The first 200 lines.
ယခုရုပ်ရှင်အား B L S F L I X MYANMAR တွင် အစအဆုံး မြန်မာစာတန်းထိုးဖြင့် ကြည့်ရှု့နိုင်ပါသည်
ငါရူးနေတာပဲ ဖြစ်ရမယ်
ဟိုးကတည်းက ငါသိခဲ့သင့်တာ
"သေခြင်းတရား"က မင်းရဲ့ဝါသနာဆိုရင် မင်းရူးနေတာ အသေအချာပါပဲ
ရူးနေတာ(dingue) ဖြစ်မယ် ရူးသွပ်တာ(fou)တော့ မဟုတ်ပါဘူး
ငါ့ကိုစိတ္တဇဖြစ်တယ်လို့ မထင်လိုက်ပါနဲ့
ငါစိတ်ဝင်စားတာက "လူသေကောင်တွေ"ကို မဟုတ်ပါဘူး
"သေခြင်းတရား"ကိုပဲ စိတ်ဝင်စားတာပါ
အမ်(M)နဲ့ စတဲ့ စကားလုံးပေါ့
ငါ လူသေကောင်တွေကို ကြောက်တယ်
ငါ့အပေါ်မှာ သူတို့ရဲ့ဆိုးရွားတဲ့ သက်ရောက်မှုတွေရှိပါတယ်
တကယ်တော့
အလောင်းကောင် တစ်ကောင်ကြောင့် ငါ့အပေါ် အရမ်းကြီး သက်ရောက်မှုရှိခဲ့ပါတယ်
အဲ့ဒီအကြောင်းကို ငါပြောပြမှာပါ
သေခြင်းတရားက မင်းအတွက် ဘာမှမဖြစ်ဘူးဆိုရင်
အသက်ရှင်ကာလက ငါနဲ့သိခဲ့တဲ့ အလောင်းကောင်အကြောင်း
မင်းနားမထောင်ချင်ဘူးဆိုရင်
သူနဲ့ငါ့ကြားမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ သူဘယ်လို သေသွားခဲ့ရလဲဆိုတာ
မင်းမသိချင်ဘူးဆိုရင်
မင်းဒီမှာ ရပ်လိုက်တာပဲ ပိုကောင်းပါတယ်
ဒီဇာတ်လမ်းက မင်းအတွက် မဟုတ်ပါဘူး
ဟေး ခရစ် နောက်ဆုံးနှစ် ဝင်ခွင့်ရလား
အေး နည်းပညာလေ့လာရေး ရတယ် မင်းရော
စာပေနဲ့ အနုပညာလို့ ထင်တာပဲ
- ကောင်းတာပေါ့ - မင်းရဲ့လှေပေါ်မှာ အောင်ပွဲခံကြမလား
လုပ်ချင်ပါတယ် ဒါပေမယ့် ငါ့မှာချိန်းထားတာ ရှိတယ်
ဘယ်သူနဲ့လဲ
စပရိုက်ပေါ့ကွာ
သွားမတွေ့နဲ့ပေါ့ကွာ
မင်းကို ငါလှေငှားလိုက်မယ်လေ
တစ်ယောက်ထဲ သွားရတာ ပျင်းစရာကြီးဟ
ခရစ်
ဆောရီးကွာ
- နောက်မှတွေ့မယ် - ဘိုင့်
ကယ်ကြပါဦး
အကူညီလိုလား
အေး
လွယ်လွယ်လေးပါ မင်းမတ်တပ်ရပ်နေလိုက် ငါမင်းကို ကမ်းခြေထိ ကြိုးနဲ့ဆွဲသွားပေးမယ်
လုပ်ကြည့်
တက်ထား
- ဒါမင်းဟာတွေလား - အေး
မင်းအဲ့ဒီလိုလုပ်ဖူးလား
ဟန်ချက်ထိန်းဆူးတောင်ကို ကိုင်လိုက် ဒါဆို လှေပက်လက် လှန်သွားလိမ့်မယ်
ဟုတ်ပြီလား
မတ်တပ်ရပ်လိုက် ကောင်းတယ်
လုပ်ထား
၁၈နှစ်နဲ့ ၁လရှိပြီဖြစ်တဲ့ ဒေးဗစ်ဂေါ်မန်
သူက အနာဂတ်အလောင်းကောင် ဒေးဗစ် ပါ
ရော့
ကျေးဇူးပါ
- "လဲခို့ထူ"မှာ နေတာလား - အင်း
ငါ့အိမ်သွားကြတာပေါ့ နီးနီးလေးပဲ
ကျေးဇူးပါ ရပါတယ်
