The first 200 lines.
မြန်မြန်လုပ်
သူတို့ကို ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူး
မြန်မြန်
သွားစမ်း
မြန်မြန်သွား
မြန်မြန်
တံခါးဖွင့်လိုက်
အမိန့်ချထားတာကို သူတို့ကြားအောင် ဖတ်ပြလိုက်ပါ
ရေမွှေးလူသတ်သမား ဂျုံး ဘက်တိ ဂံနဝီး ကို
နောက်နှစ်ရက်နေရင် ကောင်းကင်ကို မျက်နှာပြုစေကာ
သစ်သား လက်ဝါးကပ်တိုင်မှာ ချည်နှောင်ထားဖို့
အမိန့်ချမှတ်လိုက်သည်
အသက်ရှင်နေစဉ် အတွင်းမှာ
သံချွန် ၁၂ ချောင်းနဲ့
လက်မောင်း အဆစ်တွေ
ပုခုံးတွေ
ခါးနဲ့
ခြေထောက်တွေမှာ ရိုက်နှိပ်ခံရမယ်
အဲဒိအတိုင်း မသေမချင်း ကပ်ချည်ထားမှာ ဖြစ်ပြီး
တရားခံအပေါ် သနားကြင်နာမှုမှန် သမျှကို
တားမြစ်ထားပါတယ်
၁၈ ရာစုနှစ် ပြင်သစ်နိုင်ငံမှာ
ကောင်းကင်ရဲ့လက်ဆောင်ကို ပိုင်ဆိုင်ထားပြီး
အဲဒိခေတ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ရတဲ့ လူတစ်ယောက် ရှိခဲ့ပါတယ်
သူ့နာမည်ကတော့ ဂျုံး ဘက်တိ ဂံနဝီး
တကယ်လို့ ဒီနေ့ခေတ်မှာ သူ့နာမည်ကို မသိကြတော့ဘူး ဆိုရင်
သမိုင်းမှာ အစကျန်နေခဲ့ဖို့ မသင့်တော်တဲ့
သူ့ရဲ့ ရည်မှန်းချက်ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်
ထုံရီမွှေးပျံ့တဲ့ မွှေးရနံ့ရဲ့ အဆီအနှစ်ကို ဖော်ထုတ်ချင်တဲ့ သူ့ ရည်မှန်းချက်ပေါ့
ဒီကိစ္စ ဖြစ်ပွားခဲ့တဲ့ အချိန်ကာလဟာ
အထက်တန်းလွှာ အမျိုးသား အမျိုးသမီးတွေနဲ့ မသက်ဆိုင်ပဲ
နေရာဒေသတွေ ခွဲခြား အုပ်ချုပ်ခဲ့တဲ့ အချိန်ပဲ ဖြစ်တယ်
ပုံမှန်အားဖြင့်တော့ ဒီလို နေရာတွေဟာ ပဲရစ်မှာ အညစ်ပတ် အစုတ်ပြတ်ဆုံး နေရာတွေပေါ့
ပဲရစ်ကတော့ ဥရောပမှာ အကြီးဆုံးမြို့တော်ကြီးပေါ့
ပြီးတော့ ပဲရစ်ရဲ့ တခြား ဘယ်နေရာမှာမဆို
ဒီ ငါးဈေးတန်းထက် ရွံရှာစရာ စုတ်ပြတ်နေတဲ့ နေရာကို ရှာတွေ့မှာမဟုတ်ပါဘူး
ဒီမှာ ကျွန်တော် နောက်တစ်ပုံး ယူခဲ့ဦးမယ်
တိုင်းပြည်တစ်ခုလုံးမှာ အစုတ်ပြတ် အနံစော်ဆုံးဒီနေရာမှာပဲ
ဂျုံး ဘက်တိ ဂံနဝီး ကို
၁၇၃၈ ခုနှစ် ဂျူလိုင် ၁၇ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်
သူ့အမေ အတွက်တော့ ၅ ယောက်မြောက်သားပဲ ဖြစ်ပါတယ်
