The first 200 lines.
တခါတလေ ကျွန်တော့် ကိုယ့်ကိုကိုယ် ကျိန်စာသင့်နေသလို ခံစားမိတယ်
ကျွန်တော် မွေးတောင်မမွေးခင်က ဖြစ်ခဲ့တဲ့ ကိစ္စတခုကြောင့်ပေါ့
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မိသားစုတခု ရှိခဲ့တယ်
အဖေဖြစ်သူက ဂီတပညာရှင်
သူတို့ မိသားစုဟာ ဆိုကြကကြရင်း
ပျော်ရွှင်စွာ နေထိုင်ကြတယ်တဲ့
ဒါပေမယ့် သူ့မှာ အိပ်မက်တခု ရှိနေတယ်
ကမ္ဘာကြီးကို ဖျော်ဖြေဖို့ပေါ့
ဒီလိုနဲ့ တနေ့တော့
သူဟာ သူ့ရဲ့ ဂစ်တာနဲ့ အတူထွက်သွားပြီး
ဘယ်တော့မှ ပြန်မလာခဲ့တော့ဘူး
အမေကတော့
သူတို့ကို စွန့်ခွာသွားတဲ့ ဂီတသမားတယောက်အတွက် ငိုနေဖို့ အချိန်မရှိပါဘူး
သူ့ဘဝက ဂီတနဲ့ပတ်သတ်တာအားလုံးကို စွန့်ပစ်လိုက်ပြီး
သူ့သမီးကို ကျွေးမွေးပြုစုဖို့ နည်းလမ်းတခု ရှာတွေ့ခဲ့တယ်
သူမရဲ့ အင်္ကျီလက်တွေကို ခေါက်တင်ပြီး
ရှူးဖိနပ်တွေ ချုပ်လုပ်ပါတော့တယ်
သူဟာ သကြားလုံးရောင်းခဲ့လို့ ရတာပဲ
မီးရှူးပန်တွေရောင်းချင်လည်း ရတာပဲ
နပမ်းသမားတွေအတွက် ရောင်စုံလန်ကွတ်တီလေးတွေ ချုပ်လည်း ရတာပဲ
ဒါပေမယ့် မလုပ်ဘူး
သူက ဖိနှိပ်ချုပ်ဖို့ပဲ ရွေးခဲ့တယ်
နောက်တော့ သူ့သမီးကို ဖိနပ်ချုပ်နည်း သင်ပေးခဲ့တယ်
နောက်တော့ သူ့သမက်ကို သင်ပေးခဲ့တယ်
နောက်တော့ မြေးတွေပါ ပါလာကြတယ်
သူ့ရဲ့ မိသားစု ကြီးလာသလို အလုပ်အကိုင်လည်း အောင်မြင်လာတယ်
သူ့မိသားစုကို ဂီတက တစစီဖျက်ဆီးခဲ့ပေမယ့်
ဖိနပ်တွေက ပြန်ပြီးပေါင်းစည်းပေးခဲ့ပါတယ်
အဲဒီအမျိုးသမီးက ကျွန်တော့်ရဲ့
အဘီ ပါပဲ (အဖွားရဲ့ အဖွား)
မာမာအီမဲလ်ဒီပါ
သူက ကျွန်တော်မမွေးခင်ကတည်းက ဆုံးသွားတာ
ဒါပေမယ့် ကျွန်တော့်မိသားစုက သူ့အကြောင်းကို
နှစ်တိုင်း ပြောကြပါတယ် သူ့ရဲ့သမီးလေးကတော့
ကျွန်တော့်ရဲ့ အဘေးဖို့ မာမာ ကိုကိုလို့ ခေါ်ပါတယ်
ဟိုလာ မာမာ ကိုကို
နေကောင်းလား ဂျူလီရို
တကယ်တော့ ကျွန်တော့်နာမည်က မီဂေးပါ
မာမာ ကိုကိုက မှတ်ဉာဏ်တွေ သိပ်မကောင်းတော့ဘူး
ဒါပေမယ့် သူနဲ့ကတော့ စကားပြောလို့ ကောင်းတာပါပဲ
သူ့ကို အားလုံးပြောပြဖြစ်ပါတယ်
ကျွန်တော်အရင်က ဒီလိုပြေးတတ်တာ
အခုတော့ ဒီလိုပြေးတာ ပိုမြန်တယ်ဗျ