ဘာမှမပြောနဲ့ လှေမှောက်တဲ့အကြောင်း ငါသိတယ်
လှေက ငါ့သူငယ်ချင်းတစ်ယောက်ရဲ့ ဟာပါ…
နောက်မှ လှေကိုကြည့်ကြပ်လုပ်ပေးမယ်
ဘောင်းဘီပြန်ဝတ်ထားဦး
- နေကောင်းလား အဲလက်စီ - အဲလက်စီ မဟုတ်ပါဘူး အဲလက် ပါဗျ
အဲလက်
ဒီနွေထဲက ပြောင်းထားတာ
ဟုတ်ပါပြီ အဲလက်
ဒီကိုဘာလို့ ရောက်နေလဲ သိလား
မင်းလုပ်ခဲ့တာတွေကို ဆွေးနွေးကြဖို့ပေါ့
မဆွေးနွေးချင်ပါဘူး
ငါဒီကိုလာတယ်ဆိုတာ ဝေဖန်ဖို့မဟုတ်ပါဘူး မင်းကို နားလည်ပေးနိုင်ဖို့ပါ
မင်းဘာလို့ အဲ့ဒီလိုလုပ်လဲဆိုတာ တရားကြီးသူကြီး သိဖို့လိုတယ်
- ငါ့အမြင်ကို သူ့ပြောပြလိုက်ရမလား - ဟင့်အင်း
ဒါခင်ဗျား ကိစ္စလည်းမဟုတ်သလို ဘယ်သူ့ကိစ္စမှလည်း မဟုတ်ဘူး
မစ္စ ဂေါ်မန် ရဲ့ စွပ်စွဲချက်တွေက ခိုင်လုံတယ်ပေါ့လေ
ဟုတ်ပါပြီ ရဲအရာရှိရဲ့ အစီရင်ခံစာအရ
"ည၁၁နာရီမှာ လူတစ်ယောက် ရောက်လာခဲ့…"
အဲလက်စီ
မရှင်းပြနိုင်ဘူးဆိုရင် မင်းထောင်ကျသွားနိုင်တယ်နော်
ထောင်ဒဏ် ပြင်းပြင်းထန်ထန်ရမှာ
လာ
တွေ့လား နီးနီးလေးပါဆို
အထဲဝင်
- အဆင်ပြေရဲ့လား သားလေး - အမေ သူက အဲလက် လေ
မဟုတ်ဘူး အဲလက်စီ ပါ
မင်းသူ့ကို ဘာလုပ်ထားတာလဲ
သူလှေမှောက်သွားလို့ပါ အမေရယ်
ဒီလှေတွေက အန္တရာယ်များပါတယ်လို့ အတန်တန် သတိပေးထားရက်နဲ့
ဘာမှမဖြစ်ပါဘူး
ဒီသားကလေး အရမ်းအေးနေမှာပဲ
- ရေနွေးပူပူလေးနဲ့ ရေချိုးဖို့ပဲ လိုတယ် - ရေချိုးခန်း သွားကြစို့
ဒေးဗစ်ရဲ့ လှေမှောက်တဲ့သူငယ်ချင်းတိုင်းက ရေချိုးသွားကြတာပဲ
အချို့ကတော့ ရေချိုးချင်လို့ လှေမှောက်ကြတာပေါ့ သွားလေ
သူတို့ အန်တီ့ရေချိုးခန်းကို ကြိုက်ကြလို့နေမယ်
အဝတ်အစားတွေ ချွတ်လိုက်
ချွတ်စရာရှိတာ ချွတ်လေ
ယောင်္ကျားလေးတွေကို အန်တီမမြင်ဖူးဘူးလို့ ထင်နေတာလား
အန်တီ…
ဒေးဗစ် လိုတော့ မလုပ်ဘူးမလား
သူ့အမေဝင်လို့မရအောင် တံခါးလော့ချထားတယ်တဲ့လေ
အန်တီ သူ့ကိုမွေးထားတာပါ အခုမှ သူလူကောင်လေး ကြီးသွားရုံပဲရှိတာကိုလေ
- ကျတော် အဲ့ဒီလိုမျိုးကြီး တစ်ခါမှ… - မင်းအမေက မင်းကို ဂရုမစိုက်ဘူးလား
ဘာပဲဖြစ်ဖြစ်
သူမင်းအတွက် ဂုဏ်ယူနေမှာပါ
ကောင်ချောလေး
ဝင်တော့လေ မဟုတ်ရင် အဖျားမိနေဦးမယ်
အန်တီ ကော်ဖီချိုချိုပူပူလေး ဖျော်ပေးထားမယ်
ဒီလိုရှော့ခ်ဖြစ်ပြီးသွားရင် ဒီထက်ကောင်းတာ ဘာမှမရှိတော့ဘူး