ကလေးတိုင်းကို ငါးရောင်းတဲ့ နေရာမှာပဲ မွေးချခဲ့ပါတယ်
မွေးလုမွေးခင် အချိန် နဲ့ မွေးနေတုန်း တန်းလန်းမှာလည်း အဲဒီ နေရာက မခွာခဲ့ပါဘူး
မင်း အဆင်ပြေရဲ့လား
မွေးပြီးရင်တော့ ငါးအကြေးခွံတွေနဲ့အတူ မြစ်ထဲ လွှင့်ပစ်နေကျပေါ့
ဒီနေ့လည်း သူ အဲဒိလို လုပ်မလို့ပါပဲ
ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့
ဂျုံး ဘက်တိ က အရင် လူတွေနဲ့ မတူတဲ့ အပြုအမူကို လုပ်ခဲ့တယ်
ဒါက ဘာအသံလဲ
- ကလေးလေးပဲ - ဘာတွေဖြစ်နေတာလဲ
မွေးခါစလေးပဲ
သူ့အမေက ဘယ်မှာလဲ
ခုနကပဲ ဒီမှာ ရှိသေးတာ
သူ့ကလေးကို ပြန်သတ်ဖို့ကြိုးစားခဲ့ပုံပဲ
သူ့ကလေးကို သတ်ချင်နေတာပဲ
ဟိုမှာ ကလေးအမေ ဟိုမှာ
ရပ်လိုက်စမ်း
လူသတ်သမား
အဲဒါကြောင့် ဂံနဝီး စီက ထွက်လာတဲ့ ပထမဆုံး အသံဟာ
သူ့အမေကို သေတွင်း ပို့ခဲ့တာပဲပေါ့
သူကတော့ ရုံးအမိန့်နဲ့
မဒမ် ဂါယာ ရဲ့မိဘမဲ့ ကျောင်းကို ရောက်သွားခဲ့တယ်
ဒီနေ့ရော ဘယ်နှစ်ယောက်လဲ
၎ ယောက် မဟုတ်သေးဘူး ၃ ယောက်နဲ့ တစ်ဝက်
ထုံးစံအတိုင်း သေမှာပါပဲ
ပိုက်ဆံနဲ့ အမှတ်အသားသာ ယူထားလိုက်ပါ
နေရာ လုပ်ပေးလိုက်
- ဘယ်ကိုလဲ - ဖယ်စမ်း
သွား
သေနေပြီလား
ငါ့အိပ်ယာထဲတော့ သိပ် မထားနိုင်ဘူး
- ဒါဖြင့်လဲ လွှင့်ပစ်လိုက်ကြတာပေါ့ - အော်ငိုမှာပေါ့
သတ်ပစ်လိုက်တာပဲ ကောင်းတယ်
ဖိထားကြ
မင်းတို့ ဘာလုပ်နေကြတာလဲ
မဒမ် ဂါယာ အတွက်ကတော့ ဂံနဝီးဟာ တခြားသူတွေနည်းတူ ငွေရပေါက်လမ်း ဖြစ်ခဲ့တယ်
ဒါပေမယ့် တစ်ခြား ကလေးတွေ အတွက်ကတော့
သူ့စီက ထူးခြားတဲ့ တစ်စုံတစ်ရာကို ခံစားမိ ပုံပေါ်တယ်
အသက် ၅ နှစ် ရောက်လာတဲ့ အထိ ဂျုံး ဘက်တိ ဟာ စကား မပြောတတ်သေးပါဘူး
ဒါပေမယ့် သူဟာ တခြား လူတွေနဲ့မတူတဲ့ အရည်အချင်း တစ်ခုနဲ့ မွေးဖွားလာသူပဲ ဖြစ်ပါတယ်
တစ်ခြား ကလေးတွေက သူ့ကို မုန်းတာမျိုး မဟုတ်ပဲ
သူ ရှိနေရင် ထူးထူးခြားခြား တုန်လှုပ်မှု ခံစားရလို့ပါ
တဖြေးဖြေးနဲ့ သူ့ရဲ့ ထူးခြားတဲ့ အနံ့ခံ အာရုံကို
မွေးရာပါ လက်ဆောင် အနေနဲ့ လက်ခံ လာခဲ့တယ်
ဂျုံး ဘက်တိ စကား ပြောတတ်သွားတဲ့ အခါမှာ
သူ သိလာသမျှ အနံ့နဲ့ပတ်သက်သမျှကို
စကားလုံးနဲ့ ပြည့်စုံအောင် ပြောမပြနိုင်မှန်း တဖြေးဖြေး သူ သိလာခဲ့တယ်