အနိုင်ရသူကတော့ လူခါဒိုရာ ကိုကိုပဲ ဖြစ်ပါတယ်
ကျွန်တော့်မှာ ပါးချိုင့်က ဒီဘက်မှာရှိတယ် ဒီဘက်မှာမရှိဘူး
ပါးချိုင့် ပါးမချိုင့် ပါးချိုင့် ပါးမချိုင့်
မီးဂေး များများစားစမ်းပါ
အဘူလီတာ(အဘွား) က မာမာကိုကိုရဲ့ သမီးပါ
မင်း ပိန်လိုက်တာ မီဟာ(အချစ်လေး)ရယ် များများစားပါ
ရပါတယ် ကျေးဇူးပါ အဘွား
မင်း ဂျုံမုန် ထားစားဦးမှာလားလို့ မေးနေတယ်လေ
ဟုတ် ဟုတ်
အေး အဲဒီလိုပဲဖြေရမှာပေါ့
အဘွားက မာမာ အီမဲလ်ဒါတုန်းကလိုပဲ အိမ်ကို ဦးဆောင်နေပါတယ်
ဂီတ မလာနဲ့
ဂီတ မပါနဲ့
ဂီတ မလာနဲ့လို့
ကျွန်တော်တို့ မိသားစုက မက္ကဆီကိုမှာ ဂီတကိုမုန်းတဲ့ တခုတည်းသော မိသားစုဖြစ်မယ်ထင်ပါတယ်
ကျွန်တော့်မိသားစုကတော့ ဒီလိုပဲ အဆင်ပြေနေကြပါတယ်
ကျွန်တော်ကတော့
နေ့လည်စာအမှီပြန်လာနော် မီဟာ
ချစ်တယ် မာမာ
ကျွန်တော်က မိသားစုနဲ့ မတူဘူးဖြစ်နေတယ်
ဟိုလာ(ဟယ်လို) မီဂေး
ကျေးဇူးပါ ဦးဦး ရပါတယ် မီဂေးရေ
ဟေး ဒန်တီ
ထိုင်
မှောက်
လိမ့်
လိမ့်
လက်သီးတိုက်
တော်တယ် ဒန်တီ
ကျွန်တော် ဂီတကို မချစ်ရဘူးဆိုတာ ကျွန်တော်သိပါတယ်
ဒါပေမယ့် ကျွန်တော့်အပြစ်မှ မဟုတ်တာ
သူ့ကြောင့်ပါ
အနစ်စတို ဒလာ ခရုဇ်
သမိုင်းတလျှောက် အတော်ဆုံး ဂီတပညာရှင်ကြီး
ဟောဒီဈေးကလေးထဲကနေမက္ကဆီကန်ရဲ့
လူကြိုက်အများဆုံး အဆိုတော်ဖြစ်လာမယ့်
အနစ်စတို ဒလာ ခရုဇ်လူငယ်လေးဟာ ပထမဆုံးခြေလှမ်းကို စတင်ခဲ့ပါတယ်
သူက ဆန်တာ စစ်စီလာက ဘာမှမဟုတ်တဲ့လူဘဝကနေ စတင်ခဲ့တယ်
သူ သီချင်းဆိုတီးတဲ့အခါမှာ
လူတွေအားလုံး သူ့ကိုချစ်သွားကြတယ်
သူ ရုပ်ရှင်တွေထဲမှာလည်း သရုပ်ဆောင်တယ်
သူ့မှာ အရမ်းကောင်းတဲ့ ဂစ်တာကြီးလည်းရှိတယ်
သူက မိုးပေါ်တောင် ပျံနိုင်တယ်
သူရေးတဲ့သီချင်းတွေက အကောင်းဆုံးပဲ
ကျွန်တော့်အကြိုက်ဆုံးကို ပြောရမယ်ဆိုရင်တော့
ငါ့ကို သတိရနေပါ
ငါ နှုတ်ဆက်စကား ပြောခဲ့ရပေမယ့်
သတိရနေပါ..ငါ့ကို
၁၈၄၂ မှာတော့
သူဟာ ဧရာမခေါင်းလောင်းကြီး ပိပြီး သေသွားခဲ့တယ်
ကျွန်တော် သူ့လိုဖြစ်ချင်တယ်ဗျာ
တခါတလေ ဒလာ ခရုဇ်ကို ကြည့်ရင်
ခံစားမိတာ တခုရှိတယ်
ကျွန်တော်တို့ တနည်းနည်းနဲ့ ဆက်နွယ်နေသလိုပေါ့