ရေချိုးကန်တွေက အမြဲတမ်း ကျတော့်ကို အခေါင်းတွေ မြင်ယောင်စေပါတယ်
ဂေါ်မန် မိသားစုရဲ့ ရေချိုးကန်က ကျတော့်အတွက် ကျောက်အခေါင်းကို မြင်ယောင်စေပါတယ်
ရေချိုးခန်းတစ်ခုလုံးကိုလည်း ပိရမစ်ထဲက သင်္ချိုင်းဂူကြီးတစ်ခုလို့ မြင်ယောင်မိပါတယ်
ရေစိမ်လို့ ကောင်းရဲ့လား
အေး
မင်းအမေများလားလို့
ငါသူ့ကိုလှိမ့်ပြီးတော့ ခိုးဝင်လာတာ
ဘာကအဆိုးဆုံးဖြစ်မလဲ လှေမှောက်တာလား
မင်းအမေက အဝတ်ချွတ်တာလား
လှေမှောက်တာပဲ ပိုကောင်းတယ်
ငါ့ကိုသဘက်လေး လှမ်းပေးပါလား
- ရတာပေါ့ - ကျေးဇူးပါ
ငါ့အမေ ဈေးဆိုင်သွားတယ် တကယ်လို့ မင်းခဏလောက် နေချင်တယ်ဆိုလည်း…
ငါ့သူငယ်ချင်းတစ်ယောက်ရဲ့ လှေကို ကမ်းကပ်ပြီးတာနဲ့ ကျောင်းသွားရမှာ
ဟုတ်ပါပြီ
မင်းအတွက် ငါအဝတ်အစားယူပေးမယ်
ငါလှေကို လုပ်ပေးမယ်
- ကျေးဇူးပါ - ရပါတယ်
မင်းပြီးသွားရင် လျှောက်လမ်းအဆုံးက တံခါးကိုလာခဲ့
ဟုတ်ပါပြီ
- ရော့ - ကျေးဇူး
ငါတို့တွေ ဆိုဒ်ဇ်အတူတူလောက်ပဲ
- ဖိနပ်ဆိုဒ်ဇ်ကရော - ၈
ငါက ၉ ဖိနပ်ရော ယူဦးမလား
တော်ပါပြီ ငါ့ဖိနပ် ခြောက်သွားမှာပါ
- ရော့ - ကျေးဇူး
- ဒါဘာလဲ - ဒါက…
ဆံပင်ဖြီးဖို့လေ
ဟိုမှာ မှန်ရှိတယ်
- ဗိုက်ဆာပြီလား - အေး ဒါပေမယ့် ငါနောက်ကျနေပြီ
ငါတို့အတွက် ငါ့အမေ မုန့်လုပ်ပေးခဲ့တယ်
မင်းမစားသွားရင် သူစိတ်မကောင်း ဖြစ်နေလိမ့်မယ်
လှေမှောက်တဲ့သူတိုင်းကို မင်းတို့သားအမိ ဒီလိုလုပ်ပေးနေကျလား
ဘယ်ဟုတ်မလဲ
ငါဒီနေ့အားလို့ပါ မင်းကို ငါကြည့်ပေးလို့ရတယ်
လာ
ငါ့အဖေ မနှစ်က ရုတ်တရက်ကြီး ဆုံးသွားတယ်လေ
စိတ်မကောင်းပါဘူး
ရပါတယ် ဒါပြီးသွားပြီပဲလေ
အဖေနဲ့ အမေက ဆိုင်ဖွင့်ထားကြတာလေ
အမေကတော့ စာရင်းလုပ်ပေးတယ် အဖေက ရွက်လွှင့်တဲ့အကြောင်း နည်းနည်းသိတယ်
သူငယ်ငယ်တုန်းက သင်္ဘောသားလေ
ကာစတန်မာတွေက သူ့ကိုသဘောကျကြတာ
လူတွေကို သူဘာရောင်းရောင်း ဝယ်ကြတယ်
သူဆုံးသွားတော့ ငါ့မှာရွေးစရာမရှိတော့ဘူး
ငါကျောင်းထွက်ပြီးတော့ ဆိုင်မှာပဲ တစ်နေကုန် စအလုပ်လုပ်လိုက်တော့တယ်
ကျောင်းထွက်ပြီး အရောင်းစာရေးလုပ်ရတာ တကယ်ခက်မှာပဲ
ငါက အရောင်းစာရေး မဟုတ်ပါဘူး
ငါက ဆိုင်ကိုဦးစီးတာ
ဟုတ်သား
စားဝတ်နေရေးကို ဆိုင်ကနေပဲရှာတာလေ ရွေးစရာမှမရှိတာ
ဒီဆိုင်အတွက် ငါ့အဖေတစ်ဘဝလုံး ရင်းထားရတာ