သစ်သား
နွေးထွေးတဲ့ သစ်သား
မြက်ခင်း
စိုစွတ်တဲ့ မြက်ခင်း
ကျောက်တုံးတွေ
နွေးနေတဲ့ ကျောက်တုံးတွေ
ရေ
အေးမြတဲ့ ရေ
ဖား
စိုစွတ်တဲ့ ကျောက်တုံးတွေ
ကြီးမား စိုစွတ်တဲ့ ဖားနဲ့ ကျောက်တုံးတွေ
တစ်ခုခုပဲ
တစ်ခုခု ရှိနေတယ်
တစ်ခုခုတော့ တစ်ခုခုပဲ
၁၃ နှစ်အရွယ် ရောက်တဲ့ အခါမှာတော့ မိဘမဲ့ဂေဟာမှာ သူ့အတွက် အခန်း မရှိတော့ပါဘူး
အဲဒါကြောင့် သူ့ကို ရောင်းပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်
လာပါ
၁၀ ပြား
အဲဒီ လူရဲ့အနံ့ကို ရလိုက်ရုံနဲ့ပဲ သူ့အကြောင်းကို ခြုံငုံ နားလည်သွားခဲ့တယ်
၇ ပြားပဲ ပေးနိုင်တယ်
ဂံနဝီး ဟာ ဂရီမယ် ရဲ့ သားရေနယ်ရုံမှာ
သူ ကြိုးစားရင် ကြိုးစားသလောက် တန်ဖိုးတက်လာမယ် ဆိုတာကို သဘောပေါက်တယ်
ကံဆိုးစွာနဲ့ပဲ မဒမ် ဂါယာ ကတော
လုယက်သူတွေကြောင့် အသက် တိုခဲ့ရရှာတယ်
သားရေနယ်ရုံမှာ ၅နှစ်ကြာ အလုပ် လုပ်ခဲ့ပြီးနောက်
ဂျုံး ဘက်တိ အတွက် ကတော့ လောကဓံကို ခံနိုင်ကြောင်း ပြသနိုင်ခဲ့တယ်
ဘ၀အသစ်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ညှိယူနိုင်ခဲ့သလို
စိတ် ကျေနပ်စရာ နာခံတတ်တဲ့ အလုပ်သမား ဖြစ်အောင် ကြိုးစားပြလိုက်တယ်
နွေ မိုး ဆောင်းမရွေး တစ်ရက်ကို ၁၅ နာရီ ၁၆ နာရီလောက် ကျွန်လို လုပ်ခဲ့ပြီး နောက်မှာတော့
သားရေနယ်ရုံရဲ့ အပြင်ဘက်က လောကကြီးစီမှာ
သူ မကြုံဖူးသေးတဲ့ ရနံ့တွေ ရှိနေသေးတယ် ဆိုတာကို သူ သတိ ပြုမိလာတယ်
ဂံနဝီး
မြို့ပေါ်ကို ပစ္စည်း သွားပို့ရမယ် ငါတို့နဲ့ လိုက်ခဲ့
ဂျုံး ဘက်တိ ဂံနဝီး တစ်ယောက် အတွက်တော့
ကံကြမ္မာ အလှည့်အပြောင်းလို့ ဆိုရမယ်
အနည်းဆုံးတော့ သူ့ရဲ့ ဆန္ဒအတိုင်း ဖြစ်လာပြီပေါ့
သူဟာ ဇီဇာကြောင်တတ်သူတော့ မဟုတ်ပါဘူး
မွှေးရနံ့နဲ့ အနံ့ဆိုးကို သူ ခွဲခြားလေ့ မရှိဘူး
တကယ်တမ်းက မခွဲခြားတတ်သေးတာပါ
သူ လောဘကြီးလွန်းတယ်
ကမ္ဘာပေါ်မှာ ရှိသမျှ အရာတိုင်းရဲ့ အနံ့ကို သိရဖို့က သူ့ရဲ့ရည်မှန်းချက် ဖြစ်နေတယ်
သူ့ရဲ့အခြေအနေ အရ ဒါတွေ အားလုံးဟာ အသစ် အသစ်တွေ ဖြစ်နေတယ်
အနံ့ထောင်သောင်းများစွာရဲ့ ပေါင်းစပ် ဖြစ်တည်လာမှုကို
အသေးစိတ် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ကြည့်မိတယ်