သူ ဂီတကို တီးခတ်နိုင်သလို
တနေ့မှာ ကျွန်တော်လည်း တီးနိုင်မလား
ကျွန်တော့်မိသားစုကသာ မတားရင်ပေါ့ဗျာ
ဟေး မူချာချို (လူငယ်လေး)
ဟင်
ငါက ဖိနပ်လေး တိုက်ခိုင်းတာလေ မင်းဘဝအကြောင်းမေးနေတာမှ မဟုတ်တာ
အိုး ဟုတ်သားပဲ
ကျွန်တော်လည်း ဒီအကြောင်းတွေကို အိမ်မှာ ဘယ်သူ့ကိုမှ ပြောလို့ မရလို့ပါဗျာ
ဒီမှာ ငါသာမင်းနေရာမှာဆို
ငါမိသားစုတွေရှေ့ကို ရင်ကော့လျှောက်သွားပြီး
ဟေး ငါဟာ ဂီတသမားတယောက်ပဲ လက်ခံလိုက်ကြလို့ ပြောလိုက်မှာ
ကျွန်တော် ဒီလိုမပြောရဲပါဘူးဗျာ
မင်းက ဂီတသမား ဟုတ်လား မဟုတ်ဘူးလား
ကျွန်တော် မသိပါဘူး
ကျွန်တော်က တယောက်ထဲရှိမှ တီးတာကိုး
ဒလာ ခရုဇ်က သူ့ရဲ့ ထက်မြက်တဲ့အရည်အချင်းတွေကို
ဖွက်ထားရင်းနဲ့ ကမ္ဘာ့ကျော်ကြီးဖြစ်လာသလား
မဟုတ်ဘူး
သူက ဒီဈေးထဲကိုလှမ်းဝင်လာပြီး
အကျယ်ကြီး ပစ်တာကွ
သူတို့ ဟိုမှာ ဒီညအတွက်အသင့်ပြင်နေကြပြီ
ဒီရာဒီမာတို့စ် ဂီတာပြိုင်ပွဲလေ
မင်းရဲ့ သူရဲကောင်းကြီးလို ဖြစ်လာချင်သလား စာရင်းပေးလိုက်လေ
ကျွန်တော့်မိသားစုတွေ စိတ်ဆိုးကုန်လိမ့်မယ်
အင်း မင်းဒီလောက်ကြောက်နေရင်လည်း ဒီဖိနပ်တွေပဲ ပျော်ပျော်ဆက်လုပ်နေပေါ့
ဒလာ ခရုဇ် ပြောနေကြစကားကို သိလား
အခွင့်အရေးကို အမိအရဖမ်းယူ
မင်းလက်ရည်လေး ပြစမ်းပါဦး မူချာချို
ငါက မင်းရဲ့ ပထမဆုံး ပရိတ်သတ်ပေါ့ကွာ
မီဂေး
အဘူလီတာ
ဒီမှာဘာလုပ်တာလဲ
ငါ့မြေးကို လွှတ်လိုက်စမ်း
ကျွန်တော် ဖိနပ်လေး တိုက်ခိုင်းနေတာပါဗျာ
ငါ နင့်အကွက်တွေကို သိတယ်
သူ မင်းကို ဘာပြောသေးလဲ
သူ့ဂစ်တာကို ခဏပြတာပါ
ရှက်ဖို့ ကောင်းလိုက်တာ
ငါ့မြေးလေးက ဖြူစင်တဲ့ နတ်သားလေးလိုပဲဟဲ့
ခွေးကောင်ရဲ့
သူက မင်းရဲ့ ဂီတတွေနဲ့ မပတ်သတ်ချင်ဘူး၊
သူ့နားကနေ ဝေးဝေးနေစမ်း
သနားစရာကလေး
ဘာမှမဖြစ်တော့ပါဘူးကွယ်
ဒီဈေးထဲမှာ ဒီလိုနေရာတွေကို မသွားရတာ မသိဘူးလား
အိမ်ကို အခု ပြန်ခဲ့ အခုလား
ငါတို့ ပြောတာ ဘယ်နှခါရှိပြီလဲ
ဒီဈေးထဲမှာ ဂီတသမားတွေ အများကြီးပဲ
ဟုတ်ကဲ့ပါ ဦးလေးဘာတို
သွားစမ်း
ဒန်တီကို မလုပ်ပါနဲ့
လမ်းဘေးခွေးတကောင်ကို နာမည်မပေးလိုက်နဲ့