ဒါပေမယ့် မင်းအတွက် မလိုဘူးမလား
မင်းရော မင်းအဖေခြေရာအတိုင်း လိုက်မှာလား
ငါ့အဖေက သင်္ဘောဝန်းက ဆိပ်ကမ်းအလုပ်သမားလေ
- ဆိပ်ကမ်းအလုပ်သမား မလုပ်ချင်ဘူးလား - မလုပ်ချင်ပါဘူး
- မင်းက ဘာအလုပ်လုပ်ချင်တာလဲ - ငါလည်းမပြောတတ်ဘူး
အခုလောလောဆယ် ဒါကမေးခွန်းကြီးပဲ
အလုပ်လုပ်မလား ကျောင်းဆက်တက်မလား
အဲ့ဒါကြောင့် လုဖဲဗာ က ငါနဲ့တွေ့ချင်နေတာ
လုဖဲဗာ ရဲ့ အကြံရဖို့အတွက်ကို မင်းသူ့ကို ယုံလို့ရတယ်
သူလည်း မင်းကိုအကြံပေးခဲ့တာလား
နည်းနည်းပါးပါးပေါ့
သူဘာပြောလဲဆိုတာ ညရောက်ရင် ငါ့ကိုပြန်ပြောပြရမယ်
ဘာလဲ မင်းအဝတ်အစားတွေတော့ လာယူရမှာပေါ့
ငါ့အမေ လျှော်ပေးထားလိမ့်မယ်
ငါ့အဝတ်အစားကို ငါလည်း ပြန်လိုချင်တယ်လေ
လှေကို ငါကမ်းကပ်ပေးထားမယ် မင်း လုဖေဗာ နဲ့ သွားတွေ့လိုက်
ပြီးတာနဲ့ ငါတို့ရုပ်ရှင် သွားကြည့်ကြမယ်
မိုက်လား
အေး
- ဒီမှာ ည၈ရောက်ရင် လာတွေ့လှည့် - ဟုတ်ပါပြီ
ကောင်းပါပြီ
ရောဘင် ငါ့နောက်လိုက်ခဲ့ပါ
ဒီတော့
ဘယ်အချိန်ကတည်းက သေခြင်းတရားကို မင်း စိတ်ဝင်စားတတ်သွားတာလဲ
ကျတော့်စာထဲကအတိုင်းပါပဲ ကြာပါပြီ
ငယ်ငယ်ကတော့ အီဂျစ်ရိုးရာကို စိတ်အားထက်သန်ခဲ့တာပါ
သူတို့ရဲ့ သေခြင်းတရားနဲ့ ဆက်နွယ်မှုတွေ အသုဘဓလေ့တွေ မမ်မီတွေပေါ့
သိပါပြီ
ဒီစကားပြေ ပိုဒ်စုတိုလေးကို မှတ်တမ်းတင် စာစီစာကုံးလို့ခေါ်မလား
စိတ်ကူးယဉ်လက်ရာလို့ ခေါ်မလား
ကျတော်လည်း မပြောတတ်ဘူး
ကျတော်ခံစားမိတဲ့ ခံစားချက်လို့ပဲ ပြောကြတာပေါ့
ဒါပေမယ့် ကျတော် အသေးစိတ် ပြန်ရေးထားတာပါ
ငါရိုးရိုးသားသား ပြောပြမယ်နော် ရော်ဘင်
ဟုတ်
မင်းလုပ်ထားတာက အလားလာကောင်းပါတယ်
ကျေးဇူးပါ ဆရာ
စာပေပါရမီရှင်လို့ ပြောတာတော့ မဟုတ်ဘူးနော် အဲ့ဒီလိုဖြစ်ဖို့ အဝေးကြီးလိုသေးတယ်
မင်းရဲ့ အတန်းဖော်အချို့လည်း အထင်ကြီးစရာကောင်းအောင် လုပ်ပြထားတယ်
ဒါပေမယ့် အရင်ကထက် မင်းတိုးတက်နေပါပြီ
ကျေးဇူးပါ
နောက်နှစ် ဘာလုပ်မယ်လို့ ဆုံးဖြတ်ထားလဲ
အဖေက ကျတော့်ကို အလုပ်လုပ်စေချင်တယ်
- နောက်ပြီး မင်းအမေက အဲ့ဒီလိုမတွေးဘူးမလား - အဲ့ဒီလိုပါပဲ
ငါ့ရဲ့စာပေအတန်းမှာ မင်းကိုမရမက လာတက်စေချင်တယ်
မင်းမှာ ပါရမီရှိတယ်
No comments yet. Be the first to leave one.