ဂံနဝီး
လာခဲ့
ဒီဘက်ကို လာခဲ့စမ်း
နောက်တစ်ပတ်မှာ သားရေ နှစ်ဒါဇင်လောက် ထပ်ယူဦးမယ် ရနိုင်မလား
- ဟုတ်ကဲ့ ရပါတယ် - ကျွန်တော်နဲ့လိုက်ခဲ့ပါ
ဒါက နာမည် ဘယ်လို ခေါ်သလဲ
"Amor and Psyche" ပါ မဒမ် နောက်ဆုံး ဖန်တီးမှုပါ
စမ်းကြည့်လို့ရမလား
ရပါတယ်
မစ္စတာ ပီလီဆာ ရှင်ကတော့ တကယ့် အနုပညာရှင်ပါပဲ
ယူထားလိုက်ပါ ကျွန်မစီမှာ ရှိသေးပါတယ်
ရှင် ဘာလိုချင်လို့လဲ
ရှင် ၀ယ်ချင်လို့လား
၂ လုံးကို ၁ ပြား
နောက်တစ်ခါ ထွက်ပြေးရင် သတ်ပစ်မယ်
အဲဒီညမှာ သူ အိပ်မပျော်နိုင်ခဲ့ပါဘူး
မိန်းကလေး စီကရတဲ့ ယစ်မူးစဖွယ် အနံ့ကြောင့်
သူ ဘာကြောင့် ဒီလောက် ခက်ခဲကြမ်းတမ်းမှုတွေကြားမှာ ကြိုးစား ရှင်သန်နေရတာလဲ ဆိုတာကို သဘောပေါက်သွားခဲ့တယ်
စိတ်ပျက်စရာ သူ့ဘ၀ကြီးဟာ ပိုပြီး မြင့်မားတဲ့ ပန်းတိုင်စီကို အရောက်လှမ်းဖို့ဖြစ်လာတယ်
ရနံ့တစ်ခုကို ဘယ်လို ထိန်းသိမ်းရမလဲ ဆိုတာ သင်ယူရမယ်
အဲဒါမှ အခုလို မိန်းမလှလေးရဲ့ ရနံ့လို ပျောက်ပျက် မသွားမှာပေါ့
အဲဒီ အချိန်တုန်းက ပဲရစ်မှာ ရေမွှေးရောင်းသူတွေ အများကြီး ရှိခဲ့တယ်
အဲဒိ အထဲကမှ အောင်မြင်ကျော်ကြားတဲ့ ဂူစီပီ ဘာဒီးနီ ဟာ
ပွန်တိုရှော တံတား အလယ်မှာ ဆိုင်ဖွင့်ထားတယ်
သူ ပဲရစ်ကို ရောက်နေတာ နှစ်ပေါင်း ၃၀ တောင်ရှိခဲ့ပြီ
ဘာဒီးနီ ဟာ ငယ်ရွယ်စဉ် အခါတုန်းကတော့ သိပ်ကို စွဲမက်စရာကောင်းတဲ့
ရေမွှေးပေါင်း များစွာကို ဖန်တီး နိုင်ခဲ့သူပေါ့
အခုတော့ ဘာဒီးနီဟာ
ခေတ်မီ ဆန်းသစ်မှု မရှိတာကြောင့်
သူ့ဆိုင်ထဲကို ရောက်မလာတော့တဲ့ ဖောက်သည်တွေကို မျှော်နေလေရဲ့ပေါ့
- ချန်နီရယ် ဘယ်သူများလဲလို့ - မစ္စတာ ဘာဒီးနီ
ဆံပင်အတု စွပ်ထားစမ်းပါ
မင်း ဆံပင်အတု စွပ်ထားပါ
အပြင် သွားမလို့လား
စာကြည့်ခန်းထဲ ခဏ သွားနားမလို့ပါ
ဘယ်လို ကိစ္စနဲ့မှ ငါ့ကို လာမနှောက်ယှက်နဲ့
ရေမွှေးအသစ် ဖန်တီးမလို့လား
ဟုတ်တယ် အမတ်ကြီး ဗဟားမောက် အတွက်
သူ လိုချင်တာက ဘယ်လို ဖြစ်မလဲ ဆိုတော့
စိန့် အန်ဒရီ ဒက်စ် ဆိုင်က ထုတ်တဲ့ Amor and Psyche လိုမျိုးတဲ့
ပီလီဆာ ကို ပြောတာလား
ပီလီဆာ ဟုတ်တယ်
Amor and Psyche!