မင်းနောက်ကို တသက်လုံးလိုက်နေလိမ့်မယ်
အခု ငါ့ဖိနပ်သွားကောက်ချေ
မင်းတို့သားကို ဂီတဈေးထဲမှာ တွေ့ခဲ့တယ်
မီဂေး
'အဘူလီတာက ဒီဈေးကိုမုန်းတာ သိရဲ့ သားနဲ့
ကျွန်တော်က ဖိနပ်လေးတွေ တိုက်ပေးနေတာပါ
ဂီတသမားရဲ့ ဖိနပ်တွေကိုလေ
ဒါပေမယ့် အဲဒီဈေးမှာဆို ဖောက်သည်များတယ်လေ
အဘူလီတာက ဈေးထဲမသွားရဘူးဆိုရင် သွားကိုမသွားနဲ့
ဒါပေမယ့် ဒီညကို ဘယ်လိုလုပ်မလဲ
ဘာလုပ်ဖို့လဲ
သူတို့ ထူးခြားတဲ့အရည်အချင်းပြိုင်ပွဲလုပ်နေတယ်လေ
ကျွန်တော်လေ စာရင်းပေးမလားလို့
ပေးရင်ကောင်းမလားဟင်
အဲဒီပွဲမှာ ပါချင်ရင် အရည်အချင်းတခုခုရှိရတယ်လေ
မင်းက ဘာလုပ်မှာလဲ ဖိနပ်တိုက်ပြမှာလား
ဒီညက ဒီယာ ဒီ လော့စ် မားတို့စ် (ကွယ်လွန်သူတို့ ပွဲတော်ည) ဘယ်သူမှ ဘယ်မှ မသွားရဘူး
ဒီညက မိသားစုအတွက်ပဲ ဖြစ်ရမယ်
ဘိုးဘွားတွေအခန်းကို သွားရမယ်
ငါ့ကို ဒီလိုမကြည့်နဲ့
ဒီယာ ဒီလော့စ် မားတို့စ် ပွဲတော်ညဆိုတာ
တနှစ်မှတခါ ငါတို့ ဘိုးဘေးတွေ လာလည်နိုင်တဲ့အချိန်ပဲ
သူတို့ရဲ့ဓာတ်ပုံတွေကို အဲဒီအခန်းထဲမှာ ထောင်ထားမှ
သူတို့ ဝိညာဉ်တွေကို ဒီဘက်ကိုလာနိုင်မှာ
ဒါက သိပ်အရေးကြီးတယ်
ငါတို့ မထောင်ပေးထားရင် သူတို့ မလာနိုင်ဘူး
ငါတို့ ဒီအစားအသောက်တွေလုပ်ရမယ်
သူတို့ မသေခင် အရမ်းနှစ်သက်ခဲ့တဲ့ အရာတွေကို ထားပေးထားမယ် မီဟို
ဒါတွေအားလုံးဟာ မိသားစုအတူဆုံဖို့ လုပ်ရမယ့်အရာတွေပဲ
ငါမင်းကို ဟိုနေရာဒီနေရာတွေ ခိုးမထွက်စေချင်ဘူး
ဘယ်သွားနေတာတုန်း
ပြောလို့ ပြီးပြီထင်လို့ပါ
ဒီမိသားစုဝင်ဆိုတဲ့အဓိပ္ပါယ်က မိသားစုအတွက် အတူရှိနေပေးတာကို ဆိုလိုတာပဲ
ငါ မင်းကို မဖြစ်စေချင်တာက
မာမာ ကိုကိုရဲ့ ပါပါးလိုလား
အဲဒီလူအကြောင်း ဘယ်တော့မှ မဟနဲ့
သူ့ကို မေ့ထားလေ ကောင်းလေပဲ
ဒါပေမယ့် အဘွားပဲ ပြော...
ကျွန်တော်က
ဒါပေမယ့်...
ကျွန်တော်...
ပါပါး
ပါပါး ပြန်လာပြီလားဟင်
မာမာ စိတ်အေးအေးထားပါ
ပါပါး ပြန်လာပြီလား
မဟုတ်ဘူး မာမာ သမီးရှိပါတယ်
မင်းက ဘယ်သူလဲဟင်
နားနေပါဦး မာမာရယ်
ငါ မင်းအပေါ်တင်းကြပ်တယ်ဆိုတာ မင်းကိုဂရုစိုက်လို့ပါ မီဂေးရယ်
မီဂေး
မီဂေး
No comments yet. Be the first to leave one.