျောင်းက ဂျန်ဂျွန်ချောပါ)
(ဂွန်က တရားမဝင်လောင်းကစားမှုမှာ ပတ်သက်နေတယ်ဆိုတာ ကြားတော့...)
ကျောင်းကနေ...
အသနားခံစာတွေ အများကြီးရောက်လာတာပဲ
ကျောင်းသားဂိုဂွန်
ရှက်စရာကောင်းတဲ့လုပ်ရပ်ကို မလုပ်ခဲ့ဘူးဆိုရင်တောင်...
ဘဝကိုရိုးသားစွာဖြတ်သန်းဖို့ အရေးကြီးတယ်
မင်းညီမရဲ့ အခြေအနေကိုကြားရတာ စိတ်မကောင်းပေမဲ့...
မှားယွင်းတဲ့ ရွေးချယ်မှုတစ်ခုက...
အနာဂတ်ကို အဖတ်ဆယ်မရအောင် ဖျက်ဆီးပစ်နိုင်တယ်
အဲဒါကိုမမေ့နဲ့
စီရင်ချက်ချပါမယ်
တရားခံက...
ဂိမ်းလုပ်ငန်းမြှင့်တင်ရေးဥပဒေကို ချိုးဖောက်ခဲ့ပေမဲ့
ပထမအကြိမ် ကျူးလွန်တာဖြစ်တဲ့အပြင်
အခုထိ အသက်မပြည့်သေးသူလည်းဖြစ်တယ်
အဲဒါအပြင် သူ့ရဲ့ဘဝအခြေအနေကို ထည့်စဉ်းစားပြီး
တရားရုံးက နာရီ ၁၀၀ ပရဟိတလုပ်ဖို့ စီရင်ချက်ချလိုက်သည်
ကျေးဇူးတင်ပါတယ် တကယ်ကျေးဇူးတင်ပါတယ်
သား
- အမယ်လေး အံ့ဩစရာပဲ - တကယ်ရူးတာပဲ
ထင်သားပဲ
- သူအခု ဘယ်လိုဖြစ်မှာလဲ - လူငယ်ထိန်းသိမ်းရေးစခန်းကို သွားရမှာလား
မသိဘူး သူဘယ်လိုလုပ်မှာလဲ
သူ ဒီလိုလုပ်မယ်ဆိုတာ သိနေတယ်...
တကယ့်သတင်းထူးပဲ
အမယ်လေး အထက်တန်းကျောင်းသားက လောင်းကစားမှုနဲ့ ပတ်သက်နေတယ်တဲ့လား
- အသည်းတော်တော်ကောင်းတာပဲ - အေးလေ
ဘာလဲ
ဘာဖြစ်လို့ ငါဝင်လာတော့မှ အခြေအနေက ရုတ်တရက်ထူးဆန်းသွားတာလဲ
ဘာမှမဟုတ်ပါဘူး
ဘာလဲ
(အဖေတူသား၊ သားအဖနှစ်ယောက်လုံး လောင်းကစာသမားတွေ)
(ကျွမ်းကျင်ဟိုးဒမ်းကစားသမားကေ၏ သားဖြစ်သူ တရားမဝင်လောင်းကစားမှုနှင့် ဖမ်းဆီးခံရ)
- အဲဒီလိုဖြစ်မယ်ထင်သားပဲ - အခု သူဘယ်လိုဖြစ်မှာလဲ
မသိဘူး သူဘယ်လိုလုပ်မှာလဲ
တကယ်ပါပဲ အခု သူဘယ်လိုလုပ်မလဲ သွားပြီ
ရူးတာပဲ
နင်တို့တွေ တိတ်တိတ်မနေနိုင်ဘူးလား
နင်တို့က တကယ်...
အတင်းအဖျင်းမှာပဲ စိတ်ဝင်စားတာပဲ
ကိုယ့်အတန်းဖော်သူငယ်ချင်းကို တစ်ခါလေးတောင် စိတ်မပူမိဘူးလား
ဒီလိုတွေဖြစ်ရင် အနည်းဆုံးတော့ အဆင်ပြေရဲ့လားဆိုတာ မေးရမယ်မလား
နင်တို့က အဲဒါတောင် သူငယ်ချင်းတဲ့လား
ရှေ့လျှောက် ထူးထူးဆန်းဆန်းတွေ ပြောတာပဲဖြစ်ဖြစ်...
မဟုတ်တဲ့ ကောလာဟလတွေ ဖြန့်တာပဲဖြစ်ဖြစ်လုပ်ရင်...