မင်း အဲဒါကို သိလို့လား
သိတာပေါ့ ဒီရက်ပိုင်း ဘယ်သွားသွား အဲဒီ အနံ့ပဲရနေတယ်လေ
နေရာ အနှံ့မှာပဲပေါ့
ဆရာ့အတွက် နမူနာတစ်ဗူးတောင် ၀ယ်လာသေးတယ်
စမ်းချင်ရင် စမ်းကြည့်လို့ ရအောင်ပေါ့
ငါ ဒါကို စမ်းသပ်ကြည့်ဖို့ စိတ်ဝင်စားမယ်လို့ ဘယ်လိုဥာဏ်နဲ့ တွေးလိုက်တာလဲ
ဟုတ်ပါတယ် ဒါက သိပ်ထူးခြားတဲ့ ရေမွှေးတော့ မဟုတ်သေးဘူး
တကယ်တော့ သာမန် ရေမွှေး အနံ့ပါပဲ
အညှာပိုင်းကတော့ သံပုရာ အဆီ ဖြစ်မယ်လို့ ထင်တယ်
ဟုတ်လား အလယ်ပိုင်းကရော
လိမ္မော်ပွင့် အဆီလို့ ထင်တာပဲ
အရင်းပိုင်း ကိုတော့ ကြောင်ကတိုး အဆီ သုံးထားတာ ဖြစ်လိမ့်မယ်
ဒါပေမယ့် ကျွန်တော် အသေချာတော့ မသိပါဘူး
အင်း ငါလည်း ပီလီဆာ လုပ်တဲ့ ရေမွှေးတွေကို
- ဂရုမစိုက်ပါဘူး - ဟုတ်တာပေါ့ ဆရာ
ပြီးတော့ ငါက အမတ်ကြီး အတွက် ရေမွှေးအသစ် ဖော်စပ်ရမှာ ဆိုတော့
အဲဒီ ငါ့ ရေမွှေးကမှ တကယ့် ထူးခြားဆန်းသစ်တဲ့ အာရုံခံစားမှုကို ပြသနိုင်မှာပါ
သေချာတာပေါ့ မစ္စတာ ဘာဒီးနီ
ဆိုင်ကို ကြည့်ထားလိုက်ဦး ပြီးတော့ ငါ့ကို ဘယ်သူမှ လာမနှောင့်ယှက်စေနဲ့
အာရုံဝင်စားဖို့ဆိုရင် တိတ်ဆိတ်ငြိမ်သက်နေမှ ဖြစ်မယ်
တခြား ဘာလိုသေးလဲ
အာရုံဝင်စားမှုပါပဲ
အိုး ဒါပေါ့
ရှင်က ထင်ရှားကြီးမြတ်တဲ့ ဘာဒီးနီ ပါ
အံ့သြစရာ ကောင်းလိုက်တာ
ဒီကောင်ကတော့ လုပ်လိုက်ပြန်ပြီ
No comments yet. Be the first to leave one.