ငါသည်းခံမှာမဟုတ်ဘူး
သူ့ကို စိတ်ဒဏ်ရာရအောင်လုပ်ရင် ဘယ်သူပဲဖြစ်ဖြစ် ဒီအတိုင်းမထားဘူး
- သွားရအောင် - ဘယ်ကိုလဲ
မြန်မြန် ဒီကနေသွားရအောင်လို့
ဗိုက်ဆာလိုက်တာ
မနေ့ကတော့ ဘယ်တော့မှ ထပ်မတွေ့မဲ့လူလို ထွက်သွားပြီးတော့
မနေ့က နင့်ကိုကြည့်ပြီး မွန်းကျပ်လွန်းလို့ပါ
နည်းနည်းလည်း မုန်းမိတယ်
ဒါပေမဲ့ ဒီနေ့တော့...
ဒီနေ့ကျတော့ရော
ဒီနေ့တော့ နင့်ကိုပြန်သဘောကျသွားပြီ
နင်တကယ်ပဲ ဘာလဲ
ဘာဖြစ်ရမှာလဲ
မြန်မြန်တစ်ခုခုစားလိုက်ဦး
အဲဒါမှ စိတ်အားတင်းနိုင်မှာ
နင်...
ငါ့ကို ဘာဖြစ်လို့ အဲဒီလိုတွေလုပ်ပေးနေတာလဲ
တကယ်မသိလို့ မေးနေတာလား
သဘောကျလို့ပေါ့
ငါ့အမေကပြောတယ်
အချစ်ဆိုတာ တစ်ခါတလေမှာ ကိုယ့်ကို ဟန်ချက်ပျက်စေတယ်ဆိုပေမဲ့...
နေထိုင်ရင်းနဲ့ ပိုကောင်းမွန်တဲ့ဟန်ချက်ကို ရှာတွေ့အောင်လည်း ကူညီပေးနိုင်တယ်တဲ့
ဘာအဓိပ္ပာယ်လဲ မသိဘူး
ငတုံး
နင့်ကြောင့် ငါ့ရဲ့လောကကြီးက ဟန်ချက်ပျက်နေပြီ
ဒါပေမဲ့ နင့်ကျေးဇူးနဲ့...
ပိုကောင်းမွန်တဲ့ဟန်ချက်ကို ရှာနေတုန်း
ဟဲ့ ဘယ်သွားမလို့လဲ
သွားစရာရှိတယ်
ဟိုဒမ်းကလပ်လား
- ဆယ်ယောင်း - အင်း
ငါ အဲဒီတုန်းကပြောခဲ့တယ်မလား
ရေစက်ဆိုတာက...
တိုက်ကွမ်ဒိုတို့ စန္ဒရားတို့နဲ့တူတယ်လို့
ရှိရင်ကောင်းတယ်ဆိုပေမဲ့ မရှိဘဲလည်းနေလို့ရတယ် အဲဒီလိုမျိုးဆိုပြီး
အဲဒီတုန်းက နင်ပြောခဲ့တယ်လေ
"အဲဒီလိုစဉ်းစားပြီး ဘယ်လိုနေမှာလဲ"ဆိုပြီး
နင်လည်းသိတာပဲ...
ငါက အဲဒီလိုမျိုးတွေစဉ်းစားနိုင်တဲ့ အခြေအနေမဟုတ်ဘူး
အခု ငါ့လမ်းငါလျှောက်တော့မယ်
နင်လည်း ကိုယ့်လမ်းကိုယ်လျှောက်တော့
ဂွန်
ငါနောက်တစ်ကြိမ်ထပ်ပြီး နားလည်လိုက်တယ်
အသုံးမဝင်တဲ့လောဘမျိုး ရှိလို့မဖြစ်ဘူးဆိုတာ
- ဘာလောဘလဲ - နင်နဲ့ငါက...
တာထွက်မှာကတည်းက ကွာခြားတဲ့သူတွေပါ
- ဂွန် ဘာတွေပြောနေတာလဲ - ချာဆယ်ယောင်း
ဒီအတောအတွင်း ကျေးဇူးတင်ပါတယ်
အရင်သွားနှင့်မယ်
ဘာဖြစ်လို့ နင်ပြောချင်တာပဲပြောပြီး ထွက်သွားတာလဲ
နင်ဘာဖြစ်လို့ အမြဲတမ်း နင်ပြောချင်တာပဲပြောပြီး ထွက်သွားတာလဲ
ရေစက်ဆိုတာ ဘဝရဲ့ဒဏ်ကို ခံနိုင်တဲ့သူဆီကိုပဲ လာရှာတတ်တာတဲ့
ငါဖြစ်ပေးပါ့မယ်
ငါ့ဆီကိုလာဖို့ မအားလွန်းတဲ့နင့်ရဲ့ ရေစက်ဖြစ်ပေးမယ်
ငါနင့်ဆီလာခဲ့မယ်
- အဲဒါကြောင့်... - ချာဆယ်ယောင်း
နင်က ဒီအတိုင်း...
ဘာမှမလုပ်ဘဲ...
No comments yet. Be the first to leave one.